Wednesday, September 30, 2009

ကျေးဇူးပြုပါ

ဒီဘလော့ဂ်ကို မန္တလေးကွန်ပြူတာတက္ကသိုလ် နှင့်ပတ်သက်သော အမှတ်တရ များ၊ Contact များ၊နောက်ဆုံးရသတင်းများ ရရန် ရည်ရွယ်ရေးသားနေတာပါ။ အခုအချိန်မှာတော့ သူငယ်ချင်းဟောင်းများ၏ ငယ်ကျိုးငယ်နာများ ဖော်ထုတ်ရေးသားရင်း စမ်းသပ်တင်ကြည့်နေခြင်းဖြစ်ပါတယ်။ ကျွန်တော့မှာ စာလုံး၊ ခေါင်းစဉ်၊ အရောင်ကအစ ကောင်းကောင်းမပြောင်းတတ်သေး၍ စမ်းသပ်နေရတုံးပါ။ ကျွန်တော့ဘလော့ဂ်မှာ 2nd, 3rd, 4th batch ကညီငယ်၊ ညီမငယ်များကို အမှတ်တရ ပို့စ်လေးများရေးသားပေးပို့ပေးဖို့ ပန်ကြားထားပါတယ်။ အောင်မြင်စွာပဲ တယောက်မှ ပေးပို့လာခြင်းမရှိပါသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်သိတဲ့ အတန်းက သူတို့အကြောင်းတွေကိုလုပ်ကြံရေးသားဖို့ ကြံနေပါတယ်။ ကျွန်တော်သိတဲ့ အငယ်တန်းမှကျောင်းသား/သူများ အချိန်မှီရေးသားပေးပို့ရင်ပို့ပါ။ မပို့ရင် တော့ လုပ်ကြံရေးသားရပါလိမ့်မည်။( နောက်ဆုံးပေါ်စာမူတောင်းနည်း နိဿရည်း။ ဗာလဆီကလည်းထိုကဲ့သို့ပြော၍ ပို့စ်များတောင်းပြီးတင်ထားရပါသည်။ )

၂၈။ မျောက်မူးလဲအောင်ကြီး

ယခု ပေးထားသော မျောက်မူးလဲ မှာ ၄င်း ၏ လက်ဟောင်းက ဘွဲ့ တစ်ခု မဟုတ်ပါ။ မျောက်မအုပ်စု က တွေ့ စ က ၄င်းကို မြင်သောအခါ လန့် ပြီး မူးလဲမလို ဖြစ်သွားကြသည်။ ထို့ ကြောင့် ဤ post တွင်မျောက်မူးလဲဟု သာတတ်လိုက်ရပေသည်။ ကျွန်ပျူတာတက္ကသိုလ် ပထမနှစ်မှာ ပင် ဘွဲ့ များစွာ ရရှိသွားသူ မှာ အောင်ကြီး ဖြစ်လေသည်။ ဘွဲ များ က များလွန်းသဖြင့် အစအဆုံး မဖော်ပြလို ပါ။ ရေးမည် ဆို လည်း ရေးစရာ မရှိ ပါ။ ဤအရာ အောင်ကြီးဖြစ်သည် ဟု ပြောလိုက်လျှင်ပင် အားလုံး သိ ပြီး ဖြစ်ပေလိမ့်မည်။ ( ဗာလဆိုတဲ့ကောင် ဆိတ်ဖလူးပန်းနံ့ ရှုရမှာစိုး၍အလကားလျှောက်ရေးနေတာပါ) ငဖြိုး ကင်း ရခြင်းမှာ လည်း ၄င်း ၏လက်ချက်မကင်းပါ။ ငဖြိုး ကင်းရဖို့ အောင်ကြီး မှာ မန္တလေး ကွန်ပျူတာတက္ကသိုလ်လာတက်ရသလို ဖြစ်ခဲ့သည်။ သို့ သော်လည်း ဤသူသည် အောင်ကြီး ဖြစ်သည်။ ငဖြိုး စော်မကြည်သည်ကို သိသောကြောင့်သာ လုပ်ပေးခြင်းဖြစ်၏။ အခြားမည်သူကင်းဖြစ်ဖြစ် သူ နှင့် ပြိုင်ဘက်ဖြစ်လာမှာ ကြောက်သည်။ ထင်တာလည်းမမှားခဲ့။
အောင်ကြီးက လူမိုက်အားပေးသက်သက် လုပ်သည်။ ငမိုက်သား ငမူးများ ခမျာ ၄င်း လုပ်သမျှခံကြရရှာပေသည်။ စာမေးပွဲည ဆို လျှင် အရက်ကောင်းတိုက်ခြင်း ၊ဇာတ်ပွဲပြခြင်း ပြုလုပ်သည်။ သွားဖြေမည့်မနက်တွင်ပင် အရက်တိုက်လွတ်လိုက်သေးသည်။ အရက်များ မူး ၍စာမေးပွဲလာ ဖြေကြရသဖြင့် ၄င်းက အောင်သော်လည်း ကျန်လူများ က အခြေအနေမကောင်း။ ကြိုတင်စာကျက်ထား နိုင်သူများ သာ အောင်ခဲ့လေသည်။ နောက်နှစ်များ မှာတော့ သက်ခိုင်က သူ့ ပညာနို့ စို့  အရက်သမားလက်သစ်များကို စည်းရုံး ၍ အောင်ကြီးနှင့်ပါမသွားရန်ပြောထားသောကြောင့် အားလုံး စာမေးပွဲမကျကြခြင်းပင်။ သတိတရားသမာဓိတရား အားကောင်းသော အရက်သမားကောင်းတို့ မည်သည် အရက်သမား ပေါက်စများ ကို ကောင်းစွာစောင့်ရှောက် ကြလေသည်(အရက် ဋီကာ မှ)

ဗာလ

Tuesday, September 29, 2009

၂၇။ ရန်ကုန်သား လူရှုပ်မျိုးဇော်

ကျောင်းရောက်စ က ကင်းဖြစ်နိုင်သည်ဟု တစ်ပြေးနေသူ တစ်ယောက် ရှိသေးသည်။ ၄င်းက မျိုး ဇော်ပေတည်။ရန်ကုန်မှ ရောက်စ က အင်္ကျီလက်ရှည် အဖြူ ကို မီးပူ တောင့်နေအောင်တိုက်၍ ၀တ်သည်။ သန့် ပြန့် ပြီးဆံပင် အလယ်ကွဲ နှင့် အတည်ပေါက်နေသည်။စိတ်ကတော့ မူမမှန်လှချေ။ အင်္ကျီလက်ရှည်နှင့် သန့် ပြန်အောင်နေသော်လည်း စီးတော့ ခုံ ဖိနပ်ဖြစ်သည်။ သူ ကို့ သူ ရန်ကုန်သားလူလည် လို လို ဂိုက်ဖမ်း၍မိန်းကလေးများသဘောကျစေရန် ကြိုတင်သင်တန်းတက်၍ သင်လာသော စာများကို ဆရာများမေးလျှင် တက်ကြွစွာ ထဖြေခြင်း၊ whiteboard ပေါ်တွင်တက် ရေးခြင်းစသည်ဖြင့် ပြုလုပ်သည်။ (ပထမနှစ်တွင်သာလုပ်နိုင်၍ နောင်နှစ်များတွင် သင်လာသောစာများကုန်ပြီ ဖြစ်၍ ထပ်မလုပ်နိုင်တော့)။ယောက်ျားလေးများက ဘယ်လောက် မြင်ပြင်းကပ်ကြစေကာမူ ၄င်းကို သဘောကျသောမိန်းကလေးတစ်စုလည်းရှိပေသည်။ဤကားလူ့ သဘောပေတည်း။ လူတစ်ကိုယ် စိတ်တစ်မျိုးဖြင့်ရှိ တတ်ပေရာ ထို သို့ ဖြစ်ခြင်းမှာ အပြစ်ပြော၍ မရ။ ကောသလအိမ်မက် ၁၆ချက်သည်လည်းမှန်ကန်နေသောခေတ်၊ လူမိုက်ကောင်းစားသောခေတ်ကြီးတွင် မျိုးဇော်သည်လည်း ခေတ်ကောင်းရောက်ခဲ့သည်။ သို့သော် လူမိုက် မှန်သည် မှာ ကြာရှည်မခံပါ။ နောက်တော့လည်း အကြောင်းသိဖယ်ခွာသွားကြပေသည်။မျိုးဇော်ကင်းတော့ မဖြစ်ခဲ့ပါ။ သို့ သော် မဲ ၂ မဲခန့်  တော့ ရရှိခဲ့သည်။ ထို ၂ မဲဖြင့် ဖြင့် ခုံဖိနပ်ပြတ်နှင့် ခွေးငတ်ပမာ ဖြစ်ခဲ့သည်။ သို့ သော်လူမိုက်တို့ ကောင်းစားခြင်းကား ရေပွက်ပမာပေတည်း။ကင်းမဖြစ်ခဲ့ သော်လည်း အမှန်တကယ် မဲ ၂ ခု ရခဲ့ သော ကြောင့် ကင်းရရန်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ ရသော ငဖြိုးမှာ ၄င်းကို အမြင်မကြည်။ အတူနေပင်ဖြစ်ငြားလည်း အကွက်ကောင်းစောင့် ၍ တွေ့ တိုင်းနှိပ်ကွပ်ရန် ကြိုးပမ်းနေသည်။မျိုးဇော်မှာ ဘယ်လောက်ပင်ကောင်းစားခဲ့သော်လည်း နောက်မကြာမီ ဇာတိပြလာပြီး အရူးတစ်ယောက်လို လျှောက်သွားခြင်း၊ အရက်သေစာ များ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း များ ပြုလုပ်လာသည်။ ဦးကတုံးဆိုင်၏ ဖောက်သည်ကြီးဖြစ်လာသည်။ဤနေရာတွင် ဦးကတုံးဆိုင်အကြောင်း အနည်းငယ်ဖော်ပြလို သည်။ ဦးကတုံးဆိုင်သည် ထိုစဉ်က MIT ၀င်းဝ ရှိတစ်ခုတည်းသော အရက်ဆိုင်ဖြစ်သည်။ BE နှင့် တကွ တစ်ခြား RUM ,Gin စသဖြင့် အရက်ဖြူ ၊အရက်နီ များရသည်။ကျောင်းသားများအပေါ် စေတနာကောင်းသည်။ အရက်လာသောက်တိုင်း နှမ်းဖတ်ချဉ်ကို အမြည်းချပေးသည်။ ရှောက်ရွက်အနည်းငယ်ဖြင့် အုပ်ထားသော နှမ်းဖတ်ချဉ်မှာ ယခု အချိန်ထိ တသသဖြစ်ရတုန်းပင်။အရက်လာသောက်သူများသည် ဦးကတုန်းရေးထားသော စကားပုံလို လို စာတမ်းများကို ဆိုင်နံ ရံတွင် အပျင်းပြေဖတ်ရှုနိုင်သည်။ "လူတွေအကြောင်းပို သိလေလေ ခွေးတွေကို ပိုချစ်လာလေလေ" မှာ အရက်သောက်ရင်း အတော် ဆွေး နွေးယူ ရသောစကားတစ်ခုဖြစ်သည်။မျိုးဇော်သည် မျက်ကပ်မှန်တပ်ရပြီး ညဘက်ဆို လျှင် ကောင်းကောင်းမမြင်တော့ ချေ။ ထိုအ ထဲ ဦးကတုံးဆိုင်မှ ပြန်လာ ချိန်တွင် လမ်းက လည်းမှောင် ၊ လူ က လည်း မမြင် ၊လူက ယိုင်နဲ့ နဲ့ ဖြင့် ဓာတ်တိုင်ဝင်တိုက်သည်။ လူတွေ့ လျှင်လူနှင့်တိုက်သည်။ MIT ကျောင်းဝင်းအတွင်း လူကလည်းနည်းစဉ်ကာ လဖြစ်သောကြောင့် လူတိုင်းကမျက်မှန်းတန်းမိနေပြီး ၄င်းအားကြည့်ရှောင်ကြရလေသည်။ ငဖြိုးကားကွယ်ရာတွင် လက်ခမောင်းခတ်နေသည်။ မျိုးဇော်ဤသို့ ဖြစ်လေလေ ၄င်းက ၀မ်းသာလေလေ။ ချောင်းရိုက်စရာပင်မလိုတော့။ လူစု အားကိုးဖြင့် ပေါ်တင်ပင်မူးနေသော မျိုးဇော်ကို စိန်ခေါ်ပြီး canteen တွင် ရိုက်အံ့ ဟု လုပ်သည်။ အမှန်တကယ် လုပ်ရဲသော သတ္တိမရှိသောကြောင့် သာ မဖြစ်ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့  သိန်းသန်း နှင့် ငြိမ်းချမ်း ပွဲကဲ့သို နာမည်မကြီးသော်လည်း အခြားပွဲစဉ်များစွာ လည်း MIT ၀င်းထဲ တွင်ဖြစ်ခဲ့ဘူးသည်။ ဖြစ်ကြပြီးနောက်ရက်တွင်တော့လည်ပင်းဖက် ပေါင်းကြပြန်သည်။

ဗာလ

၂၆။ တစ်ကျော့ပြန်အောင်ထက်

အောင်ထက်သည် သူ့ကိုယ်သူ ပခုက္ကူ ရီဝေယံ ဟုသတင်းလွှင့်ပြီး ဖွန်ကြောင်လေ့ရှိသည်။
ကျောင်းဖွင့်စက တစ်နယ်တည်းမှလာသူများ ရပ်ဝေး တွင် အနေနီးကာ ချစ်သူဖြစ်ရလတ္တံဟူသော ဆောင်ပုဒ် ဖြင့် အောင်ထက်မှာ ခြံစည်းရိုးထင်းခွေ အကြံကို ကြံသည်။ သို့ သော်လည်း ခွေးမချစ်တတ်ဟူသော အဖြေမှာ အောင်ထက်အတွက် အတော်ပင် ထိမှန်ခဲ့ပုံ ရလေသည်။ canteen တွင် အခြားစုံတွဲများ စွာ ဖြစ်လာသည်ကို မြင်သောအခါ ဟိုလူ့ ချဉ်းကပ်ရနိုး ၊ဒီလူ့ ချဉ်းကပ်ရနိုး ဖြင့် ကောက်ရိုးပုံစောင့် ငနှောင်းငယ် နှင့် အဖွဲ့ ကျသည်။ အမျိုးတူ ဖြစ်သဖြင့် နည်းနာ ဖလှယ်ကြသည်။ ငနှောင်းမှတစ်ဆင့် ဆရာသူရကို ပေါင်းမိသည်။ နွားဆရာ သူ ရက နွားသာမက ဈေးခွေးများကို ပါနည်းနာပေးသည်။
အောင်ထက် လူရည် လည်လာပြီဖြစ်သည်။ လူအကြောင်း သိ ရန် သူရိန်၊ငြိမ်းချမ်း၊ အောင်ဆန်းတို့ နှင့် ပေါင်း၍ နည်းနာယူသည်။ မကောင်းကွက်ဖယ်၍ ကောင်းသည့် အကွက်များဖြင့် မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး ကြောင်နည်း လေ့ ကျင့်သည်။ ၄င်း ကား ပထမအသုတ်ထဲတွင်တော့ မလုပ်ရဲပါ။ ဒုတိယသုတ် ၊တတိယသုတ်၊ ကျူရှင်ကျောင်းသူ၊ ၁၅၀ တန်း စသဖြင့် ကြောင်နည်း လေ့ကျင့် ခန်း ဆင်းသည်။ လေ့ကျင့်ခြင်းမှသည် အောင်ပွဲဆီသို့ ဆို သော စကား က ၄င်းအတွက်ဖြစ်လာလေသည်။ ကျွမ်းကျင် လှ၍ အများကြီး ပစ် ရန်ကြိုးစားသည်။ သို့ သော် ပစ်လိုက်တိုင်း ပစ်မှတ်ဟောင်းသာ သွား မှန်သောကြောင့် ဇွဲဆု နှင့် ကျေနပ်လိုက်ရပေသည်။ (ဇွဲဆု ကား ၄င်းတစ်ဦးတည်းသာ ရ၍ မည်သူမျှ မရ သော ဆု ဖြစ်သည်။ )
အောင်ထက်မဟေသီကြီး မှ သူ မအား ဇွဲဆု ဟု နှိုင်းသောကြောင့် မကျေမနပ် ဒေါသပုံထလျှက်ရှိကြောင်း နှင့် သူမ အကြောင်း ကောင်းကောင်းမရေးပါက အောင်ထက် အား ညစာ ဖြတ်မည် ဟု သတင်းကြား ရသောကြောင့် ဆက်ရေးရပေသည်။
စင်္ကာပူ တွင် အလုပ်လုပ်သူများ အတွက် ညစာသည်အရေးကြီးပေသည်။ မနက်ပိုင်းက လည်း ဖွယ်ဖွယ်ရာရာမစား နိုင်။နေ့ ခင်းဘက် တွင်လည်း ကြုံရာဆိုင်တွင် စား ရသောကြောင့် ညစာ မှာ အဓိက ဖြစ်လာသည်။ တစ်မျိုး တွေးကြမည်စိုး ၍။
၎င်းသည် အညာသူ ဖြစ်သော်လည်း အသားဖြူသည်။ ချစ်သူ ကြိုက်သူ များ လိမ့် မည် ဆိုသည်ကို တော့ ပြောစရာမလို ။ အရက်သမား ၀ိုင်း တွင်းတွင်၎င်း အကြောင်း က လည်း မြည်းစရာများကြား မှ တစ်ခု ဖြစ်သည်။
သို့ သော် ၄င်း က တည်ကြည်သည်။ ငြိမ်လည်း ငြိမ် သည် ဟု အတွင်းမသိလူများ က ဆိုကြပေသည်။
မြဲမြဲခိုင်သော သစ်ငုတ်တို ကြီး မှာ လှုပ်ပါများတော့ နဲ့ လာသကဲ့သို့  အောင်ထက် ၏ လှုပ် နည်းလှုပ်ဟန်သည်ကြက်ကန်းဆန်အိုးတိုးသွားပြီး မည်သူ မျှ ချိုင် ၍ မရဘဲ အောင်ထက်အတွက်သာ ဖြစ်ခဲ့လေသည်။ သူမ လှခြင်းမှာ အောင်ထက် အတွက်၊ ငြိမ်ခြင်းမှာ အောင်ထက်အတွက် ဟု ကြွေးကြော်ပြီး နောက် အနာဂတ်မျိုးဆက်လေးပင် ဖွားမြင်ပြီးဟု ခိုင်မာသောရပ်ကွက်မှ မကြားတကြား ကြားလိုက်ရပေသည်။
(မှတ်ချက်။ ၄င်း၏သားလေးမှာ ယခု ၆လသားအရွယ်ကပင် မည်သည့်ယောက်ျားလေးခေါ်ခေါ်မလိုက်ပဲ၊ မိန်းကလေးများချော့မြူခေါ်ငင်မှသာ လိုက်သည်ဟုသိရသည်။ အဆိုပါ အကျင့်သည် ဖခင်ထံမှ ရလာသည်မဟုတ် ဟုမည်သူပြောဝံ့ပါသနည်း။)

ဗာလ

Monday, September 28, 2009

၂၅။ ပေးစာ

သို့ 


မျိုး ဆက် ၊ မျိုးဇော်၊ငဖြိုး

မင်းတို့ ရဲ့ ဒယ်ဒီကြီး ငါ စာရေးလိုက်တယ်။ မင်းတို့ ဆီက စာရ လို့  ၀မ်းသာသွားရတယ်ကွာ။ မိန်းမကခိုး ဖတ်ပြီး မိုက်ရိုင်းတဲ့ကောင်တွေနဲ့ မပေါင်းနဲ့ လို့  လာပြောတယ်ကွ။ ကိစ္စတော့မရှိပါဘူး။ မင်းတို့ က အဝေးမှာပဲဟာ။

ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါ့သားလေး တစ်နှစ်ပြည့်ပြီကွ။ မင်းတို့ ဘယ်လိုမှ မထင်မှတ်ထားပဲ အိမ်ထောင်ကျ ခဲ့တဲ့ငါ အခုဆို ကလေးအဖေကြီးဖြစ်နေပြီ။ ရွာသာသာ နေရာမှာ မိန်းမရဖို့ တယ်လွယ်တယ်ကွ။ မျိုး ဆက်ကို လည်း ပြောလိုက်ဦး။ ဒီကောင်က အရပ်ကူ မှအိမ်ထောင်ကျမှာကွ။ တစ်လောက ဒီကောင်အိမ်ထောင်ကျ မယ်လို့ သတင်းတွေကြားရတာ အတော်အံ့သြသကွာ။ နောက်တော့လည်းမဟုတ်ပြန်ဘူး ဆို မှ ပုံမှန်ပြန်ဖြစ်သွားတယ်။ ရန်ကုန်က အရက်ဆိုင်က နေ လမ်းခွဲပြီးကတည်းက အဆက်အသွယ်မရတာအတော်ကြာပြီပဲ။ အဲဒီတုန်းက မင်းတို့ ကောင်တွေ ငါ့ကိုမြှောက်ပေးလို့  မြို့ တော်ခန်းမရှေ့  မှာ ဂလဲ့စားချေမယ်ဟေ့ ဆိုပြီး ရူးပေါက်လိုက်တာ စည်ပင်ရဲတွေ လာဝိုင်းလို့ မနည်း တောင်းပန်လိုက်ရတာသတိရတုန်းပဲ။ ဟိုကောင်မျိုးဆက် ဆင်ဖြူကျွန်းလာတုန်းက ငါ့ရည်းစား ဟောင်းအိမ်ရှေ့ မှာ ပေါက်သွားတာကို ငါအခုထိ သတိရတိုင်း မချိတုန်းပဲကွ။

ငါဒီဇင်ဘာ လဆန်းရက်က မန္တလေးကို ရောက်သေးတယ်။ ငနှောင်း၊ဆင်ကြီး ၊ ငမျိုး ၊ ငြိမ်းချမ်း၊ကျော်စွာအောင်၊အောင်စိုးဝင်း တို့ နဲ့ စကားတွေအကြာကြီး ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဓာတ်ပုံတွေ ဆင်ကြီးဆီကတောင်းကြည့် သေးတယ်။ သူတို့ အားလုံး အဆင်ပြေတယ်။ လူပျိုသိုးကြီးတွေ ဖြစ်နေတဲ့လူတွေကလွဲလို ပေါ့။ငနှောင်းမိန်းမ လဲ ကိုယ်ဝန်နဲ့ ဆိုပဲ။ ဒီကောင်လဲကလေးအဖေဖြစ်တော့မှာ ။ မိန်းမယူမှာဖြင့် မြန်မြန်ဆုံးဖြတ်ပြီး လုပ်ဟေ့။ ငါလို အသက်ကြီးမှ ယူရင် စိတ်ပင်ပမ်းတာကို ခံနိုင်မယ်မထင်ဘူး။ ကျော်စွာအောင့် မိန်းမကလည်း ငအောင်ကြိုးစားသမျှ အရာမထင်လို့တဲ့။ အဲဒါ ငါဘာအကူအညီပေးရမလဲ ပြောတာ ငအောင်က လက်မခံဘူး။ သူ့ မိန်းမတော့ မမေးကြည့်ရသေးဘူး။

အဆင်ပြေရင်ငဇူးလေးကို လဲ အရက်ဖိုးထောက်ပံ့လိုက်ကြဦး။ ဒီကောင်လည်းသိပ်အဆင်မပြေဘူးလို့ ကြားတယ်။ အောင်သူ့ ဆီလည်း ဖုံးဆက်လိုက်ကြဦး။ မင်းတို့ ဆီက စာလာတယ်ငါဖုံးဆက်ပြောတော့ သူ က သူ့ ဆီမပို့ လို့ ဆိုပြီး စိတ်ကောက်နေတယ်။ သူ့ မိန်းမ ကို ပါကူ ပြီးကောက်ခိုင်းထားတယ်။ သူ သားကတော့ အတော်ကြီးဘီ ပဲ။ အရက်ပုလင်းနဲ့ ဆော့တယ်လို့ ကြားရတယ်။

