Tuesday, December 29, 2009

ပုဂံ အမှတ်တရ


ဒုတိယနှစ် မှာ ပုဂံသွားတုန်းက ပုံ ပါ။ မေးလ်နဲ့ ပို့ပေးသော မအေးအေးခိုင် ကို ကျေးဇူးပါ။

Friday, November 20, 2009

ကျွန်ုပ်နှင့် လျှို့ဝှက် ဒုတ်တံ ( ၃ )

အားလုံး တိတ်ဆိတ်လျက်ရှိတုန်း။ သက်ခိုင် မျက်နှာ မှာ ဇီးရွက် ထက်ပင်
သေးဦးမလား မှတ်ရသည်။ မင်းသားလေး နှင့် အဖွဲ့ ကလည်း လူများ သည်မို
့ကျွန်ုပ်တို့ လည်း ဘာမျှမတတ်နိုင် ။ ညလည်း
တဖြည့်းဖြည်းနက်လှပြီဖြစ်သောကြောင့် ကျွန်ုပ်လည်း ပြန်ရန်ပြင်သည်။
ဝေဒအဂျေး မှာလည်း မကန့် ကွက်ပဲ့ ကျွန်ုပ် နှင့် အတူ လိုက်ရန်ပြင်သည်။
ဝေဒအဂျေး က
”ကို ရဲဝင်း ကျွန်တော်တို့ ပြန်ဦးမယ်။ လိုက်ခဲ့မယ်မဟုတ်လား”
ရဲဝင်းသူလည်း ထရပ်ပြီး ပြန် ရန်ပြုသည်။ အရက်ပျော်လည်း ထရပ်လိုက်သည်။
ဆင်ကြီးက ချက်ချင်း ကို သက်ခိုင် လက်မောင်းကို ဆွဲပြီး
“ကိုသက်ခိုင် ၊မပြန်နဲ့ ဦးလေ။ ကျွန်တော်တို့ နဲ့ အတူ
အရက်လိုက်သောက်ပါဦး။ ဟိုမှ blacklabel လဲရှိတယ်လေ။ကို အဂျေး တို
့ပြန်ချင်လည်းပြန်နှင့်လေ။ ကျွန်တော်ပိုက်ဆံရှင်းလိုက်မယ်။”
”ပြန်လိုက်ဦးမယ်ဗျာ။ အရက်ပျော်ကြီးကို ခေါ်သွားချင်သေးတယ်ဗျ။
ဝေဒကျမ်းအကြောင်းလေး ဆွေးနွေးရင်း အတူတူသောက်လိုက်ချင်သေးသဗျ။”
ဆင်ကြီး က
”ဘယ်ဖြစ်မလဲ ဆရာအဂျေး ၊ အခုအချိန်က စပြီး အရက်ပျော်က ကျွန်တော်တို့ ရဲ
့အထူးဧည့်သည် ဖြစ်သွားပြီ။ ကိုသက်ခိုင်လာဗျာ။သွားကြမယ်။”
အရက်ပျော်သက်ခိုင် မှာ ဝေဒအဂျေးကို လှမ်းကြည့်ရင်း ဆင်ကြီးတို့ လူတစ်စု
တွန်းထိုး ခေါ်သွားခြင်းခံလိုက်ရသည်။
“ဟင်း“
ဝေဒအဂျေး သက်ပြင်းရှည်ကြီးချလိုက်သည်။
”နတ်ကတော်ကြီး ကို ဒီလို သွား စ တာ သူတို့ ဇာတ်အဖွဲ့  တွေ
ပြောင်းပြန်လှန်သွားတော့မယ်။ ကံပဲပေါ့လေ”
ပြောပြီးသည်နှင့် ဆိုင်အပြင်သို့ လှမ်းထွက်သွားလေရာ ကျွန်ုပ်နှင့်
ရဲဝင်းသူ လည်း ၄င်းအနောက်က လိုက်ပြီးထွက်ခဲ့လေသည်။

X x x x x x x x x x x x x x x x x x x x x X

ကျွန်ုပ်လည်း အလုပ်များနေသည်မို့  မြို့ ထဲသို့ မရောက်သည်မှာ
တစ်ပါတ်ကျော်ခန့် ဖြစ်သွားသည်။
တစ်ရက်တော့ မြို့ ထဲသွားရန် အကြောင်းပေါ်လာသည်မို့  ဆိုင်ကယ်တစ်စီး နှင့်
မြို့ ထဲသို့ ထွက်ခဲ့သည်။
လုပ်စရာကိစ္စများပြီးသွားပြီး နောက် အရက်ပျော်ကြီး နှင့် ဝေဒ အဂျေးကို
သတိရမိသည်နှင့် ဝေဒ အဂျေး ထံ ဦးတည်ထွက်လာခဲ့လိုက်သည်။ ကိုဝေဒကြီးကို
အိမ်တွင် အဆင်သင့်တွေ့ သည်နှင့် ၄င်းကို ခေါ်ကာ မန္တလေးတက္ကသိုလ် ဘက် ထွက်၍
အရက်ပျော်ကြီး နှင့် နတ်ကတော်ကြီးတို့ စံရာ အောင်မင်္ဂလာ အဆောင်ဘက်သို
့ရောက်လာကြသည်။ ၄င်းတို့  အခန်းတံခါး ပိတ်လျက်သားတွေ့ သည်နှင့် ကို
အေးဆိုင်တွင် ရှိ လိမ့် မည်ဟု တွေး ပြီး ကို အေးဆိုင်သို
့ဆက်လက်ထွက်လာကြသည်။
ကို အေးဆိုင်မှာ မန္တလေး မိန်း ထဲနှင့် ကပ်လျက်ရှိသော
အရက်ဖြူဆိုင်ဖြစ်သည်။ ကျွန်ုပ်လည်း ရံဖန်ရံခါ ထိုင်ဖူးသည်။
ဆက်ဆံရေးပြေပြစ်၍ အရက်သမားများ နှင့်တည့်သည်။ ဆိုင်ပိတ်ချိန်
ရောက်သော်လည်း ပါဆယ်များ ထပ်မံရောင်းချပေးသေးသည်။ ကိုအေးဆိုင် က
ဆိုင်ပိတ်ပြီး ပါဆယ်သွားဝယ်လျှင်
ကိုအေး ဟု သုံးခါ အော်လိုက်ရသည်။ ပြီးလျှင် အထဲ မှ ”ကို အေး ရှိတယ်
ပါဆယ်ပဲရမယ်”ဟု အသံထွက်လာပြီး
ဆိုင် တံခါးကြားမှလက်ထုတ်ကာ လို သလောက် အရက်ဖြူကို အိတ်ဖြင့်ရောင်းချလေသည်။

ကိုအေးဆိုင် ထဲရောက်တော့ အတော်ပင်စောနေသေးသည်။ အရက်ဂျိုး တစ်ချို
့တစ်ဝက်မှတစ်ပါး နတ်ကတော်ကြီးလည်း မရောက်သေး ပါ။ ထိုင်၍
အရက်ဖြူတစ်ပိုင်းမှာ ၍ နှစ်ယောက်သားထိုင်စောင့်နေရသည်။
အတန်ကြာစောင့်ပြီးနောက် နတ်ကတော်ကြီး ကြာငဖြိုး ရောက်လာလေသည်။
အရက်ပျော်ကြီး လည်း ပါလာ၏။
နတ်ကတော်ကြီး က စကားများ ဖောင်ဖွဲ့ ရင်း ကျွန်ုပ်တို့ ထိုင်နေသည်ကို တွေ
့ပြီး လာထိုင်လေသည်။
ကျွန်ုပ်လည်း အရက်ပျော်ကြီး ကို မင်းသားမျိုးနန္ဒ တို့ ဖမ်းသွား ပြီး
ဘယ်လို ပြန်လွတ်လာသည်ကို သိချင်လွန်းလှသဖြင့် ၄င်းတို့ ထိုင်ထိုင်ချင်း
လှမ်းမေးလိုက်သည်။
” အမကြီး ဘယ်လို လုပ်လိုက်လို့ များ အရက်ပျော်ကြီး
ပြန်ခေါ်လာနိုင်တာတုန်း။ ဒုတ်တံကော ပေးလိုက်ပြီလား”
နတ်ကတော်ကြီး က အောင်မြင်သော အမူအယာဖြင့် ခန့် ခန့် ကြီး ပြုံးလိုက်ပြီး
”ငဖြိုးလေ၊ သိတယ်မဟုတ်လား။ ဟောဒီမှာကြည့် ”ဟု ပြောပြီး ရင်ဘတ်ထဲမှ ဒုတ်တံ
နှစ်ခု ကို ထုတ်ပြလေသည်။
ကျွန်ုပ်လည်း အံအားတကြီး ဖြစ်သွားသည်။
”ဘယ်နှယ့် တုန်း ၊ ဒုတ်တံ က နဂိုကတစ်ချောင်းထဲမဟုတ်လား ဗျ၊ အခု
နှစ်ချောင်းတောင်ဖြစ်သွားရတာတုန်း”
”ငယ်ကျွန်ကြီး သက်ခိုင်ရေ၊ ဟောဒီက ဆရာဗာလ ကို တစ်ချက်လောက်ရှင်းပြလိုက်စမ်းပါဦးဗျ”
ငဖြိုး က တိုက်တွန်းလိုက်သောကြောင့် သက်ခိုင် က ကိုအေးကို ခွက်နှင့်
အရက်ဖြူလာချ ရန် အချက်ပြလိုက်ပြီး
”ဒီလို ကိုဗာလရ၊ ကျွန်တော်လည်း အမှန် တော့ မလိုက်ချင်ဘူး ဆိုပေမယ့် ဟို
ရောက်တော့ အရက်ကောင်းကောင်းတွေ သောက်ရတယ်ဗျာ ။ မူးလာရင်လည်း ဇာတ်အဖွဲ
့သားတွေ နဲ့ ပေါင်းပြီး သီချင်းတွေ ဆိုလိုက်၊ ကလိုက်နဲ့  စည်းစိမ်တွေ
့နေတာပေါ့ဗျာ။ ဒီငဖြိုး က လာမရွေး ပါစေနဲ့ လို့ တောင် ဆုတောင်းနေရသေး
သဗျ။ တစ်ခု ဆိုး တာ ကတော့ ညတိုင်း ဆင်ကြီး နဲ့ အိပ်ရတယ်ဗျ။ ဒီလူ က အနား
မှ လွှစက်ကြီးထားထားသလို ပဲ။ အအိပ်ကလည်းအတော်ဆိုး ကွ။ နောက်တော့ သူ တို
့ဇာတ်ကဖို့ ရှိလို့  မြို့ စွန်နားက ရပ်ကွက် မှာ သွားကရတယ်ဗျ။
နတ်ကတော်ကြီး က အဲဒီ မှာ ပရိတ်သတ်ကြားထဲ က နေပြီး မင်းသားလေး ကလို
့မရအောင် ရေသန့် ဘူးနဲ့ ပေါက်လိုက်၊ ဆဲလိုက် နေရာတွေ
ပြောင်းပြီးအော်လိုက် ပစ်လိုက်လုပ်တယ်ဗျ။ မင်းသားလေး လည်း
ဇာတ်ကောင်းကောင်းကလို့ မရအောင်ဖြစ်နေလို့ သူ့ လူတွေ နဲ့ နတ်ကတော်ကြီး
ကို ခေါ်ပြီး မနှောက်ယှက်ဖို့ ပြောတာပဲ။ ငဖြိုး က အရက်ပျော်ကြီး
ခေါ်သွားရင်သွားမယ်လို့ ပြောတယ်။ မင်းသားလေးလည်း စိတ်မရှည်နိုင်တော့ပဲ
ငဖြိုး နဲ့ ငြိလိုက်ကြတယ်ဗျာ။ နတ်ကတော်ကြီး က အခုလို ကျူပ်ကို
ခေါ်နိုင်ယုံမကပဲ ဒီဒုတ်တံ နှစ်ချောင်းကို တစ်နှစ်တိတိ ထိန်းသိမ်းခွင့်
ရသွားတယ်ဗျ”
ကျွန်ုပ်တို့ လည်း “ကောင်းလေစွ” ဟုပြော ရင်း အရက်ဖြူဝိုင်း ဆက်ကြလေ၏။

ဗာလ

Wednesday, November 11, 2009

ပေဖူးလွှာ

http://paephuhlwarmagazine.asia/index.php?option=com_content&view=article&id=201:2009-11-09-09-42-40&catid=55:2009-09-29-08-50-07&Itemid=53

Thursday, November 5, 2009

ကျွန်ုပ်နှင့် လျှို့ဝှက် ဒုတ်တံ ( ၂ )

အသံများ တိတ်ဆိတ်သွားပြီးနောက် ဆိုင်ပေါက်ဝတွင် မိတ်ကပ်အပြည့်လိမ်းထားသော လူတစ်ယောက်ရောက်လာလေ၏။ ကျွန်ုပ်တို့ မှ အပ ကျန် ၀ိုင်းအားလုံး မှ လူများထ၍ အရိုအသေပြု လိုက်ကြသည်။ မိတ်ကပ်လိမ်းထားသဖြင့် ရုတ်တရက် မမှတ်မိသေးပေ။နောက် မှ ဤသူ သည် ကို မျိုး နန္ဒ ဖြစ်သည်ကို သတိပြုလိုက်သည်။ မင်းသားမျိုး နန္ဒသည် ကျွန်ုပ်တို့ ကျောင်းတက် စဉ် က သိကျွမ်းဘူးခဲ့သည်မဟုတ်ပေလော။

ကျွန်ုပ်လည်း ရန်ပွဲကို ငြိမ်းနိုင်ပြီဟုစိတ်သက်သာရာရသွားမိပေသည်။မင်းသားလေး မျိုး နန္ဒ မှာ ပါတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ကျွန်တော်တို့ဝိုင်းဆီသို့  လျှောက် လိုက် သည်။ ဝေဒအဂျေး က မတ်တပ် ရပ်၍”ကို မျိုး နန္ဒ တော်တော် ကြီး နု ပျို နေတုန်းပဲနော်။ မတွေ့ ရတာ ကြာပေါ့။

သောက်ပါဦးလာ ခေါင်ရည်”ဟု နှုတ်ဆက်လိုက်သည်တွင် ဇာတ်မင်းသား လေး မျိုး နန္ဒ မှ နှုတ်ခမ်းနီဆိုးထားသော နှုတ်ခမ်း နှစ်ခု ပွင့်ရုံ သာ ပြုံးလိုက် ပြီး မရှမ်းမ ဘက် လှည့်၍ ခွက်တစ်ခွက် ပေးပါဦး ဟု လှမ်း မှာလိုက်သည်။မရှမ်း မ က ခွက်တစ်ခု ယူ လာပေးသည်။ ဘေးဝိုင်းမှထိုင်နေ သော လူ တစ်ယောက်ကချက်ချင်းထ၍ ခွက် ကို ယူပြီး တစ်ရှုး ဖြင့်သုတ်ပေးပြီး ပြန်ချပေးလိုက်သည်။ ကျွန်ပ်လည်း မနေသာတော့ပဲ ခေါင်ရည်ပုလင်းမ၍ ငှဲ့ထည့်ပေးလိုက်သည်။ မျိုးနန္ဒ မှာ ထိုင် ချ ပြီး ထည့်ပေးသော တစ်ခွက် ကိုကုန်သည် အထိ သောက်လိုက်သည်။ပြီး မှ” အချင်းချင်း တွေ မတွေ့ ရတာကြာပြီ။

ဘာရယ်တော့မဟုတ်ပါဘူး ဗျာ ။ ခုန ကရဲဝင်းယူလာတဲ့ တုတ်တံလေး တစ်ချက်လောက် ကြည့်လို့ ရမလား ။ ကျွန်တော် တို့ဇာတ်အဖွဲ့ က ပျောက်သွားတဲ့  တုတ်တံလေးများဖြစ်နေ မလား မသိဘူး။ကျွန်တော့် အဖေနဲ့  ဆိုင်းဆရာ အစဉ်အဆက် ဆိုင်းတီးတဲ့ တုတ်တံလေး ဗျ။ဘယ်လို မှ စိတ် မရှိ ပါနဲ့ ။ အဲဒီဟာ မှန် ရင် ကျွန်တော် ပြန်ဝယ်မလို့ ပါ”ဝေဒအဂျေးက” ကို မျိုး နန္ဒ တော့ မှားပြီထင်တယ် ။ ရဲဝင်း ခုန က ကြည့်တဲ့ဟာ က အဲလိုဟာမျိုး မဟုတ်ပါဘူး။ လာပြီးတဲ့နောက် အလကားမဖြစ်ရအောင်ခေါင်ရည်သောက်သွားဗျာ။”ဝေဒ အဂျေး က မျိုး နန္ဒ ကို မပြချင်သောကြောင့် စကားကို ပိတ်ပြောလိုက်သည်။ဇာတ်မင်းသား ကလည်း မည်သည့်နည်းနှင့် မဆို ရအောင် ကြည့်မည့်သဘောဖြင့်”ကိုအဂျေး ဒီလိုတော့မလုပ်နဲ့ လေ။

တစ်ချက်ကြည့်ပြီး ဟုတ်မဟုတ်ကြည့် မလို့ပါ။ ပစ္စည်း မှန် ရင် ဈေးကောင်းပေးဝယ်မယ်။ မဟုတ်ရင်လည်း ဒီဝိုင်းဖိုးကျွန်တော်ရှင်းသွား မှာ ပါ။”ဟု ပြောရင်း လူရွှင်တော် ဇော်နိုင်လင်းဘက် မျက်ရိတ်ပြလိုက်သည်။ဇော်နိုင်လင်း က ခန္ဒာကိုယ်နှင့်မလိုက်အောင် သွက်လက်စွာ ထ၍ ရဲဝင်းသူ ၏အိတ်ကို ဖြုတ်ယူလိုက်သည်။ ပြီးနောက် တုတ်တံကို ထုတ်၍ ယူပြီး မျိုးနန္ဒလက်ထဲ ထည့်ပေးလိုက်သည်။ အဖြစ်အပျက်အားလုံး တခဏအတွင်း ဖြစ်သွားခြင်းဖြစ်လေ၏။ ရဲဝင်းမှာလည်း မည့်သို့ မျှ ပြင်ဆင်ချိန်မရလိုက်။အနီးကပ်လူ က သစ္စာဖောက်ပြီး ယခုကဲ့သို့ လုပ်မည်ဟု မထင်မိထားကြချေ။

ရဲဝင်းကြက်သေသေနေရာမှ”ဆင်ကြီး ဘယ်လို လုပ်လိုက်တာ လဲ။ မင်း က ငါတို့ သူငယ်ချင်းမဟုတ်ဘူးလား”ဟု အံအား သင့်စွာမေးလိုက်သည်။ဆင်ကြီးက ကောက်ကျစ်စွာ ပြုံးလိုက်ရင်း“ငါ က လူရွှင်တော်လေကွာ ။ဇာတ်မှာလိုက်တယ်ဆိုတာ မေ့နေပြီထင်တယ်။ ငါအခုဇာတ်က အဆင်မပြေရင် မင်းသားလေးတို့ ဇာတ်မှာ သွား လုပ်ရတယ်။ သူ ကငါ့ထမင်းရှင်ဆို လည်းမမှားဘူး။ မပူပါနဲ့ ကွာ ။ မင်းသားလေး က သိတတ်ပါတယ်။အလကားမယူပါဘူး ။ တန်ရာတန်ကြေးပေးမှာပါ။”ဟု ပြောရင်း မျိုးနန္ဒ နောက်ကျော မှာသွားရပ်လိုက်သည်။မင်းသားလေး မျိုး နန္ဒ က တုတ်တံကို သေချာစွာကြည့်ပြီး နောက်သားငယ်တစ်ယောက်ကဲ့သို့ ပွေ့ ပိုက် နမ်းရှုပ်နေသည်။ ပြီးမှ တုတ်တံကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး”ကိုရဲဝင်း စိတ်မရှိပါနဲ့ ဗျာ ။

ဒါက ကျွန်တော့ရဲ့ တုတ်တံ အမှန်ပဲဗျာဘယ်လောက် ဈေးပေးရမလဲပြော။ကျွန်တော်ပဲဈေးဖြတ်ပေးလိုက်မယ်ဗျာ ။ တစ်သိန်းပေးမယ် ဟုတ်ပြီလား။ဈေးနည်းတယ်ထင်ရင်လည်း ပြော”ရဲဝင်း က ဘာမျှမပြောနိုင်သေးပဲ ဝေဒအဂျေး ဘက် လှမ်းကြည့်လိုက်သည်။ဝေဒအဂျေး က လည်း ဘာမျှ မပြောပဲ ဆိတ်ဆိတ်သာနေနေသည်။နတ်ကတော်ငဖြိုး တစ်ယောက်သာ ဘာမျှ မဆိုင်ပဲ”သက်ခိုင် မင်း က ခေါင်ရည်လည်းသောက် အရက်လည်းသောက် ရှုပ်နေတာပဲ။ပေးစမ်းပါဦး ဒီအရက်ထုတ်”ဟု လှမ်းဆွဲလိုက် ရာ အရက်ပျော်သက်ခိုင်က မပေးပဲစုပ်ကိုင်ထားသောကြောင့်အိတ်မှာ ပြဲ၍ အရက်များ ခုံ ပေါ်ဖိတ်ကျကုန်လေ၏။

နတ်ကတော်ကြီး နှင့် သက်ခိုင် လျှင်မြန်စွာထ၍ စားပွဲပေါ်မှအရက် များ ကိုသုတ်၍ ခွက် ဖြင့် ပြန်ခံရန် လုပ်ကြလေသည်။ နှစ်ယောက် သားလုံးလုံးထွေးထွေးဖြင့် ရှုပ်ယှက်ခတ်သွားရာ အရက်စင်မည်စိုး သဖြင့်မျိုးနန္ဒ ကလည်း နောက်သို့ ထရှောင်သွားရသည်။ ကျွန်ုပ်က တော့ နတ်ကတော်ကြီးမှ စားပွဲပေါ်မှတင်ထားသော တုတ်တံကို သွက်လက်စွာ ရင်ဘတ်ထဲ ထဲ့လိုက်သည်ကိုတွေ့ လိုက်ရသည်။ ရင်ဘတ်ထဲတွင် အခုအခံများ ရှိသောကြောင့် တုတ်တံမှာ၎င်း`၏ရင်ဘတ်ထဲ တွင် ပျောက်ကွယ်သွားလေသည်။နတ်ကတော်ငဖြိုးက ခုံအောက် မှခံထားသော ခွက် ထဲမှ အရက်အနည်းငယ်ကို ကောက်မော့ လိုက်ပြီး”အရက်တွေ တော့ ကုန်ပါပြီ။ ဒီဝိုင်းလေး ပြီးရင်သောက်မလို့ ဟာ ကို။ ကိုအေးဆိုင်မပိတ်ခင် သွားဝယ်ထားဦးမှ။

