Sunday, February 5, 2012

အင်းလျားကန်စောင်းက ဘူးသီးကြော်


ဟိုတလောက အဲဒီအခန်းဖြတ် ဆိုတဲ့ ဇာတ်လမ်းတိုလေး ကြည့်မိပြီး ဆင်ဆာလူကြီးမင်းများ ကြိုက်တဲ့ အင်းလျားကန်စောင်းက ဘူးသီးကြော် ဆိုင်တန်းကို ရောက်ပါတယ်။ ရန်ကုန်တက္ကသိုလ် အလွမ်းပြေ ကန်စောင်းမှာ ဘူးသီးကြော်ဝင်စားဖြစ်တယ်။ ညနေစောင်း နေဝင်လုနီးနီး လတခြမ်းစောင်းလေး ထွက်စပေါ့။ ကန်ဘောင်မှာ လူကလည်း အပြည့်ပဲ။ ပြေးတဲ့လူနဲ့ လမ်းလျှောက်တဲ့လူနဲ့ အတွဲတွေကတော့ထုံးစံအတိုင်း။ ဆိုင်မှာ ခုံရဖို့ကလည်း နည်းနည်းစောင့်လိုက်ရသေးတယ်။ ရေပြင်ထဲမှာ စပိဘုတ် ၁ စီး ရွက်တိုက်နေတဲ့ လှေ၁စီး ။ ညနေခင်း အလှအပ ကတော့ အတော်ပြည့်စုံသား။ ဘူးသီးကြော် ၁ ပွဲ လည်းကုန်။ ခဏနေတော့ ပလတ်စတစ် ဗုံးလေးဆွဲပြီး အကြော်ဆရာ အနားရောက်လာတယ်။ မုံနှစ်နယ် မလို့ ထင်ပါရဲ့ ...။ သေချာ စိမ်ပြေနပြေ နယ်နေတာပဲ ဘေးနားမှာ။ အဲ.... သုံးတဲ့ ရေကတော့ ပုံမှာ သာ ကြည့်တော့ ဗျာ....။ ဆင်ဆာ ဖြတ်တဲ့ လူကြီးမင်းများကြိုက်တဲ့ အင်းလျားကန်စောင်းက ဘူးသီးကြော် ဆိုတဲ့ scence သွားသတိရမိတယ်...။ ဗီတာမင် အပြည့်အဝ ပါတာပေါ့.....။