တို့ များ နိုင်ငံကတော့မကောင်းဘူးကွ။ ငါလည်း ဓာတ်တိုင်သေးပန်းမှု နဲ့ အဖမ်းခံရမလို့ နည်းနည်းပဲလို တယ်။ နယ်မှာမို့ လို့ ကံကောင်းသွားတာ။ ကာလ၀ိပတ္တိ ဆိုက်နေ တဲ့နိုင်ငံပဲကွ။ မင်းတို့ လဲတွေ့ ကြမှာပေါ့။ ဒီမှာ က တိုင်းသူ ပြည်သားတွေ က လူမဟုတ်ဘူး။ လူမဟုတ်တဲ့အကောင်တွေ က လူ့ အခွင့်အရေး ထထပြောတော့ ဘဘကြီးခမျာ မလဲစိတ်ရှုပ်ရှာမယ်။ ဘဘကြီး တို့  အသက်ရှည်ပုံများကလည်း မိုးမိုး(အင်းလျား)၊ နာရေး မှာ ဆရာတင်မိုး ရေးခဲ့သလို ”မုန်းသူ တို့ သက်တမ်း၊ ရှည်လှ၏” ဆိုတာဖြစ်နေတယ်။ ငါသားရှေ့ ရေးအတွက် အားလုံးအမြင်မှန်ရှိပြီး အဆင်ပြေပါစေပဲဆုတောင်း နေရတယ်။ ငါ့အတွက်တော့မထူးလောက်တော့ပါဘူး။
ဟေ့ကောင်တွေ ငါပြောချင်တာတွေက အများကြီး။ ဘာကို ရေးရမှန်းမသိဘူး။ ခေါင်းထဲမှာ ထန်းရည်အိုး ပုဇွန်ဆိတ်ခုန် နေသလို- ပလုံစီဝေနေတာပဲ။ ငါ့ ဆီဖုံး ဆက် ရင် ညဘက်မဆက်နဲ့ ကွ။ အလုပ်ပျက်တယ်။တစ်ခြားမတွေးနဲ့ ။ ဘော်ဒါဆောင် အလုပ်ပါ။ ငါ့ဘော်ဒါဆောင်နာမည် “ငြိမ်းချမ်း ပညာရေးဝန်ဆောင်မှုလုပ်ငန်း“ ဆို တာ ငြိမ်းချမ်း လုံးဝ မသိစေနဲ့ နော်။ ဒီ ဗိုက်ကလေး က ရတာမဟုတ်ဘူး။ ငါ့ တွေ့ ရင် ပြန်နှိပ်ကွပ်နေလိမ့်မယ်။

တော်ပြီကွာ။ ငါသား လာဂျီကျနေတယ်။ အဲဒါချော့လိုက်ဦးမယ်။ အလုပ်ရှုပ်တယ်ကွာ။ အခန်း-၁၆ ထဲမှာပဲကောင်းတယ်။

မင်းတို့ သူငယ်ချင်း
သက်ခိုင်( ခေါ် ) ချက်ခိုင်

(ငြိမ်းချမ်းပညာရေးဝန်ဆောင်မှုလုပ်ငန်း)
ပြန်လွင့်ရပ်။ ဆင်ဖြူကျွန်းမြို့ 

မကွေးတိုင်း။

PS: ဟေ့ကောင်တွေ

စာရေးကြဦးကွ။

ငဖြိုး - ငါ့မိန်းမဗိုက်ထဲ မလာခင် ခု ထဲက ကြိုပြီး ငါ့ ကို အဖေလို့ ခေါ်ထားပါလား။

Monday, September 21, 2009

၂၄။ မြခနောက်တောင်တက်ခြင်း(၂) နှင့် မနောမယ ထမင်းဝိုင်း

ပထမတစ်ကြိမ် လူရှုပ်မျိုး ဇော်ကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ ရသဖြင့် အားလုံး မကျေနပ်ကြပဲ နောက်တစ်ခေါက် ပြန် တက်ကြသည်။


ဤတစ်ကြိမ်တွင်တော့ ဆရာမလွဲ၍ အားလုံး ပြန်လိုက်ကြသည်။ မျိုး ဇော် ငြိမ်နေမည် ဆို သည်ကို တော့ ပြောစရာမလို တော့။ စကား ကို မပြောမိအောင် သတိထားသည်။ ပြောမိမည် စိုး ၍ သံပုရာသီး နှစ်လုံး ခန့် ကို ပါးစပ်ထဲ ငုံထားရ၏။ ထို့ ကြောင့် ပါးပိန်ပိန် နှစ်ခု တွင် အလုံးကြီး နှစ်လုံး နှင့် မောလာသောအခါ မျက်လုံး နှစ်လုံး လည်း ပြူး ထွက်လာသည်။ ကြည့် ရသည်မှာ မှင်စာတစ်ကောင်နှယ်ပင်။ ငဖြိုး ကတော့ ထုံးစံအတိုင်း ပဲများလျှက်။ ဂိုက်ပေးကြမ်းလျှက်။ မောလာသော အခါ မှ ဟန် မစောင်နိုင်တော့ ပဲ
မြေကြီး ပေါ်ထိုင်ချ ကာ အမေ့သား မှား ပြီ ဆို ပြီး ညည်းတွား နေ၏။ မျိုး ဆက်မှာတော့ တောင် အောက်ဘက်နှင့် အဝေးမှ ရန်ကင်းတောင် မန္တလေးမြို့ မှိုန် ပြပြ ကို လှမ်း ကြည့် ရင်း ချစ်သူ နှင့် အပြီးအပိုင် ခွဲခွာ ခဲ့ ရသလို ဟန် မျိုး ဖြင့် လွမ်းတဝေေ၀။
အထူးသွက်လက်နေသည် မှာ သိန်းသန်းသွင်ဖြစ်သည်။ အတက်ခရီး များဖြစ်သော်လည်း ၄င်းမှာ မျောက်မများ ရှေ့ မှ ပင်ဦးဆောင်တက်နိုင်သည်။ ကနွဲ့ ကလျ ဖြစ်နေသေး သည် မှန်သော်လည်း လူတတ်ကြီး ပုံဖြင့် ရှေ့ က လျှောက်သည်။ ငဖြိုး ရန် ကြောက်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ မြို့ မဟုတ်တောမဟုတ် ပဲခူး မြစ်ဘေး နား မှလာသော်လည်း သူ့ ကိုယ်သူ တော့ ကောဇောနင်း လာ သော တယ်ရီယာခွေး အလား ထင်နေပုံရသည်။ ဇီးဖြူ သီး များ တွေ့ လျှင်လည်း မသိချင်ယောင်ဆောင်၍ ဘာသီးလဲဟု မေးသည်။ မျောက်မ များ မှာ မောရသည့် အထဲ ပဲများ လွန်းသော လဒသွင်ကို စိတ်တို နေရသည်။ အားလုံးက ဇီးဖြူသီး များ ခူးဆွတ်စား ကြသော်လည်း ၄င်းက တော့မစား။
နားလိုက်တက်လိုက် ဖြင့် ခရီး မှာ မောပမ်းလွန်း လှသည်။ ၃ နာရီတောင်တက်ခရီး ကား အလေ့ အကျင့် မရှိ သူ တို့ အဖို့  ပင်ပမ်း ဆင်းရဲ ခြင်း ပြင်းထန်လှသည်။
နောက်ဆုံး တော့ မြခနောက်တောင် ပေါ် သို့ အောင်မြင်စွာရောက်ရှိလာကြပေသည်။ မြခနောက်ထိပ်ဘုရားသည် ကျောက်တစ်လုံး တောင် ဘုရား ပုံစံငယ်ကဲ့သို့ ရှိလေသည်။ စေတီ ငယ်လေးများစွာလည်း ရှိသည်။ တောင်ပေါ်ဇရပ်ထဲတွင် ကိုယ့်ထက် အရင် ရောက်လာကြကုန်သော MIT, မန္တလေးတက္ကသိုလ် ၊ GTI မှ ကျောင်းသား ကျောင်းသူ များ ၏ လက်မှတ်နှင့် နာမည်များကို နံရံပေါ်တွင် ရေးထားသည်ကို ဖတ်ရှုရသည်။ ထို့ ကြောင့် မျောက်မများ နှင့် အားလုံး မှာလည်း နာမည်ရေးသည်။ ရောက်လာသာ ရက်စွဲနှင့်လက်မှတ်များ အသီးသီးထိုး ကြသည်။ ဘုရား ဖူး ကြ၍ အရှေ့ ဘက် ရှမ်းတောင်တန်း နှင့် တကွ အနာက်ဘက် လွင်ပြင် ရှုခင်းတစ်လျှောက် အနားယူ ကြရင်း ငေးမောနေ ကြသည်။ ထို စဉ်အချိန် က ယခု ကာလကဲ့သို့ Mobile ဖုံး နှင့်ကင်မရာများ လည်း မလွယ်ကူ သေးပေး ရာ ဓာတ်ပုံမှတ်တမ်း မရိုက်ယူ လာနိုင်ခဲ့ ပေ။

အမောအတောအတန် ပြေပြီးနောက် ညနေ ၃ နာရီ နီးပါးသို့ ပင် ရောက်လာကြပေပြီ။ ပါလာသမျှမုန့် များမှာ စား၍ ကုန် ချေပြီး ။ အားလုံး ဗိုက် ဆာလာကြသည်။
တောင် ဆင်းလမ်းတစ်လျောက်အနည်းငယ်ဆင်းလားပြီး နောက် လျှို မြောင်တစ်ခုထဲတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်ကို တွေ့ ၍ အားလုံး ၀င်ဖူး ကြသည်။ စားစရာ တစ်ခုခု ရလို ရငြားလည်း ဖြစ်သည်။ ကျောင်းအောက်ထပ်တွင် ကပိယ တစ်ချို့ ကို တွေ့ ၍ စားစရာများ ရှိသေးလား ဟု မျက်နှာ ပူ ပူ နှင့် မေးကြရသည်။ တောနယ် လူ များ
အလွန်ပင်သဘောကောင်းကြသည်။ ၄င်းတို့ ဆီ ယခင် ကျောင်းသားများ လာစဉ်ကလည်း လာစားနေကြ ဖြစ်ပုံရသည်။ ဘာမျှ မရှိတော့သောလည်း ထမင်းချက် ၍ စားရန်စီစဉ်ပေးသည်။ ခဏတွင်းပင် ဖယုံသီး ဟင်း ငရုတ်သီး အစိမ်းတောင့် နှင့် ဆား အနည်းငယ်၊ ထမင်း ပူ ပူ ဖြင့် ပြင်ပေးလေသည်။ ထမင်း မှာတော့ ဆန်ကြမ်း သာဖြစ်လေသည်။ မျောက်မ နှင့် အုပ်စု မှာလည်း ဟန်မဆောင်နိုင်။ ၀ိုင်းပြည့်နီးပါ နေရာယူပြီးဝင်စားကြသည်။ မျောက်ဖြစ်လို့ သာတော်တော့သည်။ ခွေးများကြောင်များ ဖြစ်လျှင် စားမာန်များ ခုတ်ဦးမည်လားမသိ။ မျိုး ဆက် ၊ငဖြိုး ၊မျိုးဇော် တို့ က လွတ်ရာတစ်နေ ရာတွင် ဖယုံသီး ဟင်း နှင့် ငရုတ်သီး အစိမ်းတောင့် ကို အားရပါးစားကြသည်။ လူရှုပ်မျိုးဇော်လည်း စကား မပြောနိုင်တော့။ ကင်းပေါက်စလည်း ဂိုက်ပေးမကြမ်းနိုင်တော့ ။ မျိုး ဆက် မှာလည်း မလွမ်းနိုင်တော့ ။ ထို အချိန်တွင် စားရသည် မှာ မည်မျှလောက် အရသာရှိပြီး စားလို့ ကောင်းမည်မှာ စာရေးဖွဲ့ ခြင်းငှာ မစွမ်းနိုင်တော့ချေ။ ထို အချိန် တွင် သိန်းသန်းသွင် တစ်ယောက်ကတော့ ပဲများလျှက်ရှိသည်။ အားလုံး ထမင်း ပန်းကန်ခပ်စုတ်စုတ် နှင့် ထမင်းခပ်ကြမ်း ကြမ်း အသား မပါ သော ဖြစ်သလို ထမင်း ၀ိုင်း မှာ ၄င်း မစား နိုင်ကြောင်းအမူအယာဖြင့်ပြနေသည်။ စားရန် လာခေါ်သောအခါ ၄င်းက အသားမပါရင် မစား တတ်ဟု ပြောပြီး ဆေးလိတ်သောက်ဗိုက်မှောက် ၍နေသည်။ ဂိုက်ပေးရန်အတွက် အလွန်ဆာလောင်နေသော်လည်း မစားပဲနေ၏။ ၄င်းအတွေး မှာ မစားပဲနေပြလျှင် အားလုံးက သူ့ အား ဆရာကြီး ဟု ထင်ပြီး တစ်သက်လုံး အစားကောင်းများ စား လာသူ နှယ်ထင်ကြပေမည်။ အားလုံးက ၀ိုင်းဝန်းတောင်းပန်လျှင် စားအံ့ဟုတော့ တွေးထားပုံရသည်။
သို့ သော် သိန်းသန်းသွင် ဘာစောက်ရူးထတာလဲ ဟူ ၍တွေးပြီး မျောက်မများ မှာ ထို အချိန် မှ စ၍ အတော်ပင် ချဉ်သွားကြသည်။သွားခေါ်ရန် စိတ်မကူးကြ။ သိန်းသန်းသွင်ကား တွက်ကိန်းလွဲ၍ မျက်နှာမရ ခြေထောက် ရဖြစ်သွားလေသည်။
မင်းသိင်္ခ ၏ မနောမယထမင်း ၀ိုင်းကဲ့ သို့ အရသာရှိလာသော မြခနောက်တောင်ပေါ်မှ ထမင်းဝိုင်း ကား ယခုထက်ထိ ပင် အမှတ်ရဆဲ ပင်။
ထို့ အတူ အလွန် အူကြောင်ကြောင် နိုင်လှသော သိန်းသန်းသွင်အားလည်း မှန်းချက် မကိုက် ခဲ့ရသော၎င်းကို အလွန်ပင်သနား လျှက် ရှိတုန်းပင်။
ဗာလ

Friday, September 18, 2009

၂၃။ ဖဲဝိဇ္ဖာ လှိုင်မျိုး

ကွန်ပျူတာ တက္ကသိုလ် ၏ဒုတိယအောင်မြင်မှုတစ်ခုမှာ ဖဲသမား များ မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ ၄င်းဖဲသမားများ စတင်ဖြစ်ပေါ်လာစေသူမှာ လှိုင်မျိုး ခေါ်ဂျပု ဆိုသူဖြစ်လေသည်။ ၄င်းက လိုင်းစုံသူဖြစ်သည်။ အရက်ကောင်းများလည်း သောက်နိုင်သူ ဖြစ်ပါလျှက်

သူငယ်ချင်းများ နှင့် BE သောက်ရန်လည်းဝန်မလေးလှ။ ထို စဉ်က ငဖြိုး မှာ ကျောင်းဖွင့် စ ဂိုက်ပေးယင်း စီးကရက် ကို လက်ကြားညှပ် ကာ canteen တွင်ထိုင်၍ ဖွာပြသည်။ ဆားပုလင်းနှင်းမောင် ဂိုက်ချိုး ခြင်းဖြစ်သည်။

ရေခဲတောင်စီးကရက်မဟုတ်စေကာ မူ London အောက် တော့မဆင်း ဟူ၍ မသောက်တတ်သော်လည်း ဖွာပြလေသည်။၎င်းကို လှိုင်မျိုးက

" ဆေးလိတ်သမား စစ် စစ် ဆို တာ ဖက်ကြမ်း လည်း သောက်တတ်ရတယ်ကွ၊ မင်း လို ပဲများတဲ့ကောင် ဆေးလိပ်နဲ့ မတန်ဘူး။ ပေးစမ်း ငါ့ကို" ဟု ၍ ယူ သောက်လိုက်သည်။ ဂိုက်ပေးနေသော ငဖြိုး မှာ ရှက်ရှက် နှင့်

"ငါဆေးလိပ်သောက်လာတာကြာပါပြီ ကွ" ဟု ပြောပြီး နောက် လှိုင်မျိုး ရှေ့ မသောက်ရဲတော့ပေ။ မြန်မာပြည်မှ ဆေးလိပ်ကြိုက်သူ မှန် လျှင် မည်သူမျှ ဖက်ကြမ်းကို ပစ်၍မရပေ။ မည်မျှပင် ပိုက်ဆံပေါနေပါစေ ။ ဖက်ကြမ်း တွေ့ လျှင် လည်း ကောက်ဖွာလိုက်ချင်သည်သာ။( ဇာနည်ကို တစ်ယောက် ညဘက်ဆေးလိပ်မရှိတော့သဖြင့် အပေါ်ထပ်မှပစ်ချထားသော ဖက်ကြမ်းဆေးလိပ်တို များ ကို ၀ရန်တာ ခေါင်မိုးပေါ်သို့ တက်ကောက်ဖူးသည်။ ကံကောင်း၍ ပြုတ်မကျခြင်းတည်း။) သက်ခိုင်၊ မျိုးဆက်နှင့် ခါးသိန်းသန်း တို့ကား ဆေးလိပ်ငတ်လာလျှင် အိမ်သာထဲမှ သူများလွှင့်ပစ်ထားသော ဖက်ကြမ်းများပါမကျန်လိုက်ရှာသောက်တတ်လေသည်။


လှိုင်မျိုး ၏ဗီဇမှာ လောင်းကစားခြင်းဖြစ်သည်။ လောင်းကစားမည်မျှဝါသနာ ထုံသနည်း ဆိုလျှင် ရှေ့ကဖြတ်သွားသောကားပါမကျန် လောင်းကစား၏။ ကားနံပါတ်ကို သူကရှေ့နှစ်လုံးယူ၊ နောက်တယောက်ကို နောက်နှစ်လုံး ယူခိုင်းကာ လောင်းကစားခြင်းပြု၏။ ပေါင်းသော သူငယ်ချင်းများ မှာ ငမွဲများဖြစ်လေရာ မည်သူမျှ လောင်းကစားလုပ်နိုင်ခြင်းမရှိ။ သို့ သော်လှိုင်မျိုးက တော့မလျော့ ။ နှဖူးတောက်ကြေးဆို ပြီး ဖဲရိုက်သည်။ ဖဲမရိုက်တတ်သေး သောသူကို လည်း လွယ်ကူသော ရှမ်းကိုးမီးသင်ပေး၍ ရိုက်သည်။ နှဖူးတောက်ကြေးမျှဖြစ်ရာ လူတိုင်းဆော့ ကြသည်။ အစကတော့ အသာအယာတောက်ကြသည်။ နောက်တော့ ရန်ငြိုးများ ဖြစ်လာပြီး အသားကုန်တွယ်ကြရာ ပွဲပြီးလျှင် နှဖူး မှာဘု ကိုယ်စီနှင့်။ နောက်တော့ လူတိုင်း လက်တောက် သည်ကို လေ့ကျင့်ကြရသည်။ ကိုယ့်ဘက်ကအသာရစေဖို့  သူ များကို ဂလဲ့စားခြေဖို့ canteen ထိုက်လျှင်လည်း ခုံ ကို လက်ဖြင့်တောက်နေရသည်။ အုတ်နံရံလည်း တောက်သည်။ပြောစမှတ်စကား တစ်ခုမှာ ထိထိမိမိ တချက် ဟူ၏။

ပဲခုးသားသိန်းသန်းသွင် မှာ အခံရဆုံးဖြစ်သဖြင့် ရေတိုင်ကီသံပေပါကို ပင် အမြဲ တောက်၍ လေ့ကျင့်သည်။သက်ခိုင်က အရက်ပုလင်းကို ခြင်ထောင်ပေါ်ဆွဲထားပြီး နှဖူးနှင့်တိုက်ကာခံနိုင်ရည်တိုးအောင်ပါလုပ်ထားသည်။ အားလုံး လက်လည်းတက်လာပြီး နောက် ဖဲတစ်ပွဲတိုင်း နဖူးများ ရောင်ကိုင်းသည်အထိ ဖြစ်ကြရလေသည်။ မျိုးဆက်ကား သူများကိုတောက်ရလျှင် ပြုံးဖြီးဖြီးကြီး နေသလောက် သူခံရမည့် အလှည့်တွင် အလွန်ညစ်တတ်လေသည်။ နဖူးမတောက်ရသေးခင် ရှေ့သို့တိုးလိုက် နောက်သို့ရွှေ့လိုက်လုပ်ပြီး တောက်မည့်သူ ချိန်သားမကိုက်အောင်လုပ်တတ်သည်။ အဆိုးဆုံးမှာ ဖဲခိုးခြင်း ဖြစ်သည်။ ထိုအချိန်မှစကာ သူ့အား ငတို မျိုးဆက်ဟုလည်းခေါ်ကြသည်။ ဖဲဝိဇ္ဖာ လှိုင်မျိုးမှာလည်း မလွတ်ပါ။ မူးပြီး ဖဲရိုက်သဖြင့် မကြည့်နိုင်တော့ပဲ လူလည် မျိုးဆက် ၏ဖဲခိုးခြင်းဒဏ်ကြောင့် အမြဲအတွယ်ခံရသည်။ လှိုင်မျိုး မှာ လောင်းကစား ၀ါသနာကြီး ရာ သူ့ အိမ်မှာ လည်း ကွန်ပျူတာတ္ကသိုလ် (အမျိုးသားကျောင်း) ဟု ပင်ခေါ်နိုင်လောက်ပေသည်။ မနက် ဆရာကြီးကျောင်းသွားချိန်တွင် ကျန်သောကျောင်းသားများ ဆရာကြီးအိမ်တွင်ရောက်ရှိနေတတ်ကြပေသည်။

ဗာလ/ဒိုက်စ်

Thursday, September 17, 2009

၂၂။ ဘုရားကြီးလူမိုက် ဇာနည်ကို

သံသရာ ခရီးရှည်ကြီးကို ဆက်လက်ချီတက်သွားသော သူငယ်ချင်းဇာနည်ကို အား အမှတ်တ၇ ရေးအပ်ပါသည်။ သူငယ်ချင်းကောင်းရာသုဂတိလားပါစေ။


ကျောင်းတွင်ပြောစရာအများဆုံး ၊ ၀ါအရင့်ဆုံး၊ လေးစားခံရဆုံး တွင် ထိပ်ဆုံးက ရှိသည်။ ဘယ်ဘက်ကပဲယှဉ်ယှဉ် ၄င်းအားယှဉ်နိုင်သူ ရှားပေလိမ့် မည်။ ကျောင်းစာဖက်တွင် တော့ လာမယှဉ်လောက်ဟု ယူဆပါသည်။


ရုပ်ရည်လည်း ချောသည်ဟု မဆိုသာသော်လည်း ဘုရားစူးကင်း ထက်တော့ ယှဉ်လျှင် နံ့ သာဆီ နှင့် အီး ဖြစ်သွားမည်။ ကင်းရွေးစဉ်က ၄င်းကျောင်းစမတက်သေးပါ။ ကျောင်းကို စောစောစီးစီးရောက်ပါက လည်း မိန်းကလေး များ မှာ ဆရာများ နှင့် သတ်လို က သတ်ရပါစေ သူ့ အားပေးမည်ဟုယုံကြည်မိသည်။