အားလုံးပဲ သွားလိုက်ဦးမယ်နော် ။ မာမီ အရက်ဝယ်ပြီး ပြန်လာခဲ့မယ်“ပြောပြီး တင်ပါကြီးများလှုပ် ကာ အပြင်သို့ ထွက် သွားလေတော့သည်မျိုးနန္ဒ မှာ လည်း ထို အခါမှ စားပွဲပေါ်တွင် တုတ်တံမရှိတော့သည်ကို သတိပြုမိသည်။”ကိုဆင်ကြီး လုပ်ဦးဗျာ။ နတ်ကတော် တုတ်တံကို ယူပြေးသွားပြီ။ ”ဆင်ကြီးတစ်ယောက် ဘေးဝိုင်း မှလူတစ်ချို့ ခေါ်ပြီးနတ်ကတော်ကြီးထွက်သွားရာဘက်သို့ အပြေးလိုက်သွားလေသည်။ခေါင်ရည်ဝိုင်းလေးမှာ တိတ်ဆိတ်လျှက် ရှိနေသည်။ အရက်ပျော်သက်ခိုင် ကခေါင်ရည်များ ထပ်မှာပြီးတစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။

ဝေဒ အဂျေး မှာ လည်းလက်ကျန်ဘယာကျော်တစ်ချို့ကို လက်စ ဖြတ်လိုက်ပြီး ခေါင်ရည်တစ်ခွက် သောက် ပြီး မျက်လုံးမှိတ်လျက်သာနေတော့သည်။ ကျွန်ုပ်မှာ တော့ စိတ်ရှုပ်သွားသောကြောင့် ဆေးလိတ်ထုတ်ကာဖွာနေရသည်။
ဆေးလိတ်တစ်လိတ်ကုန် သွား ပြီးသည်အထိ ဆင်ကြီး တို့ လူစု ပြန်မလာသေးပါ။မျိုးနန္ဒ မှာ စိတ်မရှည်စွာ ဖြင့်ဆေးလိတ်ငွေ့ များ ကို လက်ဖြင့်ခတ်ထုတ်လိုက် အပေါက် ၀ကို လှမ်း ကြည့်လိုက် ဖြင့် ဂဏာမငြိမ် ဖြစ်နေသည်။အတန်ကြာမှ ဆင်ကြီးတို့ လူ စု ပြန်ရောက်လာကြသည်။ မျက်နှာ အမူအယာကို ကြည့်လိုက်သည် နှင့် ၄င်းတို့ နတ်ကတော်ကြီး အား မတွေ့ ခဲ့ကြမှန်းသိသာသည်။ဝေဒအဂျေး မျက်လုံး ပွင့်လာပြီး လျို့ ဝှက်စွာ ပြုံးလိုက်လေသည်။


မျိုး နန္ဒ မှာ ဒေါသထွက်နေပြီဖြစ်သည်။ ဆင်ကြီး ကို မဲ ၍”ကိုဆင်ကြီး ၊ ဘယ့်နှယ့်လုပ်ရမလဲ ။ ဒီ တုတ်တံ ကိုကျွန်တော်ပြန်ရမှဖြစ်မယ်။ ဒီဟာ မရရင် တော့ ကို ဆင်ကြီး ကို ကတိပေးထားသလိုဇာတ်သမလေး နဲ့ ကိစ္စ ကျွန်တော်မလုပ်ပေးနိုင်တော့ဘူး။ ရအောင်အကြံထုတ်စမ်းပါဦး”
ဆင်ကြီး မျက်နှာ တစ်ချက်ပျက်သွားသည်။”မင်းသားလေး ကျွန်တော်လည်း ပြေးလိုက်တာပဲ။ ဒီနတ်ကတော်ကြီး က လူသာဝတာ ။အပြေးက မြန်သလားမမေး နဲ့ ။ ရှာလို့ ကို မတွေ့ ဘူး။ ”ပြောရင်း ဆင်ကြီး က အရက်ပျော်ကို ကြည့် ရင်း အကြံရသွားသည်။”မင်းသားလေး ဘာမှ မပူ နဲ့ ။ နတ်ကတော်ကြီး က အရက်ပျော် ကိုမခွဲနိုင်ဘူးဗျ။ သူ တို့ က အတူနေတာ။ အရက်ပျော်ကြီးကို ဖမ်းထားလိုက် ရင်နတ်ကတော်ကြီးသေချာပေါက်လာရှာမှာဗျ”ဟု ၀မ်းသာအားရအကြံပေးလိုက်သည်။အားလုံး က အရက်ပျော်သက်ခိုင် ကို လှမ်းကြည့်လိုက်ကြ၏။သက်ခိုင် မှ သောက်လက်စ ခေါင်ရည်ပင် သီးသွားလေသည်။

ဗာလ

Sunday, November 1, 2009

ကျွန်ုပ်နှင့် လျှို့ဝှက် ဒုတ်တံ

တစ်နေ့ သ၌ ကျွန်ပ်လည်း ပျင်း ပျင်းရှိသည် နှင့် မိန်း ဘက် သို့ဆိုင်ကယ်စီးကာ ထွက်လာသည်။ လမ်းတွင် စိတ်ကူးရသည် နှင့် ဝေဒ အဂျေး ထံဝင်ရောက်သည်။ အဂျေး သည် အိမ်အပေါ်ထပ်မှ ဝေဒ ကျင့် စဉ် တစ်ခု ပြီးဆုံး ၍အောက်သို့ ဆင်းလာသည် နှင့် အဆင်သင့် တွေ့ ရလေသည်။ ”ကဲဆရာ ဗာလဘယ်သွားပြီးဘာလုပ်မလို့ တုန်း ။လုပ်ချင်တာတွေ နောက်ထားဗျာ ၊ခေါင်ရည်ဆိုင်သွား ရအောင်” ဆိုသဖြင့် ကျွန်ပ်လည်း မငြင်းသာ တော့ပဲ ၂၂လမ်းခေါင်ရည်ဆိုင်သို့  ၄င်းကို တင်ကာထွက်လာခဲ့လေသည်။ ခေါင်ရည်ဆိုင်ရောက်တော့မရှမ်းမ က ”ဘယ်လို တုန်း ဆရာ နှစ်ယောက် ၊ ပျောက် လှချည်လားဗျ” ဟုဆီးကြိုနှုတ်ဆက်လိုက်လေသည်။

ဝေဒအဂျေးက ”မရှမ်းမ ၊ ဒါကြောင့် ပဲ ယောက်ျားနဲ့ ကွဲတာပေါ့ဗျာ။ ဝေဒ အဂျေး ဆို တာ ဓာတ်ပေါက် မှ သွားရတာဗျ။ ခုတောင် ယတြာအရကျမ်း ကျင့်စဉ်ပြီး တုန်း ခေါင်ရည် လေး အားပေးချင်စိတ်ပေါ်လာတာနဲ့ ဟောဒီကကိုဗာလ ရောက် လာတာပဲလေ။လူကဲခတ်ဦးမှပေါ့ဗျာ”ဟု ထိုင်ခုံတွင် ထိုင်ရင်းပြောလိုက်သည်။ ပြီးနောက် ”ခေါင်ရည်နှစ်ပုလင်းနဲ့  မြေပဲလှော် လေးအရင်ချစမ်း ပါဦး၊ ကိုဗာလက အဝေးကြီးက လာရတာ၊ရေငတ်ရောပေါ့” ဆက်ပြောလိုက်သည်။ကျွန်ုပ်မှာလည်း ရေငတ်နေသည်မှာအမှန်ဖြစ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

မရှမ်းမက သွက်လက်စွာသွား၍မြေပဲလှော်နှစ်ထုတ်နှင့် ခေါင်ရည်နှစ်ပုလင်း လာချသည်။ ပြီးနောက် အဖုံးကိုဖေါက်ရင်း”ဆရာတို့  ကျွန်မ လည်း လူကဲခတ်တော့ မတတ်ပါဘူး။ ဒါပေမယ့် ဆရာတို့နှစ်ယောက်ပိုက်ဆံယူလာဖို့  မေ့လာတယ်ဆိုတာတော့သိတယ်။ ရပါတယ်အရင်စာရင်းထဲထပ်မှတ်ထားလိုက်မှာပေါ့” ဟု ပြောသည်။ကျွန်ုပ်လည်း အမှန်တကယ်ပင် ပိုက် ဆံများများ စားစားမပါ။ တစ်ပုလင်းဖိုးအိပ်စောင့်သာ ပါခြင်းဖြစ်သည်။ ဝေဒအဂျေး က ဘာမျှမပြောသေးပဲခေါင်ရည်ခွက်ကို သာ ပုလင်းထဲမှ အသာဖြည့် ရင်း ခေါင်ရည်တစ်ခွက် ကိုအာရုံစိုက်၍ တစ်ကြိုက်ချင်း စုပ်သောက်သည်။

ကျွန်ုပ်က တော့ သူ့ မှာပိုက်ဆံပါ၍ ဤမျှမှင်ကောင်းနေခြင်း ဟု မှတ်ထင်လိုက်လေ၏။ မြေပဲထုပ်ကိုအခွံကျွတ်စေရန် လက် နှင့် အသာပွတ်ချေ၍ ပန်းကန်ပြားထဲသို့ ဖောက်ထဲ့သည်။ပန်းကန်ကို မ၍ အသာမှုတ်ပြီးနောက် ဝေဒအဂျေးဘက်သို့ ပိုက်ဆံ ကိစ္စပြော ရန်ပြင်လိုက်သည်။ ၄င်း က ခုံနောက်သို့ မှီထိုင်လိုက်ပြီး လက် ကာပြလိုက်သည်။”ခဏလေး ကို ဗာလ ကျုပ်အာရုံခံလိုက်ဦးမယ်” ဟု ပြောပြီး မျက်လုံး ကို မှေး၍တစ်စုံတစ်ခု ရွတ်ဆိုသကဲ့သို့ ပြုနေလေသည်။ ကျွန်ုပ်လည်း ၄င်းအကြောင်းသိပြီး ဖြစ်၍ ခေါင်ရည်ကို သာ ငှဲ့ သောက်၇င်း မြေပဲကို စားကာစည်းစိမ်ယူရင်း ဆေးလိပ်ထုတ် ဖွာနေလိုက်သည်။ခေါင်ရည်တစ်ဝက်ကျိုးလောက်ရှိတော့ ဝေဒအဂျေး မတ်မတ်ထိုင်လိုက် ၍ ”မပူနဲ့တော့ဗျို့ ။ ခဏနေ ဒီကို လူရွှင်တော် ဆင်ကြီး ရောက်လာလိမ့် မယ်။ သူ နဲ့အတူတူနယ်လှည့်ဈေးသည်ကြီးကိုရဲဝင်းသူ လည်း ပါလိမ့်မယ်။ ရှင်းဖို့တော့မပူနဲ့ သူတို့ ရှင်းလိမ့်မယ်။ ခက်တာက ကျုပ်တို သောက် တာကိုကြာငဖြိုး နဲ့  အရက်ပျော်သက်ခိုင်တို့ သတင်းရသွားပြီး အပြေးရောက်လာမှာအမှန်ပဲဗျို့ ” ဟု ပြောရင်း ခေါင် ရည်ကို တစ်ဝက်ကျိုးသည် အထိကျွန်ုပ်ကို မီစေရန် တဆက်တည်း မော့ချလိုက်လေသည်။

ပြီးမှ မြေပဲ လှော်စားရင်း မှ”ကို ဗာလ ၊ ခင်ဗျားလက် ဖြန့် စမ်းဗျာ။ကျုပ် တစ်ချက် ကြည့် ပေးဦးမယ်။အင်း ခင်ဗျားလက်ကြည့် ရတာ အရက် သောက်တာကို စွန့် လွှတ်ရမယ့်ကိန်းရှိတယ်ဗျ။ဟောဒီ ဂြိုလ်ခုံ ပေါ်က လမ်း က ထင်လည်းမထင်ရှား၊ ရှည်လည်း ရှည်တော့မအောင်မြင်ပေမယ့် စားနိုင်သောက်နိုင်ထဲ ဖြစ်ရမယ်ဗျ”ဟုကြည့်ဟောလိုက်လေသည်။ ကျွန်ုပ်လည်း အိတ်ကပ်ထဲ မှ တစ်ပုလင်းစာပိုက်ဆံလေးကို သတိရပြီး မမူးခင် ဖွက်ထားရမည်ဟု တေးထားလိုက်မိသည်။ မနက်စာအတွက် အရေးကြီးသည် မဟုတ်လား ။ သို့ သော် ဝေဒ အဂျေး က ”ခင်ဗျား အိတ်ထဲကပိုက်ဆံပေးစမ်းဗျာ။ကျုပ် လမ်းထိပ်နား ကကုလားဘယာကြော်သွားဝယ်လိုက်ဦးမယ်၊ဥာဏ်ပူဇော်ခလို့ သဘောထားပေါ့ဗျာ”ဟုတောင်းသောကြောင့် ကျွန်ုပ်လည်း မငြင်းသာတော့ပဲ ထုတ်ပေးလိုက် ရသည်။

၎င်းကပိုက်ဆံယူပြီးနောက် လမ်းထိပ်ဘက်ထွက်သွားလေ၏။ ကျွန်ုပ်လည်း တစ်ယောက်ထဲပျင်းသည် နှင့် ခေါင်ရည်သာ သောက်နေ ရသည်။ မီး လာ၍အခန်းထဲ မှတီဗွီ ပြထားသောကြောင့် လှမ်း ကြည့် နေ ရသည်။ ညနေ စောင်းခါစ ရှိသောကြောင့်အစီအစဉ်ကောင်းများ မလာသေးပဲ ပျင်းဖွယ်ကောင်းသော သီချင်း အစီအစဉ် များသာလာနေသေးသည်။ ကြော်ငြာတစ်ချက်တစ်ချက်လာသောကြောင့်ကြော်ငြာလာမှလှမ်းကြည့်ဖြစ်သည်။ ဝေဒအဂျေးမှာ အတန် ကြာမှ ပြန်ရောက်လာသည်။ဘယာကြော်ကတော့လေးတစ်ခု ကိုင်၍ ပြန်ဝင်လာ၏။”ကိုအဂျေး ဘယ်နှယ့်တုန်း ။ ကြာလိုက်တာဗျာ ဒီမှာတစ်ယောက်ထဲ”ဟု ပြောလိုက်ရာ ၄င်းက”ဘယာကြော်သည် ကို အရေအတွက် အတိအကျနဲ့ မှာနေလို့ ဗျ။ ဒီနေ့  ကျင့်စဉ်အရဘယာကြော် ၃၀ စားရမယ်ဆိုလို့ ။ ခင်ဗျားအတွက်လည်း အလုံး ၃၀ ၀ယ်လာတယ်ဗျ။ဘယာကျော်အောင် ဘယာကြော်စားလိုက်စမ်းဗျာ” ပြုံး ပြုံးကြီးပြောလိုက်လေသည်။

သို့ နှင့်နှစ်ယောက်သား ခေါင်ရည် နှင့် ဘယာကြော်လေးဖြင့် မြုံ့ နေတုန်းဆိုင်ရှေ့ မှ ဆိုင်ကယ်တစ်စီးထိုးရပ်သံနှင့် အတူ မဲမဲ၀၀ တစ်ယောက် နှင့်ပိန် ပိန် ရှည်ရှည် လူတစ်ယောက်တို့ စကားပြောရင်းဝင်ရောက်လာကြသည်။မဲမဲ၀၀ နှင့် လူ က ”ရဲဝင်း တို့ ကတော့ မင်းသမီးရှုံးလောက်တယ်ကွာ။မင်းလမ်းလျှောက်တာ ။ ငါ တို့ ဇာတ်မှာသာဆိုရင် နောက်ပိုင်းမင်းသမီးလုပ်လို့ ရတယ်။” ဟု အော်ပြော ရင်း အထုတ်တစ်ထုတ်ဆွဲကာနောက်ကလိုက်ဝင်လာသည်။ စည်ပိုင်း တစ်ခု လိမ့် လာသည် နှင့် အလားသဏ္ဌာန်တူလှပေသည်။ ထိုသူနှစ်ယောက် ကား လူရွှင်တော် ဆင်ကြီး နှင့်ကို ရဲဝင်းသူတို့ဖြစ်ကြလေသည်။ရုတ်တရက်ကျွန်ုပ်တို့ ကို တွေ့ မြင်သေးဟန်မရှိပဲထိုင်ရန်ပြင်ပြီး မှ လှမ်းတွေ့ သွားသည်။ ”ဟာ ဝေဒ အဂျေး နဲ့ ဆရာဗာလ ပါလား။

လာဟေ့ ရဲ ၀င်း သူတို့ စီ သွားထိုင်ရအောင်”ပြောရင်း ဆိုရင်း နှစ်ယောက်သားကျွန်ုပ်တို့ ဝိုင်းသို့ ကူး လာလေသည်။ အလိုက်သိသော မရှမ်းမကခေါင်ရည်နှစ်လုံး နှင့် ဖန်ခွက် တို့ ကို ပါ ယူလာချပေးလေသည်။လူရွှင်တော်ဇော်နိုင်လင်း က ” ဘယ်လေများ တိုက်လို့ တိုက်ဆိုင်နေတာလဲမသိဘူး။ ဒီည ဇာတ်တိုက် က လည်း မရှိသေး။ ရဲဝင်းလည်းရောက်နေလို့ လာတာဒီဆရာနှစ်ယောက်နဲ့ ပါတိုး နေ ပါရောလား ဟရို့ ။ စားကြဦး ဒီ မှာ ၀က်သားတုတ်ထိုး ပါလာတယ်။ ဆရာအဂျေး ကန် တော့ဗျာ။ သတ်သတ်လွတ်တော့မဟုတ်ဘူး ။ကိုဗာလစားလို့ ရတာပေါ့။ ” ဟုပြောရာ ဝေဒအဂျေးက “ကိစ္စမရှိပါဘူး။ စားကြပါဗျာ။ကျွန်တော်က တော့ ဘယာကြော်နဲ့ ဆိုပြီးပါတယ်။ ဆရာဗာလသာ အသား မစားရရင်မနေတတ်သလို ဖြစ်နေတာနဲ့ အတော်ပဲပေါ့ဗျာ” ဟုပြော၏။

ကျွန်ုပ်ကလည်း အသားဖြင့် မြည်းရပြီ ဟု တွေးပြီးလက်နှိုက်ရန်ပြင်လိုက်သည်။ သို့ သော်ဖြူဖြူ၀၀နတ်ကတော်ကြီး ကြာငဖြိုး ရုတ်တရက်ပေါ်လာ၍”မာမီနည်းနည်းပေးစား”အသံပြုလိုက်ပြီး ဒုတ်ထိုးထုတ်ကို ကောက်ပြီး တူဖြင့်ညှပ်ကာမြိန်ရည်ရှက်ရည် ဆွဲစားနေလေသည်။ ကြာငဖြိုး နောက်နားကတော့အရက်ပျော် သက်ခိုင် လည်းပါလာလေသည်။ သူလည်း ပါဆယ်တစ်ထုပ်တော့ဆွဲလာသည်။ကိုအေးဆိုင် မှ ဘီအီး ထုပ်ဖြစ်လိမ့်မည်။ ခေါင်ရည်ဆိုင်မှာဝိုင်းကောင်းမည် ဟု နတ်ကတော်ကြာငဖြိုး အကြားအမြင်ရကာ လာခေါ်သောကြောင့်လက်ကျန်လေးကို ပါဆယ်ဆွဲ၍ လိုက်လာခြင်းဖြစ်သည်။

လူ၎ ယောက်နှင့် စည်ပိုင်း နှစ်လုံး စာခန့် ဖြစ်လာသောကြောင့် စားပွဲနှစ်ခုဆက်၍ ထိုင်ရလေ၏။ မရှမ်းမလည်း အလုပ်များသွားသည်။ ခေါင်ရည်ပုလင်း လာချလိုက် နောက်တစ်ယောက်က ထပ်မှာလိုက် ဖြင့် လက်မလည်နိုင်အောင်ဖြစ်နေသည်။ကျွန်ုပ်လည်း အတန်ပင် ထွေလာသောကြောင့် စကား ၀င် ရောက်ပြောရန်ကြံသေးသည်။သို့ သော ဇာတ်ပွဲလူရွှင်တော်၊နတ်ကတော်၊ဝေဒဆရာ နှင့် နယ်လှည့် ဈေးသည်ရဲဝင်းသူ တို့ ကြား စကားမဖောက်နိုင်ပါ။ အရက်ပျော်နှင့် ကျွန်တော်ကနှစ်ယောက်သား ခေါင်ရည်သောက်လိုက် ဖြင့် မြေပဲလှော်သာစားရသည်။ နတ်ကတော် က၀က်သားဒုတ်ထိုး ထုတ်ကို အပိုင်စီးထားသည်။

