Tuesday, February 26, 2013

ယင်ကောင်


တနေ့သ၌...ကွဲကွာနေခဲ့ သော မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားဟောင်း များ ဘီယာဆိုင်တွင်ပြန်တွေ့ ကြလေသည်။
ဆိုင်တွင်ဘီယာသောက်ရင်း သူငယ်ချင်း (ယခု ပုသိမ်ကြီးတွင်နေသူ ခေတ်ဒွေး ) တစ်ယောက် ရှိုးစမိုး အပြည့်ဖြင့်ရောက်လာသောကြောင့် ကျွန်တော်ချီးကျူးလိုက်မိသည်။
အေးကွနော်.. မင်း က ကြီး မှ လှလာတာကွ.. ဘယ်လို ပြောမလဲ ဒေါင်းမျိုး ဆိုလား..
သူငယ်ချင်းမှာလည်း ထောင်ထားသော ဆံပင်ကို အနည်းငယ်သလိုက်ပြီးနောက် တဟဲဟဲ ဖြင့် ၀င်ထိုင်သည်။
သူများအား မှိုချိုမျစ်ချိုးပြောတတ်သော ဆင်ဖြူကျွန်းဆရာသက် ခေါ် ချက်ခိုင် ရှိသောကြောင့် သူ့ ခမျာ သိပ်လည်းမမြောက်ရဲ ပေ။
ဆရာသက် ကဘီယာကို တစ်ငုံစုပ်လိုက်ရင်းသူ့ ဘက်လှည့်၍ ကျွန်တော့်စကားကို အပြည့်အ၀ထောက်ခံလိုက်သည်။
ဟုတ်တယ် သယ်ရင်းရာ မင်း က တကယ့်ကို အသက်အ၇ွယ်ရလာမှ ပိုပြီးကြည့်ကောင်းလာတယ် .. ဒေါင်းမျိုးဆို တာ ထက် လောက်မျိုးဖြစ်မယ် ..
မစင်ကြားထဲနေခဲ့ရပေမယ့် အခုတော့ အတောင်အလက် အစုံအလင်နဲ့  ယင်ကောင်ဖြစ်နေခဲ့ပြီပဲကိုး ကွ..