လုပ်ရဲကိုင်ရဲရှိပြီး၊ ဘုရားကြီးတစ်ခွင် နာမည်ရှိသူဖြစ်သော်လည်းသူငယ်ချင်းများ အပေါ် ခွင့်လွတ်ခြင်းအလိုလိုက်ခြင်း သည်းခံခြင်း စသဖြင့် ပြည့်စုံ၏။ ချစ်စ၇ာကောင်းခြင်း ရှိသော်လည်း အရက်မူးလာလျှင် တကယ့် ကို ဘာမျှမသိတော့ပဲ လုပ်ချင်တာလုပ်သည်။ကိုကျော်ကြီးဆိုင်ပိတ်ပြီးနောက် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများနှင့် MIT အုပ်ချုပ်ရေးအဖွဲ့ မှာ ဆက်ဆံရေးအဆင်မပြေ။ ဇာနည်ကို ကလည်းသိသည်။ အဆောင်မှာလာအိပ်သောတစ်ရက် ၄င်းကားအမူးလွန်နေပြီ။ အားလုံးကလည်းမူးနေပေပြီ။ တစ်ယောက်က အစပျိုးလိုက်သည်နှင့် MIT အုပ်ချုပ်ရေး အဖွဲ့နှင့်တကွ ဆရာများကို ဆဲဆိုကြသည်။ အခန်းတွင်းဆဲရသည်ကိုအားမရသောအခါ လမ်းမထွက်၍ ဆဲရေးကြသည်။ MIT ပါချုပ်မှ အံ့သြတစ် ကြီးဖြစ်၍ ဆဲဆိုသံများကို ပထမ နားကြားမှားသည်မှတ်နေသည်။ နောက်မှ တည့်တည့်ဆဲနေမှန်းသိ၍ ကျောင်း ကားများ ဖြင့် နယ်မြေပညာရေးဝန်ထမ်းများ ဖြင့် လိုက်ဖမ်းလေ၏။လမ်းကြားတစ်ခု တွင်ဆဲရေးသူများ ကို ထိပ်နှစ်ဖက်ကား နှစ်စင်းရပ်၍ ပိတ်ဖမ်းသည်။ အားလုံးနီးစပ်ရာချုံပုတ်ထဲ ၀င်ပြေးကြသည်။ ဘာဖြစ်မှန်းမသိဘဲ ဆက်လက်ဆဲဆိုနေဆဲဇာနည်ကို သာ လမ်းမှာကျန်ရစ်သည်။ ကျောင်းကား များမှာလည်း မူးနေသူများကြား အရဲစွန့် ဝင်မဖမ်းရဲ ။ နောက်တော့ နီးစပ်ရာလူ မှ ဇာနည်ကို ကိုချုံတစ်ခု ထဲဆွဲသွင်းလိုက်ရသည်။


ဇာနည်အကြောင်း ရေးရာတွင် ၄င်း ဂစ်တာတီးကျွမ်းကျင်သည်ကို ချန်လှပ်၍မရပါ။ အရက်ကြိုက်သည်။ ထို့ အတူဂီတကို မြတ်နိုးသည်။ သို့ သော်လည်း မိန်းကလေးဆောင်များသို့ ဂစ်တာတီးထွက် လျှင် ဂစ်တာပင် မေ့ခဲ့သည်။


ဇာနည်ကို ကို နောင် ဆရာကြီးဖြစ်လာမည့် သက်ခိုင်ခေါ်ချက်ခိုင် က ပင် မလှန်ရဲ ပါ။ သူကားမောင်း၊ဆိုက်ကယ်မောင်းလျှ င်းဘေးက လူ သည် အဓိကဖြစ်သည်။ ဘေးက လူ မှစကားပြောကောင်းလျှင် လုံးဝအန္တရယ်မရှိပါ။ ဘေးက လူ မှ တိတ် ဆိတ်နေလျှင် ၄င်းက ဖိမောင်းတတ်သည်။ စကား စ မပြတ်လျှင် စကားကို သာ အာရုံ စိုက် ၍ မောင်းနေသည်ကိုမေ့ နေသည်။ ထို အခါ အလိုအလျောက် သတိဖြင့်မောင်းသည်။ ဇာနည်ကို မောင်းလျှင် ဘေးက လူ သည်သာအဓိကတာဝန် ရှိသည်။ စကားစမပြတ်အောင်ပြောနေပေရော့။ တနေ့မှာတော့ ပုသိမ်ကြီးသား နှင့် ညနေစောင်း အချိန်ဘုရားကြီးဘက်မှ ပြန်လာခဲ့လေသည်။ ပုသိမ်ကြီးသား လူလည်သည် စကားကို အမျှင်မပြတ်ပြောလာသည်။ သူ့အကြောင်းသိသည်ကိုး။ သို့သော်လည်း မန္တလေးဘူတာကြီးအလွန် ရှေ့မှ ဖြတ်နင်းချလိုက်သော စက်ဘီး ကိုမမြင်ပဲ ဝင်တိုက်မိလေသည်။ နဖူးကွဲ။ ခြေမကွဲ ဖူးယောင်ဒဏ်ရာ များနှင့် ပုသိမ်ကြီးသား အဆောင်ပြန်ရောက်လာလေသည်။ သူသည်လည်းစကားကို အမျှင်မပြတ်ပြောလာပါလျှက် တိုက်မိသည်ကိုစဉ်းစားမရ...။နောက်မှ သတိရမိသည်၊ တယောက်ကို ကချင် ခေါင်ရည် နှစ်လုံးဆီ သောက်လာခဲ့သည်ကိုး။


သူငယ်ချင်းများအတွင်း ပြသနာဖြစ်လျှင် သို့ မဟုတ် အပြင်တွင် ပြသနာဖြစ်လျှင် ဇာနည်ကို က ထိန်းပေးနိုင်သူ ဖြစ်သည်။ ၄င်းသြဇာက လည်းကြီးမားသည်။ ထို့ အတွက်ကြောင့် ကျောင်းမှာသာမက ဘုရားကြီးဝန်းကျင် အထိ ဘုရား ကြီး လူမိုက်အဖြစ်ကျော်ကြားလေသည်။


ဗာလ

Wednesday, September 16, 2009

၂၁။ သက်ခိုင်(သို့) ချက်ခိုင်

သူကား စလုံးမှ လာသောသူမဟုတ်ပါ။ ဆလိမ်မှ လာသောသူ ဖြစ်သည်။ မကွေးတိုင်းဆင်ဖြူကျွန်း ကို ခေါ်ခြင်းဖြစ်သည်။ ရုပ်ရည်မှာ အတန်းထဲတွင် အသက်အကြီးဆုံးဟု ထင်ရသည်။ အညာသားစစ်စစ်ဖြစ်သည်။ ရန်ကုန်တခါမှ မရောက်ဘူးဟုသိရသည်။ သူသည်ကား ကွန်ပြူတာ တကသိုလ်၏ ငါးခုံးမ တကောင်တည်း။ ကျောင်းဖွင့်စက ကျွန်တော်တို့တော်တော်များများမှာ အရက်မသောက်တတ်ပေ။ သင်း သင်မပေးသော်လည်း မပြေးသော် ကန်ရာရှိ သူသောက်ရ် လိုက်သောက်မိကြခြင်းဟု သူ့ကွယ်ရာတွင် အပြစ်ပုံချလိုသည်။ ညနေ ၇ နာရီကျော်လျှင် ချက်ခိုင်သည် ကျွပ်ကျွပ်အိပ်ပါဆယ် ဆွဲပြီး ကျော်ကြီးဆိုင် ဘုရားစင်အောက် ဠ်ချိတ်ထားတတ်သည်။ အစက ဘာမှန်းမသိသေး၊ နောက်မှ BE တွေသောက်သောက်ပြီး မဝရ် ပါဆယ်ဆွဲလာမှန်းသိရသည်။ သူ့အကျင့်ကား တစက်မှ မကောင်း ၊ သူတပါး အားသောက်ရန်ဘယ်တော့မှ မခေါ်၊ သူတယောက်တည်း ကောင်းနေပြီး ခင်မောင်တိုးသီချင်းလေးနှင့် ငြိမ့်နေတတ်သည်။ မည်သူ လိုက်မသောက်ချင်ပဲ နေပါအံ့နည်း။ ထိုမှ အစပြုရ် ငါးခုံးမ နောက်လိုက်လိုက်သောက်ရင်း တစ်လှေလုံးကြောင့် ငါးခုံးမ တကောင် ပုပ်သွားရပါသည်။ ချက်ခိုင်သည် မူးလာလျှင် ဂစ်တာတီး လရောင်အောက်ထိုင် ကဗျာရေး တတ်သည်။ အေးဆေးစွာနေတတ်သည်။ သို့သော်....................... အပြန်လမ်းတွင်တွေ့သမျှခွေးများနှင့် ရန်ဖြစ်တတ်သည်။ ခဲနှင့်ပစ်တတ်သည်။ ဖိနပ်နှင့် ကောက်ပေါက်တတ်သည်။ ပါးစပ်က မျိုးဇော်ကဲ့သို့ နန်းစတော့ပ် ဆဲနေတတ်သည်။ ကြာတော့ ခွေးများ က ၄င်းကို မြင်လျှင် မဟောင်တော့ ၊ လိုက်မဆွဲတော့ ရိုးသွားရ်ထင်သည်။ ထိုအခါ သူမကျေနပ် ခွေးများအား ခွေးလိုမနေရ် ဟုဆိုကာ လိုက်ရိုက်တတ်သည်၊ ထိုသို့သော အရက်သမား တည်း။ သူ့အဆောင် ကခြင်များမှာလည်း အရက်စွဲနေသော ဟူသည်။ ခြင်များသည် အားလုံးဝိုင်းထိုင်နေလျှင် တခြားသူများအားမကိုက်။ အရက်သောက်သော သူ့အားသာကိုက်ကြသည်။ ခေတ်တ ကိုက်ရ် သွေးဝ အရက်ဝသွားလျှင် ခြင်ဆေးပင် ထွန်းရန်မလိုတော့ပေ။ တနေ့သဠ်ချက်ခိုင်သည် ဦးကတုံး ဆိုင်တွင် ငမျိုး၊ ငဖြိုး ၊ မျိုးဆက်၊ သိန်သန်းနှင့် မျိုးဇော်တို့ နှင့် သောက်သုံးနေကြစဉ် ရွာထဲမှ မိတ်ဖွဲ့လိုသော ရွာသားများနှင့် ဆုံမိကြသည်။ ရွားသားများက မိတ်ဖြစ်ဆွေဖြစ် ဟူရ် ဆိတ်သားကြော်များ နှင့် အမြည်းလုပ်ကာ ငည့်ခံ၏။ အားလုံး တယောက်တုံးဆီလောက်တော့ မြည်းလိုက်ကြရသည်။ ဘီအီးနှင့် ဆိတ်သားကြော်သည်ကားလိုက်ဖက်လှ၏။ အသားစားကြူးသော သက်ခိုင်၊သိန်းသန်းနှင့် ငဖြိုးတို့မှာ နောက်တတုံးစီပင်တောင်းရ် မြည်းလိုက်ကြသေးသည်။ အပြန်လမ်းတလျှောက် ထုံးစံအတိုင်း ချက်ခိုင်သည် ခွေးများနှင့် ရန်ဖြစ်သည်။ ဖိနပ်နှင့် ပေါက်ရ် ခဲနှင့်ထုသည်။ ထိုနေ့မှ ခွေးများ ပိုရ်များလာ ၊ ဆိုးလာသည်ဟု စိတ်ထဲထင်မိသည်။ နောက် ဦးကတုံး ပြန်ပြောမှ သိရသည် မှာ ထိုနေ့က စားသော အသားသည် ဆိတ်သားမဟုတ်၊ ဟောင်ကောင်သား ခေါ် ခွေးသားများ ဖြစ်ကြောင်းသိရသည်။ ကွန်ပြူတာကျောင်းသားများ အပေါ် ရွာသားများ လူလည်လုပ်သွားခြင်း မှာ ခံရခက်လှပါသည်။ ယခုဒီစာ ကိုရေးနေရင်းပင် ပျို့တက်လာမိပါတော့သည်။

Tuesday, September 15, 2009

၂၀။ ဂွစာ အောင်ဆန်း

အောင်ဆန်း ကား နေရာတကာ စိတ်ထင်တိုင်းလုပ်တတ်သူဖြစ်သည်။ သို့ သော်လည်း သည်းခံနိုင် မှု လည်းကြီးမားသည်။ ငြိမ်းချမ်း နှင့် ကျောင်းစရောက်ကတည်းက ပေါင်းသင်း နိုင်သည်ကို ထောက်၍ အတော်ပင်သည်းခံနိုင် သည် ဟု တွက်၍ ရပေသည်။ လေသံအေးလေးဖြင့် မိန်းကလေး များနား မလည်မ၀ယ် သွား သွား ၍ စာရှင်းသည်။ သို့ သော် ငြိမ်းချမ်း ၊ရဲဝင်း နှင့် သူရိန်မောင်မောင်တို့ ကြောင့် လူတွင်ကျယ်မလုပ်နိုင်ပေ။ ၄င်းတို့ နောက်မှ အသာလိုက်၍ လွတ်လာသူ ကို ရနိုင်သည် ဟူ ၍ တွေးထင်သလားမပြောတတ်ပေ။ သူ့ ရှေ့ မှ ၃ ယောက် က မစွံပဲ တွေ့ သမျှ အကုန်ကြောင်သွားသောကြောင့် ၄င်းမှာ လုပ်ကွက်ပျောက်ကာ ကြံရာမရ ဖြစ်နေရလေသည်။


နောက်ဆုံး ကျောင်မပိတ်ခင်လေး တယောက်လောက်တော့ အပါချိတ်နိုင်အောင်ဆိုပြီး ကျောင်းကားမောင်းသော ဦးမုတ်ဆိတ်ကို သွားကပ်သည်။ မည်သို့သော အကြံအစည်နှင့် သွားကပ်သည်ကိုတော့ မည်သူမျှမသိ။ ထမင်းစားချိန်တွင်၎င်း၊ ကျောင်းဆင်းကာနီးတွင်၎င်း ကျောင်းကားအနီး၌ ၄င်းတို့၂ဦး ကိုတွေ့ရသည်။


အကြောင်းမသိသူများ ပြုံးစိစိဖြင့် ဘာလို လို ထင်ကုန်ကြလေပြီ။ အကြောင်းသိ သူငယ်ချင်း တစ်ချို့ က အောင်ဆန်းကြံရာမရစွတ်လုပ်ပြီဆိုပြီး အမှုပါတ်လာမည်စိုး ကာ အသာလစ်ထွက်ရန်ကြံနေကြသည်။


နောက်တော့ ကျွန်တော်တို့ထင်သလို အောင်ဆန်း ဦးမုတ်ဆိတ်ကြီးကို ကြိတ်သဘောကျနေခြင်းမဟုတ်ပဲ သူကြိုက်နေသောကောင်မလေး ထိုင်ရန် ခုံဦးပေးခြင်း ဖြစ်ကြောင်းသိရမှ သက်ပြင်းများ ချကာ စိတ်သက်သာရာရသွားကြလေသည်။


အောင်ဆန်းမှာ ငြိမ်းချမ်းတို့ နှင့်ဆက်တွဲလျှင် ဤဘ၀လူပျိုဘ၀ မကျွတ်နိုင်ဟု တွက်မိလာသောအခါ မူးရူးသော်လည်းဆော်ကြည်သည်ဟု ထင်ရသည့် သူ ရ နှင့်ကျော်မင်းထွန်း တို့ နှင့် ပေါင်းမိပြန်သည်။

သို့ သော်လည်း ၄င်းအတွက်မထူးခြားလှ။

နောက်တော့ စိတ်ဒုံးဒုံးချလိုက်ဟန်တူသည်။ အိမ်ထမင်းအိမ်ဟင်းဒီဘ၀ စားရဖို့ မရှိ ဗိုက်ဆာလျှင် ထမင်းဆိုင်မှာ ဝယ်စားမည်ဟု ကြုံးဝါးပြီး သောက်စားခြင်းအစပြုခဲ့သည်။ ကျောင်းပြီးခါနီးကာလ တွင် လွိုင်ဆမ်ဆစ်၌
အရက်ဝိုင်းများပေါ်ပေါက်လာခြင်းမှာ ၄င်း ၏ဦးဆောင်မှုများဖြစ်ကြောင်း သတင်းရရှိသည်။

ဗာလ

Monday, September 14, 2009

၁၉။ မြခနောက်တောင်တက်ခြင်း(၁)

တောင်ပေါ်မှ လူနှစ်ယောက် ဒုန်းစိုင်း၍ ဆင်းပြေးနေကြသည်။ တစ်ယောက် မှာ ဦးခေါင်းမှ ဒဏ်ရာနှင့် ဖြစ်သောကြောင့် လက်ဖြင့် အုပ်ကိုင်ကာ ပြေးနေသည်။

”ဆရာ၊ မြန်မြန်သွားမှဖြစ်မယ်၊ ကျွန်တော် ဒီနေရာမှာမသေချင်ဘူးဗျ” ဒဏ်ရာနှင့်လူ မှာ ရှေ့ မှ ဆင်းပြေးရင်းလှမ်းပြောလိုက်သည်။ ဆရာဆိုသောလူမှာလည်း ”အေးပါကွ၊ ရှေ့ တစ်ကွေ့ ကျော်ရင် အောက်ကို ရောက်လောက်ပါပြီ” ဟု ပြန်ပြောလိုက်သည်။ လူနှစ်ယောက်မှာ ရန်သူများသဲသဲမဲမဲလိုက်လာသည့် အလား တောင်ပေါ်မှ ထင်းခုတ်သမားများ ၏ လမ်းကလေးတစ်လျှောက် လျှင်မြန်စွာပင် ပြေးဆင်းကြလေသည်။
နောက်ဆုံး တပ်ရင်း ၁၁၆ နောက်ကျော ဘက် ကွင်းပြင်စပ်သို့ ရောက်လာကြလေသည်။ ရုတ်တရက် နှစ်ယောက်သား ခြေလှမ်းများကို ရပ်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ နောက်တော့ မှဆရာဆိုသူက ဦးဆောင်၍ တပ်တွင်းသို့ ဝင်သွားကြလေသည်။
သောင်းဝေဦး ၏စစ်သားဘ၀အမှတ်တရ လည်းမဟုတ်ပါ။ တင်သန်းဦး ၏ ရက်တစ်ရာတိုက်ပွဲလည်းမဟုတ်ပါ။

စာရှုသူများ က အထက်ပါ နိဒါန်းကို ဖတ်၍ ပြေးလာကြသောသူများ မှာ ပေါ်တာ မှထွက်ပြေးလာသူများ သို့တည်းမဟုတ် ထောင်ဖောက် သူခိုးဓားပြ မုဒိန်းကောင် များ ရဲလိုက်၍ ပြေး နေကြခြင်းလော ဟု တွေးမိကြလိမ့်မည်။ မဟုတ်ပါ။
ရန်ကုန်သားမျိုးဇော်နှင့် ဆရာဇော်ဝင်းအောင် တို့ မြခနောက်တောင်ပေါ်မှဆင်းပြေးလာကြခြင်းသာ ဖြစ်လေသတည်း။
တစ်နေ့ သော ကျောင်းဖွင့် စ တစ်ရက်မျောက်မ အုပ်စု က မြခနောက်( တကယ့်အမည်ရင်း က နွားလဘို့တောင် ပါ ) တောင်တက်ချင်သည် ဟုထွန့်ထွန့်လူး ကြသဖြင့်ဆရာတစ်ယောက်(ဆရာဇော်ဝင်းအောင်)၊ ယောင်္က်ျား လေး(၃) ယောက်(မျိုးဆက်၊ငဖြိုး၊မျိုးဇော်)နှင့် တစ်ဝက်(သိန်းသန်းသွင်-ထိုစဉ်က ခါးလေးနွဲ့ နှောင်းနှောင်းဖြင့် အထီးအမ မကွဲပြား သေး) မှာ ကျောင်းပိတ်ရက်တစ်ရက် တွင်သွားရန်သဘောတူကြသည်။
(မျောက်မှ အုပ်စု ပုံကမြင်ဘူးလို က http://ucsmfirstbatch.wordpress.com/photos/ တွင်ကြည့်ကြပါရန်။) ခြံစည်းရိုးကပ်ထင်းခွေလို သောအကြံဖြင့်လည်းဖြစ်နိုင်သည်။ ဤသို့ ဖြင့်ကျောင်းပိတ်ရက်တစ်ရက်တွင် တောင်ပေါ်သို့ နား တစ်လှည့် ရပ်တစ်လှည့်ဖြင့် အုပ်စုလိုက်ချီ တက်ကြသည်။ မိန်းကလေးများက ရှေ့ မှ၊ ယောက်ျားလေးများက သက်လုံ နည်းလှသူများဖြစ်ရာ ခပ်လှမ်းလှမ်းမှ ကျန်ကျန်နေရစ်သည်။ မသွားမီက နယ်ခံများက စကားပြော ဆင်ခြင်ရန်နှင့် ရှုးပေါက်လျှင် တောင်ဘက်သို့ လှည့်မပေါက်ရန် မှာကြားလိုက်ကြသည်။ ရန်ကုန်သား လူရှုပ်မျိုးဇော်မှာ သူ့ ကိုယ်သူ လူစွမ်းပြရန်အချိန်တန်ပြီ ဟု ယူဆပြီး ပါးစပ်မှလည်း ထုံးစံအတိုင်းဆဲဆို ခြင်း ၊ အရပ်၁၀ မျက်နှာ သေးပန်းခြင်း စသဖြင့် အရူးတို့  လုပ်နည်းလုပ်ဟန်အတိုင်းလုပ်သည်။
မိန်းကလေးများက မဆဲဆိုရန် ပြောသောလည်း ၄င်းတို့ နှင့် ဝေးသည်နှင့် ဆဲပြန်သည်။ စကားတစ်ခွန်းပြော လျှင် အစနှင့် အဆုံးတွင် ယောင်္က်ျား နှင့်မိန်းမ အမြင်မတော်ရာများ ညှပ်လိုက် ရမှ စကားဟုထင်သည်။
တောင်ကမ်းပါးရံတစ်ခု သို့ ရောက်သောအခါ မိန်းကလေးများက ရှေ့ က တက်နှင့်ကြသည်။ သိန်းသန်းသွင်က ဘာအကြံမှန်းမသိ နောက် က မော့၍လိုက်သည်။ မျိုးဆက် က တော့ ဤနယ်သားပီပီ တိတ်တိတ်ဆိတ်ဆိတ် အလစ်မှာ ခိုးခိုးပြီးကြည့် ။မျက်လုံး ကို ခိုးကြောင်ခိုးဝှက်ကြည့်သည်မှတစ်ပါး သိန်းသန်းကဲ့သို့ ပြူးပြူးပြဲပြဲမရှိလှ။ ငဖြိုး က ကင်းရပြီးစ ပူပူနွေးနွေး မြေကြီးကိုင်ရမှာ ညစ်ပါတ်ပေရေမှာကြောက်သလိုလို နှင့် တက်နေသည်။အမှန်တော့ သူသည်တောသား ရွှံတောကလာသူဖြစ်သည်။ မျိုးဇော်က တော့ စကားဖြင့်ပေါက်ပေါက်ဖောက်ရင်း လေးဘက်ထောက် ကာ တက်၏။ ဆရာဇော်ဝင်းအောင်က လူကြီး လို လို ဖြင့် မျိုးဇော်ပြောသမျှ ဆဲသမျှ သည်းခံ နာထောင်ရလေသည်။ အတော်မတ်သောနေရာတစ်ခု ရောက်သော အခါ ငဖြိုး ၏ မင်းသားလှမ်းလှမ်းနေသော ခြေထောက်က ပဲ့ နေသော ထန်းသီး လုံးတစ်ဝက်ခန့် ကျောက်တုံး ကို ချော်ပြီးနင်းမိသွားသည်။