လက်က မချပဲစကားပြောလိုက်စားလိုက် ဖြင့်ခေါင် ရည် လည်းမော့ နေရသေးသည်။ အားလုံးထွေလာစဉ် ရဲဝင်းသူ က ၄င်း၏ လွယ်အိတ်ထဲ မှ ရှည်မျောမျော အရာတစ်ခုဆွဲထုတ်လိုက်သည်။အားလုံးစိတ်ဝင်တစား လှမ်းကြည့်သည်ကို ရဲဝင်းသူ ကျေနပ်စွာပြုံးလိုက်သည်။ ပြီးမှ”ဒီ ပစ္စည်းက ကျွန်တော် နယ်စပ်နားက ရွာတစ်ရွာနားက အဖွားကြီးတစ်ယောက်ရောင်းလိုက်တာ။ သူ့ မြေးမ က ကျွန်တော့စီက အလှကုန်ပစ္စည်းလေးတွေ လိုချင်လို့ တဲ့ ။ပိုက်ဆံလည်းမရှိတော့ အဖွားကြီး က သူ့ မြေးမ အတွက်ဝယ်ပေးချင်လို့ ဆို ပြီး သူ့ တို့ မိသားစု အဆက်ဆက် အမွေဖြစ်တဲ့ ဒီ ဟာကိုအလှကုန်တွေ နဲ့ လဲယူသွားတာပဲ။ ကျွန်တော်လည်း ရှေးဟောင်းပစ္စည်းဆိုဝါသနာပါလို့ ကြည့်လိုက်တာနဲ့  အတော်ရှေး ကျတဲ့  ဟာတစ်ခု ဖြစ်မှန်းသိတယ်။ဒီပေါ်မှာ ဂမုန်းပန်းလိုလို ပန်းပွင့်ပုံလေးတွေ ဖော်ထားတာ တွေ့တယ်မဟုတ်လား ။ ဒီလက်ရာမျိုး က အနည်းဆုံး ကုန်းဘောင်ခောတ်လောက်ကပဲဗျ။ကြည့်စမ်းပါဦး” ဟု ဆို ပြီး ဝေဒအဂျေးလက်ထဲ ထည့်ပေးလိုက်သည်။ ဝေဒ အဂျေး ကမျက်လုံးပင့် ၍ အတန်ကြာလေ့လာပြီးနောက် ကြာငဖြိုးလက်ထဲ ထည့်ပေးလိုက်သည်။ငဖြိုး က အသေအချာ ပွတ်သတ်ကြည့်ပြီး၊ အရွယ်အစား ကတစ်တောင်ကျော်ကျော်လောက်နဲ့ ။ အလေးချိန်က ပျဉ်းကတိုးသား နဲ့လုပ်ထားတာလားမသိဘူး။ လေးလိုက်တာ။ ပန်းပွင့် ပုံလေးတွေဖေါ်ထားတာလည်းလှလိုက်တာ။အမလေးတော် ရင်ခုန်လိုက်တာ” ဟု ပြောရင်း တစ်ချက်ကိုက်ကြည့်လိုက်သည်။ လူရွှင်တော်ဇော်နိုင်လင်း က တော့”ရဲ ၀င်း ၊မင်း ဟာ က မင်းကြီးမင်းလေး ကို ရွှေဖော့လုံး နဲ့ ဆုံး မလိုက်လို့  ဆို အနော်ရထာ က ဆိုဖူးတယ်မဟုတ်လား။ ဒါ က အဲဒီ ရွှေဖော့လုံး များဖြစ်နေမလား မသိဘူး။ ” ပြောရင်း ကျွန်ုပ်ဆီလှမ်းပေးလိုက်သည်။ကျွန်ုပ်က တော့ ဘာညာမှန်း မသိ ဤတုတ်တို ကို လက် ဖြင့် ဆကြည့် လိုက်အလင်းရောင်အောက် ပြန်ထောင်ကြည့်လိုက် ဖြင့် လုပ်ကြည့်သော်လည်းချောမွတ်သော သစ်သားဖြင့် ပြုလုပ်ထားသည် ဆိုသည်မှလွဲ၍ မခန့် မှန်းတတ်ပါ။နောက်တော့ ကြည့်လည်း မထူးသဖြင့် အရက်ပျော်သက်ခိုင်ဘက်သို့ကမ်းပေးလိုက်သည်။ သက်ခိုင်က ကြည့်ပြီး ”ရွှေဖော့လုံး နဲ့ ဆုံးမလိုက် ဆိုပြီး အမတ်တွေ က ဒီတုတ်ကို လုပ် ပြီး မင်းကြီးမင်းလေးကိုရိုက်တာဖြစ်နိုင်တယ်။

ဆရာမ မတင်ဝင်း စာအုပ်ထဲမှာလည်း အဲလို မျိုး ပါဘူးတယ်။ ဒီလို တုတ်နဲ့ ရိုက်လို့ လဲ မင်းကြီးမင်းလေး သေသွားတာဖြစ်နိုင်တယ်“ဟု ထောက်ခံလိုက်သည်။ ကြာငဖြိုး မှာ ရုတ်တရက် လက်အုပ်ချည်လိုက်ပြီး”ကိုယ်တော်ကြီးကိုယ်တော်လေး တို့ ကို ရိုက်တဲ့ ဒုတ်များ လား ဘုရားဘုရား ။ပစ်မှားမိတော့မလို့ တော်သေးတယ်။ ကိုယ်တော်နှစ်ပါးတို့  တပည့်တော်မ ငဖြိုးမသိနားမလည်ပဲ မရိုမသေပြုမိတာခွင့်လွှတ်ပါ”ဟု တုန်တုန်ရင်ရင် ဖြင့် တောင်းပန် နေလေသည်။ထို စဉ်တွင် ကျွန်ုပ်တို့ ဝိုင်းနား သို့ လူ တစ်ချို့  လာရောက်၍ဖြတ်သွားဖြတ်လာလို လို ဖြင့် ဒုတ် တံကို မသိမသာ လာရောက် ကြည့်ရှုနေကြသည်။ကျွန်ုပ်တို့ ကလည်း ကိုယ့် ဘာသာ စိတ်ဝင်စား နေ သဖြင့်သတိမထားမိလိုက်သေးပါ။ငြိမ်နေသော ဝေဒအဂျေး က သတိထားမိပြီး ရဲဝင်းကို ထို ဒုတ်တံကို အိတ်ထဲပြန်ထည့်ထားလိုက်ရန် ပြောလိုက်သည်။ မကြာမီပင် ခေါင်ရည်ဆိုင်အတွင်းသို့လူများ စွာ ၀င်ရောက် လာထိုင်ကြလေသည်။ ခေါင်ရည်မှာသောက် ပြီး စကား မပြောကြပဲ ထိုင်နေကြခြင်းဖြစ်သည်။ တံခါးပေါက်များ နားတွင် နေရာယူ၍ထိုင်ကြသောကြောင့်ကျွန်ုပ်တို့ ပြေးလမ်း မရှိစေရန်စနစ်တကျ နေ ရာယူ နေကြခြင်းဖြစ်သည်။ ၄င်းတို့ က ဘာလှုပ်ရှားမှုမျှ မလုပ်သေးသဖြင့်ကျွန်ုပ်တို့  မှာလည်း ခေါင်ရည်ဆက်သောက်ပြီး ငြိမ်နေကြသည်။

ဗာလ

Thursday, October 29, 2009

အိမ်အပြန်လမ်း



ကျွန်တော့ရဲ့ ပထမဆုံး ပုံနှိပ်စာမူလေး 2009 နိုဝင်ဘာလ ထုတ် ပေဖူးလွှာမဂ္ဂဇင်း မှာ ပါလာလို့တင်ပေးလိုက်ပါတယ်။
ဒိုက်စ်

Tuesday, October 27, 2009

အလွမ်းအခန်း ငယ်

မိုး ရေစက်တို့  ပြတင်းတံခါးကို လာမှန်နေသည်။ အခန်း ငယ်၏ ပြတင်းတံခါး တို့ ကို အနည်း ငယ်စိပိတ်ထားလိုက်ရသည်။ တံခါးပိတ်လိုက်ပြီး ခဏကြာတော့ လှောင် အိုက် လာပြန်သည်။ ပြတင်းတံခါး ကို အနည်းငယ်ပြန်ဖွင့် ရင်း ဆက်အိပ်ရန်ကြံနေစဉ် ပင် အောက်ထပ်စီမှ အသုဘ ဘင်ခရာ တီးမှုတ်သံကြားရပြန်သည်။ ရုံးပိတ်ရက် မိုး အေးအေး နှင့် ကွေးမည် ဟု စိတ်ကူးပြီး မှ ဤကဲ့သို့ တရုတ် အသုဘ နှင့် တိုး လျှင် ဒုက္ခ ရောက်တတ်ပြန်သည်။ ခေါင်းအုံး နှင့်နားပေါ်အုပ်ပြီး ဆက်အိပ်ရန် ကြိုးစားလိုက်သည်။ မအိပ်လို့ လဲ မရ။ ညက များထားသေးသည်မဟုတ်ပါလား။ ယခု ထိ အမူးကမပြေချင်။ ခေါင်းက ကိုက်ချင်သလို လိုဖြစ်ရာ မှ ဘင်ခရာသံကြောင့် ပို၍ စိုး လာလေသည်။

ရုံးပိတ်ရက် တစ်ချို့ တစ်ဝက်သည် လှဲနေရင်းကုန်လွန်းသွားခဲ့လေပြီ။ အလွမ်း များပေကြံနေ သော နှလုံးသား က တော့ ဆက်လက် လတ်ဆတ်နေဆဲပင်။ အခန်းတွင်း ပူလောင်မှု နှင့် အတူ အလွမ်း မီးလျှံတစ်ချို့ ကလည်း ပြန်လည် တောက်လောင်လာပြီဖြစ်သည်။ သောက်ထားသော အရှိန် ကုန်သွား သည် နှင့် အခန်း ငယ်လေး အတွင်း အလွမ်း အငွေ့ အသက် များ ဖြင့် ရင်ဘတ်တစ်ခုလုံး ပါတင်းကျပ်နေလေ၏။ စိတ်ပြေလက်ပျောက် လုပ်စရာရှိသည် များ ထလုပ်သော်လည်း စိတ်ကတော့ မပျောက် ပါ။ ချစ်သူ အကြောင်း ကဗျာ တစ်ပုဒ်စာတစ်ပုဒ် ရေးစပ်လျှင်ကောင်းမလား ဟု ကွန်ပျူတာကို ဖွင့်လိုက်သောအခါ သူမပုံ ပြည့်တင်ထားသော desktop background ကြောင့် လှိုက်ကနဲ ဖြစ်သွားရပြန်သည်။

ဂစ်တာကို ကောက်ကိုင် ၍ တိုးကြီး သီချင်းများ အသာ တီးခတ်မိလိုက်သည်။ လွမ်း လိုက်တာ ချစ်သူရယ်။အသက်(၃၀) ပြည့် ပြီဖြစ်သော်လည်း နှလုံးသား က အရွယ်ရောက် နောက်ကျခဲ့လေသလား ထင်ရသည်။ ယခု မှ အရူးအမူး ချစ်တတ်တုံး၊ အလွမ်းကြီး လွမ်းနေတုန်းပင်။ ငယ်စဉ်က ပစ်ချထားခဲ့ရသော အချစ်များ ယခု မှ အတိုး နှင့် ပြန်လည် ဒုက္ခပေးနေခြင်းဖြစ်ပေလိမ့်မည်။ ကွန်ပျူတာတက္ကသိုလ် (၃) နှစ်သက်တမ်းတလျှောက် အချစ်ကို မေ့မေ့ပျောက်ပျောက် နှင့် နေလာခဲ့ရာမှ၊ ယခု ကြီးမှဝက်သက်ပေါက်ရလေပြီ။ ဘီအီး အရက်ပုလင်း နှင့် ပျော်ခဲ့ သူ တစ်ယောက် ရေခဲစိမ် ဘီယာ သောက်နေချိန်မှာ အတိတ်အရိပ် တစ်ချို့ က လည်း ပုံမှန် ရိုက်ခတ်လာတတ်သည်။

ဘီယာကို ရေခဲထည့်ပြီးသောက်တတ်သူ တစ်ယောက် ဖြစ်လာသော်လည်း ဘီးအီးသောက်ခဲ့စဉ်က ကုန်လွန်သွားခဲ့ချိန်များ ကို နှမြောနေမိသည်။ ထို စဉ်ကတည်းက သူမသည် လည်း အနားမှာ ရှိနေခဲ့ ပြီးဖြစ်သည်မဟုတ်ပါလား။ သို့ သော်လည်း အချစ်သည် နှလုံးသားတံခါး ကို ခေါက်ရုံသာခေါက်သွားခဲ့သည်။ ယခု ဒဏ်ရာ ပြင်းထန်လာချိန်တွင် အနားမှာ သူမသည်လည်းမရှိတော့ ။ လွမ်းတတ်ချိန် တွင် လွမ်းစရာ အကြောင်းအရာများ စုပြုံရောက်လာသည်။ တစ်ယောက်တည်း အခန်းကျဉ်း ညငယ်များတွင် ဘီယာ ပုလင်း နှင့် ညကို ဖြတ်သန်း နေရပေပြီ။ ဂစ်တာမတောက်တခေါက်တီး၍ အလွမ်းညတွေ ဖြေသိမ့်ကြည့်နေရသည်။ ပြန်လာခဲ့ပါ ချစ်သူရယ်။ရုံးဖွင့်ရက်ရောက်ပြန်တော့ နှိုးစက် မြည်လာချိန်မှာသာ ပြန် အိပ်ပျော်ရင်း အိပ်မပျော်တဲ့ညများ စွာ အချစ်သည်သာ စိုး မိုး လျက်ရှိသည်။

အခန်းတစ်ခုလုံး သူမပုံရိပ်တွေ ထင်ဟပ်နေသလားမှတ်ရသည်။ တစ်ကိုယ်ရည်ညများ အားလုံး ပိုင်ရှင် သည် သူမ သာ ဖြစ်ခဲ့လေပြီ။ အိပ်ရေးပျက် မျက်လုံးများဖြင့် အလုပ်ဝင် ၍ ညနေခင်း တစ်ကိုယ်တော် အလွမ်းသမား သူငယ်ချင်း တစ်ချို့ နှင့် ဘီယာဆိုင်မှာ ။ တဒင်္ဂ အလှများ မျက်လုံးထဲဝင်လာသော်လည်း နှလုံးသား ထဲ ထိအောင် ရောက်မလာခဲ့ပါ။ ဘီယာဆိုင်က ထပြန် ပြီး အခန်းထဲရောက်တော့ သူမသည်သာ ည၏တွေး လုံး များ ဖြစ်လာပြန်ပါသည်။ ဂီတာကို ကောက်ကိုင်၍ အသံတိတ်တီးခတ်ရင်း အလွမ်းဖြေရသည်။အလွမ်း ရက် ရင့်လာခဲ့သော်လည်း အခန်းထဲမှာ တစ်ယောက်ထဲ ရှိဆဲဖြစ်လေသည်။

အားမရှိသော စကားလုံးတို့ က ဂီတ ထဲတွင်သာ သီချင်းအဖြစ်သူမကို ချစ်ကြောင်းဖွဲ့ ဆို ဖြစ်နေဆဲဖြစ်သည်။ ရပ်တန့် ၍ မရနိုင်တော့သော အလွမ်းကမ္ဘာထဲ နစ်မျောရင်း ဘယ်လို ပဲဖြစ်ဖြစ် အခန်းထဲ တစ်ယောက်ထဲ လွမ်းမြဲလွမ်းလျက်ပင်။ ။

ဗာလ

Sunday, October 25, 2009

မန္တလေးလေလံပွဲ (၁၂) ဇာတ်သိမ်း

ကင်းလည်း ပါသွားပြီဖြစ်သည်။ အဂျေးနှင့် မျိုးဆက် လည်းခေါင်ရည်ဆိုင်သွားကြလေပြီ။(နောက်တော့ သက်ခိုင် တို့ အုပ်စုနှင့်ခေါင်ရည်ဆိုင်တွင်တွေ့ ကြသည်ဟု ကြားရပေသည်။) ကျန် နေသူ အောင်စိုးဝင်း၊မြတ်သူရဗိုလ်၊ ဇော်ဝင်းအောင်(ဆရာ)၊ ကျော်စွာမျိုး နှင့်ငြိမ်းချမ်း တို့ သာ ကျန်ပေတော့သည်။

ထိုထဲ တွင် ရေ ပန်းအစားဆုံး ကားမြတ်သူရဗိုလ်ပေတည်း။ အလှည့်ကျသူ က လည်း မြတ်သူရဗိုလ်ဖြစ်သည်။ဘောင်းဘီလက်ပြတ်နှင့် သရဲ လေးကောင် ဒိုင်များ အားကိုး ကာ ရှေ့ ထွက်လာသည်။ရှေ့ တွင် ငြိမ်းချမ်း က အရင်ထွက်ပြီး ဟန်ရေးပြနေသဖြင့် လုံခြုံရေးများ(အောင်ကြီး နှင့် လှိုင်မျိုး ) က တက်၍ ဆွဲချ လိုက်ကြရသည်။သရဲလေးကောင်က ထ၍ (၃၀ ကျော်ချင်း အတူ တူကို ) ”ဒီက မောင်လေး က ပင်လယ်ပျော်သဘောင်္သား သူရဖြစ်ပါတယ်။သူ က အင်မတန်မှ ချစ်တတ်ပါတယ်။ ချစ်တတ်လွန်းလို့ လဲအိမ်ထောင်လျက်သားမကျ ဖြစ်နေတာသာဖြစ်တယ်။

ဂီတကို ၀ါသနာပါပြီးတော့ အင်မတန်မှ နူးညံ့သိမ်မွေ့ သူ ဖြစ်ပါတယ်ရှင်၊ကဲမောင်လေး ရေ ပရိတ်သတ်ပွဲတောင်းနေတုန်း တစ်ပုဒ်လောက်ဟစ်ပြလိုက်စမ်းပါဦး” ဟု သာသာထိုးထိုးလေးမြှောက်ပေးကြသည်။သူရဆိုသည်မှာလည်း မြှောက်ပေးလျင် တက်အောင်က တတ်သူ ဖြစ်လေသည်။ချက်ချင်း သိုင်းကွက်နင်းသကဲ့သို့  ပုံစံပြင်လိုက်ပြီး မြင်းတစ်ကောင်နှယ် ဟီပြလိုက်လေသည်။မိန်း ကလေးကြီးငယ် အားလုံး သတိမေ့ သွားကြတော့မရောင် အယောင်ယောင်အမှားမှားဖြစ်ကုန် ကြလေပြီ။

အသည်းယားသွားကြသလားမသိ။ငြိမ်းချမ်း က မကြည်တော့ ။ လုံခြုံရေးများ ဖမ်းချုပ်ထားသောကြောင့်ပါးစပ်ဖြင့် လှမ်းအော်ပြောလိုက်သေးသည်။”ဟေ့သူရ၊ မင်းက သဘောင်္သားဆို တော့ HIV လဲဖြစ်နေနိုင်တာပေါ့၊နိုင်ငံစုံလည်နေတဲ့ လူဆို တော့ ပြောလို့ မရဘူးလေ”ဟု လှမ်းပြောလိုက်သေးသည်။သူရကလည်း သည်းမခံနိုင်။”ဗျို့ ကို ငြိမ်းချမ်း ၊ သင်္ဘောသားဆို တာ ဆေးအမြဲစစ်ရတယ်၊ ခင်ဗျားသာလူပျိုကြီးယောင်ယောင်နဲ့ ဟိုသွားဒီသွားသွား ရင် ဒီမှာက ပိုဖြစ်နိုင်သေးတယ်”သူ ရ ပြန်ပြောသံကြားတော့ ငြိမ်းချမ်းမှာ ဆွေ့ ဆွေ့ ခုန်သွားပြီး” မင်း သာ သောက်စားမူးယစ်ပြီး ဖြစ်မှာ ကွ ၊ ငါ က သန်မာပြီးဘာရောဂါမှမရှိဘူး။ ညီမလေးတို့ စိတ်ကူးမလွဲကြနဲ့ ။ဒီလိုကောင်ယူ လို့ ကတော့ဝေဘာဂီမှာ သွားနေရလိမ့် မယ်။”ဟု ပြန်တွယ်လိုက်သည်။

”ဟေ့ ဗိုက်ကလေး၊ မင်း အေးဆေးနေ၊ ကာတွန်းဗိုက်ကလေးသာ ရောင်းထွက် သွားမယ်၊မင်း က ဒီတစ်သက် ဘယ်တော့ မှ စွံမှာ မဟုတ်ဘူးကွ”သူ ရ ပြန်ပြောစကား ကြားသည်တွင်ငြိမ်းချမ်း တစ်ယောက် လှိုင်မျိုး နှင့် အောင်ကြီးဝိုင်းဝန်းချုပ်ထားသည့်ကြားမှ စင်ပေါ်သို့ ပြေးတက်သွားလေသည်။
”သတ္တိရှိရင် ဘယ်သူ ပို သန်မာသလဲ ပြိုင်ကြမယ်။ မှောက်တဲ့ သူ ဒီပွဲကထွက်သွားရမယ် ဘယ်နှယ့်လဲ”ဟု ငြိမ်းချမ်း က စိန်ခေါ်လိုက်သည်။သူရက ”လုပ်လိုက်လေ၊ ခုပဲစလိုက်ကြစို့ ” ဟုပြောပြီးသိုင်းကွက်နင်းလိုက်သည်။ သူ ၏ အကျွမ်းကျင်ဆုံးဖြစ်ဟန်ရှိသော မြွေသိုင်းပေတည်း။

ငြိမ်းချမ်း ပုဆိုး ကို ပုံ၍ ချွတ်ချလိုက်သည်။ထုံးစံအတိုင်းအားကစားဘောင်းဘီနှင့် ဖြစ်သောကြောင့် မိန်းကလေးများ ရဲ ရဲကြည့်ရဲ ကြခြင်းဖြစ်ပေသည်။ပြီးနောက် သွေးပူလေ့ကျင့်ခန်းစလုပ်နေပြီဖြစ်သည်။
သရဲလေးကောင်က ရန်ဖြစ်မည်စိုး ၍ တားလို သော်လည်း ဒိုင်ချုပ်ကြော့ကြော့လှိုင်ကမူ ၀မ်းသာအားရ လက်ခုတ်တီးပေးနေသည်။ ပရိတ်သတ်အားလုံးလည်း လက်ဝှေ့ ပွဲ ကြည့်ရလည်းမနည်းဟု ၍ ၀ိုင်းဝန်းအားပေးကြသည်။ သူရ ကိုအတန်းကြီးများ က အားပေးကြ၍ ငြိမ်းချမ်းကို တော့ အတန်းငယ်များ က”ဆရာငြိမ်းချမ်းကွ” ဟု အော်ဟစ်အားပေးကြပေသည်။

နေမျိုးထွန်းက တားရန် သွားသည်တွင် ဂိုက် ပေးကြမ်းသော ကျော်စွာမျိုး ကလှမ်းတားထားလိုက်သည်။ ပြိုင်ဘက် နည်းလေ ကောင်းလေမဟုတ်သည်လား။ဆရာဇော်ဝင်းအောင်ခမျာ ပွဲပျက်မည် စိုး၍ ၀င်ပြောသေးသောလည်း မရတော့။
နှစ်ယောက်လုံး ဟန်ရေးပြင် ပြီး နပမ်း လုံး ရန် ကပ်သွားချိန်တွင်ကပွဲဆောင်တစ်ခုလုံး မီးများ ပျက်ကြသွား၏။”မီးဗျို့ မီးဗျို့ ” ဟုတစ်စုံတစ်ယောက် က အော်လိုက်သည်တွင် လူများရုတ်ရုတ်သဲသဲဖြစ်ကာ အပြင်သို့ ပြေးထွက်သွားကြလေသည်။ ပွဲလည်းပျက်သွားလေပြီ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကပွဲရုံ ကြီးတိတ်ဆိတ်သွားလေပြီ။ အားလုံး မရှိတော့သောအချိန်တွင်ရုံနောက်ဘက် မှ လူတစ်ယောက် လှမ်းထွက် လာသည်။ ပိန်ပိန်ပါးပါး နှင့် ။ဆေးလိတ်ကို မီးညှိဖွာရှိုက်ရင်း”မင်းတို့ ငါ့ ကိုလေလံပွဲစာရင်းထဲ မဖိတ်ပဲ ချန်ထားတာကိုး ကွ၊ မီး လေးဖျက်ပေးလိုက်ပြီး အော်ပေးလိုက်တာ အားလုံးပြေးတာတန်းနေတာပဲ၊ဟားဟားဟားဟား”ပြောရင်း အပြင်သို့ ထွက်လာကာ အမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