ကျောက်တုံး မှာ ခုန်၍ မျိုးဇော်ခေါင်းပေါ်သို့ တည့်တည့်ကျလေသည်။ မျိုးဇော်၏ စကားသံဆဲဆိုသံများရပ်ပြီး ကြောင်တောင်တောင်ဖြင့်ခေါင်းကိုကိုင်လိုက်သွေးတွေ ကို ကြည့် လိုက်ဖြင့် ကြက်သေသေနေသည်။ နောက်မှ ဆရာ က ဘာဖြစ်သွားလဲ မေးမှသတိဝင်လာဟန်ဖြင့် “သွားပြီးဆရာ ကျွန်တော်တော့သေတော့မယ်” ဟူကြောက်လန့် တစ်ကြီးပြောလိုက်သည်။ ဆဲတုန်းက တော့ ဆဲခဲ့သော်လည်းယခု တော့ ကြောက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ မိန်းကလေးများပါနေ၍ ဟန်မပျက်နေသောလည်း ငိုသြံကီးဖြင့် “ဆရာ ကျွန်တော်ဒီမှာ မသေချင်ဘူး။ ဒီနေရာမှာသေရင် တစ္ဆေဖြစ် မှာ” ပြောပြောဆိုဆို နှင့် ဆင်းပြေးလေရာ ဆရာ က ကျန်လူများဖြည်းဖြည်းလိုက်လာခဲ့ ရန်မှာကြားပြီး မျိုးဇော်နောက်လိုက်သွားလေသည်။

ကျောက်ခဲကို ငဖြိုး နင်းချလိုက်သည်မှာမတော်တဆပဲနင်းမိသည်လား၊ မဲ(၂) မဲအတွက် နှိပ်ကွပ်ရန်အကွက်ကောင်းရောက်၍ လုပ်လိုက်လေသလား မသိပါ။ ကိုယ်စောင့်နတ်၊ဘုရားသခင်၊ အလ္လာ နှင့် ကြေးစန္ဒီ နတ်မင်းကြီးတို့ သာ သိကြလေမည်။ မတော်တဆ ဆိုလျှင်ဖြင့် တော စောင့် တောင်စောင့်နတ်တို့ က ဆဲဆိုသံများမကြားဘူးသည်ကို ကြားရပြီး ဆုံးမလိုက်သည်ဟု ယူဆရန်ရှိပေသည်။မည်သို့ဆိုစေကာမူ မျိုးဇော်သည် ခေါင်းကွဲ၍ ၃ချက်ချုပ်လိုက်ရပေသည်။

ပထမအကြိမ် မြခနောက်တောင် တောင်တက်ခရီး ကား အားလုံး ဆက်မတက်ဖြစ်ပဲ လမ်းတစ်ဝက်မှ ပြန်လှည့် လာကြလေသည်။

Sunday, September 13, 2009

၁၈။ ညီမလေးတို့ အားထားရာ (သို့ ) ရဲဝင်းသူ

ခေါင်းစဉ်က နုသလို လူကလည်း နုသည်။ ပုဆိုးကိုသာ ရင်ဘတ်ထိတင်၍အမြဲဝတ်တတ်သည်။

ဤသူသည် အလွန်ပင် တည်ကြည်၏။ ထို့ အတူ အလွန်ပင် ရှုပ်ပွေ၏။

ဤသူသည် အလွန်ပင် မိန်းမကျမ်းကြေ၏ ။ ထို့ အတူ အလွန် ပင် ထုံအပြန်သည်။

ဤသူသည် အသောက်အစားကင်း၏။ ထို့ အတူ သောက်စား ရာတွင်လည်း ဆရာကြီးဖြစ်သည်။

ထို အချက်များပေါင်းစုံနေသောသူ ကို ရဲ ၀င်းသူ ဟုခေါ်ပေသည်။ ရှင်းပါအံ့ ။

ရဲဝင်းသည် ကျောင်းစာနှင့် ပါတ်သက်လျှင် တပည့်ကောင်း ဖြစ်ခဲ့သည်။ စာကြိုးစားသင်ယူသည်။ လေးစား စွာဆရာဆရာမများကို ချဉ်းကပ်သည်။ သူငယ်ချင်းများအပေါ်လည်း စာများရှင်းပြတတ်သည်။

ကြည့်လိုက်လျှင် တည်ကြည်၍လေးစားစရာတည်း။ သို့ သော် ၄င်းကြိုးစားသမျှသည် ၄င်းကိုယ်ကျိုးတွက် မဟုတ်။ က္ကိုတ္ထိယတို့ ကောင်းစားရေးဖြစ်လေသည်။ သူငယ်ချင်းများကို စာရှင်းပြခြင်းမှာလည်း သူ ၏ သင်ကြားမှု ကိုလေ့ ကျင့် ခြင်းဖြစ် လေသည်။ သို့ မှသာ မိန်းကလေးများ ကို စာများ လိပ်ပါတ်လည်အောင်ရှင်းပြနိုင်မည်ဖြစ်သည်။

ရဲဝင်းသည် မိန်းမကျမ်း ပိုင်နိုင်သည်။ ကိုယ်တိုင် မိန်းမဖြစ်နေသလား မှတ်လောက်သည်။(ဤအချက်တော့ မမှန်ကန်ကြောင်းနောင်တွင်သိရသည်။) မိန်းမတို့ အလိုကို သိသည်။ ခိုင်းလိုက်လျှင် လိုတာထက်ပိုအောင်လုပ်ပေးနိုင်သည်။

သို့ သော် ၄င်းပိုင်နိုင်သည်ကား တစ်ခြမ်းသာဖြစ်၍ မိန်းမများကိုယ့်ကို ကြိုက်လာအောင် မလုပ်နိုင်ပါ။ ကြိုက်လိုက်သည်မှာကျောင်းမှ မိန်းကလေးအားလုံးနီးပါး။ ဆင်ကြီးနှင့်ပင် အစက အဆင်မပြေကြောင်း ရှေ့ က post တွင် စာရှုသူတို့ ဖတ်လိုက်ရပြီးဖြစ်ပေလိမ့်မည်။ နောက်မှ ဘ၀တူ သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်မိကြသည်။ ကွန်ပျူတာကျောင်းတစ်ခုလုံးကုန်သောအခါ MIT(၁၅၀ တန်း) မှ ကျောင်းသူများဘက် လှည့်ခဲ့ သေးသည်။ သို့ သော်လည်း ပါရမီကို က ချူချာ လှပေရာ တစ်မိပေါက်တစ်ယောက်ထွန်း ဘွဲ့  မရနိုင်ခဲ့ပေ။ ၄င်း၏အစ်ကိုများ နည်းတူ ရည်းစားမရှိဘူးသူ လူပျိုကြီးဘ၀ နှင့် ယခု post ကို ရေးချိန်ထိ ဖြတ်သန်းနေရတုန်းပင်။

ရဲဝင်းကား နဂို က သောက်စားတတ်သူမဟုတ် ။ အဂျေးကဲ့သို့ ပင် သောက်စားသူများ အား ထောက်ပံ့ပေးခြင်း၊ အရက်ဝယ်ပေးခြင်း လုပ်သည်။ ၄င်းသောက်စားသည်ကို ကောင်မလေးများသိမည် စိုးသောကြောင့်လည်းဖြစ်နိုင်သည်။

ရှိသမျှမိန်းကလေးများ သူ့ အားပြန်ကြိုက်ရန်မျှော်လင့်ချက် မရှိတော့ ဆို မှ စိတ်ဒုံးဒုံးချပြီး သောက်စားခြင်းစတင်လုပ်သည်။ ကျောင်းထဲက အုပ်စု နှင့်သောက်သည်။ မြို့ ထဲ့ အုပ်စုသောက်သော်လည်းသူပါသည်။ အဂျေးနှင့် ထန်းတောလည်းလိုက်သည်။ မူးလာပြီ ဆို လည်း မည်သူမျှ မပါလည်း တစ်ကိုယ်တည်းသွား ၍ မိန်းကလေးများဆောင်ရှေ့  သီချင်းဆိုခြင်း(အသံသေးလေးဖြင့် အော်ဟစ်ခြင်း)၊ ၀င်းထရံ အားရှုရှုဖလားဝါးခြင်းပြုလုပ်သည်။ ရှုရှုဖလားဝါးခြင်းမှ မူးလာသောလူတိုင်းပြုလုပ်ကြသည်ချည်းဖြစ်သည်။ သို့ သော်ရဲဝင်းမှာ ထိုင်လျှက်လည်းမသွားပဲ ၊ မတ်တပ်ရပ်လျှက် ဖြစ်ရာ အရပ်ရှည်သောကြောင့် မိန်းကလေးဆောင်ထဲမှ လှမ်းကြည့်လျှင် ထရံကို ကျော်ပြီး မြင်ရကြောင်း ပြန်လည်ကြားသိရပေသည်။ (မျက်နှာသာ မြင်၍ မှတ်မိကြသည် ဟုဆိုပါသည်။)

ဗာလ

Friday, September 11, 2009

၁၇။ ကျေးဇူး ရှင် မျောက်မများဂိုဏ်း

ကွန်ပျူတာတက္ကသိုလ်စ ဖွင့် တော့ မျောက်မ (၃) ယောက်သာရှိသေးသည်။ ဂိုဏ်းချုပ်မှာ မယ်စိမ့်ဖြစ်လေသည်။ လက်ထောက်ဂိုဏ်းချုပ်မှာ နန္ဒာနွယ်ဟန်ဖြစ်၏။ ဂိုဏ်းသား မှာ ကွင်းမဖြစ်ခဲ့ ရသူ ကြော့ကြော့လှိုင်ခေါ် အီးကြော့ ဖြစ်သည်။ အီးကြော့မှာ ဂိုဏ်းချုပ်လုပ်နိုင်သော အရည်အချင်း ရှိပါသော်လည်း ဂိုဏ်းသား မရှိဖြစ်မည်စိုး သောကြောင့် ဂိုဏ်းသား သာ လုပ်ရလေသည်။ ဂိုဏ်းချုပ်မယ်စိမ့်မှာ အမြှော်အမြင်ကြီးသည်။ အပေါင်းအသင်းဆန့် အောင်ပေါင်းသည်။


မျောက်မအားလုံး သည် အကူအညီလည်းပေးတတ်ကြသည်။ စာဘက်တွင်မထူးချွန် လှသော်လည်း စာကူးပေးခြင်းဖြင့် ပညာပါရမီဖြည့်ကြသည်။မယ်စိမ့် ၏လက်ရေးလှလှ စာအုပ်များ မှာ အရက်သမား တစ်အုပ်စု လုံး ၏ သင်ရိုးညွန်းတန်းများ ဖြစ်လေသည်။ ကောင်းတာများ ရေးပြီး ကျေးဇူး ဆပ်ပြီးပြီဖြစ်၍ ကျေးဇူးကန်းစကား များဆက်ရေးပါဦးမည်။


မယ်စိမ့်မှာ ရုပ်ရည်အားဖြင့် မဆိုး ရှာပါ။ အရပ်လေးနဲနဲ ပုသည်( ဗိုက်ကလေးငြိမ်းချမ်း ထက်မြင့်သေးသည်။)က လွဲ၍ ဘာမျှ ပြောစရာမရှိ။ ၀က်ဝံ တစ်ကောင်ကဲ့သို့ လည်းလမ်းလျှောက်တတ်သည်။ စကတ်အရှည်ကြီး ၀တ်ခြင်း၊ ၆ လက်မဒေါက် ဖိနပ်စီးခြင်းဖြင့် အနည်းငယ်ပု သည်ကို ဖာထေး၍ နေတတ်သည်။ မိန်းကလေးပီသအောင် လည်းတတ်နိုင်သမျှ လုပ်ပါသည်။ သို့ သော် အမူအယာအားလုံး မှာ ကြောင်နဲ့ ကြွက်ထဲ မှ Jerry နှင့် တစ်ထေရာတည်း တူလေသည်။


လူက လုံးလုံး ပု ပု နှင့် လုပ်ပြနေခြင်းမှာ သူငယ်ချင်းအရက်သမား အုပ်စုပင်မက သူရိန်၊ဆင်ကြီး ၊ ငြိမ်းချမ်း (ရဲဝင်းသူ မပါ) တို့ က ပါ လက်ရှောင် ကြလေသည်။ ရဲဝင်းသူ ကတော့ သဘာဝက္ကုတ္ထိယ ကောင်းစားရေးဝါဒ ရှိသူ ဖြစ်သောကြောင့် သည်းခံနိုင်သည်ဟု ထင်ရပေသည်။ သို့ ဖြစ်လေ ရာ ကွင်းတစ်ခုခုဖြစ်ရပြီးရောဆို ပြီး အရူးကွက်နင်းပြနေသော အီးကြော့ ကို ကျော်တက်ကာ ပြင်ဦးလွင် ခရီးစဉ် တွင်မယ်စိမ့် "ပေါကွင်း" ရာထူး ရရှိခဲ့လေသည်။


နန္ဒာ နွယ်ဟန် မှာ ကြောင်မဒန်းတစ်ကောင်ကဲ့သို့ အသွင်ရှိလေသည်။ ကလေးစိတ်ပျောက် ကာစဖြစ်သော်လည်း လူကြီးစိတ်လည်း မရောက် ဟိုမရောက်ဒီမရောက်။ မယ်စိမ့် ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် သာ လူကြီးပုံစံလိုဖြစ်လာသည်။ ရန်ကုန်သူသာ ဆိုသောလည်း ၀တ်ပုံစားပုံ နေရာမကျ။ အမူအယာလည်း မလုပ်တတ်။ (နောင် ၁၀ နှစ်ခန့် ကြာ မှ ပညာအားလုံးတတ်သွားလေသည်။) ။ သို့ သော် ပညာရေးတွင်တော့ မလစ်ဟင်း။


အရက်သမား အုပ်စု မှာ သူ့ တို့ကို စာရှင်းပြဖို့ အားကိုး ရသည်။ အတန်းတက်၍ စာလိုက်နိုင်သော ယောင်္က်ျားအားလုံး မိန်းကလေးများကို သာ စာရှင်းပြကြသောကြောင့် ဗိုလ်ရွဲအုပ်စု မှာ အတန်းမှန်သော သူမကို အားကိုး ရသည်။


ထင်ရာမြင်ရာ ရှင်းပြသောကြောင့် အလွန်ဥာဏ်ရည်မြင့်သော ငဖြိုး ခမျာ ချက်ဆို နားခွက်က မီးမတောက်နိုင်ပဲ၊ နှာခေါင်းကသာ မီးတောက်နိုင်ကြသည်။ သက်ခိုင်မှ ပြန်ရှင်းပြပြီး ဖြည်းဖြည်းခြင်း နားလည်အောင်လုပ်ရပေသည်။ ငဖြိုး နှင့် သက်ခိုင် မှာ သူမ စာရှင်းလျှင် ဘယ်လို မျှ မလိုက်နိုင်သောကြောင့် နောင်သောအခါ အခြားသူ အောင်သော်လည်း ၄င်းတို့ ဆပ်ပလီ ထိကျန် ခဲ့လေသည်။ လူလည်မျိုးဆက်မှာကား စာပင်မလိုက်နိုင်သော်လည်း လှိုင်မျိုး၏ လက်ထပ်သင်ကြားပေးမှုကိုကောင်းစွာ ခံယူလိုက်ရသော တပည့်ရင်း ဖြစ်သောကြောင့် ဘာဂျာခေါက်ကျေးဇူးဖြင့် လွတ်လွတ်ကျွတ်ကျွှတ်ခိုးချသွားနိုင်ခဲ့လေသည်။


အီးကြော့ မှာတော့ ရှေ့ ဂိုဏ်းချုပ်နှစ်ယောက်ကဲ့ သို့  လည်းမဟုတ်။ မထင်ရင်မထင်သလို စိတ်ကူးပေါက်ရင်ပေါက်သလို ထထလုပ်တတ်သည်။ တစ်ခါတစ်ရံ မိန်းမဖြစ်နေသည်ကို မေ့နေတတ်သည်။ ပြောချင်ရာတွေပြော၏။ သူများ စား နေသည်တွေ့ လျှင် လက်မရှောင် ၊ လက်ဘက်ရည်တွေ့ လက်ဘက်ရည်ကောက်မော့သည်။ မုန့် တွေ့ လျှင် မုန့် တစ်ခု တော့ ပါးစပ်ထဲကောက်ထဲ့သွားသည်။ အစားအသောက်များ နင်းကန်းစားသောက်ပြီး ၀မှာကြောက်သောကြောင့် စက်ဘီး စီးသည်။ မစီးတတ်ပဲ စီးသောကြောင့် စက်ဘီးခဏခဏမှောက်သည်။ နောက်တော့ စက်ဘီး တာယာကို ခါးမှာ ထား၍ ခါးသေးရန် လှည့်သည်ဟု ကြားရသည်။ ထို့ ကြောင့် နောင် မျောက်မများထဲသို့ ဂိုဏ်းသူ အသစ်များဝင်လာသောလည်း သူမ က တော့ အငယ်ဆုံး ဂိုဏ်းသားပင်ဖြစ်နေခဲ့လေ၏။

ဗာလ

Thursday, September 10, 2009

၁၆။ အလွမ်းရစ်သမ် (သို့) ပြန်ညှိမရတဲ့ ကာရန်တပုဒ်

ကိုယ့်ကို ကို ဒေါသဖြစ်နေသည်။ ဘာလို့ အခု ချိန်မှ ယခု လို တစ်ဘက်သတ်စွဲလမ်းခြင်းမျိုး ဖြစ်မိလေသည်မသိ။ ယခု တော့ သူ မ၏ ပုံရိပ်တို့သာ ပန်းချီကားတစ်ချပ် နှယ်အာရုံမှာ ဝေ့ဝဲနေတော့သည်။ နှလုံးသားတခုလုံးနာကျင်နေသည်ပဲ... ရင်ထဲက ဒဏ်ရာသည် မျက်ဝန်းမှတဆင့် ၊ တနေ့လုံး စိတ်အာရုံထဲမှာ အချစ်ပန်းချီ လေးရေးချယ်နေမိတော့သည်။ ရုပ်ပိုင်းဆိုင်ရာ သက်ရှိ သက်မဲ့ အားလုံး ဝေဝေဝါးဝါး ။ ချစ်၍မ၀ပါသော ခိုင်။
သူမနှင့် ကျွန်တော် သည် မန္တလေးကွန်ပျူတာတက္ကသိုလ်ကြီးတွင် စတင် ဆုံစည်းခဲ့ ကြပေသည်။ သူငယ်ချင်း ဖြစ်မလာသော်လည်း တစ်ယောက်နှင့် တစ်ယောက် မစိမ်းပါ။ ပြင်ဦးလွင်သို့  လေ့လာရေးထွက်ချိန်က parcel ဂိမ်းတွင် အတူတူကစားခဲ့ ကြဘူးသည်။ ထိုစဉ်ကသူမ မှာ ရှက် ဟန်ရှိသော်လည်း အားလုံးနှင့် အဆင်ပြေစွာ ဆက်ဆံသွားနိုင်ခဲ့သည်။ ကျွန်တော့ရင်ခုန်သံမှာ ပျောက်ဆုံးနေသည်။ ခံစားချက် ကို နားမလည်တာလား ၊ ဒါမှမဟုတ် ချစ်ခြင်း ဆိုသည်မှာ ငယ်စဉ်ကာလ က ၀မ်းကွဲမောင်နှမများ နှင့် ဆော့ကစားခဲ့ခြင်း လို ဆော့ပြီး မေ့ပျောက် တတ်သည့် အရာ ဟု ထင်နေမိသည်လား မပြောတတ်ပေ။
သူ ငယ် ချင်း များ နှင့် သောက်စား မူးယစ်ခြင်း တည်းဟူသော အရာသည် တက္ကသိုလ်တက်စ ကျွန့် တော့် အဖို့  လွတ်လပ်ခြင်းအရသာ အပြည့်အ၀ရခြင်းဖြစ်သည်။ မိန်းကလေးသူငယ်ချင်းများ လည်း အများကြီးရှိသည်။ သူတို့ နှင့် ပြောမနာ ဆိုမနာ ကျောင်းဝင်းထဲ ပျော်စရာကြီးဖြစ်ခဲ့သည်။ သူမသည်လည်း အေးဆေးစွာပင် မည်သူနှင့် မျှ စကားသိပ်မပြော ပဲ သူငယ်ချင်းတစ်ယောက်နှစ်ယောက် နှင့် သာ နေသည်။ ချစ်စဖွယ်ရုပ်ရည်မို့  ချစ်လို သူများ ရှိသော်လည်း သူမက ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။ နေ့ စဉ်ရက်ဆက်တွေ့ နေခဲ့ပါလျှက် ကျွန်တော်သည် အရက်ပုလင်းနှင့် သူငယ်ချင်းများဖြင့်သာ ပထမနှစ်ကုန်လွန်ခဲ့သည်။
ကျွန်တော်၏ ဒုက္ခအားလုံး ဒုတိယနှစ်မှ အစပြုတော့သည်။ ကျောင်းဖွင့်စ မိုးဖွဲလေးများ ကျောင်းဖွင့်စရက်သည် ပျင်းရိဖွယ်ကောင်းနေဆဲ။ စာသင်ချိန်ကလည်း မမှန်သေး။ ကျောင်း မှ ကိုကျော်ကြီး canteen မှာ ပိတ်သွားပြီဖြစ်သောကြောင့်
ကျွန်တော်တို့ လည်း ဒေါ်စိန်ဆိုင်သို့ ရွေ့ ထိုင်နေကြပြီဖြစ်သည်။ သူမက လည်း ဒေါ်စိန်ဆိုင်နှင့် မလှမ်းမကမ်း မှာ ထိုင်နေသည်။သူငယ်ချင်းများကတော့အတန်းတက်ဆဲ။ ကျွန်တော်က ဦးကိုကိုမောင်အတန်းတက်ရင်းသူငယ်ချင်းများကို ပြောသည်။ ဖိုးဇော်မှအပ ကျန်လူများ ကမိုးရွာနေသောကြောင့် ဦးကတုံးဆိုင်သွားရန်ပြင်နေကြပေပြီ။နေရာမှမရွေ့  ။ ထီးကို ယူ၍ ဖိုးဇော်နှင့် ကျွန်တော် canteen ဆိုင်များကို ဖြတ်၍ ကျောင်းဘက်သို့ ကူးခါနီး ခိုင် က လည်း ကျောင်းဘက်သို့ ကူး ရန်ပြင်သည်။ ထိုစဉ်ကဘာရယ်မဟုတ်ပဲ ကျွန်တော်က ဖိုးဇော်ကို မင်းသွားနှင့် ငါလိုက်ခဲ့မယ်ပြော၍လွတ်လိုက်သည်။ ဖိုးဇော်လည်းဘာမှမပြောတော့ပဲ ကျောင်းဘက်သို့ ပြေးသွားလေ၏။ ကျွန်တော်က ခိုင့် အနားသို့ ကပ်၍ ''မခိုင် ကျောင်းဘက် သွားမလို့ လား ဟု မေးရာ ခိုင်က "ဟုတ်တယ်ကိုမင်း ၊ခိုင်လည်း အိုဝမ်း ချိန်ရှိလို့ ၊ ထီးက မပါလို့ စောင့်နေတာ" ဟုပြောသည်။ ကျွန်တော်က "အတူတူသွားမယ်လေ ထီးတစ်လက်ဆို ရပြီပဲ" ဟုပြောရာ ခိုင် က တရင်းတနှီးပင် ကျွန် တော့် ထီးအောက်မှ လိုက်လာလေသည်။ ပေ ၅၀ ခန့် အကွာအဝေးအတွင်း ခိုင့် ၏ကိုယ်သင်းနံ့  ၊ခိုင့်ခြေလှမ်း လှမ်းပုံများ ကျွန်တော် ယခုထက်ထိ တိုင်အမှတ်ရ ဆဲဖြစ်လေသည်။ ရင်ခုန်ရမှန်းမသိတတ်ခဲ့သော နှလုံးသား မှာ ဘယ်အချိန်က ခုန်နေမှန်းမသိ ။ အတန်းထဲရောက်သည် အထိ ဘာမှမတွေးမိနိုင်ခဲ့။ ခိုင့် ကိုသာမြင်ယောင် ယင်း ဆရာစာသင်သမျှ ဘာ မှန်းမသိတတ် ခဲ့ရယ်ပါ။
ထို နေ့ မှစ၍ ခိုင် သာ မသိခဲ့သော်လည်း ကျွန် တော့် နှလုံးသားမှာ ခိုင်သာ အပြည့်နေရာယူနေလေပြီ။ အချစ်ဆိုသည် စမြင်တွေ့စ တရင်းတနှီးရှိစဉ်က မပေါ်ပေါက်ခဲ့ ပဲ ယခုမှတစ်ဖန် မွေးဖွားလာခဲ့ပေပြီ။ လေးစားရဖွယ်သော သူငယ်ချင်း ဝင်းနိုင်အား မသိမသာ မေးမိသည်။ အချစ်ဆိုသည် ဤသို့ ဖြစ်တတ်ပါသလားဟု။ ဝင်းနိုင် မှ ရုတ်တရက် စဉ်းစားတွေဝေပြီး ဖြစ်တတ်သည်ဟု အဖြေပေးလေသည်။ မင်း လုပ်မယ်ဆိုလည်း လုပ် နောက်ကျနေဦးမယ်ဟု အကြံပေးသည်။ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ သော လည်း အချစ်တည်းဟူသော နတ်ဖမ်းစားခြင်းကြောင့် မတွေ့ ရမနေနိုင်လောက်အောင်ဖြစ်နေလေပြီ။
ချစ်သူ ကို လွမ်းလှသောကြောင့်စာမျက်နှာမှန်သမျှ ခိုင်လို့ေ၇းမိသည်။ ခိုင့်အားလည်းလက်ဆောင်ပေးသည် ခိုင်က လက်ခံသော် လည်း သူမ၏ ထူးဆန်းသောအကြည့်တစ်စုံ ကို ကျွန်တော်မေ့မရခဲ့ပါ။
ခိုင့်ကို ချစ်လှပါသည်ဆိုသည်ကို သာ ခိုင်သိစေချင်ခြင်းဖြစ်သည်။ ခိုင်ကတော့ တအံတသြနှင့် ။ ထိုအချိန်မှစ၍ ခိုင် က စာသင်ခန်းထဲတွင်သာနေ၍ canteen သို့  မရောက်လာတော့ပါ။
တစ်နေ့ သော ကျောင်းခန်းထဲကျွန်တော်လည်း ခိုင် ရှိရာအခန်းထဲ ၀င်၍ ခိုင့်အားမေးသည်။ ခိုင် ကိုယ့်ကို ချစ်နိုင်မှာလား။ ခိုင် မချစ် ရင်တော့ ဒီဘ၀ အဓိပ္ပါယ်မရှိတော့ ဟု ၀မ်နည်းစွာ ပြောလိုက်မိသည်။
ခိုင် ကကျွန်တော်လက် ကို ကိုင်၍ ကိုမင်းရယ် ဘာလို့ နောက်ကျခဲ့တာလဲ။ ခိုင် လေ ဒီ နှစ်ကုန်ရင် အိမ်က အိမ်ထောင်ချပေးတော့မှာ။ ခု ခိုင် လည်းသဘောတူထားပြီးပြီး။ ဘယ်လို မှ နောက်ဆုတ်လို့ မရတောဘူးကိုမင်းးရယ်
ခိုင့်စကားအဆုံး ကျွန်တော်ခိုင့်အထံအပါးမှ အဝေးဆုံးသို့ သွားရန်စိတ်ဆုံးဖြတ်လိုက်သည်။ ကျောင်းဝင်း အဆောင်တူနေ သူငယ်ချင်းများ ဖြောင့်ဖြ ကြသော်လည်း တနေကုန် သောက်နေခဲ့မိသည်။ တနေကုန်စိတ်ကူးလေးရွက်လွှင့်ခဲ့မိသည်။ တချိန်လုံးစိတ်ကူးပန်းချီလေး ရေးချယ်နေမိသည်။ ခိုင်ရယ် ခိုင့်ရဲ့ ချစ်တယ်ဆို တဲ့စကားလေတစ်ခွန်းလောက် ကြားခဲ့ရင် ဒီလူသေပျော်ပါပြီကွယ်။
နောက်ဆုံးလက်ထပ်ပွဲ။ ကျွန်တော်က အရက် နှင့်ပုလင်းကိုသာ အဖေါ်ပြုရင်း တစ်ခွက်ပြီးတခွက်သောက်သည်။ အသိစိတ်သည် ဝေဝါးမသွား နှလုံးသားနှင့်ရင်းပြီး ချစ်ခဲ့ရလို့လားမသိ အဆောင်နံရံတွေပေါ်မှာ စာကြည့်စားပွဲပေါ်မှာ သူမရုပ်သွင်သည် ချစ်စဖွယ်အပြုံးနှင့် ပြုံးနေဆဲ။
ဝင်းနိုင်က သာ ကျွန်တော့ကို ထိန်းရလေသည်။မဟုတ်လျှင် မင်္ဂလာဆောင်သို့ သွားရောက် ၍ မခိုင်ကို ချစ်သည်ဟု ပြောမိလေမလားမပြောတတ်ပေ။ ဝင်းနိုင်က အရက်ဆိုင်မှခေါ်လာ ပြီးနောက်အခန်းထဲတွင် သူမနှင့်သက်ဆိုင်သော ။ တေးသီချင်းစာသား၊ ကဗျာ နဲ့ အမှတ်တရ စာသားများကို ဘယ်နှလုံးသားနှင့် ခံစားရပါအံ့နည်း ။ ကျွန်တော့နှလုံးသားသည် သူမနောက်ပါသွားပြီဖြစ်လေရာ အားလုံးကို ကျွန်တော်ကိုယ်တိုင် မီးရှို့ ပစ်ခဲ့သည်။
အခါလွန်မှ ရွာသောမိုး သည် ရပ်စဲရန် ကြာသကဲ့သို့ အချိန်လွန်မှ ပေါ်လာသော အချစ်လည်း ပြီးဆုံးဖို့ ရန် ခက်လှသည်။
အချစ်ဘ၀ တစ်ခန်းရပ်ဇာတ်ဟု မှတ်လိုက်ရပါလျှင် ကွန်ပျူတာတက္ကသို လ်တွင် ကျွန်တော့ နှလုံးသား သေဆုံးသွားခဲ့လေပြီ။
အစားထိုးမ ရသော အချစ်များ ကျောင်းပြီးချိန်မကြာလိုက်သော်လည်း ဒဏ်ရာကျက် ဖို့ ကတော့ နှစ်အသင်္ချေ မျှကြာပေဦးမည်။
ဗာလ(ခံစားရေးဖွဲ့သည်)