၂၂ လမ်း ခေါင်ရည်ဆိုင်ထဲ လူစုံလာလေပြီ။အပယ်ခံဇော်နိုင်လင်း လည်း ပြန်ရောက်နေပြီဖြစ်သည်။ ငဖြိုး လည်းပြန်ခိုးထွက်ပြေးလာသည်။အဂျေး ၊သက်ခိုင်၊ အောင်သူ၊ မျိုးဆက် နှင့်ဆရာမကြီး ကို ခွင့်တောင်း၍ ပြန်လာသောရဲဝင်းသူ တို့ ဖြစ်လေသည်။လူအားလုံး ဆုံပြီးနောက် ခေါင်ရည်ပုလင်း များ စွာ ဘေးနားတွင်ပုံသွားကြလေပြီ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

”တို့ တတွေမူးနေတာပဲကောင်းပါတယ်” သီချင်းသံတစ်ချို ရေနီမြောင်းဘေးတွင်ပြန်လည် လွင့်ပြန်လာပါသည်။ကျွန်တော်တို့ သူငယ်ချင်းလက်ကျန်တစ်ချို့ ဖြစ်ပါလေ၏။

( ဒီပို့စ်ကို ကျောင်းနေဘက် ငယ်သူငယ်ချင်းများ အားလုံး အား အမှတ်တရ လွမ်းဆွတ်ခြင်းကြောင့် ဖန်တီးရေးသား လိုက်ခြင်းဖြစ်ပါသည်။ မည်သူ့ကိုယ်ရေးကိုယ်တာ မှမထိခိုက်ပဲ သတိရခြင်းသက်သက် ဖြင့် ကျောင်းသားဘဝ ကိုယ်စီကိုယ်စီ ငယ်မူငယ်ကျင့်များ ကို ရောယှက် ရေးသားလိုက်ခြင်းဖြစ်ပါသည် )

ဗာလ

Saturday, October 24, 2009

မန္တလေးလေလံပွဲ (၁၁)

အခုတစ်ခေါက် အလှည့် ကျသူ တက်လာပါပြီ။ ရုတ်တရက် ပရိတ်သတ်မှ ဟာသဇာတ်ရံဖိုးဖြူ ပရက်စန်တာ လုပ်ဖို့တက်လာသည်ဟုထင်ကြသည်။ထင်ချင်လည်းထင်လောက်ပါသည်။ တက်လာသူကား အဂျေးကဲ့သို့ သက်သတ်လွတ်သမားကိုပင် အရက်သောက်အောင်မြှောက်ပေးသူ မသူတော် မျိုးဆက်ပေတည်း။ပုံစံကိုကြည့်ပါ အဝေးကပင်မြင်နိုင်ပါသည်...ပုဆိုးစွန်တောင်ဆွဲ။ကိုင်းကျိုး မျက်မှနှ်နှင့် ကွမ်းစားထားသဖြင့် ရဲနေသော သွားများပေါ်အောင်ပြုံး၍ မခို့တရို့ဟန်မှာ ဖိုးဖြူနှင့် ရိုးမှားလောက်စရာ။

အဂျေးကို ခေါင်ရည်ဆိုင်တွင် ထားခဲ့ပြီး ပွဲမမီမည်စိုး၍ ပြေးပြန်လာရသောကြောင့် စင်ပေါ်တွင် အမောဖြေနေရသေးသည်။

မိုက်ခွက်နှင့် ပါးစပ်တေ့ပြီး တခုခုပြောတော့ မလိုလိုလုပ်ပြီးမှဘာမှဆက်မပြောပဲ သူခိုးမျက်လုံးများနှင့် ပရိတ်သတ်ကို တချက်ကြည့်ကာခါးပုံစထဲမှ ကွမ်းတယာ ထုတ်စားနေလေသည်။ သူ့ဘာသာမိတ်ဆက်တော့မလိုလိုလုပ်နေသောကြောင့် အီးကြော့မှာ မိတ်ဆက်ပေးရမှာလိုလို၊ မပေးရဘူးလိုလိုနှင့်အူကြောင်ကြောင်ဖြစ်နေလေသည်။


ပြီးမှ မျိုးဆက်ဖြစ်ပါတယ်....ကောင်းခြင်းများမပြောတော့ပါဘူး။ (ပြောလျှင်လည်းယုံမည့်သူ တစ်ယောက်မှ မရှိ) ပြောစရာဆိုလို့ တစ်ခုပဲရှိပါတယ် ၁။ လွန်မင်းစွာချစ်တတ်ခြင်း ပဲဖြစ်ပါတယ်။ ( အီးကြော့ သည်လူလည်ကျကာ စကားကိုအကုန်မပြောပဲ ချန်ထားလေသည်။ သူဆက်ပြောရန်ကျန်သည်မှာလွန်မင်းစွာချစ်တတ်ခြင်း ..မိန်းကလေးတိုင်းကို ) ဆိုတာဖြစ်သည်။


မကေသွယ်ကြေငြာ သံ ထွက်လာသည်။ မျိုးဆက် ကို ကြမ်းခင်းဈေး ၁၀၀၀၀သတ်မှတ်ထားပါပေမယ့်လည်း သူ့ရဲ့ သမီး နှင့် အမေကို ရည်းစားစကားမှားပြောတတ်တဲ့ အကျင့်၊ ဖဲခိုးတတ်တဲ့ အကျင့် နဲ့ လူတကာကို ဒုက္ခရောက်အောင်မြှောက်ပေးတတ်တဲ့ အကျင့်ကြောင့် ကြမ်းခင်းဈေးကို ၁၀၀၀ အထိချလိုက်ရတာပါ။အီးကြော့က တော့သဘောမတူ ။ ချစ်သူငယ်ချင်းတစ်ယောက် ကို ၁၀၀၀ နှင့်ရောင်းလို ခြင်းမရှိ။ ထို့ ကြောင့်”ကြမ်းခင်းဈေးက တစ်ထောင်ဆိုပေမယ့် ပရိတ်သတ်များထဲ က ဈေး ပေးလို့  ၁၀၀၀၀မ မကျော်ရင် မရောင်းပါဘူး။ပ၇ိတ်သတ်ကြီး စတင်ဈေးပေးနိုင်ပါပြီ။ ” ပြောထားသည်။၁၀၁၀ ပေးမယ်...ပထမဆုံး ပုသိမ်ကြီး အဝင် ကွမ်းယာဆိုင်မှ မချောလေးစတင်ဈေးပေးလေပြီး ( သူသည်... ၁၈၀၀၀ ကျော်အထိလိုက်ပေးနိုင်သည်ဟုလည်းပြောသည်..အကြောင်းမှာ သူအကြွေးစားထားသော ကွမ်းယာဖိုးပင် ၂၀၀၀၀ကျော်ပြီဟုသိရသည်။ ) သို့သော်.... ၂၅၀၀ .... မြတ်မြတ်စိုးက

သူနဲ့ အပြိုင် ၃၀၀၀ ပေးမယ် ဟု စင်အောက်နားဆီမှ အသံ ထွက်လာသည်။ ဆရာမဒေါ်စမ်းသီတာ ပင်တည်း။ဆရာမတစ်ယောက် လေလံပွဲ ၀င် မဆွဲလောက်ဟု စာဖတ်သူများ ထင်ချင်ထင်ကြပေမည်။အမှန်တော့ သူ မတပည့်လေလံဝင်ဆွဲနေသော မိန်းကလေးများ မှာ လည်း ဆရာမများဖြစ်နေပြီဖြစ်ရာ သူမလည်း လေ့လာသူ အနေဖြင့် လာ တက် ပြီးအခွင့်အရေးရလျှင် တစ်ယောက်လောက် ဆွဲသွားရန် ကြံထားခြင်းဖြစ်သည်။ဆရာမ သည် တချိန်က မျိုးဆက် ခိုးယူသွားခဲ့သော ၄င်း၏ လျှို့ဝှက်ဖိုင်ကိစ္စ အခဲကြေပုံမပေါ်။ မျိုးဆက်မှာကား မျက်နှာဇီးရွက်လောက်သာကျန်တော့သည်။နောက်တယောက် ဈေးတက်ပေးပါစေဟုသာ ဆုတောင်းနေရတော့သည်။၎င်းဆုတောင်းပြည့်ပါသည်... ရုတ်တရက် ၄၀၀၀ ပေးပါမယ် ဟု နန်းစုလှိုင်မွန်မှ အော်လိုက်သည်။သူမသည်ကား ကွန်ပျူတာတက္ကသိုလ် ဒုတိယအသုတ်ကျောင်းသူတစ်ယောက်ဖြစ်သည်။စင်္ကာပူတွင် နေထိုင်သူတစ်ယောက်ဖြစ်သည်။သာမည ဆရာတော်ကြီး ၏ ဂါထာတစ်ပုဒ် ဖြစ်သော ခါးမှာ ဂဠုန် ၊ခြေမှာ နဂါး စသောဂါထာ ကို လည်း ဈေးပေါပေါနှင့်တစ်ယောက်လောက် လေလံဆွဲနိုင်စေရန်ရွတ်နေသည်။မျိုးဆက်မျက်နှာ ဇီးရွက် မှ နှမ်းစေ့ခန့် ဖြစ်သွား သည်။ ဂါထာကစွမ်းသောကြောင့်လားမသိ ။ ထပ်မံဈေးပေးမည့်သူ မပေါ်လာသေး။နန်းစုဘေးနားတွင်ထိုင်နေသော အရပ်ရှည်ရည် နှင့် ဇင်နွယ်က နန်းစုနားကပ်၍၀ယ်လို့ ရလျှင် သူမနှင့်လည်းဆိုင်သည်ဟု တီးတိုးညှိလိုက်သေးသည်။

ဒိုင်ချုပ်ကြောကြော့လှိုင်က ”၁၀၀၀၀ မကျော်ရင် မရောင်းပါဘူး ဘယ်သူ ပိုပေးဦးမှာလဲ” ဟု ထပ်မံပြောလိုက်တော့ နန်းစု တို့ အုပ်စုမျက်နှာပျက်သွားသည်။သဇင်ထိုက် က အားတင်း၍ မတ်တတ်ရပ်လိုက်ပြီး“၁၁၀၀၀ ပေးမယ်” ဟု ကြေငြာလိုက်သည်။ သို့ သော် သူမ ရပ်၍ပြောနေချိန်တွင်ပင်”၁၅၀၀၀” ဟု အသံတစ်ခု ကြားလိုက်ရသောကြောင့် ရှက်ရှက် နှင့် သူမ ပြန်ထိုင်သွားရသည်။အော်လိုက်သူ က တော့ MIT မှ ဆရာ ဦးမင်းကြွယ် ဖြစ်သည်။ ဆရာ ဦးမင်းကြွယ်၏ထောင်မောင်းသော အရပ်အမောင်း၊ ထူးကဲသော ခွန်အားဗလ၊ ထူထဲသော နှုတ်ခမ်းများနှင့် မိန်းကလေး တစ်ယောက်ကဲ့သို့ နူးညံ့လွန်းသော မျက်ဝန်းရွဲကြီးများ ကိုကြည့်ကာ မျိုးဆက်တယောက် ပြေးပေါက်ချောင်းနေလေသည်။နေမျိုးထွန်းသည် အရင်းမကြေမှာ စိုးနေသောကြောင့် မျိုးဆက်ကို ချုပ်ကာ ဆရာဦးမင်းကြွယ်လက် ဝကွက်အပ်လိုက်လေတော့သည်။ဆရာက "ကဲမောင်မျိုးဆက် မင်း ဆရာ့ကနောင်ဆောင် က ငဖြိုးတို့ ၊ သက်ခိုင် တို့ မျိုးဇော်တို့ဆီ လာလာလည်တုန်း၊ ဆရာ ကိုကြီးကျော် ဆက်တဲ့ ဘီယာ ဗူးတွေ ခိုးခိုးသောက်တာ ကျေအောင် ကနောင် ဆောင် တခုလုံး မြက်နှုတ်ပေရော့။"( ဆရာ့ နောက်ဆုံး ကြုံးဝါးသံ အရ မျိုးဆက် ဘဝ မှာ ထင်သလောက် မဆိုးဝါးဟုယူဆရပါသည်။ )သို့ သော ဆရာ ပိုက်ဆံရှင်းပေးနေချိန် တွင် မျိုးဆက်စင်ပေါ်တွင်မရှိတော့ပါ။ အခွင့်အရေးရတုန်းထွက်ပြေးသွားပြီ ဖြစ်လေတော့သည်။

ဒိုက်စ်

Wednesday, October 21, 2009

မန္တလေးလေလံပွဲ (၁၀)

“အခု အားလုံး အတွက် အလှည့်ကျ သူလေး က ပထမအသုတ်ကျောင်းသား များ ထဲ ကအငယ်ဆုံး လေး မောင်အဂျေးဖြစ်ပါတယ်။ သူဟာ အလွန် ကို ကြိုးစားနိုင်သူဖြစ်ပါတယ်။ သက်လုံကောင်းပြီး ၇ နာရီလောက် တစ်ဆက်တည်း အလုပ်လုပ်နိုင်သူဖြစ်ပါတယ်။ စင်္ကာပူ က တောင် ပြန်လာပြီး တော့ မြန်မာပြည်မှာ ပဲ ပြန်လည်အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ အထူး အားသာချက် က သတ်သတ်လွတ်စားတာပါ။ သူ့ အတွက်အထူး ချက်ပြုတ်ပေးစရာမလို ပဲ ရရာ ထမင်းဆီဆမ်းလောက်နဲ့ အလုပ်ဖြစ်ပါတယ်။

ဒါကြောင့် ခုလို ရှားပါးတဲ့ ခောတ် ကြီး မှာ သူဟာ အင်မတန်မှတန်ဖိုးရှိပါတယ်။ ကြမ်းခင်းဈေးကို ၅၀၀၀ လောက် ဒိုင်က သတ်မှတ်ထားပေမယ့်အဂျေး ရဲ့ အထူးတောင်းဆိုချက်အရ ၁၀၀၀ သာ သတ်မှတ်ပေးထားပါတယ်။ ၄၀၀၀ ကို သူ့ဆရာ မျိုးဆက်(စင်္ကာပူ) က စိုက်ပေးမှာ ဖြစ်ပါတယ်။ အထူးဈေးနှုန်းချိုသာပါတယ်။ ၀ယ်ယူနိုင်ကြပါပြီ”မကေသွယ်ကျော် ၏ ရှည်လျားသော မိတ်ဆက်စကားအဆုံး ပရိတ်သတ်များပေါချောင်ကောင်း ၀ယ်ယူနိုင်ပြီဟူ ၍ တီးတိုး တိုင်ပင်နေကြလေသည်။သို့ သော် စင်ပေါ်သို့ အဂျေး ရောက်မလာသေးပါ။

စင်နောက်တွင် အဂျေးတစ်ယောက်စင်ရှေ့ မထွက်ရဲသဖြင့် အရက်တစ်ခွက်ကို ကောက်သောက်လိုက်၊ရူးသွားပေါက်လိုက် ဖြင့် အလုပ်ရှုပ်ပြနေသည်။အားလုံး က ထွက်ရန် ပြောသည်တွင် အဂျေးက“ ဟေ့ ကောင် မျိုးဆက် ၊ ရှေ့ လိုက်ခဲ့ ဦးကွာ ငါမသွားရဲ လို့ ” ဟု ဆရာကိုဖေါ်ညှိနေသည်။မျိုးဆက် က ၄င်းအားဆွဲခေါ်၍ စင်ရှေ့ ပို့ လိုက်ရသည်။စင်ရှေ့ ရောက်တော့လဲ ဘာမှမပြောရဲသေးပဲ ခေါင်းကုတ်လိုက် ၊အိတ်ကပ်ထဲမှပြောရန်ရေးထားသော စာရွက် ကို ဖြန့် ကြည့်လိုက် ဖြင့် အလုပ်များပြနေသည်။


အတန်ကြာ စာရွက်ခေါက်လေးဖြန့် ပြီး ထစ်ငေါ့စွာဖြင့်”ကျွန်တော် က အဂျေးပါ။ စာမှာ မထူးချွန် ခဲ့ပေမယ့်ကျန်တာအကုန်လုပ်တတ်ပါတယ်။ ၀ယ်ယူသူ ကောင်မလေး အတွက် ကျွန်တော်ဘာမဆိုလုပ်ပေးမှာပါ။ ပိုက်ဆံ လည်း ရှာနိုင်ပါပြီ။ Galaxyအင်တာနက် ကဖီးကို မန္တလေး မှာ ဖွင့်ထားနိုင်ပါပြီ။လာရောက်လည်းအားပေးနိုင်ကြပါတယ်ခင်ဗျား။ ကျန် တဲ့ အရည်အချင်းများကိုဝယ်ယူပြီးရင် သိကြမှာပါခင်ဗျား၊အားလုံးကိုကျေးဇူးတင်ပါတယ်” လွန်စွာ အမြီးအမောက်မတည့်သောစကားတို့ကိုပြောဆိုလေသည်။

ပရိတ်သတ်များ ငြိမ်နေသေးသဖြင့် ကြော့ကြော့ လှိုင်က ထပ်မံသတိပေးလိုက်သည်။“တစ်ထောင်ထဲက စတာနော်၊အမြန်ဝယ်ယူ ထားကြပါဦး”မြတ်မြတ်စိုး က အော်ရန်ပြင်သည်တွင် ပခုက္ကူ အပျိုချော ခင်သီတာနွယ်က ထအော်လိုက်သည်။”၁၅၀၀”အဂျေး မျက်နှာ ရဲ ကနဲဖြစ်သွားသည်။ မျက်လုံးများ က အရည်ရွမ်းသွားလေသည်။

”၂၀၀၀” မီမီလင်းထွန်း၏ ကျယ်လောင်သောဈေးခေါ်သံထွက်ပေါ်လာလေပြီ။ကျားမ ဟိန်းသံကဲ့သို့ ပင် ကျယ်လောင်လှသဖြင့် ပရိတ်သတ်အများစု ငြိမ်သွားကြလေ၏။လေလံဝင်ရောက်ဆွဲခွင့် မရှိပေမယ့် မီမီလင်းထွန်း အသံကြီး ကြားရသောအခါမအေးအေး ခေါ် အေးပဲ က ကျွဲမီးတို စွာ ဘေးနားက ခင်သီတာနွယ်ကို လက်တို့ ၍များများပေးရန်တိုက်တွန်းနေသည်။

ခင်သီတာနွယ်က လည်း အေးပဲ မြှောက်ပေးသဖြင့် မီမီလင်းထွန်း နှင့်ဈေးပြိုင်လိုက်ပေးလေ၏။”၅၀၀၀” မီမီလင်းထွန်းကလည်း မခေ။ အပြိုင်ပင်ဈေးခေါ်နေကြသည်။ နှစ်ယောက်လုံးအဂျေးကို မကြည့်ကြတော့ပဲ တစ်ယောက် ကို တစ်ယောက် ကြည့်၍ ရန်စောင်နေကြသည်။နှစ်ယောက်နှင့် တစ်ယောက် ဖြစ်သောကြောင့် မီမီလင်းထွန်း ၈၀၀၀ အရောက်လက်လျော့ပြီးစိတ်ဆိုး မာန် ဆိုး ဖြင့် ထိုင်ချလိုက်လေသည်။ စောင့် ထိုင်လိုက်သောကြောင့် ခုံ ပင် လန် ၍ လဲ လုလု ဖြစ်သွားသည်။

မီမီလင်းထွန်း နှုတ်ထွက်သွား ပြီး နောက် ခင်သီတာနွယ် မှာလည်း ၈၀၀၀ပေးမိရက်သားတွင် ရပ်နေရ၏။ ထပ်မံပေးမည့်သူ လည်း မပေါ်လာသေး။ အေးပဲ ကမသိချင်ယောင်ဆောင်၍ အပြင်သို့ ရှောင်ထွက်သွားလေပြီ။
ခင်သီတာနွယ်ခမျာ တစ်ယောက်ထဲ ပြုံးဖြီးဖြီး ကြီး ဖြစ်နေသသော အဂျေးကိုကြည့်လိုက် ဖြင့် ကျောချမ်းစွာ ရပ်နေရလေသည်။ဒိုင် က လည်း”ပိုပေးမယ့် သူ ရှိ သေးလား””ပိုပေးမယ့်သူ ရှိသေးလား”နှစ်ကြိမ်မြောက်လဲ ရောက်ရော ခင်သီတာနွယ် တစ်ယောက်ခေါင်းမဖေါ်နိုင်လောက်အောင်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေပုံ ရသည်။ဒိုင် က တတိယအကြိမ် ပြော ရန်ပြင်လိုက်သည်တွင်”၁၀၀၀၀ပေးမယ်”ကယ်တင်ရှင် ပေါ်လာပြီဖြစ်သဖြင့် ခင်သီတာနွယ် တစ်ယောက်အားရ၀မ်းသာလှမ်းကြည့်လိုက်သည်။

သူမသာမက စင်နောက် မှ ကျန်နေသူလူပျိုကြီးများ လည်း စိတ်သက်သာရာရသွားကြလေသည်။ထိုသူ ကား အဂျေးဆရာမျိုးဆက်ပေတည်း ။ စင်နောက် မှ ကမန်းကတန်း ထွက်လာပြီးနောက် ဒိုင် များ ဆီသို့ ပြေးပြီး ၁၄၀၀၀ ကို တင် ပေးပြီး အဂျေးကိုဆွဲခေါ် ထွက်သွားလေသည်။“ဟေ့ကောင်မျိုး ဆက် ၊ မင်း မင်း ရက်စက်လှချည်လားကွ။ မင်း ဘယ်လို လုပ်လိုက်တာလဲ”အဂျေး ၏ အော်သံနှင့် အတူ မျိုး ဆက်၏ ပြော သံကို ပါ ၀င်းအပြင်ဘက်မှ ကြားလိုက်ရလေသည်။”မင်းနဲ့ ငါ ခေါင်ရည်ဆိုင်ကြမှ ဆက်ရှင်းမယ်ကွာ ။ လာ လိုက်ခဲ့”