Wednesday, September 9, 2009

၁၅။ နွားပွဲစားကြီးသူ ရိန် မောင်မောင်

ယနေ့ အလှည့်ကျသူကတော့ သယ်ရင်း သူရိန်ဖြစ်ပါတယ်။ သူက သူ့အကြောင်းမရေး ရကောင်းလားဆိုပြီး ကွယ်ရာမှာ တမျိုး ရှေ့တင် တမျိုး မကြားတကြားပြောလွန်းလို့ ရေးလိုက်ရပါတယ်။
၁၉၉၇ ခုနှစ် ကျောင်းများစဖွင့်စ မှ ၂၀၀၀ ခုနှစ်လောက်ထိ သွားများဖြဲ၍ ကျောင်းဆောင်များကြား လှည့်လည်သွားလာနေသော ခပ်ကြောင်ကြောင်ငနဲ ကို မှတ်မိကြလိမ့်မည် ထင်သည်။ ထိုသူကား
သူရိန်မောင်မောင်ပေတည်း။ ကျောင်းဖွင့် စကစ၍ သူ့ ခမျာ ရည်းစားတစ်ယောက်ရလို ရငြား ကြိုးစား ရှာသည်။ သူသည်လည်း ငြိမ်းချမ်း၊ မျိုးဆက် တို့ကဲ့သို့ ကမ္ဘာပေါ်တွင် သူမကြိုက်သော မိန်းကလေး မမွေးသေး ဟု ခံယူချက်ရှိသူဖြစ်သည်။ သို့သော် သူ၏ထူးခြားချက်ကား အတည်ကြံခြင်း ဖြစ်သည်။ ချဉ်ချဉ်တူးတူး မူးပြီးရော ဟူသည့် အစားဖြစ်သည်။ သူ့ရှေ့မှာ ကောင်မလေးများ ယောင်၍ မျှ ခေါင်းမငြိမ့်ရဲ ပါ။ သူ့ အဖြေပေးသည်ဟု သာသူကမှတ်ယူလေ့ရှိသည်။ သူသည် အရေခွံ အလွန်ပါး၏။ အနောက်မခံပေ။ သို့သော် သဘောထားကောင်း၏။ ယခုဒီစာကို ဖတ်ရင်း ကျိန်ဆဲနေမည်လားမပြောတတ်။ ထိုစဉ် ကယခုခေတ်လို chatting များလည်း မရှိ သေး ရာ သူ့ ခမျာ အလွန် ကြိုးစားရရှာသည်။ မိန်းကလေးများ ရှိရာကျောင်း ဆောင်ပေါ်နှင့် canteen ကြား ခေါက်တုံ့ ခေါက်ပြန်လျှောက်ရင်း ဘယ်ကောင်မလေးနှင့် တိုက်မိမလည်းဟု မျှော်လင့်ချက်ကြီးဖြင့် အခေါက်တစ်ထောင်ခန့် နေ့ စဉ်လုပ်သည်။ တနေ့သ၌ စက်ခန်း ၁ ရှေ့မှ ၄င်းကအထွက် သံဘာဂျားတံခါးနားတွင် သူမျှော်လင့်ထားသည့် အတိုင်း တစုံတယောက်နှင့် တိုက်မိ၏။ သူရိန်ကား မျောက်အုံးသီး ရသကဲ့သို့ အိုက်တင် အပြည့် စိတ်မကောင်းဟန်အပြည့် '' မတော်လို့ပါ ညီမလေးရယ် နော် တောင်းပန်ပါတယ် အစ်ကိုတကယ်မမြင်လို့ပါ။ ညီမလေးကဘယ် အတန်းက လဲဟင် စက်ခန်းချိန်လား Diskette ပါရဲ့လားဟင်'' တောင်စဉ်ရေမရလျှောက်ပြောတော့သည်။ ''မောင်သူရိန် ဘာတွေ အရေးကြီးလာတာလဲ'' သူရိန်ကား တိုက်မိသူ ကို စေ့စေ့ကြည့်ကာ တချိုးတည်း လစ်တော့သည်။ ပါမောက္ခချုပ်နှင့် တိုက်မိခြင်းတည်း။ နောင် ဒုတိယသုတ်၊တတိယသုတ်များ ရောက်လာသောအခါ MIT ၀င်းတစ်ခု လုံးသာ မက စာသင်ဆောင်အားလုံး နှင့် တကွ မန်းချယ်ရီ ဆောင် သို့  ပျော်ပျော်ကြီးချီတက်လေသည်။ စိတ်က ဆောင်သော်လည်း လူက ပါးစပ်ဖြဲ၍ ဟောဟဲလိုက်နေသည်။ မောသော်လည်း မလျော့ ။ မိန်းကလေး နံ့ များ ရလျှင် MIT မှ ဈေးချို ထိ ကျောင်းကား နှင့် အပြိုင် ပင်ပြေးနိုင်သည် ဟု အဆို ရှိလေသည်။ သွားများဖြဲ၍ မောပန်းကာ ဖြစ်နေသည်ကို တစ်ချို့ က နွားလာရောင်းသည် မှတ်၍ မ၀ယ်သေးဟု ပြောလွတ်ကြသည်။ ဤတွင် နွားပွဲစားကြီး ဟူ ၍ မိန်းကလေး များက ကွယ်ရာတွင် ခေါ်ကြလေသည်။ ၄င်းမှာလည်း ဟင်းရွက်စုံရောင်းသော ဈေးတန်းထဲ မှ ဈေးနွား တစ်ကောင်ကဲ့သို့  ဟိုဟာလေးစားရနိုးဖြင့် ရွယ်လိုက် ဆိုင်ရှင်က ဟဲ့ ဟုမောင်းလိုက်လျှင်နောက်ပြန်ဆုတ်လိုက်၊ နောက်တစ်ဆိုင်စားမယ်ပြင်လိုက်ရင်းမောင်းထုတ်ခံလိုက်ရင်းဖြင့် နောက်ဆုံးတော့ ပါးစပ်ကို ခြင်းကြားအုပ် ခံလိုက်ရသော ဈေးနွားတစ်ကောင်ကဲ့သို့  မယ်မယ်ရရလက်ဆုပ်လက်ကိုင် မပြနိုင်ပဲ
ကျောင်းကာလပြီးဆုံးခဲ့လေသည်။

ဗာလ

Tuesday, September 8, 2009

၁၄။ ကျော်ကြီး ရဲ့ ပေါင်မုန့် ကြက်ဥကြော်

MIT က canteen များထဲတွင် အစောပိုင်းကာလ အထိုင်အများဆုံး ဆိုင်ဖြစ်တဲ့ ကိုကျော်ကြီးဆိုင် အကြောင်းပြောချင်ပါသေးတယ်။ သူ့ဆိုင်က အရှေ့ဘက် အစွန်ဆုံး တန်းလျားအနီများ ခင်းထားတဲ့ ဆိုင်ပါပဲ။ ကျော်ကြီးသည် သဘောထားလည်းကောင်း လူကလည်းကျွန်တော်တို့နဲ့ရွယ်တူနီးပါးဆိုတော့ တော်တော်ပေါင်းရသင်းရ ကောင်းပါတယ်။ ကျောင်းသား အထာတွေနောကြေနေသူ လဲဖြစ်ပါတယ်။ တဆိုင်လုံးမှ သူ့မိန်းမ မသူဇာ နဲ့ သူ့သား ၂နှစ်အရွယ် ၃ ယောက်နဲ့ Run နေခြင်းဖြစ်ပါတယ်။ ရောက်စက သူ့ဆိုင်မှာပဲ ကျွန်တော်တို့ တစု ထိုင်ဖြစ်ပါတယ်။ ရှေ့က ပို့စ်တွေမှာ ပြောခဲ့သလိုပဲ သူ့ဆိုင်ဟာ ကျွန်တော်တို့ အားပေးပြီး မကြာပါဘူး...ပိတ်ရတာပါပဲ။ အဲဒါကျော်ကြီး သဘောကောင်းတာကြောင့် ပါတယ်။ နောက်ပိုင်းမှာ ပိတ်ရခြင်းအကြောင်းကို ရေးပါဦးမယ်။ ကျော်ကြီး ကကျွန်တော်တို့ ကိုလည်းအတော် ခင်မင်ရှာပါသည်။ ကျွန်တော်တို့ပြောလျှင် များသောအားဖြင့် သူလက်ခံသည်။ လေးစားသည်ဟုပြောလိုက ပြောနိုင်ပါသည်။ သို့သော် တခုတော့ ရှိပါသည်...ကမ္ဘာကြီးလုံးတယ်ပြောရင် သူလုံးဝလက်မခံပါ...သူ့အကြောင်းပြချက်မှာ ကမ္ဘာကြီးသည် အမှန်တကယ်လုံး နေလျှင် အောက်ပိုင်းက လူတွေ ပြုတ်ကျကုန်မှာပေါ့ဟုပြောသည်။ ယနေ့အချိန်တွင် ကျော်ကြီးသည် ကမ္ဘာကြီးပြားသည် ဟု မယူဆတော့ဘူးလို့ ကျွန်တော်မျှော်လင့်မိပါသည်။ယခုတော့ သူ့ဆိုင်မှာ ကျွန်တော်တို့ သောင်းကျန်း၊ ဒုက္ခပေးခဲ့ ပုံလေးတွေ ပြောပြချင်လို့ပါ။ သက်ခိုင်ခေါ်ချက်ခိုင် သည်ကျော်ကြီးဆိုင်တွင် လပေးထမင်းစားပါတယ်။ အကြွေးစားတာပါ။ သူအဆောင်နေထိုင်ရာ ကနောင်ဆောင်ကို အိပ်ချိန်မှ ပြန်အိပ်ပါတယ်။ ကျော်ကြီးဆိုင်မှာ လွယ်အိပ်၊ ဂစ်တာ၊ အဝတ်အစား တချို့၊ တီစကွဲယား နဲ့ အရက်ပုလင်းတချို့ အဲဒီမှာပဲ ထားပါတယ်။ တရက်သောနေ့မှာ သကောင့်သား ချက်ခိုင်( ချကီထုလို့ ချက်ခိုင်ခေါ်ခြင်းပါ ) ရစ်ထွေထွေနဲ့ ကျော်ကြီးဆိုင် တန်းလျားမှာ ဂစ်တာတီးနေတာတွေ့ရပါတယ်။ မှတ်မှတ်ရရ တိုးကြီးရဲ့ 'နွေရက်များ အခါခါ' သီချင်းပါ။ ကျွန်တော်၊ မျိုးဇော်၊ မျိုးဆက်၊ ဖြိုးခိုင်ဝင်း၊ ရဲဝင်းသူ၊ငမျိုး၊ သိန်းသန်း နဲ့ မျောက်မအုပ်စုရယ် ဝိုင်းထိုင်စကားပြော၊ အားပေး( ခိုးသောက် ) နေတုံးပေါ့။ ချက်ခိုင်ဗိုက်ဆာလို့ထင်သည်၊ ပေါင်မုန့်ကြက်ဥကြော် မှာလိုက်တာတွေ့သည်။ ကျော်ကြီးလဲ မီးဖိုထဲဝင်သွားတာတွေ့လိုက်ပါတယ်။ ခဏနေတော့ ချက်ခိုင် နဲ့ ရဲဝင်းသူ အူတက်မတက် ရီနေတာတွေ့ရော ၊ ဘာဖြစ်လဲမေးတော့လဲ မရ။ ကျော်ကြီးသာ မချိသွားဖြဲ မျက်နှာလေးနဲ့ ၄င်းတို့ ၂ ဦးကို ကြည့်ပြီး ဖင်ကုတ်ခေါင်းကုတ်လုပ်နေတာတွေ့ရပါတယ်။ အတန်ကြာမှ ရဲဝင်းရှင်းပြတော့ မှပဲ သဘောပေါက်ရပါတော့တယ်။ သူတို့မှာတာ ပေါင်မုန့်ကြက်ဥကြော်။ စားပွဲပေါ်မှာ လဲ ၂ ပန်းကန်ရောက်နေသားပဲ။ ဒါပေမယ်...ပေါင်မုန့်ကြော် က သတ်သတ်၊ ကြက်ဥကြော်က သတ်သတ်။ ကျွန်တော်တို့ ကျောင်းတုန်းက ကန်တင်း ဆိုတာ အဲဒီလိုမျိုးပါ။.............

Monday, September 7, 2009

၁၃။ ချိန်ပါငြိမ်းချမ်း နှင့် ခါးသိန်းသန်း

ကိုငြိမ်းချမ်းသည် ကျောင်းစာတွင်စိတ်ဝင်စားမှုပြင်းထန်သည်။ ရဲဝင်းသူ လမ်းစဉ်အတိုင်း စာကိုအကြောင်းပြ၍ ကောင်မလေးများကို ချဉ်းကပ်ခြင်းပါပေ။ ကောင်မလေးများ အထင်ကြီးစေရန် တပေခန့်ထူသော Object Oriented C ++ စာအုပ်ကြီးကိုင်ကိုင်၍ လမ်းလျှောက်လေ့ရှိသည်။ တော်ရုံ ပရိုဂရမ်မာ များသူနှင့် လုံးဝ မငြင်းရဲ။ သူသည် ယခုခေတ်အခေါ် ဖင်ပိတ်ငြင်းတတ်သောကြောင့်ဖြစ်သည်။ ၄င်း၏ အချစ်ရေးကံခေပုံများကို
ဖော်ပြလိုသော်လည်း အခြေအနေ မပေးသောကြောင့် ဖော်ပြနိုင်ခွင့်မရှိသေးပါ။ ငြိမ်းချမ်း၏နှလုံးလမ်းကြောင်းသည် ကား ကျွန်းမဟုတ်၊ တိုက်ကြီးပါခံနေပုံရသည်။ အခါအလျဉ်းသင့်သလိုဖော်ပြပါဦးမည်။ အခါတပါး၌ ငြိမ်းချမ်းတယောက် စက်ခန်း ၂ ထဲတွင် တယောက်ထဲ လွန်စွာ အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။ ကွန်ပြူတာ ကီးဘုတ်ကို အပေါ်ထောင်ကြည့်လိုက်၊ အောက်ဆိုက်ကြည့်လိုက် လက်နှင့်ပွတ်လိုက် ၊ ကွန်ပြူတာမော်နီတာ ကြည့်လိုက်နှင့် လွန်စွာ ခက်သော ပရိုဂရမ်တခု ရေးသားနေဟန်ရှိသည်။ ဒါနဲ့စိတ်ဝင် တစား သွားမေးကြည့်လိုက့်မိပါသည်။ " ငြိမ်းချမ်း မင်းဘာရေးနေတာလဲ " "ရေးနေတာမဟုတ်ဘူးကွ ရှာနေတာ၊ ဒီမှာကွာ ငါ့ပရိုဂရမ် အယ်ရာ တက်နေလို့ အဲဒါ Press Any Key To Continue တဲ့ .." "ငါ အဲဒီ AnyKey ဆိုတာ Key Board မှာရှာမတွ့လို့ကွ" ..... ငြိမ်းချမ်းတယောက် ယခုလောက်ဆို ရှာတွေ့လောက်ပြီဟုထင်ပါသည်။

ငြိမ်းချမ်းသည်လည်း ကုပ်ကမြင်း မျိုးဆက်ကဲ့သို့ပင် ကမ္ဘာပေါ်တွင် သူမကြိုက်သော မိန်းကလေးမမွေးသေးဟု ခံယူထားသူဖြစ်သည်။ အထာပေး ရင် ဆရာလေး တောင်လက်မနှေးသော အစား ဖြစ်သည်။ နေ့လည်ထမင်းစားချိန်များတွင် စွယ်တော်ရိပ်ဆိုင်၊ ဒေါ်စိန်ဆိုင် နှင့် ကျော်ကြီးဆိုင် ကန်တင်းမှာရှိသမျှဆိုင် လိုက်ထိုင်သည်၊ ဆိုင်များတွင်မှာစားခြင်းမဟုတ်၊ ဆိုင်မှာထိုင်သော ကောင်မလေးဝိုင်းမှန်သမျှ လိုက်လံစာရှင်းပြခြင်းဖြစ်သည်။ သူတော်ချင်းချင်းသတင်းလွေ့လွေ့ ဟုဆိုသည့်အတိုင်း သူရိန်မောင်မောင်နှင့် ၂ယောက်ပေါင်း၍လိုက်ရှင်းတတ်သည်။ ထိုမှစ၍ ခါးသိန်းသန်းနှင့် ဗိုလ်လုပွဲ ဖြစ်ပေါ်လာခြင်းဟု တစွန်းတစ ကြားရသည်။ ယောက်ျားမလိုချင်သေးသော ကျောင်းသူများသည် ငြိမ်းချမ်းကိုရှောင်ကြသည်။ အကြောင်းရှိပါသည်...ငြိမ်းချမ်းချိန်လိုက်သော ကောင်မလေးများ တနည်းမဟုတ်တနည်း ယောက်ျားရသွားကြသည်ချည်းဖြစ်သည်။