ဗာလ

Monday, October 19, 2009

UCSM ဒဟတ်တော




မန္တလေး UCSM ဒဟတ်တော ပြောင်းရွှေ့ပြီးနောက် ကျောင်းအဆောက်အဦး သစ် ကို အီးမေးလ်နဲ့ ပေးပို့လာလို့ တင်ပေးလိုက်ပါတယ်။

Sunday, October 18, 2009

မန္တလေးလေလံပွဲ (၉)

လေလံပွဲ ၏ အသက် ဖြစ်သော ကင်း ကောင် ထွက်လာပါတော့မည်ဟု အီးကြော့၏ကြေငြာသံထွက်ပေါ်လာသည်။ မိန်းကလေး အားလုံး မျှော်လင့်ကြီးစွာ နှင့်စောင့်မျှော်နေကြသည်။တစ်ချို့ က အယောင်ယောင်အမှားမှားဖြင့် ဖျော်ရည်ခွက်ထဲမုန့် များထဲ့ လိုထဲ့၊ တစ်ချို့ မိန်းကလေး များ မှာ တော့ အသောက်များ ပြီးစင်ပေါ်မော့ကြည့်ရင်း ရူးရူးများထွက်သူထွက်ဖြစ်နေကြ၏။

ဖြစ်လည်းဖြစ်လောက်ပေသည်။ တစ်ချိန်က ကင်း ကြီး ကို မိမိ တို့ပိုင်နိုင်စွာ ရရှိ နိုင်တော့မည်မဟုတ်ပါလား။ အားလုံးငွေထုပ်ကြီးများထုပ် ၍ ကြိတ်ပြိုင်နေကြသည်။ တစ်ချို့ က တော့ ၅၀၀၀ တန်အသစ်ကျပ်ချွတ်များဖြင့် ယပ်တောင်သဖွယ်ခပ်နေကြလေပြီ။
အတန်ကြာပြီးနောက် စင်ပေါ်သို့  လူတစ်ယောက်တက်လာသည်ကို တွေ့ ရသည်။လူပုံက ၀၀ နှင့်။ ဗိုက်ကပူ လွန်းသောကြောင့် ဂျင်းဘောင်းဘီ ကြယ်သီးများဖြုတ်ထားသည်။ ချီကွေဗားရား တီရှပ်နှင့်အရက်ခိုးများဝေနေသောမျက်နှာကလည်းဖောသွပ်သွပ်ဖြစ်နေသည်။(နိုင်ငံရေးသမား ထောင်ကထွက်လာကာစ ရုပ်မျိုး )ပရိတ်သတ်များမှာ ရုတ်တရက် ဆရာအောင်ကျော်ဇံ ခုလေးတွင်ထွက်သွားပြီးနောက်အ၀တ်အစားများ လဲကာ ပြန်ရောက် လာလေသနည်းဟုတွေးနေကြသည်။အသားများလည်းဖြူလာသည်ဟု ပင် ပြောနေကြသည်။

ကြော့ကြော့လှိုင် က လေသံခပ်ပျော့ပျော့ဖြင့်“ခု က ဆရာအောင်ကျော်ဇံမဟုတ်ပါဘူး၊ တစ်ချိန်က ဘုရားစူးကင်းဖြစ်ပါတယ်။ထိန်းကွပ်မဲ့သူ မရှိသေးလို့  ဘီယာသောက်ရာက ၀နေတာပါ။ကောင်းကောင်းထိန်းကွပ်ပေးလိုက်ရင် ပြန်ပိန်ပြီး အရင်လို ကြည့်ကောင်းမှာသာဖြစ်တယ်။ တို့ များရဲ့ ကင်းကောင်ဟာ တစ်ချိန်တုံး က စင်ပေါ်မှာ ထင်ပေါ်ခဲ့ တာကို ပြန်သတိရမိပါတယ်။ ခု တော့ ကျွဲဝဆင် ဘ၀ရောက်နေပမယ့်သူ ဟာ ကင်းဟောင်းပီပီ ဈေးအရ မသေးပါဘူး။ကြမ်းခင်းဈေးကို ၁၀၀၀၀ သတ်မှတ်ထားပါတယ်။ ၀ယ်ယူလို သူ များ စတင် ပေးနိုင်ပါပြီ။”ဟုကြေငြာလိုက်သည်။

ပရိတ်သတ်များ ရင်ခံနေကြသည်။ မျှော်လင့်ထားသော ပုံ နှင့် လက်ရှိကင်းဟောင်းငဖြိုးရုပ်ရည်မှာ ဘယ်လိုမှ ခံစားလို့ မရနိုင်ကြ။ အသားလေးဖြူနေခြင်းတစ်ခု သာရှိသည်။ မြတ်မြတ်စိုး ၏ “၁၀၅၀၀“ဟု ဈေး စတင်ဖွင့်ပေးပြီးကတည်းက ပရိတ်သတ်များလည်း ငြိမ်ချက်သားကောင်းနေသည်။“. . .. . .””၁၀၅၀၀ ထက် ဘယ်သူပိုပေးဦးမှာပါလဲ“ ဒိုင်ချုပ်၏ကြေငြာသံထွက်ပေါ်လာသော်လည်းပရိတ်သတ်များ က မလှုပ်။ အရင်လူများ တုန်းက တက်ကြစွာဝင်ရောက်ဈေးခေါ်နေခဲ့သော သဇင်ထိုက်သည်ပင်လျှင် ငြိမ်ချက်သားကောင်းနေသည်။ သူမ ကကင်းကောင် ကို စလုံးတွင် ကောင်းကောင်းသိကျွမ်းထား ပြီးဖြစ်သဖြင့်အမြင်ကပ်ပုဒ်မဖြင့် လက်ရှောင်ထားရန်ဆုံးဖြတ်ထားပုံရသည်။

ပရိတ်သတ်အနေဖြင့် သာလာကြည့်သည် ဟု ကြေငြာထားသော မသူဇာလွင် က ရုတ်တရက်ထ၍”၅၀၀၀၀၀ ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ်ကင်းဆို တာ ဈေးပို ရသင့်တယ်မဟုတ်လား”ပြောလိုက်သည်တွင်အားလုံး က အံ့အားတကြီးဖြင့် သူမကို လှမ်းကြည့်နေကြသည်။
စင်ပေါ်မှ ငဖြိုး ငြိုးငယ်နေရာမှ (အရက်မှိန်း မှိန်းနေရာမှ)ကျေးဇူးတင်သောမျက်လုံးဖြင့် မသူဇာလွင်ကို ကြည့်လို က်သည်။ ခေါင်မှန်လျှင် အကုန်ရနိုင်သည်ကို သူသဘောပေါက်ထားပြီးဖြစ်လေသည်။
နေမျိုးထွန်း က ”ငါးသိန်း ထက်ပိုပေးမယ့်လူ ရှိသေးလား” ဟု သုံးကြိမ်သုံးခါအော်လိုက်သော်လည်း ထပ်မံ၍ အသံမကြားရတော့။မသူဇာလွင် က ပိုက်ဆံ မပါလာသေးသော်လည်း လက်မှတ်ထိုး ၍ ရှင်းလိုက်သည်။ယုံကြည်ရသောသူ ဖြစ်သောကြောင့် ဒိုင်များ က လက်ခံလိုက်လေသည်။
တက်ကြွသော ငဖြိုး က စင်ပေါ်မှ အသာဆင်းလာပြီး မသူဇာလွင် နောက်နား အောင်မြင်သူ မျက်နှာပေး နှင့် လာရပ်နေသည်။

ပြီးနောက် နှစ်ယောက်သား ထွက် သွား ကြသည်။ အောင်စိုးဝင်း ၊မြတ်သူရဗိုလ်နှင့် တကွ ကျန် နေသူ အပေါင်းက အားကျသောမျက်လုံး များဖြင့် ကြည့်ရင်းကျန်နေခဲ့ကြသည်။
သို သော်ဘယ်လောက်မျှမကြာလိုက်။ မသူဇာလွင် တစ်ယောက် ငွေ ထုပ်ကြီးကိုင်ကာ ပြန်လည်ဝင်ရောက် လာသည်ကို တွေ့ ရသည်။ မျက်နှာက လည်းပြုံးဖြီးဖြီးနှင့်။ ဒိုင် များ ဆီသို့ ချက်ချင်းသွားရောက် ပြီးငါးသိန်းကို ပေးချေသည်။

ကြော့ကြော့လှိင်က အံသြတကြီးမေးလိုက်သည်။
” မြန်လှချည် လား၊ ပိုက်ဆံသွားယူတာ” ၄င်းက ”ဟုတ်တယ် ကြော့ကြော့ရေ၊ ကင်းကောင်ကို ၀ယ်တာ မရှုံးဘူး၊ အပြင်ဘက် နားမှာ အာရှဓနဘဏ်က မန်နေဂျာ မမကြီးတွေဘဏ်မှာ ငွေရေတွက်တဲ့ အခါ သုံးဖို့ဆိုပြီးဝယ်သွားလေရဲ့။ အလုပ်ကတော့သက်သာပါတယ် ပိုက်ဆံရေတဲ့အခါ တံတွေးဆွတ်ဖို့ လျှာထုတ်ပေးထားရုံ ပဲလို့ပြောတယ်......။

ဗာလ

Friday, October 16, 2009

မိုးအုံ့ချိန်

ဒေသမျက်ရည်စု
' ဥ ' ဥထားရတဲ့ ပင်လယ်။

သစ္စာတရားတစ်ခုနဲ့
မိုးကိုမျက်ရည် ပျံ့စေတယ်
တိမ်ညိုတိမ်လိပ် တွေ
မိုးတကယ်ပြိုတော့မယ်....။


ဒိုက်စ်

Thursday, October 15, 2009

မန္တလေးလေလံပွဲ (၈)

ပွဲစဉ် တစ်လျောက် ဆင်ကြီး က ဈေးအများ ဆုံး ဟုပင် ဆို ရပေမည်။ ဆင်ကြီးပြီးပြီးနောက် စင်ပေါ်တွင်ရုတ်တရက် မီးမှောင်ကျသွားသည်။မည်းမည်းရိပ်ကြီး နှင့် စည်ပိုင်းကြီးတစ်ခု အိပဲ့အိပဲ့ တက်လာသည်ကို တွေ့နေရသည်။ ရုတ်တရက် ဘယ်သူမှန်းမသိသေး။ ထို အရိပ်ဘေး မှ ထိုကဲ့သို့ပင်သတ္တ၀ါတစ်ကောင် ကပ်လိုက်လာသည်။

ရှေ့ ကလောက်တော့မကြီး။အနည်းငယ်တော့သေးသည်။စင်ပေါ်မီးဆလိုက်များ ဖြည်းဖြည်းချင်း မြင့် တက်လာသည်။ စင်ပေါ်တွင်စွပ်ကျယ် နှင့် အသားမည်းမည်း ၀၀ ကြီးတစ်ကောင် တွေ့ လိုက်ရသည်။ဝက်ဝံတစ်ကောင် လို ထင်ရသော်လည်း နေကာမျက်မှန် နှင့် ဖြစ်သောကြောင့် လူဖြစ်နိုင်သည် ဟု တွေးနေကြသည်။မီးအားလုံးလင်းလာမှ ရှေ့ မှသတ္တ၀ါ ကြီးသည် သက်ခိုင်ဟု၎င်း၊ ၄င်းနောက်မှစွပ်ကြယ်ချိုင်းဖြတ်နှင့် လူ မှ ဆရာအောင်ကျော်ဇံဟု ၄င်း သိလိုက်ကြသည်။သက်ခိုင်က သွားမည်းကြီးများ ပေါ်အောင်ပြုံးလိုက်ရင်း ဆရာအောင်ကျော်ဇံကိုဂါရ၀ အရင်ပြုလိုက်သည်။ (ဗိုက်ပူ ကြီး ကို ကော့ပြလိုက်ခြင်းသာဖြစ်သည်။)ဆရာမှလည်း လက်တစ်ဘက် မြှောက်ပြ ကာအသိအမှတ်ပြု၏။

သက်ခိုင် က မိုက်ရှေ့တွင်ရပ်၍ ”ကျွန် တော် သက်ခိုင်(ဆင်ဖြူကျွန်း) ပါ။ ဆင်ဖြူကျွန်းဆို တာလူတော်တွေထွက်တဲ့ နေရာတစ်ခု ဆို တာ လူအားလုံးသိကြမှာပါ။ ဆင်ဖြူကျွန်းအောင်သိန်းဆိုတာ ကျွန်တော့ယောက္ဖရဲ့  ညီဝမ်းကွဲရဲ့ ဆရာသခင် ပါ။ ဆရာမကြီးဒေါက် တာမတင်ဝင်းဆို တာ ကျွန်တော်လေးစားအားကျရတဲ့ ဆရာမကြီးပါ။ ခု လိုဆင်ဖြူကျွန်းမှာ လူတစ်လုံးသူတစ်လုံး ဖြစ်လာရတာလဲ ဆရာမကြီးရဲစာအုပ်တွေဖတ်လို့ ပါ။ လူငယ်လက်သစ် နန္ဒ စိုး (ဆင်ဖြူကျွန်း)ကလည်းဆင်ဖြူကျွန်း ရတနာမြေက လူငယ်လေးပါ။ ဒီလောက်ဆို လူထူးလူချွန်တွေထွက် တဲ့ဆင်ဖြူကျွန်းက သက်ခိုင်ကို အားလုံး သိလောက်ပါပြီ။ ကျွန်တော်ကအိမ်ထောင်လေးမဆိုစလောက်ကျထားပေမယ့် ဆင်ကြီး လောက်တော့ သနားပါတယ်။အားလုံး အကြိုက် ရတနာသက်ခိုင်လေးပါ။“သက်ခိုင် ၏ ရှင်းလင်းချက်အပြီး ဆရာအောင်ကျော်ဇံက လည်း ဆက်လက်မြွက်ကြားသည်။“ အဟမ်း ဘယ်လို ပြောရမလဲ၊ ဆရာ ဟာ ဆရာဖြစ်ပေမယ့်အခုဆရာ မဟုတ်ဘူးလို့သဘောထားလို့ ရပါတယ်။ အားကိုးလောက် တဲ့ အောင်ကျော်ဇံ ရှိတယ်။တစ်ခေတ်တစ်ယောက်မို့ လူ တွေ အကုန်ရွေးချယ်”သီချင်းသံလို လို နှင့် ဆရာ အောင်ကျော်ဇံအသံအဆုံး သက်ခိုင်ပုဆိုးအောက်မှအောင်မြင်သော ညောင်နာနာအသံ တစ်ခု ထွက်ပေါ်လာသည်။

“ဒီလို လုပ်လို့ ရရိုးလားကွ၊ အောင်သူ ဆိုတာ မိန်းနားမှာနေတယ်။ မိန်းမတကာအားကိုးချင်စရာ ဝေနိုင်အောင် မိတ္တူဆိုင်က လာတဲ့ အောင်သူ။ဟေ့ကောင်သက်ခိုင် ဗိုလ်လုပ်ချင်တဲ့အကောင်ကထမိန်အောက်မှာနေတတ်ရတယ်ကွ၊ထမိန်အောက် မှာနေလာတာကြာပြီ။ဘယ်လောက်ကျွမ်းကျင်လဲဆိုတော့ မင်းတောင်ငါပါမှန်းမသိဘူးမဟုတ်လားကွ” ဟုဝင့်ကြွားရင်း သက်ခိုင်ပုဆိုးအောက်မှ မထွက်လာလေသည်။ပရိတ်သတ်မိန်းကလေးတစ်ချို့  မျက်နှာလွဲသွားကြသည်။ဝါရင့်သောမြတ်မြတ်စိုးကတော့ မျက်တောင်မခတ်လိုက်။ သဇင်ထိုက် က တော့အသာခိုးကြည့်သည်။

ပရိတ်သတ်အားလုံး ဘာလုပ်ရမှန်းမသိခင် နေမျိုးထွန်းက စင်ပေါ်တက်၍”ပရိတ်သတ်ကြီးခမျာ ၊ ဒါကတော့ ကြားဖြတ်ဟာသ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်သူများ ဘယ်လောက်ဈေးပေးနိုင်ကြမလဲဆိုတာ သိရအောင် တစ်ယောက်ကို ၂၀၀နှုန်းနဲ့ သုံးယောက်ပေါင်း ၅၀၀ ဈေး ထား ထားပါတယ်။ပိုပေးချင်သူများရှိပါကဈေးပေးနိုင်ပါတယ်။“ဆရာအောင်ကျော်ဇံက နေမျိုးထွန်းကို မကျေမနပ်လှမ်းကြည့်ရင်း“ဟာသ မဟုတ်ဘူးကွ။ ဟို နှစ်ယောက်က ဟာသဖြစ်ချင်ဖြစ်မယ်။ ငါက အိမ်ထောင်မကျရဲသေးသူ လူပျိုကြီးစစ်စစ်။ မိန်းမဆိုလို့ ခွေးမတောင်အနားကပ်ခံတာမဟုတ်ဘူး။ ငါ က ဒီနှစ်ယောက်နဲ့ ပေါင်းပြီး ၃ ယောက် ၅၀၀ထဲမပါဘူး။ဆင်ကြီးတောင် ၈ သိန်းရသေးတာ ။ ငါ က ၂ သိန်းလောက် မှ ဖြစ်မယ်ကွ“ဟု မူးမူး နှင့်ပြောရင်း ခါးကြားထိုးထားသော အရက်ပုလင်းထုတ်၍ သောက်လိုက်သေးလေသည်။ပရိတ်သတ်ထဲမှ မည်သူမျှဈေးပေးမည့်လူမရှိသေးပါ။

ပေးမည့်ပုံလည်းမရှိပါ။အတန်ကြာတိတ်ဆိတ်နေပြီးနောက်“ဒီမှာဟေ့ ၅၀၀၊ အောင်သူနဲ့ သက်ခိုင်လာခဲ့။ ဟို ဆရာအောင်ကျော်ဇံပါလာခဲ့။သုံးယောက်လုံး“မိန်းမတစ်ယောက်သံစူးစူးရဲရဲထွက်လာလေပြီ။သက်ခိုင်က တက်တက်ကြွကြွ လှမ်းကြည့်လိုက်ပြီး စင်နောက်ပြန်ပြေးမည်လုပ်သည်။အောင်သူ က တော့လှစ်ကနဲ သက်ခိုင်ပုဆိုးအောက်ပြန်ရောက်သွားလေပြီ။ဆရာအောင်ကျော်ဇံက တော့ဝမ်းသာအားရ ဖြင့်“ညီမလေးက ဘယ်သူ လဲ ၊ ဘယ် batch ကလဲ”ဟု သရေတများများ ဖြင့်မေးလိုက်ပုံရသည်။ (သရေကျခြင်းမှာအရက်သောက်ခြင်းကြောင့် ဖြစ်သည်)“ဘယ် batch ကမှမဟုတ်ဘူး။ အောင်သူ့ မိန်းမ မီးမီး။ ဒီ ယောက်ျားခြေမငြိမ်လို့လိုက်ချောင်းတာ ကံကောင်းလို့ ပေါ့။ “နေမျိုးထွန်းကတော့ ပြသနာ မများလိုသဖြင့် ၅၀၀ တန် တစ်ရွက် ယူ၍ ၄င်းတို့ ၃ယောက် အားတောင်းပန်ပြီး ပြန်ထည့် ပေးလိုက်သည်။ဆရာ အောင်ကျော်ဇံခင်မျာ ကန့် လန့် ကန့် လန့် ဖြင့် ပါသွားလေ၏။

ဗာလ

Wednesday, October 14, 2009

မန္တလေး လေလံပွဲ (၇)

လေလံပွဲကား ပွဲစည်လာလေပြီ။ မည်သို့ ပင်ဆိုစေ ၂ဦးလုံးရောင်းထွက်သွားပြီဖြစ်ရာ နောက်လူများက တော့သူထွက်မည်ငါထွက်မည်ဖြစ်လာကြလေပြီ။

ဆရာငြိမ်းချမ်း တစ်ယောက်ကတော့အလှည့်မစောင့်နိုင်တော့ပြီ။အားလုံး အလစ်တွင် ရှေ့ သို့ ပြေးထွက်သွားသည်။ ပုဆိုး ပင် ပါမသွား။ သို့သော် သူ့ ထက်ဦးနှင့် သူ ရှိနေလေပြီ။ထို သူ ကား ဇော်နိုင်လင်းပင်ဖြစ်သည်။ အရာရာနောက် ကျ ခဲ့ ရသူဖြစ်သောကြောင့် ဤ တစ်ကြိမ် တွင် တော့ လုံး ၀နောက် ကျ နေခြင်းမရှိစေရန်ကြိုထွက်ထားလိုက်ခြင်းဖြစ်လေသည်။

ငြိမ်းချမ်း က အားကစားဘောင်းဘီတို နှင့်ပြေးထွက်လာရာ စင်ပေါ်တွင် နှစ်ယောက် ဖြစ်သွားသည်။ ငြိမ်းချမ်း မှဆင်ကြီးနောက် ကပ်ရပ်ရင်း”ကို ဆင်ကြီး မြန်မြန်လုပ်ဗျာ ၊ မလုပ်ရဲ ရင်လဲနောက်ပြန်ဝင် ” နောက်မှကပ်၍ ညှော်နေသေးသည်။ဆင်ကြီး လဲ မဆိုင်းသာတော့ပဲ ဒိုင်က မိတ်ဆက်ပေးခြင်းမရှိသေးမီ ပင်ကိုယ့်ဘာသာ မိတ်ဆက်သည်။”အဟမ်း ၊ ပရိတ်သတ်ညီမလေး၊ အစ်မကြီး၊ သူငယ်ချင်း များ ခင်ဗျား၊ ကျွန်တော်ကတော့ ဟိုး ဈေးချို နာရီစင်နားလေး က ဇော်နိုင်လင်းဖြစ်ပါတယ်။ ကျွန်တော်က အားလုံး သိတဲ့အတိုင်း သိပ်ပြီး စကားမပြောတတ်ပါဘူး။ အရည်အချင်း အရဆိုရင် သောက်စားတတ်တာလေးကလွဲရင် အားလုံး မလုပ်တတ်ပါဘူး။ သြော်မှားလို့ မိန်းမ ၊ လောင်းကစား ကင်းတာကို ပြောတာပါ။ အနှိပ် ၊ ဟင်းချက်၊ အ၀တ်လျှော်၊ မိုကျရွှေကိုယ်ဝက်ဆိုဒ် ကြည့် အားလုံးရပါတယ်။