ဗိုက်ကလေး ခေါ် ချိန်ပါငြိမ်းချမ်းအကြောင်းရေးလျှင် သိန်းသန်းသွင် အကြောင်းကို ချန်ထား၍ မရပါ။ ထို့ ကြောင့် သိန်းသန်း သွင် အကြောင်းကို ပူးတွဲ၍ တင်ဆက်လိုက်ပါသည်။
ငြိမ်းချမ်းသည်ဆရာဂိုက်ဖြင့် စာအုပ်ထူကြီးကိုင် ကာ ဖတ်ပြီးနာလည်ပုံမရပဲ သူများကို အာပေါင်အာရင်းသန်သန်ပြောတတ်သောကြောင့် အောင်စိုးဝင်း က အထင်ကြီးသည်ကိုလည်းအပြစ်မတင်ထိုက်ပေ။ စာအုပ်ထူထူ ကိုင်ပြီး လူ အထင်ကြီးအောင် နေတတ်သူ ထဲ တွင် ရှေ့ က ဖော်ပြထားပြီးဖြစ်သော ခါးသိန်းသန်းတစ်ယောက် ရှိသေးသည်ကို မီလိုက်သူတို့ မှတ်မိကြဦးမည်။ တစ်ဂူထဲတွင် အရူး နှစ်ကောင် မအောင်း ဆို သည့် အတိုင်း( တကယ်တော့ အရူးများနှင့် နှိုင်းရသည်မှာ အရူးများ သိက္ခာ ကျပါသည်။ ) ဆရာ ငြိမ်းချမ်းနှင့် ဆရာ သိန်းသန်းသွင် တို့ မတည့်ကြသည် မှာ အံသြဖွယ် မရှိပါ။
နောင်သောအခါ ဂိုက်ပေးကြမ်းသော ငမျိုး လက်မောင်းကို ဓားဖြင့် လှီးပြခြင်းပြီး ပြီးနောက် ငြိမ်းချမ်းနှင့် သိန်းသန်း နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးဖြစ်ပေါ်လာသည်။ ငြိမ်းချမ်းက အပေါင်းအသင်း အင်းအား ကောင်းကောင်းဖြင့် အာပေါင် အာရင်းသန်သည်။ ထိုစဉ်က ယခု လို သောက်စားခြင်း မရှိသေးရာ လူသေးသလို သိုင်းပညာအားဖြင့် လည်းအလေ့ အကျင့်မပျက်သေး။ သိန်းသန်းသွင် ကတော့ သောက်စားခြင့်း၊ မူးယစ်ခြင်းတို့ ဖြင့် ရံဖန်ရံခါ စက်ဘီးပင်မနိုင်ပဲ canteen ရှေ့  ၃ ပေခန့် ကျယ်သောမြောင်းအတွင်း ပြုတ်ကျတတ်သည်။ သို့ သော် စိတ်က တော့မလျော့။ ၄င်းတို့ မျိုး ရိုးစဉ်ဆက် သိုင်း သမားများဖြစ်ကြောင်း၊၄င်းသည် ကျန်းဆန်းဖုံး (၀ူတန်းဂိုဏ်းချုပ် နှင့် စတင်ထူထောင်သူ) မှ ဆင်းသက်လာသူဖြစ်ကြောင်း ၊ လူသာ ပိန်သော်လည်း အတွင်းအားနှင့် ဓားသိုင်းကျွမ်းကျင်လှကြောင်း စသဖြင့် အစဉ်တစ်ဆိုက် ပြောဆိုလာသည်။ မူးနေခြင်းမှာလည်း အရက်သမားသိုင်းတစ်မျိုး တီထွင်ရန်ဖြစ်သည်ဟု ကာကွယ်ပြောတတ်သည်။ သိန်းသန်း ၏ပြင်ဆင်မှု ကြားသော အခါ ငြိမ်းချမ်းလည်း မနေနိုင် ။ သက်လုံကောင်းစေရန် အိမ်နားပတ်၍ပြေးသည်။ ကျောင်းရောက်လျှင်လည်း ပြေးသည်။ အစက ပြေးလျှင် ပုဆိုး ဂွင်းသိုင်း၍ ပြေးရာ ၄င်း၏ကိုယ် ဖော့ပညာစွမ်းကြောင့် လူမမြင်တန် ရာဟု တွေးထင်ထားသည်။ သို့ သော်လည်း ကျောင်းလှေကားမှဆင်းအပြေးတွင် မိန်းကလေးအုပ်စု ကြောက်လန့် တစ်ကြီး အော်ဟစ် ၍ အိမ်သာထဲဝင်ပြေးခြင်း ဖြစ်ပြီးကတည်းက အောက်ခံ အားကစားဘောင်းဘီ ကို အမြဲဝတ်ထားရတော့သည်။ ဤ သို့ ဝတ်ထားမိခြင်းကြောင့် ငြိမ်းချမ်း တစ်ယောက် ခွေးရူးကံကောင်း ဖြစ်ပြီး ယှဉ်ပြိုင်ပွဲတွင် များစွာအထောက်အကူ ပြုခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

ဗာလ/ဒိုက်စ်

၁၂။ ကိုဝင်းမင်းထွန်း နှင့် မ၀ါ

အစ်ကိုကြီးသဖွယ် ဖြစ်သော ကို ၀င်းမင်းထွန်းနှင့် မ၀ါ တို့ စုံတွဲက သူ တို့ အကြောင်းမရေးပါက မန္တလေးမှ အင်တာနက်ဆိုင်ကိုပင် ပိတ်ပြီးလာရောက် ပြသနာရှာမည် ဟု ဆို သောကြောင့် ယခုလို ရေးလိုက်ရပါသည်။
ကျောင်းဖွင့် စက အအေးဆုံး (အပြင်ပန်း) ဖြစ်သော ကိုဝင်းမင်းထွန်း ကား ကွန်ပျူတာတက္ကသိုလ် ကို ပိုင်နိုင်စွာ အသုံးချနိုင်သူ ဖြစ်သည်။ သူတို့မှာ ကျောင်းရောက်ကာစ ကပင်လျှင် အသက်၃၀ ကျော် ( ယခုဆို လျှင် ၄၂ နှစ် ထင်ပါသည် ) များဖြစ်ကြသည်။ :P ။ သူများလို ပြစ်မိသောမြှားလူထိလည်း မမှားခဲ့ ပေ။ တိကျစွာ ချိန်ရွယ် အချိန်ကိုက်ပစ်၊ ပစ်ပြီး မှန်လာသော သားကောင်ကို စနစ်တကျ သို မှီး ပြီး ပိုင်နိုင်စွာအသုံး ချနိုင်ခဲ့ သည်။ ပြိုင်ဘက်များနောက်ကောက်ကျခဲ့ရပေသည်။ ချိန်ပါငြိမ်းချမ်းတို့ ၏ ကြိတ်၍ အားကျ ရသူဖြစ်သည်။
၎င်းသည် ဆုလာဘ်တည်းဟူသော ပစ်မှတ်မ၀ါ နှင့်  လူကြီးဘာဝ ချစ်ရည်မျှခဲ့ ကြပေသည်။ မြားရှင်က ပိုင်နိုင်အောင်ပစ်သည်လော၊ ပစ်မှတ်က မြားရှေ့ ရောက်လာသည်လော ကာယကံရှင်များ အသိဆုံးဖြစ်သည်။
၎င်းတွင်အားနည်းချက်တစ်ခု ရှိလေသည်။ ၄င်းမှာ သောက်စားမှု မရှိခြင်းတည်း။ သို့ ဖြစ်ရာ ငဖြိုး နှင့် နှိုင်းယှဉ်လျှင် ကင်းဖြစ်နိုင်သော အရည်အချင်းရှိပါလျှက် နောက်ကောက်ကျခဲ့သည်။ (ထို စဉ်က ဆရာများသည် သောက်စားခြင်းကို အားပေးလှသည်မဟုတ်သော်လည်း သောက်စားတတ်သူများ နှင့် ပို ၍ ရင်းနှီးပေသည်။ဤကားစကားချပ်)။ အနည်းဆုံး သောက်များ စားတတ်လျှင် သက်ခိုင် ၊ ဆင်ကြီး ၊ ငဖြိုး တို့  ထက်ပင် ကျော်တက်၍ လူလည်မျိုးဆက်လောက် နီးနီး ဤ ဘလော့ တွင်ပင် မင်းသားဖြစ်နေလောက်ပြီ။
အနေအေးသော်လည်း ကုပ်ကမြင်းဟု ဘွဲ့ ထူးကြီး နှင်းအပ်မခံရပါ။ သနားဖွယ်ရာတည်း။ ယခု အခါမှ သောက်စား၍ မင်းသားလုပ်ချင်သေး လျှင် လည်း မ၀ါ နှင့်သတ်ရပေတော့မည်။ ယခု post ကို ဖတ်ရင်း ငါ သာသောက်စား ခဲ့ လျှင် ကွန်ပျူတာ တ္ကသိုလ်ဘွဲ့ အပြင် အများလို ဘွဲ့ ထူး တစ်ခု တပ်ခံနေရလောက်ပြီ ဟူ ၍ နောင်တရနေမည်မှာ သေချာလှပေသည်။

ဗာလ

Saturday, September 5, 2009

၁၁။ မူးယစ်ဝေသော တက္ကသိုလ်နွေညများ

သူငယ်ချင်းများ၏ ပြောစမှတ်တွင်စရာ ဟာသများ အမှတ်တရ ရေးသားရင်း လွမ်းဆွတ်ဖွယ်ည လေးများကိုလည်း ရေးသားချင်လာ သောကြောင့် ဒီပို့စ်ကိုဝတ္ထုဆန် ဆန် ရေးလိုက်ပါတယ်...


---------------------------------------
မူးယစ်ဝေသော တက္ကသိုလ်နွေညများ
---------------------------------------
နံနက်က အရှေ့ဘက် မြခနောက်တောင်ပေါ်မှ ခေါင်းပြူထွက်လာခဲ့သောနေဝန်းသည် ညနေ ၅ နာရီကျော်၌ အနောက်ဘက် ရတနာပုံမြို့တော်ဘက်စီပြေးဝင်ငုပ်လျှိုးသွားပေပြီ...။ ထို့အတူ ကွန်ပြူတာ တက္ကသိုလ်ကျောင်းကားများသည်လည်း ဈေးချိုနှင့် မိန်း ဘက်ဆီသို့ ဦးတည်ပြန်သွားခဲ့ကြပေပြီ....။ တနေကုန် ပူပြင်းလှသော နေရောင်များလွင့်ပါးသွားသောအခါ ကျောင်းဆောင်သည်၎င်း၊ ကန်တင်း သည်၎င်း ကောင်းကအလင်းရောင်အောက်၌ သဘာဝကျစွာ လဲလျောင်းလျှက်ရှိသည်။ အစွန်ဆုံးဖြစ်သော ကိုကျော်ကြီးဆိုင်တန်းလျားများ တွင်သာ မြို့ထဲပြန်မလိုက်ဖြစ်သော ကျောင်းသားတစု ရောက်တတ်ရာရာ စကားပြောဆိုကျန်ရစ်သည်။ ၄င်းတို့တစုသည်ကား အဆောင်နေကျောင်းသား များဖြစ်သော ချက်ခိုင်၊ သိန်းသန်း၊ မျိုးဇော်၊ ငဖြိုး ၊ငမျိုး တို့ကိုစောင့်နေကြခြင်းဖြစ်သည်။ ဒီနေ့သည် မည်သည့်အထိမ်းအမှတ်နေ့မှ မဟုတ်ပါ။ တမင်အချိန်းအချက် ပြု ၍ ယမကာသောက်ရန်ချိန်းဆိုထား ကြသောကြောင့်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝ တွင်သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ချင်၍ဟု မိုးကုတ်သား ကျော်စွာအောင် ကအကြောင်းပြသည်။ လူမနည်းပါပေ...။ မြို့ထဲမှတက်သော ဇာနည် အဂျေး၊ ဆင်ကြီး၊ ကျော်မင်းထွန်း ၊သူရ ၊ရဲဝင်းသူ၊ တို့ဖြစ်သည်။ သူတို့မှာ သောက်ချင်စားချင်လွန်း၍ စီစဉ်ကြခြင်းဟုတ်ဟန်မတူ...မြည်းစမ်းခြင်းသဘောသက်သက်ပင်ဖြစ်ဟန်ရှိသည်။ ၄င်းတို့ထိုင်နေသော ကျော်ကြီးဆိုင်ထိုင်ခုံ တန်းလျားများမှာ မြို့မှဆိုင်များကဲ့သို့ အလှအပ ဦးစားပေးခုံများမဟုတ်.. ကျေးလက်တွင်တွေ့ရလေ့ရှိသည့် တန်းလျားအနီရောင်ကြီးများသာ...၊ ၄င်းအပြင်အဆင်များနှင့်မလိုက်ဘက်စွာ မျိုးကြီး၏ ဒီကစောင့်နေသူ သီချင်းသံကပျံ့လွင့်လာသည်။ မည်သူပိတ်ခိုင်းလိုက်သည်မသိ သီချင်းသံ ရပ်သွားသည်။ အရှေ့ဘက် ငုစပ်ပင်အောက်၌ ကျော်မင်းထွန်း တယောက် ကဗျာစပ်နေသည်ထင့်၊ ဆေးပေါ့လိပ်ဖွာနေတာတွေ့ရသည်။ သူသည် ကဗျာများ စတင်ရေးသားနေစ အချိန်ဖြစ်သည်...ကိုနှောင်း ကလောင်အမည်ခံ၍ တခါတရံ ၄င်း၏ ကဗျာများ ဖတ်ရဖူးသည်။ တက္ကသိုလ်ကျောင်းသားဖြစ်လာလျှင် ကဗျားများ စတင်ရေးသား တတ်လာကြသလားမသိ တက္ကသိုလ်နောက်ခံ ဝတ္တုများတွင်ကဗျာဆရာ ကျောင်းသားများ တွေ့ရတတ်သည်။ ထမင်းလုံးစီ ရောက်တတ်ရာရာ ပြောဆိုနေသည် မှာ အချိန်သည် ပင် ၉ နာရီ ထိုးလုလု...။ မိန်းဘေလ်ဒင်ဘက်ဆီမှ ဆိုင်ကယ်မီးရောင် ဖျတ်ကနဲတွေ့လိုက်ရသည် .... အစီအစဉ် စဖို့ လူစုံလုနီးပါး ဖြစ်လောက်ပေသည်။ မှန်သည် မျိုးဆက်၏ လက်စွဲတော်ခေါ်ရမလား စူပါကပ် ဘဲခေါင်းစိမ်း ဖြစ်သည် ... ဆိုင်ကယ်ရောက်သည်နှင့် ငအောင်က ယစ်ရွှေ၇ည် သွားဝယ်ဖို့ လောဆော်သည်။သူနှင့် သိန်းသန်းသည်ပင် ကျောင်းရှေ့ ဦးကတုံး ဆိုင်သို့ သွားဝယ်ကြသည်။ ကျန်သူများ ကား မန်းချယ်ရီဆောင်အရှေ့ အုတ်ခုံကွက်လပ်ရှိရာ လမ်းလျှောက်သွားနှင့် ကြမည်။ ဒါမှ ၄င်းတို့ ပြန်အလာ နှင့် အချိန်ကိုက်ဖြစ်မည်။ ကျော်ကြီးဆိုင်မှ အသင့်လုပ်ပေးလိုက်သော လက်ဘက်သုပ်၊ ကြက်ဥကြော် နှင့် အအေးပုလင်း များ ကိုယ်စီသယ်ဆောင်ပြီး သီချင်းတအေးအေးဖြင့် MIT ၏လမ်းမများသည်ကား အေးအေးလူလူရှိလှပေသည်။ မျိုးဇော် သည်ဂစ်တာကိုချစ်သူအမှတ်နှင့် ပွေ့ပိုက်လာသည်လားမပြောတတ်။ သူကားဂစ်တာလုံးဝတီးတတ်သူမဟုတ်။ လရောင်ရဲ့ ဖမ်းစားမှု၊ အသစ်အဆန်း မြည်းစမ်းရမည့် ယမကာ၊ ပူပင်စရာ မရှိသေးသော ကျောင်းသင်ခန်းစာ များက သူတို့အားလုံး သဘာဝ အလှကိုခံစားဖို့ အခွင့်အရေး အချိန်အပြည့်ပေးထားသည်။ ကျွန်တော်တို့၏ အနာဂတ်သည်ကား မည်သို့ လာဦးမည်မသိ... လက်ရှိပစ္စုပ္ပန်အချိန်တွင် ကား ခက်ခဲမှု မျိုး မတွေ့ရသေး ... ချုံနွယ်ပိတ်ပေါင်းများ ထူထပ်လှသော ကျောင်းဝင်း တလျှောက်... လမ်းမအလယ်၌ သူငယ်ချင်းများနှင့် လမ်းလျှောက်ရသည်ကား လွတ်လွတ်လပ်လပ်ရှိလှပေသည်။ ဆရာများအဆောင် B ဆောင်ကျော်လာသော အခါ လေပြေအေး ကို စတင်ခံစား ရသည်... သည်နေရာ သည်ဌာန သည် မဲဇာတောင်ခြေ ကဲ့သို့ ရာသီဥတု မကြမ်းလှသော်လည်း အပူအအေး အပြောင်းအလဲ မြန်လှသည်... ဝန်းထမ်းအိမ်ရာ တိုက်စိမ်း ဘေးလမ်းကြားအတိုင်း ..ထိုမှတဆင့် မန်းချယ်ရီ မိန်းကလေး အဆောင်ရှေ့........ခေတ္တတိတ်ဆိတ်သွားသော ပတ်ဝန်းကျင်သည် ယစ်ရွှေရည်သွားဝယ်သော ငအောင်တို့ ပြန်အလာ၌ ပြန်လည် သက်ဝင်လှုပ်ရှားလာ၏။ ယမကာ လုလင်ကြီး တဦးဖြစ်သော ချက်ခိုင် စတင် ခွက်လှည့် နေပြီ။ မည်သူမှ ဟုတ်တိပတ်တိ မသောက်ဘူး၍ အမြည်း အကုန်မြန်လှသည်။ အမူး အလွန်မြန်လှသည်...ညအမှောင်မြန်လှသည်။ မန်းချယ်ရီသည် တိတ်ဆိတ်ငြိမ်လှသည် ငြိမ်သက်နေမည်ပေါ့ ....မည်သည့် အဆောင်သူတစ်ဦးတစ်ယောက်မျှ မရှိပေကိုး။ သက်ခိုင် နှင့် ဇာနည် တို့ စတင်တီးခတ်လိုက်သော သီချင်းသံက ကျွန်တော်တို့ ရယ်သံ စကားသံတို့ ကို တမဟုတ်ခြင်း ရပ်တန့်သွားစေသည်.... တစ်နှစ်ကျော်တိတ်ဆိတ်ခဲ့ ဟန်ရှိသော မန်းချယ်ရီ အဆောင်ရှေ့ ..သီချင်းသံ တို့ ကို ကျွန်တော်တို့ ပြန်လည်အသက်သွင်းမိကြခြင်း ဖြစ်ပေသည်........

~~ xxxx လွမ်းရိပ်ဝေ ........ မှုန်ပြာရီ မှိုင်းညို့ညို့ xxxx ထင်ရာနှင် သဲကွဲမမြင်ဘူး...xxxxx ရေပြင်ခြေရာ မှုန်ရီမှိုင်း....ပြာဝေညို့ဝေ့ရေ xxxx လေပြည်ယိမ်းကစဉ် သစ်ရွက်ကြွေ~~~~ xxxxxx တိမ်နွယ်ပုံပမာ ရွှေပန်းချီ ရုပ်ကြွင်းလေလား......။




(အထက်ပါ MIT ကျောင်းဝင်း အဝင်ဝပုံအား http://www.most.gov.mm/mtu/ မှကူးယူသည်)


၁၀။ ကုလားမအောင်စိုးဝင်း

ကွန်ပျူတာတက္ကသိုလ်တွင် ကုလားမ ဘွဲ့  ခံသုံးယောက်ခန့် ရှိသည်။ ကုလားမဘွဲ့ ခံ တစ်ယောက် မှာ ယောက်ျား စစ်စစ် ဖြစ်ပြီးအမည်မှန် အောင်စိုးဝင်း ဆိုသူ ပေတည်း။ အထက်အညာ ငါန်းဇွန် သား ဖြစ်သည်။ ကုလားမဟု ခေါ်ရခြင်းမှာလည်း ၄င်း ၏ ညိုပြာမဲနက်သောအသားအရည်ကြောင့်  မဟုတ်။နို့ သည်ကုလားမ ကို ပင်မရှောင် လိုက်လံကြောင် တတ်သောကြောင့် ဖြစ်လေသည်။ ကုလားမကို နွားနို့ ပုံး ကူသည်ပေးခြင်း၊ နွား နို့ ပို့ ရာနား သွားပြီး စကားစမြည်ပြော၍ ကုလားမနှာခေါင်း အားကိုင်ကြည့်ခြင်း စသည်တို့ ပြုလုပ်တတ်သောကြောင့် ကွန်ပျူတာတက္ကသိုလ်ရောက်သောအခါ ကုလားမဟုပင် လွယ်လွယ်ခေါ်ကြသည်။ နံမည်နှင့် လူသည်လိုက်ဖက်လှပေသည်။ သို့သော်၎င်းသည် သူမိသားစုထဲမှာ အဖြူဆုံးဟုသိရသည်။ ကုလားမသည် တစ်နေ့တွင် ကျောင်းချိန်၅ချိန်ရှိပါက တစ်ချိန်လွတ်တတ်သည်။ ထမင်းစားပြီးပြန်တက်ချိန် ဘယ်တော့မှ အတန်းမှီလေ့မရှိ။ ပြင်သစ်နိုင်ငံသားများကို အားကျလို့ထင်သည်... ၄င်းထမင်းတစ်ခါစားလျှင် ၁ နာရီတိတိ ကြာလေ့ရှိသည်၊ ကျွန်တော်တို့တွေ မယုံလို့မသိမသာ စောင့်ကြည့်ဘူး သည်၊ ဒါအမှန်ပင် ဖြစ်သည်။ကျောင်းရောက်စက မျက်စိသူငယ် နားသူငယ်ဖြင့် ဟို လူ့ ဆရာတင်ရကောင်းနိုး၊ ဒီလူ့ ဆရာတင်ရကောင်းနိုးဖြင့် ထုံ အသူတို့ ထုံးစံအတိုင်း ဗိုက်ကလေးငြိမ်းချမ်းတို့ အုပ်စု နှင့် အဖွဲ့ ကျသွားသည်။ဗိုက်ကလေးသည် ကာတွန်းထဲတွင် တပည့်ဖြစ်သော်လည်း ငြိမ်းချမ်း ကတော့သဘာဝ ဆရာဖြစ်သည်။ အရပ် များ ၅ ပေအထက်ရောက်လျှင် ပါချုပ် နှင့် ပင် ရာထူးတူသည်ဟု ထင်သွားလေမလား။ ၄င်းအကြောင်းတော့ နောက် တစ်ပုဒ်တွင်တင်ဆက် ပါဦးမည်။ အများက မြှောက်ပေးလျှင် အောင်စိုးဝင်းဘာမဆို လုပ်သည်။ ကြည့်လိုက်ရင်နွားပြာကြီးတစ်ကောင်လို ပါစပ် အဖြဲသားဖြင့်ပြုံးပြုံကြီး နေသည်။ အညာသားပီပီသန်စွမ်းသောကြောင့် လှည်းတစ်စင်းလုံး ထမ်းပြီးဆွဲနိုင် မနိုင် သူငယ်ချင်း များ က လောင်းကြသည်။ ၄င်းက လည်း အေးဆေးဆွဲနိုင်ကြောင်းပြောသောကြောင့် Canteen ရှေ့ မှ လှည်းကျိုး ကြီး တစ်ခု အား နေ့ လည်စာ စားချိန် နေ ပူ ကျဲကျဲတွင်ခါးတောင်းကြီးကြိုက်၍ ထမ်းပြလေသည်။ ဖုံ တစ်ထောင်းထောင်းဖြင့် နွားတစ်ကောင်ကဲ့ သို ရုန်းပြနိုင်လေသည်။ လှည်းဘီးများ က တစ်ချို့ တစ်ဝက် ကျိုးနေသောကြောင့် သာ ၀ါးတစ်ပြန်ခန့် သာရောက်သည်။မဟုတ်လျှင် MIT တစ်ဝန်းလုံး ဒုန်းစိုင်း၍ ပြေးပြဦးမည်လားမသိ။ဘေးမ ၀ိုင်းကြည့်သူများ က လက်ခုတ်တစ်ဖြောင်းဖြောင်းဖြင့် အားပေးတော်မူကြသည်။ အောင်စိုးဝင်းမှာ မော်ကြွားသောမျက်နှာဖြင့် ငါလို ထမ်းနိုင်တဲ့သူ ရှိလား ဟူသောအကြည့် ဖြင့် ပရိတ်သတ်ကြီး ကိုကြည့်ကာအောင်ပွဲခံနေလေတော့ သည်။ ၄င်း ဖွင့်ဟဖူးသည်ကား ကန်တင်းနှင့် MIT ကျောင်းရှေ့ ကားဂိတ်ကို ခေါက်တိုပြေးရန်ကြံစည်ဘူးသည် ဟုသိရသည်။