နောင်ရေးမှာ စိတ်အေးချင် ရင် ဆင်ကြီးမှစိတ်ချရတယ် နော်” ဟု ကြေငြာလေ၏။ သရဲလေးကောင်က လည်း တစ်ညီ တညာတည်း ထ ပြီး”ကို ဆင်ကြီး ဆို အားလုံးပြီးပြီ” ဟု ထောက်ခံကြသည်။

ဒိုင်ချုပ်အီးကြော့ကြီးမှ ဆင်ကြီး ကို တစ်ချက်လှမ်းကြည့်ပြီး၊”ကို ဆင်ကြီးကို ၀ယ်ယူမယ့်သူများ ရှင်၊ ကို ဆင်ကြီး က သူ့ ကို ၀ယ်ယူမယ့်သူ ကို ကားလေလံပွဲ က ကားတစ်စီး ပါလက်ဆောင်ပေးမယ့် အကြောင်း လာရောက်အကြောင်းကြားထားပါတယ်။ လူလေလံပွဲ မှာ သူ့  ကိုဝယ်နိုင်ရင် ကားလေလံပွဲမှာကားတစ်စီးလိုက်ဝယ်ပေးပါ့မယ် လို့ ကတိပေးထားပါတယ်။ ဒါကြောင့်ကြမ်းခင်းဈေး ၅၀၀၀၀ မှ စတင်ပါ့မယ်။ ၀ယ်ယူမယ့်သူ များစတင်ဈေးပေးနိုင်ပါပြီ”

ကြေငြာပြီးသည် နှင့် ပရိတ်သတ်အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြလေပြီ။ဤသို့ ဖြစ်လေအောင် ကြော့ကြော့လှိုင်နှင့် ဆင်ကြီးတို့ ကြိုတင်စည်းဝါးရိုက်ထားခြင်းဖြစ်လေသည်။ ဆင်ကြီးကကြော့ကြော့လှိုင် ကို သူ့ အားသူများနှင့် မတူအောင် ဈေးကြီးကြီးထားရန်နှင့် လေလံကား ပါပေးမည့်အကြောင်း ပြောပေးရန် ကြော့ကြော့လှိုင်ကိုကြိုတင်ချဉ်းကပ်ထားသည်။ ထို့ အတွက် ကြော့ကြော့လှိုင်ကိုဆိုက်ကားတစ်စီး ထောင်ပေးမည် ဟု စည်းရုံးထားသည်။ ကြော့ကြော့လှိုင်ကလည်းဆိုက်ကား ရလျှင် ရပ်ကွက်ထဲ သွား လာရလျှင် ဆိုက်ကားလေး နှင့်အမြင်တင့်ပေမည်ဟု တွေးကာလက်ခံထားသည်။ ဆိုက်ကားမရလျှင်လည်း လုပ်ပေးရမည့်လူအချင်းချင်းမဟုတ်ပါလား။

ဈေး ကလည်း ဆယ်ဆ များသွား သည့် အပြင် ကားပါ အဆစ်ရနိုင်သောကြောင့်မိန်းမပျို၊အို များ အားလုံး တက်ကြွကုန်ကြလေပြီ။ စင်ပေါ်မှ ဆင်ကြီးစတစ်ကော်လာကြီး နှင့် လက်ပိုက်ကာ ပြုံးပြုံး ကြီး ကြည့်နေလေသည်။

မြတ်မြတ်စိုး လည်း ဤတစ်ကြိမ်တော့ နေမျိုး ထွန်း ပြောထားသည်ကိုပင်မေ့သွားပုံ ရသည်။ နောက်ပြသနာ နောက်မှ ရှင်းမည် ဟုတွေးပြီး ဈေးစပေးပေးခြင်း မည်သူမျှ မလိုက်နိုင်စေရန် ၈၀၀၀၀ ဟု အော်ထားလိုက်သည်။

သဇင်ထိုက် က စလုံး တွင် ကားကြီးသယ်သွားလို့ မရ ဟု တွေးနေသဖြင့်အနည်းငယ်နောက်ကျသွားသည်။ နောက် မှ ရောင်းစားလို့ ရသည် ဟု အတွေးပေါက်ပြီး”ပါဂျရိုး ၊ မှားလို့  ၈၅၀၀၀“ ဟု အမှားမှားအယွင်းယွင်း အော်လိုက်ရသည်။
နောက်တော့မနှင်းနု က”၉၀၀၀၀”ခိုင်သဇင်ဦး က”၉၂၀၀၀”ရတနာဦး ကသပိတ်ဝင်အိတ်ဝင် ဖြစ်စေရန်”၁၀၀၀၀၀” ထိတက်ပေးထားလိုက်သည်။
ပွဲကားကောင်းလာလေပြီ။ ဈေးမှာလည်း တစ်ရိပ်ရိပ်နှင့် မြင့်တက်လာနေသည်။၅၀၀၀၀၀ နီးပါးထိ ကပ်လာလေသည်။ ကားမျက်နှာကြောင့် လေလံဆွဲနေကြသည်မှာတစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်တော့မည့် အလား ပင် ထင်နေရသည်။နေမျိုးထွန်း မျက်နှာမှာလည်း မှို ရသလို ဖြစ်နေသည်။ဆင်ကြီးရောင်းထွက်သွား လျှင်ဖြင့် ၅၀၀၀၀၀ လောက်နည်းနည်းအရင်းကြေအမြတ်ထွက် နိုင်ပြီမဟုတ်လား။၅၀၀၀၀၀ လောက် ရောက်သောအခါ လူအများ အင်သွားကြလေပြီ။ ဆင်ကြီးမျက်နှာကိုကြည့်၍့ လက်ငင်း ၅၀၀၀၀၀ ပေးရမည် မှာ အတော်ပင် လက်တွန့်စရာဖြစ်သည်မဟုတ်လား။

ဆရာမလေး စံပါယ်ကို က ရလို ရငြား”၅၀၀၀၀၁” ပေးကြည့်သည်။ထို့ နောက် ၁ကျပ်၊ ၂ ကျပ် စီ လောက် တိုးပေးနေကြလေရာ ပွဲမှာ ကြာနေလေသည်။ဒိုင် အိအိဝင်း မှာ စိတ်မရှည်တော့ ။” အချိန် ကြာနေပြီဖြစ်လို့  ဈေးကို ဒိုင် ကသတ်မှတ်ပေးပါ့မယ်။ ၆၀၀၀၀၀ဆိုရင် ၀ယ်မယ့်လူ ရှိပါသလား”ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက်“ပေးမယ်“ ဟု ၅ယောက်ခန့် ထွက်ပေါ်လာလေသည်။

အေးလဲ့လဲ့ဖြူ၊ ကေဇာနေ၀င်း၊မျိုးမင်းမင်းမြတ်၊ မီမီလင်းထွန်းနှင့်သဇင်ထိုက်တို့ ဖြစ်လေသည်။အိအိဝင်း က“ငါးယောက်တောင်ရှိသေးတယ်ဆို တော့ ၇၀၀၀၀၀ ပေးမယ့်လူ များ ပါဦးမလား”ကေဇာနေ၀င်း နှင့် မျိုးမင်းမင်းမြတ် တို့ ရှေ့ သို့ ထွက်လာကြလေသည်။နှစ်ယောက်လုံး အတော်ပင် အားတင်းလျှက် ရှေ့ ထွက်လာပုံရသည်။ဆက်လက်၍ အိအိဝင်း က“ နှစ်ယောက်ပဲကျန်တော့တယ်ဆို တော့ ၈၀၀၀၀၀ ပေးနိုင်မယ့်လူ က ဆင်ကြီးနဲ့ကားပိုင်ရှင်ဖြစ်ပါပြီ”ဆင်ကြီး က ၀မ်းသာလုံး ဆို့ ပြီး၊ ၀က်ရူးပြန်သကဲ့သို့ ဖြစ်သွားသည်။

နှစ်ယောက်ထဲမှ တစ်ယောက် သည် သူ နှင့် ဆိုင်သည်မဟုတ်ပါလား။တွေး ရင်းရင်ခုန်ရလွန်း သဖြင့် ရုတ်တရက် သတိလစ်သွားလေသည်။ အရက် ရှိန် ကြောင့် လဲဖြစ်ပေလိမ့်မည်။ အနားရှိသောငြိမ်းချမ်း က စင်နောက်သို့ပြန်ဆွဲသွင်းလိုက်ရသည်။နေမျိုးထွန်း က ကူ ၍ နောက်ကို တွဲ ပို့ ရသည်။နေမျိုးထွန်း က စင်ရှေ့ ပြန်ထွက်လာ၍”ဘာမှမဖြစ်ပါဘူး ခဏမူးသွားတာပါ။ ဆက်လုပ်ကြပါ” ဟု ပွဲပျက်မည်စိုးသဖြင့် ပြောပေးရသည်။၈ သိန်း ပေးသူ ကြီး ပေါ်ထွက်လာပါပြီ။မျိုးမင်းမင်းမြတ် ဖြစ်လေသည်။ သို့ သော် မျက်နှာမကောင်းလှ။စိတ်ပျက်သံနှင့် ညည်းညူသံပင်ထွက်ပေါ်လာလေသည်။ မိုက်နှင့် ကပ်နေသောကြောင့်လူအတော်များပင်ကြားလိုက်ရသည်။
” ၈ သိန်း နဲ့ ရင်းပြီး ကား ရတာတော့ဟုတ်ပါပြီ။ ယာဉ်မောင်း လုပ်မယ့် လူ က၀က်ရူးပြန်နေရင်တော့ အလုပ်ဖြုတ်ပြီး နောက်တစ်ယောက် ခန့် ရတော့မှာပဲ”သို့ သော် ဆင်ကြီးတစ်ယောက် တော့ မကြားလိုက်ပါ။

ဗာလ

Tuesday, October 13, 2009

G - စကား

ဦးသုမောင်၏ ကွမ်းစကား ကိုဖတ်ပြီး ဂျီတော့ခ်နှင့်ပတ်သက်သော အတွေးလေးများချရေးမိပါသည်။

Gtalk သည် မြန်မာ အင်တာနက်သုံးသူများ အတွက် လူတိုင်းသုံး နေကြသောစကားပြောကွန်ယက်တစ်ခုဖြစ်လေသည်။ Gtalk ကို အသုံးပြု ရင်း အဝေး မှလူများ၊ အနီးက လူများ၊ မျက်နှာချင်းဆိုင် မတွေ့ ရသောလူများ တစ်ခါတစ်ရံဘေးချင်းကပ်ထိုင် အတင်းအဖျင်းပြောလိုသောသူများ အထိ အသုံးပြုကြလေသည်။ Gtalk သာမကGmail ပါ လုပ်ပေးထားသောကြောင့် အာရှတစ်လွားတွင်အသုံးများကြပေသည်။

နိုင်ငံရပ်ခြား တွင် နေထိုင်သူ တို့ မှာ Gtalk ကမဖြစ်မနေ အသုံးပြုကြသည်။ ကွန်ပျူတာဖွင့်သည်နှင့် Gtalk ထဲသို့ ပါ ၀င်ကြည့်ကြပြီးဖြစ်သည်။တက်ကြွသောလူငယ်များ ဘ၀ တွင် Gtalk ၌ Block list စာရင်းမှာ နည်းသည်။တဖြည်းဖြည်း အသုံး ပြု များ လာသော အခါ block list များ လာသည်။ Googleကလည်း virus ဖြစ်နိုင်သော Nick များ ကို block လုပ်သလို မပြောချင်သူများကိုလည်း ကိုယ်တိုင် block လုပ်ကြသည်။သူငယ်ချင်း အချင်းချင်း စိတ်ကောက်လျှင်လည်း block လုပ် တတ်ကြသည်။တစ်ဘက်သားက စကားများလွန်းလျှင်လည်း block လုပ်ကြပါသည်။ မြန်မာပြည်မှလူများ က block လုပ်သည့် အရေအတွက်နှင့် နိုင်ငံခြားတွင် နေထိုင်သူတို့ ၏block list ကို နှိုင်းယှဉ်ကြည့်ပါက နိုင်ငံခြားမှာနေသူများ က အလွန် ပင်block လုပ်တတ်ကြသည်ကို တွေ့ ရပေသည်။ ကိုယ့်ဘက်ကပေးရမှာစိုး လို့ လား သို့မဟုတ် မြန်မာပြည်မှလူများလောက် မအားလပ်လို့ လား မသိ။

Gtalk add-in အသစ်များပေါ်လာသောအခါ Gtalk သည် ရိုးသားမှု ခ၀ါချရာနေရာတစ်ခုဖြစ်လာသည်။ အလုပ် မအားသည့်ကြားက chat ထဲ ၀င် ထားရသည့်အထဲမိမိကမပြောချင်ပဲ လာပြောနေမည်စိုး ၍ ဖြစ်တာများသည်။ ထို ကြောင့် invisibleလုပ် ထားခြင်း၊ idle ပြထားခြင်းဖြင့် မိမိ ၏ မိတ်ဆွေများ အပေါ်မရိုးသားရာကျပါသည်။ သူငယ်ချင်းတစ်ယောက် က မိမိထံလာလည်သည်။ မိမိရှိနေပါလျက် မရှိဟု ပြောလွတ်လိုက်သည်တွင် တစ်ဘက်လူ က ဘာမျှမဖြစ်ရင်လည်းနေမည်။သို့ သော် မိမိကိုယ်ပိုင် ရိုးသားမှု တစ်ခု ကို ချရောင်းလိုက်ရခြင်း မှာတန်ဖိုး မဖြတ်နိုင်ပါ။ သီလ လုံသည်ဟု ကိုယ့် ကို ကိုယ် ကြွေးကြော်လျက်ဘာမဟုတ်သည့် Gtalk စကားပြော ကွန်ယက်လေးတစ်ခုတွင် ပင် မရိုးသားနိုင်ကြတော့သည်ကို တွေ့ ရပါသည်။ Gtalk တွင် busy နှင့် Idle သည် အထိုက်အလျောက်ရှိနေပြီးဖြစ်သည်။ ထို့ ထက် ပို ၍ မိမိပြောချင်လျင်ပြောမည်၊မပြောချင်လျင်မပြောနေလို့ ရစေရန် ထို ကဲ့သို့ ပြုလုပ်နေခြင်းထက် မ၀င်ပဲနေခြင်းက သာ ပိုကောင်းပါလိမ့်မည်။

Gtalk ၏ကောင်းကျိုးကြောင့် ၀ိုင်ဝိုင်း ၏ ဖုံး စုတ်ကြီးတကယ်လွင့်ပစ်လို့ရပြီဖြစ်သည်။ သမီးရည်းစားပေါင်းများ စွာ လည်း ဖူးစာရေးခဲ့ကြပြီးပြီ။ငယ်ရွယ်သူ ကောင်မလေးများ လည်း စောစောစီးစီး ရည်းစားရလွယ်ကြလေပြီ။ခေတ်ရေစီးကြောင့် ကြောင့် ဟုပြောပြော၊ ဆုတ်ကပ် ကြီးတွင် အရာရာလျှင်မြန်စွာဖြစ်ကုန်ကြပြီလောမသိ။ Gtalk မိတ်ဆွေ စာရင်း လေးကို ကြည့်ရင်း စကားမပြောဖြစ်သော်လည်း ၄င်းတို့ ၏ status လေးများ ဖတ်၊ avatorလေးများ ကြည့် ရင်း မိတ်ဆွေ သူငယ်ချင်းများ စိတ်ခံစားမှု အခြေအနေကိုသိနိုင်သည်။ တစ်ချို့ က တော့ ယခင်များ က chat ဘူးသော်လည်း ယခု တစ်ခါမျှမတွေ့ ရတော့။ ကြည့်ရသည် မှာ Block list ထဲပါသွားခြင်းဖြစ်ပေလိမ့် မည်။သို့ တည်းမဟုတ် Invisble ဖြင့်  ပြောနေခြင်းလည်းဖြစ်ပေလိမ့်မည်။ ပုံမှန်forward email များ တော့ လာလေ့ရှိသည်ကို ထောက်၍ Gtalkထဲလုံးဝမ၀င်တော့သည်မှာ မဖြစ်နိုင်ပေ။ Gtalk status ကို အနုပညာ ဆန်ဆန်၊စိတ်ကူးယဉ်ဆန်ဆန် ရေးတတ်သူ များ ရှိသကဲ့သို့ "abcdefghijklmnopqrstvwxyz , what is missing, I miss u." ကဲ့ သို့ပေါချာချာ status များ လဲ ဖတ်ရသည်။ ဘာသာရေးဆန် သော status message များကို လည်း ဖတ်ရသည်။ ရံဖန်ရံခါ လူ နှင့် status မလိုက်အောင် တင်ထားသူများကို တွေ့ ရသည်။ လူက သောက်စားမူးယစ်လို့ ၊ တင်ထားသည်က သတိပဌာန် ။

Gtalk ပုံ များ က တော့ တစ်ယောက်နှင့် တစ်ယောက် မရိုးနိုင်အောင်ကြည့်ရပေသည်။ တစ်ချို့ က လည်း တစ်ပုံတည်း ကို လုံးဝမပြောင်း။ တစ်ချို့ကတော့ Internet ပေါ်မှကာတွန်းလေးများ ကို အမျိုး မျိုး ပြောင်းတင်တတ်သည်။အဆိုးဆုံး မှာတော့ မိမိ ပုံ နှင့် မျက်နှာပြည့် ကြီးတင်ထားခြင်းဖြစ်သည်။လူပေါင်းများစွာ ၏ list ထဲတွင် မိမိပုံ ကြီး ထင်းထင်းကြီး ပေါ်နေမည်ကိုမစဉ်းစားကြလေသလားမသိ။ ရည်းစားသနာ ရှိသူများကတော့စုံတွဲပုံလေးများတင်တတ်သည်။ တစ်ချို့ က မတင်လျှင်မရ။ အမိန့် အရတင်ကြရသည်။လူ က communist လို လို နှင့် ကားနောက်ထဲ နှစ်ယောက်ဖက်ထားသည့်ပုံ ကိုတင်ထားသူများလည်း တွေ့ မြင်ရသည်။ စုံတွဲပုံ အတင်ကောင်းသဖြင့် ရည်းစားနှစ်ယောက်ထားထားသော ကောင်မလေးတစ်ယောက် ၏ နောက် ရည်းစား မှာ ရှေ့ ရည်းစား၏ပြသနာရှာခြင်းကို ခံရသည်။ လူ ကြီးတစ်ချို့ မှာလည်း Gtalk ထဲတွင်စိတ်ကောက် သည်။ သူတို့ အသက်ကို Gtalk ပေါ် လာသော နှစ်မှစတင်ရေတွက် ကြသည်။
တဖြည်းဖြည်း နှင့် Gtalk သည် Chat လားမြောက်လာပါပြီ။ မိမိ မရိုးသားမှုကို Gtalk ပေါ်တွင် ဖေါ်ကျူးသူများလည်း များလာချေပြီ။ ငယ်ရွယ်သူ များ လည်းGtalk ကို မှီ၍ လူလားမြောက်နှုန်းမြန်လာကြပါပြီ။သတင်း နှင့် Information ခောတ်ကြီးတွင် လက်ရှိတစ်နေရာရထားသော Gtalk သည်မရိုးသားသူများလာသောကြောင့် မကြာမီပင် လူအများ facebook ပေါ်တွင်သာရှိကြပေတော့မည်ဟုယူဆရပေသည်။

ဗာလ

Monday, October 12, 2009

ချစ်နေတဲ့ကောင်

ဟိုး....အဝေးကြီးက
ကြယ်ပြာတွေလို
မင်းကို ငါချစ်တယ်
အလင်းနှစ်တွေ....
ဘယ်လောက်ဝေးမလဲ
အချစ်တွေနဲ့ နှင်းဆီတစ်စင်း
မင်းဆီပို့လိုက်တယ်။


ဆောင်းမှာ
နှင်းမရှိရင်လဲနေ
နွေဦးက
တေးမဆိုရင်လဲနေ
လမ်းဆုံးလို့
ရွာမတွေ့ရင်လဲနေ
ငါ့ကိုယ်ငါ လောင်ကျွမ်းပြီး
မင်းရှိရာ အရောက်လာခဲ့မယ်
ငါက..
မင်းကိုချစ်နေတဲ့ကောင်လေ။

သက်ခိုင်
( အမှတ်တရ ကဗျာ )

Saturday, October 10, 2009

မန္တလေးလေလံပွဲ (၆)

ရဲဝင်းရောင်းထွက်သွားပြီးနောက် အားလုံး ဒုတိယ ထွက်လာမည့်လူ ကိုမျှော်လင့်နေကြသည်။ ရုတ်တရက်ဘယ်သူ မှ ထွက်မလာသေး။ နေမျိုး ထွန်း မှကျော်စွာအောင် ကို ခေါ်၍ တစ်ယောက်အမြန်ဆုံး ထွက် လာရန်သွားပြောခိုင်းသည်။

ဤသည်ကို ကျော်စွာအောင်က စင်ပေါ်တက်၍”ညီမလေးတို့  ခင်ဗျား ၊ နောက်တစ်ယောက် လာပါတော့ မယ်။ စိတ်တိုင်းကြ၀ယ်ယူကြပါ။ အစ်ကိုကြီးကို ပါဝယ်လို့ ရပါတယ်။” ဟု တက်ပြော၏။ မသန္တာ ကဖိနပ်ဖြင့် ကောက်ပေါက်လိုက်မှ အသာရှောင်ပြီး”နောက်တာနော် ၊ နောက်တစ်ယောက်သွားခေါ်လိုက်ဦးမယ်”ဟု ဖိနပ်ကို ကောက်ရင်းနောက်သို့ ဝင်သွား ၏။

နောက်တွင် လည်း အကြိတ်အနယ် ဖြစ်နေသည်။ ဘယ်သူ မှ မရဲကြသေး။နောက်တော့ကျော်စွာအောင် က မဲခွဲဆုံး ဖြတ်သည်။ အမှတ်စဉ် နှင့် ကိုယ့် နံပါတ်နှင့်ကိုယ် အစဉ်အတိုင်းထွက်ကြရန်ဖြစ်သည်။ နံပါတ် ၂ ထွက် မည့် လူ ကား အောင်ဆန်းအလှည့်ကျသည်။

အောင်ဆန်း လည်း စင် ရှေ့ သို့ မထွက်ချင်ထွက်ချင်ဖြစ်နေသဖြင့် အားလုံး တွန်း လွတ်လိုက်ရသည်။ဒိုင်ချုပ်ကြီးအီးကြော့မှာ အမူး အတန် ပြေလာပြီဖြစ်သောကြောင့် မိုက်ကို ပြန်ယူ၍