ဗာလ

Friday, September 4, 2009

၉။ အဂျေး (သို့ ) သတ်သတ်လွတ်အရက်သမား

သူငယ်ချင်းများအကြောင်း ပျော်စေပျက်စေ ရေးသားရာတွင် တချို့ က ကျောင်းသားဘ၀တွင် အမှန်တကယ် ဟာသမြောက်သူများဖြစ်သည်။ ယခု တော့ ဆရာ၊ဆရာမ ဖြစ်သူကဖြစ်၊ အိမ်ထောင်ရက်သား ကျ ၍ လူကြီး ဖြစ်နေသူများလည်းရှိ သည်။

ရေးရသည်မှာ ယခင်ကလို လက်လွတ်စပယ်ရေးသား၍ မရနိုင်တော့ပါ။ အဖြစ်မှန်ကို တတ်နိုင်သမျှယူ၍ အမှန်တရားလည်းမပျောက်သွားစေချင်၊ ဖတ်ရသူ များ ရင်တထိတ်ထိတ် ဖြင့် ငါ့ အိမ်ထောက်ဘက် ဖတ်မိလျှင်ဒုက္ခ ဆိုပြီး လည်း မဖြစ်ရအောင်ရေးပါသည်။ ရေးလို့ ကောင်းမယ်ထင်သူ များ ၊ပြောမနာဆိုမနာ ဖြစ်နိုင်မည့်သူများကို ဦးစားပေးထားသည်။

ဟာသသက်သက်ကြီးမဟုတ်ပဲ အမှတ်တရများ လည်းပါနေသောကြောင့် အနည်းငယ် အမှားပါလျှင် ခွင့်လွတ်နိုင်ကြမည်ဟုမျှော်လင့်ပါသည်။ ထိခိုက်စေလောက်သော အရေးအသားမျိုးလုံးဝရေးမည်မဟုတ်ပါကြောင်း အာမဘန္တေ ခံအပ်ပါသည်။
---------------------------------------------
အဂျေး (သို့ ) သတ်သတ်လွတ်အရက်သမား
---------------------------------------------
ကျောင်းရောက်တော့ ၎င်းသည် အားလုံးထဲတွင် အသက်အငယ်ဆုံးကောင်လေး။ ကောင်လေးဆို ၍အထင်မသေးလိုက်နှင့် ။ ဇ ရှိသည်။ ဆော်တော့မကြည်ပါ။ ၁၀ တန်းအောင် ဥမှ ပေါက်စ အရွယ်ဖြစ်သဖြင့် ကလေးဆန်ဆန် လုပ်တတ်သည်။ ကလေးအတွေးတွေးသည်။

ဂိုက်ပေး တော့မကြမ်းပါ။ ရောက်စ က Roll (1) ရသည်။ စာတော်၍တော့မဟုတ်။ နာမည် က A J ဖြင့်စရာ နာမည်ဖြင့်စီလိုက်တော့ အပေါ်ဆုံးက ။ သကောင့်သား က သိသိကြီး နှင့် Roll (1) ဟူ ၍ ဂုဏ်ယူနေသည် ။ (ဒုတိယနှစ်ရောက်တော့ လည်း သူ့ အောက်တွင် ပါချုပ်လက်မှတ်သာ ရှိသည်ဆိုပြီး ဂုဏ်ယူနေသည်။) ချစ်သူ ကို ရဖို့ ကြိုးစား သည့် နည်းဗျူဟာများ မှာ နေ့ စဉ်ကောင်မလေး ရှိသော အဆောင်နား ရစ်သီရစ်သီ လုပ်ခြင်း၊ အကြောင်းမဲ့ စာအုပ်ငှား၊ စကားသွားပြောလုပ်ခြင်း၊ ပြိုင်ဘက် သွားဆရာဝန် (နာမည် မဖေါ်ပြတော့ပါ) နှင့် ကြိတ်ပြိုင်ကာ သူအသာရ စေရန် တစ်ဘက်လူမကောင်းကြောင်း သွားပြောခြင်း စသဖြင့် ကြိုး စားပမ်းစားလုပ်ခြင်းကို ဆိုလိုသည်။ နောက်ပိုင်း ကောင်မလေး မှ လက်မခံတော့သောအခါ သူငယ်ချင်းငမူးသမားများ အားမြှောက်ပေးပြီး အဆောင်ရှေ့ ဂစ်တာတီးခြင်း၊ရှုရှု ဖလားဝါးခြင်း ပြုလုပ်သည်။ ရံဖန်ရံခါ အဆောင်ရှေ့  ဆဲသံဆို သံများ ကြားမိခဲ့ကြဖူးလိမ့်မည်။ အဂျေး လက်ချက် ဆိုသည်ကို သိသူနည်းပါသည်။ရှုရှုဖလားဝါးခြင်းကတော့ ၄င်းတိုက်ရိုက် မြှောက်ပေးသည်မဟုတ်ပါ။ ဂစ်တာ တီးသူငယ်ချင်းများက သံသေးသံကြောင်ဖြင့် အော်ဟစ်ပြီးသကာ လ ရေငတ်ပြေ ပါဆယ်ထုတ်များ (ရှင်းရှင်းပြောရရင် အရက်ပါ ခင်ဗျာ )သောက် ရင်း ဝေးဝေးလည်းမသွားနိုင်တော့ပဲ နေရာတွင် ဖလားဝါးမိ ကြခြင်းဖြစ်ပေလိမ့်မည်။

ရသမျှမုန့် ဖိုး ထမင်းပင်မစားရက်ပဲ သောက်တတ်သူများကို အရက်ထောက်ပံ့ သည်။ ကျောင်းဖွင့် စက သောက်စားတတ်လောက်အောင် ပါရမီမရှိရှာသေးပါ။ မည်သူ ချွတ်ချွတ် (မည်သူတိုက်တိုက်) မသောက်တတ်ပါ။

အရက်ဖိုးလေးစိုက်ရင်း အမြည်းလေးစားရင်းဖြင့် ပါရမီဖြည့်သည်။ ကောင်မလေး ဆီ ညဘက်ဂစ်တာသွားတီးလျှင်အဖေါ်ရအောင်ပြုလုပ် ခြင်းလည်းဖြစ်သည်။ ချစ်သူ ရရန်ကြိုးစားအားထုတ်မှု ကောင်းသောကြောင့် ကောင်မလေးမှာ

အဂျေးဆို လျှင် ကြားရုံမျှဖြင့် ရှုရှုပါထွက် ကျလောက်အောင်ဖြစ်သွားလေသည်။

အချစ်ရေးကလည်းအဆင်မပြေ ၊ အရက်ထောက်ပံ့ပေး သော အကုသိုလ်လေးက ရှိပြန်ဆို တော့ ဆရာသမားကောင်းတစ်ယောက် ရသည့်အခါ အဂျေးတစ်ယောက် ခွေးကန်း ချီးပုံတိုးဖြစ်လေပြီ။ မြှောက်ထိုးပင့်ကော် ပုသိမ်ကြီးသား မျိုးဆက် ကို ဆရာတင်မိခြင်း အမှားတည်း။ ဒေဝဒတ်ကို ဆရာတင်မိသော ငမိုက်သား အဂျေးတည်း။

ကျောင်းဝင်းထဲလာအိပ်ပြီး စာကျက်မည် ဟု အိမ်ကို အကြောင်းပြ.... အရက်သောက်သည်။ သတ်သတ်လွတ်စားပြီး အရက်သောက်သလောဟု သူ အားမေးလာသော် ၄င်းက အရက်သည်သတ်သတ်လွတ်ဖြစ်ကြောင်း၊

သောက်သင့်သလောက်သောက်ပြီးစာကျက်လျှင် ပို ၍ရလွယ်ကြောင်း ၊ သေးကွေးသော ၄င်း၏ခန္ဓာကိုယ်လည်း အမြန်ထွားကြိုင်းပြီး ကောင်မလေးများ ပြန်ကြိုက်တော့မည်ဖြစ်ကြောင်း ပြန်ပြောမည်မှာသေချာသည်။

နောက်တော့ ထန်းတောတွင်ကျောင်းတက်၍ မြောင်းရေချိုး ပြီး ကျောင်းကားနှင့် ပြန်လိုက် သည်။အနည်းငယ်ရှင်းပါအံ့....ထန်းတောသည် ကျောင်းသွားရာ လမ်းမပေါ်တွင်ပင် ရှိသည်၊ နံနက် ကျောင်းကားဖြင့် အလာ ထန်းတောနား အရောက်တွင် ဆင်းသည်၊ တနေကုန် တမြူပြီးတမြူ ဇိမ်ဆွဲသောက်သည်၊ ညနေကျောင်းဆင်းချိန်မတိုင်မီ ရေမြောင်းထဲ ရေဆင်းချိုးကြသည်၊ပြီးလျှင်ကျောင်းကားအပြန်ကိုစောင့်စီးပြီးအိမ်ပြန်သည်။ သို့ ဖြစ်ရာ ကျောင်းတက်ကာလကုန်ဆုံး ခါနီးတွင် သတ်သတ်လွတ်အရက်သမားဟု ကျော်ကြားလာတော့သည်။

ဗာလ

၈။ ယောက်က်ျားတစ်ယောက်၏ဖွင့် ဟ၀န်ခံချက်(သို့ )ဆင်ကြီး

ကျွန်ုပ်သည်ကား နာမည်ရင်း ဇော်နိုင်လင်းဖြစ်သည်။ သူများ တကာ က တော့ ဆင်ကြီး ဟု ခေါ်ကြပေရာ ကျွန်ုပ် ကိုယ်ခန္ဒာကို အဆွဲပြု၍ခေါ်သည်လား၊ ကျွန်ုပ် ဆန္ဒန် ဆင်မင်းကဲ့ သို့ တောင့်တင်း ဖြူဝင်းချော မွတ်သည်ကို အစွဲပြု ၍ ခေါ်သည်လား မပြောတတ်ပါပေ။ အရင်းစစ်ကြည့် မှ နာဠာဂီရိ ဆင်ကဲ့သို့ သောက်လုံး ကြီးလို့ ခေါ်ခြင်းဖြစ်ကြောင်းသိရသည်။ ပညာရေး လိုလိုလားလားချည်းမဟုတ်လှသော်လည်း ဘယ်တက္ကသိုလ်မှ မဖွင့်သေးမီ ပျင်းရိလှသောကြောင့် တစ်ခုခုတက်ထားရန်စိတ်ကူး နေသည်။ထို အချိန်တွင် ဆွမ်းခံရင်းငှက်သင့် မန္တလေးကွန်ပျူတာတက္ကသိုလ် လည်း ဖွင် ဖြစ်ရာ အလိုက်သင့် ၀င်ခွင့် ဖြေ၍ အောင်မြင်သောကြောင့် တက်ရောက်ရပေသည်။ ၀င်ခွင့် မဖြေခင် ကျူရှင်တက် ခြင်း၊ မိဘများ တိုက်တွန်းချက်အရဘုရားသွား ယတြယာ ချေခြင်း၊
ရင်ခေါင်းထဲမှ အသံဖြင့် ဥုံ အခါတစ်ထောင်ရွတ်ခြင်းများ ကို တော့ ထူးထူးခြားခြားမရှိသဖြင့် မပြောလို တော့။ အမှန်တော့ ကျွန်ုပ် ၏အရည်အချင်းဖြင့် ၀င်ခွင့် လောက်တော့ အောင်အောင်ဖြေနိုင်ပါသည်။ ရည်းစား ရဖို့ သာ မစွမ်းဆောင်နိုင် ခြင်းဖြစ်လေသည်။တက္ကသိုလ်လာရခြင်း ရည်ရွယ် ချက် မှာ ရပ်ကွက်ထဲ မစွံတော့သည့် အတူ တူ ချစ်သူရှာရာ တက္ကသိုလ် တွင် တစ်ယောက်လောက်တော့ စွံနိုင်ကောင်းငဲ့ ဟု တွေး မိသောကြောင့် ဖြစ်သည်။ကွန်ပျူတာတ္ကသိုလ်ဟူသည်ကား ကွန်ပျူတာ အသုံးပြု ရခြင်းကြောင့် မိန်းကလေးများ မျက်စိမွဲလာနိုင်သည်။ ထို့ အတွ က် ယုန်ထောင်ကြောင်မိမိ၊ မျက်စိမွဲမိန်းကလေးတစ်ယောက် တော့ ရနိုင်သည်မဟုတ်ပါလော။ကျွန်ုပ်မှာ ဥစ္စာပေါရုပ်ချော၊ ပညာတတ် ဖြစ်ရာ ဘယ်လိုနည်း နှင့်မျှ မရပဲမနေနိုင်။ ကံကောင်းလျှင် ကင်းဖြစ်ပြီး မိန်းကလေးများ ထည်လွဲတွဲနိုင်ပေမည်။ကျောင်းဖွင့်ပြီး မောင်မယ်သစ်လွင်ကြိုဆို ပွဲ ရောက်တော့ အသားဖြူ၍ မျက်ခုံး မွေး ထောင်သည်က လွဲပြီး ရုပ်က ဘယ်လို မှသတီစရာမရှိသော ငဖြိုး ကင်းရသွားသည်။ အံ့သြပါ၏။ မိန်းကလေးများ မျက်စိမွဲလွန်သွားကြပြီထင်သည်။ရှိစေတော့ ဟု တွေးပြီး အကြောင်းသိမယ်ဟု ကြိတ်တေးထားလိုက်သည်။ ကင်း မရလည်းအကြောင်းမဟုတ် ။ငဖြိုးတို့ အုပ်စုသည် အရက်သမားများ ဖြစ်ကြသည်။ မိန်းမတောထဲ ၀င်ဆံ့မည်မဟုတ်။ စာကူကျက်ခြင်း ၊စာပြခြင်းဖြင့် မိန်းကလေး ထု ၏ယုံကြည်ကိုးစားမှု ရ အောင်လုပ်မည် ဟုတ် ကြိတ်ဆုံးဖြတ်ပြီး စတင်လှုပ်ရှားသည်။ ဤနေရာတွင် လည်း ကျွန်ုပ်လိုက်မမီသူ တစ်ယောက် ကိုယ့် ထက်ပင် သွက်လက်စွာနေရာယူနေလေပြီ။ ထိုသူ ကား ရဲဝင်းသူ ပေတည်း။အရပ်ရှည်ရှည်၊ ပုဆိုးရင်ချည်ပြီး မိန်းကလေးများက မုန့် ဆို လျှင်သူ က အအေးပါပါပြီးသား ဖြစ်နေသူဖြစ်သည်။ သို့ အတွက်ကျွန်ုပ်လည်း အကွက်ပြောင်း၍ တည်တည်တံ တံ ပုံစံဖြင့် မိန်းကလေးများ အထင်ကြီးခြင်းခံရအောင်Green board (ကျောင်းစတက်ခါစက အစိမ်းရောင် သင်ပုံးပေါ်တွင် မြေဖြူဖြင့်ရေး၍စာသင်ပါသည်။နောက်တော့ကျောင်းသားများ စုပေါင်း၍whiteboard ၀ယ်ကာတပ်စဉ်လိုက်သည်။ ဤကားစကားချပ်)ပေါ် ဆရာခိုင်းသည်များရေးခြင်း ၊ ကျောင်းကိစ္စများတွင် ကျွန်ုပ်မပါလျှင်မပြီးသလို နေပြခြင်းဖြင့် လုပ်ရပြန်သည်။ ထီးဆိုင်သီချင်းထဲကလို ပင် နှလုံးလမ်းကြောင်းကျွန်းခံနေသည် မှာ မှန်နေပြီထင်သည်။ ဘုရားကြီးတွင်ဗေဒင်ဆရာက တော့ အနှောက်အယှက်ရှိသော်လည်းရကိုရမည်ဟုသေချာဟောထားပါရက် first couple ၊ second couple ၊ များတွင်ကျွန်ုပ်မပါသေးသည် မှာအနှောက်အယှက်များရှိနေပြီလော ရွာသူနှောက်ယှက်ပြီလော ဟုသံသယဖြစ်လာသည်။ထို့ ကြောင့် အနှောက်အယှက်ဖြစ်နိုင်သည့်ကုလားမအောင်စိုးဝင်း၊ ဂွအောင်ဆန်း (ဗိုလ်ချူပ်ကိုတော့အားနာပါ၏)၊ ဗိုက်ကလေး ငြိမ်းချမ်း တို့ ကို စောင့်ကြည့် ရသည်။ လေလုံးကြီးများဖြင့် ပစ်ဝင်ကာ သူ့ ကိုယ်သူ ဆော်ကြည်ဘဲ ယောင်ယောင် ဖြင့် တွေ့ သမျှ လိုက် ကြောင်နေသော(ထိုစဉ်က) ကျော်စွာအောင် ကို လည်း အလွတ်ပေးလို့ မရ။ခြံစည်းရိုး ထင်းခွေတတ်သော သူ ရ ကိုလည်းပိုပြီးစိတ်မချရ။ ငဖြိုးနှင့် တကွ အရက်သမားအုပ်စု ကို တော့ စာရင်းထဲမထဲ့။ ငဖြိုးမှာ ကင်းသာ ရသော်လည်း မိန်းကလေးများ က ကြိုက်ပုံမရပါ။ဗျူဟာမှားနေသလားလို့  ပုသိမ်ကြီးသား ကို ဆရာတင်ပြီး မေးကြည့် တော့ သူ က ရည်းစားမူး၍ရှုစရာမရှိသော်လည်း အကြံဥာဏ်တော့ပေးသည်။ "ဇော်နိုင်လင်း ရ ၊ ပစ်မှတ်များများ ပစ်ရင် တစ်ခုမဟုတ်တစ်ခု တော့ တစ်ချိန်ချိန်မှာ ထိမှာကွ၊ ပစ်သာပစ်။ တစ်ယောက်ထဲပစ်လို့ လွဲသွားရင် ဘယ်လို မှပြန်လုပ်လို့ မရတော့ဘူး" ဆရာကြီးလေသံဖြင့် အကြံပေးသည်။ ဆိုးတော့မဆိုး လှ။ ဤကောင်သည် သူ့ ညီမရှိလျှင်ကျွန်ုပ်နှင့်ပေးစားမလားမသိ။(နောင်တစ်ချိန် တွင် ထိုကဲ့သို့ တွေး မိသည် မှန် ကြောင်းသိရသည်။ ထုတ်ဖော်ရင်ဖွင့် ရန်ကောင်းသောကိစ္စမဟုတ်သဖြင့် ချန်လှပ်ထားပါသည်။)။အောင်ထက်ကို ဆရာတင်ကြည့် သောအခါ "မင်းဟာကြည့်လုပ်ဦး၊ ပစ်မှတ်များ ရင်ေ၀၀ါးတတ်တယ်တစ်ခုထဲပစ်ကွ၊ပစ်တာများရင် လက်တည့်လာပြီး မှန်မှာ" ဟုပြောပြန်သည်။ ဘယ်သူ့ လမ်းစဉ်လိုက်ရမည်မှန်း ဝေခွဲမရတော့။ အောင်ထက်သည်ကား လေ့ကျင့်မှုများသွားလို့ထင်သည် .... ဘယ်လိုရှောင်ပစ်ပစ် ၄င်း၏ ပစ်မှတ်ဆီသို့သာ တန်းတန်းမတ်မတ် .....ဟို ဟာလေးအပိုင်ပစ်ရကောင်းနိုး ၊ဒီဟာလေး ပစ်ရကောင်းနိုးဖြင့် ကျောင်းဖွင့်စရက်များကျော်လွန်ပြီးစာမေးပွဲနီးလာသောကြောင့် ကျောင်းစာကို သာ ဖိလုပ်နေရတော့သည်။ နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တော့ သည့် အတွက် သက်ခိုင် ခေါ် ချက်ခိုင် အရက်သမား အုပ်စုနှင့် ပေါင်းမိပြီး ဆင်ကြီးအမည်တွင်လေတော့ သတည်း။
ဗာလ

Thursday, September 3, 2009

၇။ ကုပ်ကမြင်း မျိုးဆက်

ပုသိမ်ကြီးသား မောင်မျိုးဆက်ကား စကားဆိုလျှင် လေးလုံးကွဲအောင် ပြောခဲလှသည်။ ပြောလျှင်လည်း အမြီးအမောက် တစက်မှမတည့်၊ သို့သော် ....... ထိုသို့သော်၏ နောက်ကွယ်တွင် ရေးစရာ အကြောင်းများစွာ ရှိပေသည်။ လူပုံစံကြည့် ၍ အေးသည်ဟုထင် လျှင် အသင်စာရှုသူ မှားလေစွ။ ၄င်းသည် လွန်စွာချစ်တတ်၏။ လွန်မင်းစွာ ဖွန်ကြောင်တတ်၏၊သူမကြိုက်ဘူးသော မိန်းကလေး ကွန်ပြူတာတက္ကသိုလ် တွင်မရှိ။ တကယ်အမှန်ဖြစ်၍ ရေးရဲခြင်းဖြစ်သည်။ သူ၏ဆိုစကား အတိုင်းဆိုရလျှင် 'ကမ္ဘပေါ်တွင် သူမကြိုက်သောမိန်းကလေး မမွေးသေး' ဟုဆိုဖူးသည်။ စကားကိုသာ လုံးစေ့ပတ်စေ့မပြောတတ်တယ် သူများဒုက္ခရောက်အောင် ကြပ်ပေးရာတွင်၎င်း၊ အတို့အထောင်သော်၎င်းလုပ်တတ်သည်။ ကျောင်းကားကို ပုသိမ်ကြီးဇနပုဒ် ကျိကုန်း မှ စောင့်စီးတတ်သည်၊ ကားဆရာ ကားမောင်းတာနှေးနေလျှင် ကားဆရာနားကပ်၍ 'ဦးမုတ်ဆိတ် ကားလောက် မပြေးဘူးနော် ၊ ဦးမုတ်ဆိတ်ကားဆို အရမ်းမြန်တာ လှစ်ကနဲ နေတာပဲ ' ၊အဲဒါမျိုး မကြားတကြားသွားပြောတတ်သည်၊ ကားဆရာလည်း အရှိန်ကိုမသိမသာ မြှင့်တင်တော့ သည်။ စီးရသည့် ကျောင်သားများမှာ ဘုရားတရတော့သည်။ အနှီသကောင့်သား မျိုးဆက် ဖွန်ကြောင်ချက် လွဲချက်ကယ် နာပုံတော့ ဖောက်သည်ချလိုက်ဦးမည်။ ကျောင်းဖွင့်စ ရှိသေး ၄င်းကြိုက်သောသူမှာ ၄ ယောက်ခန့် ရှိသွားပေပြီ...တရက် ကျွန်တော့ကိုတိုင်ပင်သည် သူဖွင့်ပြောလိုက်တော့မည်ဆိုပဲ .... အင်းလေ လုပ်ပေါ့ ။အဲဒါသူတယောက်ထဲမပြောရဲ၍ ဒီနေ့ညကျောင်းထဲမှာ အိပ်ပြီး ဖုန်းဆက်ပြောမည်ဆိုပဲ။ MIT ဝင်းအတွင်းတွင် ဖုန်းဆက်ချင်ပါက ဆက်သွယ်ရေးနှင့်စာတိုက် သတ်သတ်ထားပေးပါသည်၊ တခါခေါ်လျှင် ၁နာရီလောက်တော့ စောင့်ရတတ်သည်။ ဘာမှလဲမထူး ဖုန်းထဲ မှပြောခြင်းကို အဖော်ကလိုက်ပေးရသေးသည်။ ဖုန်းနံပါတ် ဘယ်ကရလာသည်မသိ...ခေါ်ပါပြီ....'ဟဲလို....xxxx လား...xxxx အင်း ..မျိုးဆက်...မျိုးဆက်ပါ' ...အသံခေတ္တပြတ်တောက်သွားသည် သူဘာဆက်ပြောရမည်မသိဖြစ်နေပုံရသည်။ သို့သော်မျိုးဆက်ပေပဲ ... အားတင်းလိုက်ပုံရသည် ၊မျက်နှာကြီးနီရဲလာသည်...ပြောချလိုက်သည် ' ချစ်တယ်..' တဘက်မှဖုန်းထဲကအသံထွက်လာသည်မှာ ဘေးကလူပင် ကြားလိုက်ရသည်ကား 'ဟဲ့...ငါ ..xxx.. သူ့အမေနော်' တဲ့။ ဖြစ်တောင့်ဖြစ်ခဲ သမီးနဲ့အမေကို ရည်းစားစကားမှားပြောမှုကြီးတည်း။