“ကို အောင်ဆန်း ရဲ့ ကောင်းချက် များ ကတော့ ပြောမကုန်နိုင်အောင်ပါပဲ။မန္တလေးကွန်ပျူတာတက္ကသို လ်ရဲ့  လျို့ ဝှက်သော ကင်း လည်းဖြစ်ပါတယ်။ကျွန်မသာ ၀ယ်လို့ ရမယ်ဆို ရင် ၁၀၀၀၀ ဆိုလည်းပေးမှာ။ တစ်သိန်းဆို ရင်လည်းပေးလိုက်ဦးမှာ။ ဟုတ်တယ်နော် မကေသွယ်” ပြော ရင်းမကေသွယ်ကို လှမ်းမေးလိုက်သေးသည်။

မကေသွယ်က လည်း ခေါင်း ညိမ့် ပြီး” ကျွန်မတို့ ကြမ်းခင်းဈေး အနေနဲ့  ၅၀၀၀ ပဲ သတ်မှတ်လိုက် ကြပါစို့ လား။ဝယ်ယူမယ့်လူ များ ဈေးပြောပြီး ၀ယ်ယူနိုင်ကြပါပြီ”မကေသွယ် စကား အဆုံးတွင်တော့ မြတ်မြတ်စိုး ၏ ဈေး ပေးသံပေါ်ထွက်လာသည်။ ထို့နောက် ကိုယ်စီကိုယ်စီဈေး များ ပေး နေ ကြသည်။
အောင်ဆန်း က တော့ စင်ပေါ်တွင်ငခူပြုံးလေးပြုံး ရင်းပုဆိုးပြင်ဝတ်လိုက်သည်။ ဈေးပြောသံများ တိတ်ဆိတ်သွားပြီးနောက် ပို ၍ကျယ်လောက်စွာ အပြိုင်ပေးနေကြသည်။
”၇၀၀၀””၇၅၀၀””၇၈၀၀””တစ်သောင်းဖြစ်သွားပါပြီ။ ဘယ်သူ ပို ပေးဦးမလဲ”

တစ်သောင်းငါးရာ... 2nd batch မှ သဇင်ထိုက်မှ ဒီတစ်ခါ
အပိုင်တွက်ပြီးဈေးလိုက်ပေးသည်။ သို့သော်.............”တစ်သောင်း တစ်ထောင်ပေးမယ်”လူအုပ်ကြားထဲမှ နောက်ဆုံး ဈေးခေါ်သူ ကိုမြင်လိုက်တော့ စင်ပေါ်မှ

အောင်ဆန်းမျက်စိမျက်နှာပျက်သွားသည်။
ထို သူမကား ယခင် ကွန်ပျူတာတက္ကသို လ် (MIT)၀င်း canteen မှဒေါ်စိန်ဖြစ်လေသည်။ သူ့ မသားလေးများပင် ပါလာကြသေးသည်။ ဤပွဲကို သူမကအစားအသောက်နှင့် အဖျော်ရည် ဧည့်ခံရန်ကန်ထရိုက်ယူထားသူဖြစ်လေသည်။
“တစ်သောင်း တစ်ထောင်ထက် ဘယ်သူ ပို ပေးဦးမလဲ“ ဟု ကြော့ကြော့လှိုင် မှရင်နာသံကြီးဖြင့် ကြေငြာနေ၏။ ပို ပေးမည့်သူ ရှိပါစေဟု အောင်ဆန်းဆုတောင်းနေသည်။ သို့ သော်လည်း လူအားလုံး မှ စောင့်ကြည့်ကြလိုသေးသဖြင့်ထပ် မပေးတော့။
ဤျတွင် မသန္တာ မှ ဒေါ်စိန် နားကပ်၍ ဘာ အတွက်များ သူ့ ကို လေလံဆွဲဝယ်ယူရလေသလဲ ဟု အင်တာဗျူး ၏။ ဒေါ်စိန် က မိုက် ကို ယူ ၍”ဘာအတွက်မှတော့ မဟုတ်ပါဘူး။ ကိုအောင်ဆန်း အရင်က ဆိုင်မှာ စားသွားတာ ၁၀၀၀၀ဖိုးလောက် ရှိပါတယ်။ အခု အတိုး နဲ့ ဆို ရင် ၆၅၀၀၀ လောက် ရှိပါပြီ။အဲဒါကြောင့် ၁၁၀၀၀ ရင်းပြီး သူ့ ကို ခဏခေါ်ထားလိုက် ရရင် ဆိုင် မှာစားပွဲထိုး လုပ်ခိုင်းမလို့ ပါ။”
အောင်ဆန်း ခမျာ မျက်ရည်များ ၀ဲနေလေပြီ။“လုပ်ရက် လိုက်တာ အန်တီစိန်ရယ် ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ဒီမှာဖြင့် စွံတော့မယ့်အရေး ဖျက် လိုက်တာလား ၊ မှားပါတယ် အန်တီစိန်ရယ်အန်တီမှာလည်းကလေးတွေနဲ့ ကျွန်တော့မှာလည်း အကြွေးတွေနဲ့ ” ဟု ငိုချင်းချကာ စင်နောက်သို့ ထွက်ပြေးရန်ကြိုးစားသဖြင့်အရွယ်ရောက်နေပြီဖြစ်သော ဒေါ်စိန်သားများ က ၄င်းကို ဖမ်းခေါ်ထားရလေသည်။
နောက်တော့ ဒေါ်စိန် က တစ်သောင်းတစ်ထောင် ကို ချက်ချင်းပင်ပေးလေသည်။ခေါင်းဆောင်ကြီးနေမျိုးထွန်းကတော့ ပွဲစီစဉ်ခ အရင်းကြေတော့မည် ဟု တွက်ပြီးပြုံးပြုံးကြီး ဖြင့် လက်ခံရယူလေ၏။အောင်ဆန်းတစ်ယောက်ခမျာ ရုန်းရင်းကန်ရင်းဖြင့် ဒေါ်စိန် သားများနောက်ပါသွားရလေတော့သည်။
ဗာလ

Friday, October 9, 2009

ဇရှိသော ငြိမ်းချမ်း


ဒီပုံလေးက ငြိမ်းချမ်းငယ်နုစဉ် ကာလ ကပုံပါ။ နေမျိုးထွန်း၊ စိုးလွင်၊အောင်ထက်နှင့် ဆင်ကြီးတို့ဖြစ်သည်။ သူတို့ကား ခွက်ပုန်းများတည်း။ပုံကို အောင်ထက် ကျေးဇူးပြုပါသည်။ :P

Thursday, October 8, 2009

ပြန်လည်ဆုံတွေ့ကြရာဝယ် လွိုင်ဆမ်ဆစ်ညမှာကွယ်




တစ်လှေလုံး ကြောင့် ငါးခုံးမတစ် ကောင်ပုပ်တဲ့ အကြောင်း ရေးပြီးပါပြီ။ အခု အဲဒီငါးခုံးမ မန္တလေး ရောက်တုံး တစ်လှေလုံးဝိုင်းပုပ်ကြပုံပြပါဦးမယ်။ ကျောင်းတွေပြီးလို့ ချက်ခိုင်Mdy ရောက်တုံး ဆုံကြတဲ့နေရာကတော့ ၃၅လမ်းက လွိုင်ဆမ်ဆစ် ပေါ့။ ကြည့်ကြပါကျွန်တော်ပြောတာလွန်သလားလို့။ ကျွန်တော်တို့တော့မပါပါဘူး။ သူရာမေယရ ကို လုံးဝ လုံးဝ ကင်းတဲ့ကျွန်တော်ပါ ( အမြည်းမပါပဲ ပြောတာပါ )။
ထိုနေ့ညက....
ငအောင် ညစာငတ်
သူရိန်...မိန်းမကိုကန်တော့ပြီးမှ အိမ်ပေါ်တက်ခွင့်ရ
ဆင်ကြီး....အသည်းကွဲသီချင်းသစ်တစ်ညလုံးဆို
အောင်စိုးဝင်း....အသားဖြူအောင် အင်္ကျီချွတ်ပြီးတစ်ညလုံးအိပ်၊နောက်နေ့ဖျား
သက်ခိုင်.....ဗန်းမော်တိုက်လမ်းကခွေးများနှင့်တစ်ညလုံးရန်ဖြစ်
ငြိမ်းချမ်း.....ဆင်ကြီးနှင့် အသည်းကွဲသီချင်းဟောင်းတူတူဆို
ငမျိုး.......ဒွေးအမှတ်တရ ဂိုက်ပေးကြမ်း၊ ကျုံးထောင့်မှာတစ်ညလုံးဆေးလိပ်သောက်နေ
ငမင်း....ကဗျာအပုဒ် ၇၀ ခန့်ရေးဖြစ်သည်ဟုသိရသည်။
( ပုံများကို ဆင်ကြီးခေါ် ဇော်နိုင်လင်းပေးပို့ပါသည်၊ ၄င်းအားဆဲကြပါကုန် ငမူးများ)။

ဒိုက်စ်

Wednesday, October 7, 2009

မန္တလေးလေလံပွဲ (၅)

စင်နောက် တွင်ကား အရက်ကျွန် ငဖြိုး ၏ ဦးဆောင်မှုဖြင့်ကြိတ်ဝိုင်းလေးဖြစ်နေလေပြီ။ လေကျယ်သော ကျော်စွာအောင် ကအားလုံးမသောက်ရန်ပြောသော်လည်း အသာခိုးသောက် ကြသည်။ ငဖြိုး ကGrand Royal Whisky ပုလင်းလေးကို အသာခိုးခိုးသောက်နေသည်။ သက်ခိုင်ပါလာသောအရက်ပုံး ကိုလည်း ကျန်လူများ နှင့် ခွက်ပြိုင်လိုက်သောက်သည်။

လူပျိုဘ၀နောက်ဆုံးည ဟု အားလုံးသဘောထား ကြလေသလား မသိ။အောင်စိုးဝင်း က ပါ အရက်ဝင်သောက်နေလေသည်။ မည်းသော အသားအရည်မှာပြောင်လျှက် ခွက်လက် မပြက်စေရန်ဝိုင်းဝန်အားပေးနေ၏။ထို စဉ်ခေါင်းဆောင်ကြီးနေမျိုးထွန်း က ပြေးလာပြီး”ပွဲစမှဖြစ်မယ်ကွ ၊ မဟုတ်ရင်မင်းတို့ လည်း မှောက်၊ရှေ့ က လူတွေလည်းမှောက် ကုန် ကြ ရင် ခက်မယ်။ဘယ်သူ အရင်ထွက်မလဲ”ပြောလေ၏။အားလုံး မာန်ကြီးနေကြသော်လည်း ရှေ့ ဆုံးမှ ဘယ်သူမထွက်ရဲ။ ကင်းဟောင်းငဖြိုး ရှေ့ ဆုံးက ထွက်သင့်သည်ဟု ပြောသူကပြော၊ ဘေးနားက ထိုင်၍ရှက်စနိုးဖြစ်နေသော ဆရာဇော်ဝင်းအောင်ကို ဦးစားပေးသင့်ကြောင်း ပြောသူကပြော နှင့် နောက်ဆုံးတော့ ရဲဝင်းသူ မှ သူ ထွက် မည်ဟုသူရဲကောင်းကြီးပမာထွက်လာသည်။ မိတ်ကပ်အဖွေးသားနှင့် ဒိန်းဒေါင်ကဲ့သို့ပုံစံချိုးထားကာ လိုက်ကာကို မက ရှေ့ သို့ ထွက်သွားလေသည်။

ကျန်လူများ အရက်ကို ကမန်းကတန်းဆက်မော့ကြရင်း ရဲဆေးတင်နေကြသည်။
”ဟောဒီက ရဲဝင်းပါ“ ဟုဆိုကာ ပရိတ်သတ်ရှေ့ သို့  ပုဆိုး လေး ရင်ဘတ်ချီကာရဲဝင်းထွက်လာလေပြီ။ ပရိတ်သတ်အပေါင်း စကားပြော နေရာမှရပ်၍ ကြည့်နေကြသည်။ဒိုင်လူကြီး ဖြစ်သော သရဲလေးကောင်အဖွဲ့

မကေသွယ်မှ”ကို ရဲဝင်းသူ ဟာ မျိုးရိုးအရ လူပျို စစ်ပါတယ်။ ရည်းစားမရှိဘူးသူလူပျိုကြီးဖြစ်တဲ့အပြင် ဆေးစစ်ချက်မှတ်တမ်းအရ လွန် ခဲ့တဲ့သုံးလလောက် အထိHIV မရှိပါဘူး။ ဈေး အနေနဲ့ က အနည်းဆုံး တစ်ထောင် လို့ အစက သတ်မှတ်ထားပေမယ့် ၅၀၀၀ တန်တွေ ထွက်ပြီး ကုန်ဈေးနှုန်းတွေ တက်လာလို့  အနည်းဆုံး၅၀၀၀ သတ်မှတ်လိုက်ရပါတယ်။ ၅၀၀၀ ထက် ဘယ်သူ ပို ပေးမှာပါလဲ“ဟုကြေငြာလိုက်သည်။

ပရိတ်သတ်က ရုတ်တရက် ဘာသံမှမထွက်လာသေးပါ။ ဈေးပေးမည့်သူ လက်မရဲသေးပါက အစဈေးနှုန်း ကို မသိမသာ အော်ပေးရန် နေမျိုးထွန်းကမှာထားသော မြတ်မြတ်စိုး`၏အသံ ထွက်လာသည်။”၅၀၀၁ ကျပ် ပေးမယ်“ထို အခါ မှ ပရိတ်သတ် များလည်း ရဲတင်းလာပြီး၅၁၀၀ မှ ၆၀၀၀ လောက်ထိ အပြိုင်ဈေးများခေါ်နေကြသည်။စက်ကန်းဘက်ခ်ျ မှ သဇင်ထိုက်ကလဲ မရမရှိ မရှိလိုက်ရလေအောင် ဈေးပြိုင်လိုက်ပေးသည်။ မီမီလှိုင် က ၈၀၀၀ ပေးမည်ဟု အော်လိုက်သည်။

မီမီလင်းထွန်းကလည်း မခေ။ ချက်ချင်း ၈၅၀၀ ပေးမည်ဟုကြေငြာလိုက်သည်။ပရိတ်သတ်များ ဈေးများ အပြိုင်ပေးနေချိန်ဝယ် ရဲဝင်း မှာ လှတပတကောင်မလေးကဈေးပေးလျှင် တင်ပါးပါလှုပ်ပြီး ၀မ်းသာနေသလောက် မလှသူအလှည့်ရောက် လျှင်မျက်နှာညှိုး ကြသွားသည် ကို တွေ့ ရသည်။

ရုတ်တရက်“တစ်သိန်းပေးမယ်“ ဟု ပရိတ်သတ်နောက်ဆုံးမှ အသံခပ်ကြီးကြီးတစ်ခု ထွက်လာသည်။အားလုံး အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်ကြသည်။ဈေးခေါ်ပြီးနောက် ၄င်း ကလည်း ရှေ့ သို့ လျှောက်ဝင်လာသည်။“ဟာ“ ဟု ပရိတ်သတ်အားလုံး မှ တညီတည်းအသံထွက်သွားသည်။ဝင်လာသူ ကား အခြားသူ မဟုတ် ။ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်သူဒေါက်တာ နီလာသိန်းပေတည်း။“မင်းတို့ တစ်မျိုးမထင်ကြနဲ့  ။တီချာက ရဲဝင်းကို အိမ်ထောင်ကျသွားမှာမလိုလားသေးဘူးကွဲ့ ။ ခု လည်း ဘိတ်ကို လွတ်မလို့ လာခေါ်တာ။ ဒီကောင်ကလေးကဒီလာရှုပ်နေလို့ ပြန်ခေါ်သွားမလို့ “ဆရာမကြီးက ခပ်တည်တည်ပင်မိန့် ကြားလိုက်သည်။ ရဲဝင်းမှာကားပါးစပ်ဟောင်းသားလေးဖြင့် မျက်နှာလေးငယ်ကာ ဆရာမကြီးခေါ်ရာနောက်သို့လိုက်သွားရလေသည်။ဆရာမကြီးမှ မသွားခင် စာရွက်ဖြူတစ်ရွက်ပေါ်တွင် ငွေတစ်သိန်း ဟုရေးပြီးလက်မှတ်ရေးထိုးပေးလိုက်သည်။ပြီး မှ ရန်ကုန် ကွန်ပျူတာတက္ကသို လ် ငွေစာရင်းမှာသွားထုတ်လိုက်ဟုမှာကြားပြီးပြန်ထွက်သွားလေတော့သည်။နေမျိုးထွန်းမှာ ၀မ်းသာရခက် ၀မ်းနည်းရခက်မျက်နှာပေးဖြင့် ဟုတ်ကဲ့ အခါတစ်ရာခန့် ပြောလိုက်ရပေသည်။

ဗာလ

Tuesday, October 6, 2009

မန္တလေးလေလံပွဲ (၄)

ကောင်းကင်က မိန်ဖျော့ဖျော့မန္တလေးကွန်ပျူတာတက္ကသိုလ် ပထမသုတ် မကျောင်းသား များလေလံပွဲ မှာတကယ်ပင်အကောင်အထည်ပေါ်လာလေပြီ။ ကပွဲရုံ တဘက်တစ်ချက်က လည်းဈေးဆိုင်တစ်ချို့ လာဖွင့် သည်။စပီကာ မှာ ပွဲမစခင် ကာရာအိုကေ အနေဖြင့် ဒိုင်လူကြီးများ ဖြစ်သောကြော့ကြော့လှိုင် ၊ မအိအိဝင်း နှင့် သရဲလေးကောင် တို့ က အလှည့်ကြအူနေကြလေပြီ။“ ဒို့ ကတော့ဒို့ ကတော့ ယောက်ျားရရင် ငှက်ပျောသီးကျွေးမယ်“ ဟု စပီကာ မှညောင်နာနာ အော်လိုက်သံမှာ အီးဘုရင်မအီးကြော့ ၏ရင်တွင်းဖြစ်များဖော်ကျူးနေလေသည်လားမသိ။သရဲလေးကောင် က လည်း ဘယ်လို မှ စပ်ဟပ်မရနိုင်သော ဟာမို နီ ဖြင့်အီးကြော့အသံအဆုံး “ ငှက်ပျောသီးကျွေးမယ် လို့ ..ဟင့်ဟင့် “ဟုလိုက်လံ ဖော်လိုလိုက်နေကြသည်။ အိအိဝင်းမှာတော့ မျက်ထောက်နီကြီးဖြင့်ယောက်ျား နေမျိုးထွန်း ဧည့်ခံနေသည်ကို လိုက်ကြည့်နေသဖြင့်သီချင်းမဆိုနိုင်အားသေးပါ။ဧည့်သည်မိန်းကလေးများသာမက လေ့လာသူ ယောက်ျားသားများလည်း ရောက်လာနေကြလေပြီ။
သက်ခိုင်ကတော့ အကြံရှိသူ ပီပီ အဖျော်ရည်များထဲတွင်ယမကာများ ရောပေးထားသည်။နေမျိုးထွန်းက လည်း ဘယ်လို မှမစွံနိုင်သည့် ဤလူများ ရောင်းထွက်ရေးအတွက်ယမကာ ရောရန်သဘောတူထားသည်။ယမကာ သည် ချစ်ခြင်းကို အားပေးသည်မဟုတ်ပါလော။တော်ရုံတန်ရုံမိန်းကလေးတစ်ယောက်ကို ယမကာသောက်ပြီးမှကြည့်လျှင် အလွန်ပင်လှပသွားကြသည်မဟုတ်လော။ မီးဆလိုက်များကို လည်း သင်္ဘောသား သူရ ၏ ထောက်ပံ့မှုဖြင့် စီစဉ်ထားသည်။ ယမကာ နှင့် မီးဆလိုက်များ ပါလျှင် အကျည်းတန်သူများပင် ကြည့်ကောင်းသွားမည်ဟု တွက်ထားကြသည်။
ပရိတ်သတ်များ မှာ များလာပြီဖြစ်သည်။ တစ်ချို့  မှာ ဖျော်ရည် များ သောက်၍စကားများဖောင်ဖွဲ့ ရင်း စင်ပေါ်သို့ လှမ်းလှမ်းကြည့်နေသည်။
ဒိုင် ချုပ် ကြော့ကြော့လှိုင် မှာဆိုလိုက်သောက်လိုက်ဖြင့်အတော်မူးနေလေပြီ။ မူးနေပြီဖြစ်သောကြောင့်သီချင်းပင်မဆိုနိုင်တော့။ လျာလေးအာလေးဖြင့်“ ကွ ရောက်လာ ကြတဲ့ ကွန်ပျူတာတက္ကသို လ် ညီအစ်မများ ခင်ဗျား. ဆော်ရီးရှင်။ အခု လေလံပွဲစတင်တော့ မှာဖြစ်လို့ ဂုဏ်ပြုရင်းနောက်တစ်ခွက်လောက်သောက်လိုက်ကြပါစို့ လားရှင်“ဟု ကြေငြာလိုက်ရာအားလုံး ခွက်ကိုယ်စီ ကိုင်မြှောက်၍“လင်ယောက်ျားပေါများပါစေ“ ဟု အားလုံးဝိုင်းဝန်းဆုတောင်းလိုက်ကြသည်။အီးကြော့်က နောက်တစ်ခေါက် ခွက် ထပ်ထည့်၍“နောက်တစ်ခွက်လောက် ထပ်ဂုဏ်ပြုလိုက်ကြပါစို့ လား“ပြောရင်း နောက်တစ်ခွက်မော့လိုက်ရာ အားလုံး လည်းလိုက်သောက်ကြလေသည်။ဤသို့ ဂုဏ်ပြုနေလိုက်ရာ မှောက်သူမှောက် ၊အန်သူ အန်ဖြစ်သူများလာသောကြောင့်မအိအိဝင်း က အီးကြော့ထံမှ မိုက်ကိုဆွဲယူ ပြီး“အားလုံး ပွဲစပါပြီ ထပ်သောက်စရာမလို တော့ပါဘူး“ ဟုဆို လိုက် မှ မူးနေသောပျိုပျိုအိုအို ပရိတ်သတ်များခေါင်းထောင်ကာ စင်မြင့်စီကိုလှမ်းကြည့်နေကြသည်။

ဗာလ

မန္တလေးလေလံပွဲ (၃)