၆။ ကင်း ၃ ကင်း နဲ့ ငမျိုး

ကျွန်တော်တို့ Batch တွင် ပြောစမှတ်ပြုလောက်စရာ တယောက်ရှိပါသေးသည်၊ ၄င်းကား ငမျိုးခေါ် ကျော်စွာမျိုး ခေါ် ခေတ်ဒွေး တည်း။ လွန်စွာ ဂိုက်ပေးကြမ်း၏၊ အကြောင်းမသိသူများမှာ ၄င်း ဂိုက်ပေးကြမ်းနေကြောင်းလုံးဝမသိနိုင်၊ တခါတရံ ဈေးချို ဖယ်ရီကား စီးမိသည့် အခေါက်များတွင် ၄င်း ဂိုက်ပေါ်ကြမ်းမှုများကို သတိထားမိနိုင်သည်။ ကျောင်းဖယ်ရီကား လာနေသည့်အချိန်များတွင် 'အထူးသဖြင့် ဦးမုတ်ဆိတ် ကား' ဆိုလျှင် သူ့အဖေ လာကြိုသည့်အလား မျက်နှာထားမှာ တင်းမာ လှသည်၊ ကားပေါ်တက်လာပြီးလျှင်လည်း 'ဒွေး ကလေကချေ အုတ်ကြားမြက်ပေါက် ဓာတ်တိုင်သေးပန်း ပလက်ဖောင်းခေါင်းအုံး ရေမျှောကမ်းတင် နတ်စင်စွန့်စား စရိုက်မျိုး' သရုပ်ဆောင် ချက်များနှင့် အပေါက်ဝ တွင် နေခြည် ဆေးပေါ့လိပ်ဖွာ ၍ လိုက်တတ်ပေသည်။ ညကသူအရက်မသောက်ထားသည့် မျက်နှာပေးဖြင့် မှုန်ကုပ်ကုပ် နိုင်လှပေသည်၊ ဒွေး မဒိန်းမှုဖြင့် ထောင်ကျထားသောမျက်နှာ နှင့် လွန်စွာတူ၏။ ကောင်မလေးများနှင့် စကားပြောလျှင်မူ ကျဉ်းမြောင်းသော မျက်ပေါက်ကို ခပ်မှေးမှေးထားကာ ဒွေး မခို့တရို့ ပြုံးပုံ မျိုးလုပ်တတ်၏၊ တကယ်တမ်း မူ ၄င်းသည် မြိုင်ရာဇာတွတ်ပီနှင့် တထေရာတည်း တူလှပေ၏၊ သူနှင့် ငြိမ်းချမ်းတွဲ သွားပါက ဆရာဆွေမင်း ဓနုဖြူ အံ့သြသွားလောက်ပေသည်။ ကျွန်တော်တို့ တခါတရံ ကျောင်းဝင်းထဲ သူငယ်ချင်းအခန်း လိုက်အိပ်သော အခါ များတွင် အနှီသကောင့်သား ခေတ်ဒွေးခေါ် ငမျိုး လိုက်အိပ်တတ်သည်၊ သို့သော် ဆရာများအဆောင် B ဆောင်တွင်သာ လိုက်အိပ်ခြင်းဖြစ်သည်၊ တည စက်ခန်းတွင် ဆရာ/ဆရာမ များနှင့် ပရိုဂရမ်းမင်း အနည်းငယ် လေ့လာပြီးနောက် ( မှတ်ချက်... WarCraft 2 ကို နက်ချိတ်ဆော့ခြင်းပါ ) ကန်တင်း ကိုကျော်ကြီးဆိုင် ထိုင်အပြီး အပြန်...မိုးတစွတ်စွတ် လေတဖြူးဖြူး နှင့် MIT ဝင်းသည် ကင်းမလက်မည်းတို့ ကမ္ဘာ တည်း၊ လမ်းမပေါ်တွင် ရွစိရွစိ နှင့် အလွန်ပေါများ လှကြောင်း ကျောင်းတက်ခဲ့ ဘူးသူ မှန်သမျှသိကြပါလိမ့်မည်။ 'လူတကိုယ် ကင်းတမျိုးတော့ ပီးပါတယ် တီချယ်ရယ် ' သူမကြောက်သလို ရန်ကုန်က ဆရာမလေးများအား ငမျိုး စတင် ပေးသောဘော့လုံး ပါ။ ဆရာတယောက်က ဟုတ်မှန်ကြောင်း ကြားဖူးကြောင်း ထောက်ခံပြောကြားပြီးပင့်ပေးလိုက်ပါတယ်၊ ကိုရွှေငမျိုးတို့ အေးဆေးပါ ပီးပါတယ် သဘောမျိုးနဲ့ ကင်းမလက်မည်း တကောင် ခြေဖမိုးပေါ်တင်လိုက်ပါတော့တယ်၊ အားလုံး တားချိန်မရလိုက် ငမျိုး သည် ဒွေး သံပုရာသီးကိုက် ပြီး ဓာတ်လိုက်သော မျက်နှာနှင့် 'ကင်းသုံးကင်း တကင်းမှ ငါမပီးဘူး ဟူသတတ် ' နှစ်ရက်ခန့် ကျောင်းမတက်နိုင်ပေ။

( ကွန်ပြူတာတက္ကသိုလ် ဒုတိယနှစ်နောက်ပိုင်း ညီငယ်/ညီမငယ်များ ကိုကျော်ကြီး ဆိုင်ကို မှီလိုက်မည် မဟုတ်ပါ။ နောက်ပို့စ်များတွင်ကိုကျော်ကြီး ဆိုင်ပိတ်ရခြင်း အကြောင်းများ ရေးပါဦးမည်။ )

Wednesday, September 2, 2009

၅။ ခါးဆရာ သိန်းသန်း

ခါးဆရာ ဆိုလို့ ခါးပိုက်နှိုက်ဟု မယူဆစေလိုပါ၊ အကျယ်ကို ရှင်းပါမည်၊ ကျွန်တော်တို့ ထိုမန္တလေး ကွန်ပြူတာတက္ကသိုလ်ကျောင်းတော် မဟာကြီးတည်ရှိရာ ဂနိုင်တောကြီး သည် မန္တလေးနှင့် အလွန်ဝေးပေရကား ကျွန်တောတို့လို နယ်မှလာရောက် သူများအဖို့ ကျောင်းဝင်းထဲမှာပင် နားလည်မှုယူ၍ စက်မှုကျောင်းသားများ အဆောင်တွင် အခန်းယူနေထိုင်ခဲ့ရပါသည်။ ထိုမောင်မယ်သစ်လွင် ကြိုဆိုပွဲမနက် အစောတွင် ပဲခူးသား သိန်းသန်းသည် ဆိုင်ကယ်တစင်းဖြင့် အဆောင်ဝင်းထဲ ဝင်လာခဲ့သည်...၄င်းစီးနင်းပုံ မှာ လွန်စွာ ကပ်သော မြင်းကို စီးနင်းနေသော ဂျော်ကီနှင့် တူပေသည်။ သင်းစီးမှစီးတတ်ပါ၏လော ဟု တွေးမိခဲ့သေးသည်။ ကျွန်တော့်ကို မောင်မယ်သစ်လွင်ပွဲကျင်းပရာ မိန်းဘေလ်ဒင် သို့ သွားရန်လာခေါ် ခြင်းဖြစ်သည်၊ ကျွန်တော့မှာ လိုက်သွားရကောင်းနိုးနိုး၊ မလိုက်ပြန်ရင်လဲ အားနားစရာ ကောင်းနေပြန်...သူ့မှာ တကူးတက လာခေါ်ခြင်းဖြစ်သည်၊ သို့သော် ၄င်းစီးနင်းပုံ ကြည့်ရသည်မှာ များစွာ မသင်္ကာံစရာ ကောင်းလှသည်၊ 'သယ်ရင်း မင်းဘယ်တုံးကတည်း ကဆိုင်ကယ်စီးတတ်တာလဲ ' ‘အာ ဆိုင်ကယ် စီးတာ ဘာခက်တာလိုက်လို့ ၊မင်း မစီးတတ်ရင် ငါသင်ပေးမယ် ’ဆိုင်ကယ်ကို စီးမယ်ဆိုရင် မင်း အရင်ဆုံး ဂရုစိုက်ရမှာ ခါး ကွ၊ ခါးနဲ့ ထိန်းရတယ် ’ ဟိုက်...ရှာလပတ်ရည် သူပြောမှ သတိထားမိတော့တယ်.... အင်း ခါး ခါး၊ အဲဒါနဲ့ အနှီသကောင့်သား နောက်ကခွ ၍လိုက်လာမိသည်။ မိန်းဘေလ်ဒင် အနား L ပုံစံ အကွေ့နားရောက်ရော ဟော ကျောင်းသား/သူ အသစ်တွေ နဲနဲနောနောမဟုတ် လမ်းလျှောက်လာကြတာတွေ့ ရတယ်လမ်းမပေါ်မှာ ဆိုင်ကယ်ဆိုလို့ ကျွန်တော်တို့ တစင်းသာ ရှိတယ်.... အားလုံး က သတိထားဝိုင်းကြည့်နေကြတုံး ခါးဆရာ သိန်းသန်း L ပုံစံအကွေ့ ကိုဖြည်းညှင်းစွာ ကွေ့ရင်းကွေ့ရင်း ရေမြောင်းထဲ ရေသောက်ဆင်းသွားပါရော အားလုံး ရဲ့ဝိုင်းအော်သံ ကျပြီကျပြီ ဆိုတာပဲ ကြားလိုက်ရပါတယ်...။နှစ်ယောက် လုံး ပုဆိုးနဲ့ ပါ...ပုဆိုးကျွတ်သွားလား၊ဘာလား မမှတ်မိတော့ပါ၊ ရှက်ရှက်နဲ့ ခါးဆရာ သိန်းသန်း ကို သာ “ --ီး ခါးအဓိ က ပါလား”

၎။ ကွမ်းတောင်းကိုင်အီးကြော့

မောင်မယ်သစ်လွင်ကြိုဆိုပွဲ ၏ အပြီးတွင် ငို ကြွေးနေသူ တစ်ယောက်ရှိလေသည်။ ၄င်းကား အီး ကြော့ တည်း။အထက်အညာ နား ရွာတစ်ရွာမှ သူ ကြီး ၏ သမီး ဟု ကြွေးကြော်ထားသည်။ ရွာတွင် ကွမ်း ၊ တောင်းကိုင် ဖြစ်ကြောင်း ( ကွမ်းတောင်ကိုင်မဟုတ်ပါ ) တောင်စဉ်ရေမရပြောနေသူ ဖြစ်သည်။သူ မသာ ကွင်းဖြစ်ထိုက်သူ ဟု တစ်ထစ်ချ ယုံကြည်လေသည်။ ရေခဲချောင်း လို ခန္တာကိုယ် လူ မြင်အောင်လမ်းသလား ပြခြင်း၊ ကလေးလို နွဲ့ ဆိုး ဆိုး ပြခြင်းဖြင့် လူ သိများအောင်ပြုလုပ်သည်။ အသားအရည်ဖြူဖြူဖြင့် ရွာ တွင် ကွင်း ဖြစ်နိုင် ကြောင်း တော့သိပါ၏။ သို့ သော် ဤကွန်ပျူတာတက္ကသိုလ်ကား မိန်းမလှ များ ပေါဘိတောင်း။သူ လို ကိုယ် လို ၊ရွက်ကြမ်းရည်ကြို၊ အနည်းငယ်လှသူ၊ ပြုံး အလှပိုင်ရှင် စသဖြင့် များ ပြား လှကား ၄င်း က ၁၅ မဲတွင် တစ်မဲသာ ရလေသည်။ ထူးခြား စွာသော ထို တစ်မဲ ကားမည်သို့မည်ပုံ ရရှိလိုက်သည် မသိ၊ မိုးနတ်မင်းကြီး ပေးသနား လိုက်ပုံရလေသည်။ (ဤနေရာတွင်ချဲ့ ကား ၍မပြောလိုတော့ပြီ)။ သူမအတွက် ၁၅ မဲတစ်မဲသည်ပင် ကြီးလှစွာသော ဆု လာဘ်ကြီးပင် မဟုတ်ပါလား။ကွင်းမဖြစ်ရသဖြင့် ရှက်ပြီး ကိုယ့်ဘာသာ သတ်သေအံ့ဟု အီး ကြော့MIT ကျောင်းရှေ့ ဆည်မြောင်းကြီး ထဲ ခုန်ချသေတော့အံ့ ဟု အသာလေး ကြိတ်ထွက်သွား သည်။ မြောင်းရေများ မိုးတွင်း ဖြစ်သဖြင့်နောက်နေသောကြောင့် ရွ့ံပေမည်စိုး ပြီး အသာ ပြန်လှည့်လာခဲ့သည်။ နောက်တော့ မျောက်မများ ဖြစ်လာမည့် ကောင်မလေး(၃) ယောက် (ယခု အားလုံး ကလေး အမေများ-ကောင်မလေး ဟု ရေးသဖြင့် စာဖတ်သူ ပုရိသများ စိတ်ကူးယဉ်နေမည် စိုး ၍-ဤကားစကားချပ်) က မုန့် များကြွေး၍ ၄င်း ၊ ရင်းနှီးသော ယောက်ျားလေးသူငယ်ချင်းများ ခေါ်၍ သူမအား ကွင်း အဖြစ် အသိမှတ်ပြု ကြောင်း အတင်းထောက်ခံပေးကြခြင်းဖြင့်၎င်း ၊ စိတ်ပြေသွားလေသည်။

ဗာလ

၃။ ဘုရားစူးကင်း နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

မန္တလေးကွန်ပျူတာတက္ကသိုလ် အတွက် မှတ်တမ်းလည်း ဖြစ်စိမ့်သောငှာ စာရေးပေးရန် ပြောကြား လာသည့်အတွက် မှတ်မှတ်ရရဖြစ်အောင်
အဖြစ်မှန်ကို ကျောရိုးယူ ၍ ဤစာကို ရေးသားရပါကြောင်း။ ယခင်က ရေးထားဖူးသော်လည်း စာမူများ ပျောက်ပျက်သွားပြီဖြစ်ရာ
ပြန်လည်စဉ်းစား၍ တင်ဆက်အပ်ပါသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု မမှတ်ယူကြပဲ ဟဒယရွင်မြူး ၍ အမှတ်ရစေရန် ရည်ရွယ်ပါသည်။
-----------------------------------------------
ဘုရားစူးကင်း နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ
-----------------------------------------------
နိုင်ငံတော်အစိုး ရ ၏ စေတနာဟုပင်ဆိုရမလား၊ ဘဘဦးတင်ဦး ၏စေတနာ ၊ ဘဘဦးသောင်းတို့ စေတနာတို့ ကို လေးစား စွာဂုဏ်ပြု အပ်ပေသည်။ ၄င်းတို့ ၏ ဦးစီး ဦးရွက်ဖြင့် အထက်ဖေါ်ပြပါ
နှစ်ထပ်ဆောင် ကြီး Mandalay University of Computer Science and Technology ပေါ်ပေါက်လာသည်။ ကျောင်းမှာ အစေခံတန်းလျားမျှသာရှိသော်လည်း ပညာရှင်ကြီးများ(အရက်၊ဖဲ၊...) များစွာ မွေးထုတ်နိုင် ခဲ့ပါသည်။ ( အမြော်အမြင် ကြီးမားသော ဘဘတို့ ကို အထင်မသေးအပ် )
ယခု တော့  ဒဟတ်တော တွင် လေဒဟတ်ကြီးများဖြင့် မိုးပေါ်ပျံတော့မယောင် ထင် နေ ရလေပြီ။
အင်တာဗျူးမှ ရွေးချယ်လိုက်သောလူများ မှ တစ်ချို့ က ၁၀တန်း အောင်၊ တစ်ချို့ က တက္ကသိုလ်မှ၊ လူတန်းစားအလွာလွာ ပါဝင်ပါပေသည်။ ပုသိမ်ကြီး ဇနပုဒ် မှ တစ်ခေတ်တစ်ယောက် ပေါက်ပေါက်ကျားကျား၊ တောင်ငူ တစ်ကောင် ၊ ထူးထူးခြားခြား ဆင်ဖြူကျွန်းမှ အရက်သမား တစ်ကောင်၊
ရန်ကုန် ၊ မုံရွာ နှင့် အခြားခြားသောမြို့ များ မှ ကျောင်းသား ကျောင်းသူ များ ရောက်လာကြပေသည်။ ကျောင်းဖွ င့်စ၏ ထူးခြားချက် မှာ မောင်မယ်သစ်လွင် ကြိုဆို ပွဲ တည်း။
ကြိုဆိုမည့်သူ မရှိသော်လည်း ကြိုဆိုခံကျောင်းသား များ နှင့် ဆရာဆရာမများက အစဉ်အလာမပျက်ရလေအောင် ကျင်းပကြလေသည်။ကင်းရသူ ငဖြိုး အကြောင်းဆက်ပါအံ့။
ငဖြိုး ဆိုသည်မှာ တောင်ငူ မှဖြစ်လေသည်။ ကိုယ့်ကို ကိုယ် တပင်ရွေထီးမိန်းမ ရဲ့ အဌမမြောက် ဝမ်းကွဲမောင်နှမရဲ့ ဆွေမျိုးနီးစပ်တော်သူ မှ ဆင်းသက်လာသည် ဟုထင်နေသူ ဖြစ်လေသည်။ သိုက်ဆရာယောင်ယောင်၊နိုင်ငံရေးသမားယောင်ယောင်၊ ချစ်သူကို စွန့် လွတ်ပြီး သူငယ်ချင်းကို အောင်သွယ်ပေးသော အချစ်သူရဲကောင်းကြီးယောင်ယောင်လည်း ထင်နေသူဖြစ်၏။ အရူးဘုံမြှောက် ဖြစ်ရလေအောင် MICST မှ ကင်း ပြုလုပ်ပေးလိုက်ပြန်လေသည်။ မိန်းကလေးအနည်းငယ် က ၄င်းမျက်ခုံးမွေး ထောင်နေပုံကို တခဏတာသဘောကျ၍ စစနောက်နောက် ကင်းပေးလိုက်ကျ၏။ လူက မစုံခင် စနောက်၍ပေးသည်ကို ၄င်းက အတည်ပြု ကာ ဆရာများ နှင့် ပြောဆိုတိုင်ပင်သည်။ မိန်းကလေးများကို သြဇာညောင်းသော မိန်းကလေးခေါင်း များ(မိန်ကလေးခေါင်းဆိုသော်လည်း ယောင်္ကျာ်းများဟုမှတ်ပါ။) နှင့်ပေါင်းပြီး ပိုင်နိုင်အောင်လုပ်၏။ ကြိုးစားမှုဝီရိယဟူသည် မကောင်းမှု ကို ကြိုးစားလည်း ကြိုးစားသလောက်ရသည်သာ။ လူမစုံခင်မှာ ပင် ကင်းရာထူး မှာ မိန်းကလေးများကိုယ်တိုင် ပြန်ပြောင်း၍မရတော့ ။ ဆရာများ က ငဖြိုး နှင့် ရင်းနှီးနေကြပြီဖြစ်ရာမျက်နှာ မပျက်လို တော့ ။ ဤတွင် ဆရာမများက အမြင်မှန် မရှိတော့ပြီလောဟု မေးစရာရှိသည်။ ဆရာမများကလည်း တော်တတ်၍ထက်မြက် ကြပါပေသည်။ သို့ သော်မောင်မယ်သစ်လွင်ကြိုဆိုပွဲ မှ ကွန်ပျူတာပရို ဂရမ် မှာ ဆရာများ လက်ထဲတွင်ရှိ၏။ သို့ ကြောင့် ပေါင်းသင်းဆက်ဆံရေး ပြေလည်အောင်ပေါင်းတတ်သော ငဖြိုး အခွင့် အရေးရသွားပုံရသည်။ ဆရာများ ကို ဘယ်လို လက်ဝါးရိုက်လိုက်သည် မသိ။ ပရိုဂရမ်မှာ မည်သူ့ ရွေးရွေး ၄င်းသာ ရွေး ချယ်ခံလိုက်ရလေ၏။ (နောက်တော့ပြန်သိရသည် မှာ မိန်းမခေါင်းတစ်ဦး ကို စည်းရုံး၍ ဆရာများ အား ဖွင့်ပွဲနေ့ တွင် အနှောင့်အယှက်ဖြစ်ပါက အစီအစဉ်များ ကမောက် ကမဖြစ်ကုန်မည့်အကြောင်း၊ အများရှေ့ တွင် အရှက်ကွဲကြမည်ဖြစ်ကြောင်းစသဖြင့် ပြောဆို ခိုင်းလိုက်သည်ဟုသိရသည်။ နောက်တော့ ထို မိန်းမခေါင်းမှာ မည်သူ့ လက်ချက်မှန်းမသိပဲ ကျောင်းမှထွက်သွားရလေသည်။အလျင်းသင့်လျှင်အကျယ်ရေးပါဦးမည်။)
အခြားယောကျာ်းလေးများ ဘာလုပ်နေသနည်း ဟု မေးစရာဖြစ်နိုင်သည်။ ၄င်းတို့ လူစု မှာ မည်သူမျှကင်းမလုပ် ချင် ကြပါ။ ( ဒီရုပ်နဲ့ လုပ်ရင် အရှက်ကွဲမည်လို့မထင်ကြစေလို ) သောက်စားပျော်ပါးရန်သာ စိတ်ကူးကြလေသည်။ သို့ အတွက် ငဖြိုးကင်းဖြစ်သည် မဖြစ်သည် ထက် ချစ်စု ကွင်းဖြစ်သည် မဖြစ်သည်ကသာ ပို စိတ်ဝင်စားစရာဖြစ်လေသည်။ ဤသို့ ဘာသိဘာသာ နေလိုက်၍ နောင် တွင် တစ်ရေးနိုးကင်း နှင့်  မာနရှင် ကွင်း ဟူသော အရှုပ်တော်ပုံကြီးပေါ်ပေါက်လေ၏။
ဤသို့ ဖြင့် လူရှိမှဟောင်ရဲသော တောင်ငူသား ငဖြိုး မှသည် ကင်းကောင် ဟု နောင်တွင် အမည်တွင် ခဲ့လေသည်။ ။

ဗာလ