(၅) ငြိမ်းချမ်း စောတင်မောင်၏ ပြိုင်ဘက် ဗိုက်ကလေး မှာ ကား မိန်းမရရန်အတွက်ဆို လျှင်ချီးကားပဲဆွဲရဆွဲရ ကြိုးစားချင်သူ ဖြစ်သည်။ အသဲကွဲ ဒဏ်ရာများ ရှိသောလည်းတက်ကြွသော ကြက်ဖတစ်ကောင် အနေဖြင့် လူဖြစ်ကျိုး နပ်လို လှပြီဖြစ်သည်။ သို့သော် အဖြစ်က လည်း မရှိ။ ငြိမ်းချမ်းဟု ဆို လျှင် မိန်းကလေးများ သာမကအခြောက်များ ပင် ရှောင်ကြသည်ဖြစ်ရာ ဤ လေလံပွဲသည်သာ ၄င်းအတွက် မျှော်လင့်ချက်ဖြစ်လေသည်။ ရောင်းမထွက်ခဲ့ပါက အဆစ်အနေဖြင့် ထည့်ပေးလိုက်ရန်ခေါင်းဆောင်ကြီး အား သွား ရောက် ဂါရ၀ ပြု ထားပြီး ဖြစ်လေသည်။
(၆) မြတ်သူရဗိုလ် တစ်ခောတ်တစ်ခါ က လူငယ်ခြေသွက် တစ်ယောက်အနေဖြင့်ကောင်းစားခဲ့ဘူးသည်။ သို့ သော် ကောက်ရိုးပုံ စောင့်ရင်းဖြင့်အချိန်ကုန်ကာ ယောက်ျားဘ၀ကို ညည်းငွေ့ နေပြီဖြစ်ကြောင်းပြောဆို သံကြား၏။ကမ္ဘာပါတ်နေသောသဘောင်္သား တစ်ယောက်ဖြစ်သောကြောင့် သင်္ဘောသားလို ချင်သူမိန်းကလေးများ အကြိုက်ဖြစ်ဖွယ်ရှိသည်။
(၇)ဇော်နိုင်လင်း(ခ) ဆင်ကြီး သောက်လုံးကြီးလှသော ဆင်ကြီး ကို မိဘများကလည်း မကယ်တင်နိုင်။အိမ်ထောင်လျက်သား ချ ပေးချင်သော်လည်း နယ်တစ်ဝိုက် မှ မိန်းကလေးရှင်များ ကခွေးသာအမြီးဖြတ်ပေးစားလိုက်ချင်ကြသည်။ ဇော်နိုင်လင်း ဆိုလျှင်တော့ပေးစားရန်စိတ်မကူးကြ။ သို့ သော်သဘောကောင်းပြီး အလိုလိုက်လိမ့် မည်ထင်ကြသော မိန်းကလေးများ စိတ်ဝင်စား ပေလိမ့်မည်။ အညောင်းမိနေသောမိန်းကလေးများ ဆင်နင်းခံရန် ၀ယ်ယူကောင်းဝယ်ယူလိမ့်မည်ဖြစ်သည်။
(၈)အောင်ဆန်းသခင်အောင်ဆန်းလို တော့ အဟုတ်နေရာမထူးချွန်လှပါ။သို့ သော်ဗိုလ်ချုပ်ကဲ့သို့  တစ်ခေတ်တစ်ယောက်ဖြစ်လေသည်။ တဏှာတွင် ငဖြိုးကိုမမီသော်လည်း အတော်ပင် ခြေလှမ်းသွက်သည်။ စိတ္တဇ အမျိုးသမီးများ အားထားဖွယ်။
(၉) ဆရာဇော်ဝင်းအောင် ဆရာဇော်ဝင်းအောင် တစ်ယောက် ဘယ်နှယ့်ကြောင့်များ ကျောင်းသားဟောင်းများနှင့် ရော ၍ ၀င်ရောက် အရွေးခံရလေသနည်း။ သူ ချိန်ဖူး သော ကျောင်းသူလေးများ ပင် အိမ်ထောင်ကျ၍ ကလေးတွဲလဲ ဖြစ်နေချိန်ဝယ် ကံကြမ္မာ ငြိုးမှိန်လှသောကြောင့် တစ်ယောက်တည်းလူပျို သိုး လွန် ကြီး ဖြစ်ကျန်နေခဲ့သူဖြစ်သည်။ အတန်းတူ ဆရာမများ နှင့် လည်း မရည်ငံခဲ့။ ရပ်ကွက်ထဲမှမချောကို လည်း ကြံဆောင် မအောင်မြင်ခဲ့ပဲ အရှုံးသမားကြီးလုံး လုံးဖြစ်နေခဲ့လေသည်။ ထို့ ကြောင့် နောက်ဆုံး ရဲဝင်းသူ ကို ဆရာပြန်တင်ကာဤလေလံပွဲတွင် တင်၍ ရောင်းချကြည့်ရန် မရဲတရဲ ကြိုးစားကြည့်ခြင်းဖြစ်လေသည်။
(၁၀) ရဲဝင်းသူဆရာလေးရဲဝင်းသူ မှာတော့ မိန်းမရရေး ဘာပဲလုပ်ရလုပ်ရ ဖြစ်သောကြောင့်ဤပွဲတွင် မဖြစ်မနေ ၀င်ရောက် နွဲဖို့ ရန်ပြင်ဆင်ထားသည်။ မိတ်ကပ်အောင်အောင် နှင့်လည်း ပွဲနေ့ အတွက် စာချုပ်ပြီးဖြစ်သည်။
(၁၁) မျိုးဆက် အခါတစ်ပါး က သောက်စားပျော်ပါးခဲ့ဘူးလေ၏။ အိမ်ထောင်ရေး လက္ခဏာကပါလာပုံမရ။ ကောင်းကောင်းနေခဲ့သော်လည်း မိန်းမ မရပါ။ စာတို ပေစများ ရေး၍အနိမ့်ဆုံး ရည်မှန်းချက် မြန်မာပြည် ၂၀၁၀ ရွေးကောက်ပွဲနိုင် သမ္မတကြီးနှင့် အမြင့်ဆုံးရည်မှန်းချက် မှာ မိန်းမရရန်ဖြစ်လေသည်။ ထို့ ကြောင့်စီစဉ်သူများ က စီစဉ်ပေးလာသောအခါ ရှက် တတ်သော်လည်း လေလံပွဲ တွင် စွန့်စားကြည့် ရန်ဆုံးဖြတ်ပြီး မန္တလေးသို့ ထွက်လာသူဖြစ်သည်။
အထူးဧည့်သည်တော် ဆရာအောင်ကျော်ဇံ ပွဲစဉ်အတွက် ကုန်ပစ္စည်းပုရိသ စာရင်းပိတ်ချိန်ဝယ်ဆရာအောင်ကျော်ဇံတစ်ယောက် အရက်ပုလင်းကြီးမ လာပြီး ပုဆိုးစွန်တောင်ဆွဲကာရောက်လာသည်။ စာရင်းပိတ်ပြီးချိန်ဖြစ်သော်လည်း ဆရာ ဖြစ်သောကြောင့်နေမျိုးထွန်း ခမျာ အတော်ခေါင်းစား၍ အထူးဧည့်သည်တော် အနေဖြင့်ထည့်သွင်းပေးရလေသည်။ ၄င်းနောက် သက်ခိုင် နှင့် အောင်သူ မှာလည်းကြားဖြတ်အနေဖြင့် ၀င်ရောက် ဦးမည်ဖြစ်သည်။

ဗာလ

Monday, October 5, 2009

သူ့ အမှား

ရန်ကုန်ရွေလိပ်ပြာ ဟိုတယ်
သက္ကရာဇ် ၂၀၀၂ ခုနှစ်ခန့် 
ဟိုတယ်မှာရွေဂုံတိုင် သံဃ ဆေးရုံ အနားတွင်ရှိလေသည်။ ပု ပု ကွကွ အညာသားလို လူတစ်ယောက် ဆာလာအိတ် ကြီးနှင့် စာအုပ်ထူကြီးကိုင်ကာ ရေခဲဆိုင် ကားမှတ်တိုင်မှာ ၃၆ ကားပေါ်မှဆင်းလာသည်။
ဘေးနားရှိ ပန်းချီပန်းပုကျောင်းထဲသို့ ဝင်မလို လုပ်ပြီးမှ ရွေလိပ်ပြာဟို တယ်ထဲသို့ ခပ်တည်တည်ဝင်ရောက်သွားလေ၏။
ဟို တယ်ဧည့်ကြို ငှာန ရှေ့ တွင် ၄င်း၏မြွေခွံလက်ဆွဲအိတ်ကြီးကို ချ ပြီး စာအုပ် ထူကြီး ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ စာအုပ်အဖုံး ရုတ်တရက်လန်သွားစဉ် ဧည့်ကြိုစာရေးက ကမန်းကတန်း ဖတ်လိုက်ရသည်။ ဘယ်လို လူမှန်းမသိခင် လူကဲခတ်နေရသည်မဟုတ်လား။ စာအုပ်ပေါ်တွင် object oriented programming (C++) ဟု ရေးထားသည်ကို နားမလည်စွာပင်ဖတ်လိုက်မိသည်။ ဘယ်က သူငှေးသား စာတတ်လေးဘာလိမ့်။သို့ တည်းမဟုတ် ဖိုထိုးရင်း ဖိုအောင်လာသော
အဂ္ဂရိတ်ဆရာများလော။ ကျောက်တွင်းသငှေးများလားမသိသဖြင့် ပျူပျူငှာငှာဖြင့်
"ဆရာ အခန်းယူမှာလား"
အညာသား။ ။ "ယူမှာပေါ့ကွ။ ဒီလာတာ တည်းဖို့ ပဲဥစ္စာ"
ဧည့်ကြို။ ။ "ဘယ်နှစ်ရက်လဲဆရာ"
အညာသား။ ။ "ကျုပ်က ဒီမှာ စာမေးပွဲလာဖြေတာ။ တစ်လဖြစ်ချင်ဖြစ်မယ်။နှစ်လဖြစ်ချင်ဖြစ်မယ်၊ရတယ်မဟုတ်လား"
ဧည့်ကြို။ ။ "ရပါတယ်ဆရာ၊ ဒီမှာ က ရန်ကုန်မှာ အသန့် ဆုံးဟိုတယ်ဆို တော့ တစ်ညကို ၈၀၀၀ ယူပါတယ်။ တစ်လလုံးနေမယ်ဆိုရင်တော့ မန်နေဂျာနဲ့ ပြောပြီးလျော့ပေးပါမယ့် ခင်ဗျ"
အညာသား မျက်နှာမှာ ရုတ်တရက်မည်း သွားသည်။ မည်းရာမှ နီသွားသည်။ စကားထစ်ထစ်ဖြင့်
"တစ်ညကို ၈၀၀၀ ၊ ဘာဗျ ၊ တစ်ည ၈၀ ဆိုရင် တော့ ဒီမှာတည်းမလို့ ပဲ။ ခင်ဗျားတို့ ဟာက ဈေးကြီးလွန်းတယ်ဗျာ၊ ကျုပ် အမျိုးအိမ်ပဲသွားတည်းတော့မယ်"
ဟု ခပ်တည်တည် ပြောပြီး အိတ်ကြီးနှင့် စာအုပ်ကို မကာ ပန်းချီပန်းပု ကျောင်းဝင်းဘက်သို့ ပြန်လျှောက်သွားလေသည်။
ဧည့်ကြို မှာ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်နေရာမှ ဒေါသထွက်လာကာ
"ဘယ်က တောသားဗိုက်ကလေး က ဟိုတယ်လို နေရာမှာ လာတည်းချင်ရတာလဲမသိ"
ဟု မြည်တွန်တောက်တီးကျန်နေခဲ့လေသည်။
(ဆရာငြိမ်းချမ်း၏ကိုယ်တွေ့ မှတ်တမ်း ဖြစ်ပါသည်။)

ဗာလ

အမှတ်တရ Photo







Internet မှာလျှောက်ကြည့်ရင်း ရန်ကင်းတောင် နဲ့ အောင်ပင်လယ် photo လေးတွေ ကို ဒီဆိုဒ်မှာ http://www.yanaung.net/ တွေ့လို့ တင်လိုက်ပါတယ်။

Sunday, October 4, 2009

ချစ်သူ့မြို့နှင့် အနီးတဝိုက်

နိုင်ငံရပ်ခြားကို အထင်ကြီး၍ လာရောက်ရသော သူမဟုတ်လျှင် ရန်ကုန် (သို့) ဇာတိမြေကို လွမ်းမိမည် ဧကန်ဖြစ်သည်။ ဘဝရဲ့ အနှစ်၃၀ နီးပါး ရှင်သန် ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်အားမည်သို့ မေ့ထားနိုင်မည်နည်း။ လိုအပ်ချက်များစွာ ရှိနေသော်လည်း မိမိ၏ ဇာတိမြေသည်သာလျှင် နေပျော်ရွှင်ပျော်စရာ အရပ်မဟုတ်ပါလော။

စင်္ကာပူမြေသည် ရန်ကုန်နှင့် များစွာမဝေးလှသော အရပ်ဖြစ်သော်လည်း နေပျော်စရာကောင်းသည်ဟု မည်သည့်အခါမျှ မထင်ခဲ့မိပေ။ချန်ဂီလေဆိပ်တွင် လေယာဉ်ဘီးစတင်ချ စဉ်ကတည်းက ဦးစွာ လွမ်းဆွတ်မိသည် မှာ ရန်ကုန်မြေဖြစ်သည်။ ~~' မြင်စိုင်း၊ ပင်းယ၊အင်းဝ၊ကုန်းဘောင်...ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း တစိတ်တဝမ်းညီနောင် ပြည်ထောင်စုဘွား၊ မြန်မာပြည်သားဟေ့၊ မြန်မာပြည်သား'~~ ဟူသောမြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်လေ့ရှိသည့် သီချင်းကိုမှတ်မှတ်ရရ သတိ၇မိခပ်တိုးတိုးငြီးဆိုမိသေးသည်။ချန်ဂီလေဆိပ်၏ ကြီးကျယ်ခမ်းနားမှု၊ နေ့ခင်းနှင့် မခြားလင်းရှင်းသပ်ရပ်မှုတို့က ရန်ကုန်လေဆိပ်မှထွက်ခွါလာသူ၏ စိတ်ကိုခေတ္တ ခဏတော့ သိမ်ငယ်သွားစေခဲ့သည်။ စနစ်တကျ တည်ရှိနေသော ဂိတ်များ၊ စားသောက်ဆိုင်များ၊ ရွှေ့လျားစက်လှေခါးများ နှင့် အခမဲ့ဝန်ဆောင်မှု ပေးသော တယ်လီဖုန်း အိပ်ချိန်းများ မြင်သည့်အခါ ရန်ကုန်မှမထွက်ခွါမည် တန်းစီစောင့်ဆိုင်း၍ အလုအယက်ဆက်ခဲ့ရသော တယ်လီဖုန်း အနီလေးကို လွမ်းဆွတ်မိသည်။

ICA ခေါ် လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်တန်းစီရချိန်တွင် အိုက်စပ်ပူလောင်ခြင်း၊ အချိန်အတန်ကြာစောင့်ဆိုင်းရခြင်း မရှိသည်ကိုတွေ့ရခြင်းသည် Computerize ကျယ်ပြန့်စွာသုံးစွဲနိုင်ခြင်း၏ အားသားချက်ကို သတိပြုမိစေသည်။အမှိုက်တစမျှမရှိပဲ၊ အစဉ်ပြောင်လက်သန့်ရှင်းနေသော MRT မြေပေါ်မြေအောက် ရထားစနစ်ကိုအသုံးပြုရသည့်အခါများတွင် ရန်ကုန်မြို့ပတ်ရထားပေါ်က ပျံကျဈေးသည်လေးများ၏ အသံနှင့် ကွမ်းဝါး၍ ရထားစောင့်ခဲ့ရသော လှည်းတန်းဘူတာလေးကိုလွမ်းဆွတ်လှသည်။ Bus ကားဂိတ်၊ MRT Station တို့မှ အထွက် မိုးသည်းသောနေ့များတွင် ထီးမလိုပဲ လူသွားစင်္ကြန်များမှတဆင့် အိမ်အရောက်ပြန်နိုင်သော အခါများတွင်တော့ လှည်းတန်းမှတ်တိုင်အနားရှိ မိုးခိုခဲ့ရသော စတိုးဆိုင်လေးကိုသတိရမိသည်။

စင်္ကာပူသည် ရန်ကုန်ထက် အပူချိန်များသော်လည်း အဘယ်ကြောင့် နေထိုင်ရအဆင်ပြေနေပါသနည်း။ စင်္ကာပူသည်နေရာတိုင်းကိုလေအေးပေးစက်အဘယ်ကြောင့်ပေးထားနိုင်ပါသနည်း။ စွမ်းအားအရင်းအမြစ်ရှိသော်လည်း အားလုံးတပြေးညီစီမံခန့်ခွဲနိုင်ရန် လိုအပ်ချက်သည် မည်သည့်အရာနည်း။ အတတ်ပညာ၊အသိပညာတွင်သာ ရင်းနှီးမြုပ်နှံခြင်းသည် လူ့သမိုင်းကို တိုးတက်စေသည်ဆို၏။

ငယ်စဉ်ကတည်းကပင် တက်ကျမ်းများမဖတ်လိုသော ကျွန်တော်သည် စည်းစနစ်ရှိသော၊ အလျင်လိုနေသော၊ စက်ရုပ်ဆန်သော စင်္ကာပူနှင့် များစွာအံမဝင်လှချေ။

ခမ်းနားသော သပ်ရပ်သော စာအုပ်ဆိုင်ကြီးများ အစား၊ ပန်းဆိုးတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင်တမေ့တမော စာအုပ်ရွေးရခြင်း၊ လှည်းတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင် တို့ဝှေ့ဈေးဆစ်ရခြင်းနှင့် အမဲအူပြုတ်ဆိုင်မှရှောက်ရွက်နံ့လေးများကို လွမ်းဆွတ်မိပါသည်။Food court များတွင် မလေးရှားအုန်းနို့ခေါက်ဆွဲLaksa မှာစားရသော အခါ လှည်းတန်းဈေးအနားရှိ ဆကာကြီးမုန့်ဟင်းခါးဆိုင်ကိုမြင်ယောင်မိသည်။ Food court များရှိ အသက်အရွယ်များစွာကြီးရင့်သော ဆိုင်ဝန်ထမ်းများကိုမြင်လျှင်တော့ များစွာစိတ်မကောင်းဖြစ်ပြီး လှည်းတန်းလမ်းမပေါ်က အဘိုးအရွယ် အဘွားအရွယ်များကို စာနာမိသည်။ကျွန်တော်တို့ဆီတွင်လူအိုရုံများ များစွာလိုအပ်နေပြီလားဟုအခါခါတွေးမိသည်။ကလေးကစားကွင်းငယ်များ၊ ဘော့လုံးကစားကွင်းကျဉ်းကျဉ်းလေးများရှေ့ဖြတ်လျှောက်တိုင်း ၊ မြက်ရိုင်းများမိုးထိုးနေသော လှိုင်အားကစားကွင်းအတွင်း ဘော့လုံးကန်ခဲ့ရသည်များကို လွမ်းဆွတ်မိရသည်။ လူနေဧရိယာထူထပ်သော ရန်ကုန်တွင်ပင် ကစားကွင်း အများအပြား ရှိသေးသည်မဟုတ်လော။ ပြုပြင်ထိန်းသိမ်းနိုင်လျှင်လွန်စွာကောင်းသော အဆင့်မှီကွင်းများဖြစ်မည်ကား ယုံမှားသံသယမရှိပေ။လေအေးစက်တပ်ဆင်ထားသော ခေတ်မှီဘတ်စ် ကားချောင်ချောင် များစီးနင်းရသောအခါ ၁၀၅ ဒိုင်နာနောက် ခြေနင်းတွင်တွဲလောင်းလိုက်ခဲ့ရသောအရသာကို မည်သို့မေ့နိုင်ပါအံ့နည်း။ ရုံးသို့ အချိန်မှီပြေးလွှားသွားရသော နေ့တိုင်း၊ သက်တောင့်သက်သာရန်ကုန်ရုံးကိုလွမ်းဆွတ်မိတတ်ခြင်းသည် တက်ကျမ်းများမဖတ်ခြင်းဧ။်အပြစ်များဖြစ်သည်ထင်သည်။

NTUC များတွင် ရေခဲရိုက် အသား၊ငါး များဝယ်ရတိုင်း ကြည့်မြင်တိုင်ညဈေးတွင် ဗွက်ထူထူထဲဈေးဝယ်ရခြင်းလောက် အရသာမတွေ့။ တခါတရံ ထိန်ထိန်လင်းနေသော စင်္ကာပူရ် လပြည့်ညများတွင်တော့ စိုင်းထီဆိုင်ဧ။် ရန်ကုန်မှာသာ တဲ့ လ ကိုလွမ်းရသည်။Penisula Plaza တွင် လဘက်၇ည်သောက်ရသောအခါများတွင် မိန်းထဲမှ ဦးချစ်လက်ဘက်၇ည်ကို တမ်းတရသည်။ချောင်းသာ၊ ငွေဆောင်နှင့် ငပလီတို့ကို အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသောကြောင့် Sentosa သို့သွားရောက်ရန်တခါမျှစိတ်မကူးခဲ့မိချေ။East Coast က လေညှင်းထက် ဆူးလေဘုရားလမ်းက လေနုအေးကိုပို၍ တပ်မက်လှသည်။Orchard လမ်းပေါ်က အပြာရောင် ငှက်များသည် ပန်းဆိုးတန်းတဝိုက်က အပြာရောင်ညများလောက်ကြေကွဲစရာ မကောင်းဟုထင်မိသည်။

ရေကြည်ရာ မြက်နုရာ သွားလာနေရသည်ဆိုသော် ယခုခေတ်သည် သမိုင်းဦးလူသားခေတ် မဟုတ်။ ကိုယ့်တိုင်း ကိုယ့်ရွာ၌ မနေဖြစ်အောင် မည်သည့် အရာက ဖန်တီးနေပါသနည်း။ စင်္ကာပူရ်တွင် မိုးရွာပါသည်၊ နေသာပါသည်၊ ထို့နည်းလည်းကောင်း လ သာပါသည် လေပြေညှင်းတို့တိုက်ခတ်တတ်ပါသည်။ ရန်ကုန်နှင့် မကွဲပြားသောရာသီဥတု ရှိပါသည်။ သို့သော်....ကျွန်တော်သည်....ချစ်သူ့မြို့နှင့်အနီးတဝိုက်ကိုသာ.................။

ဒိုက်စ်

Friday, October 2, 2009

မန္တလေးလေလံပွဲ(၂)

လေလံပွဲနီးလာသော အခါ ကွန်ပြူတာတက္ကသိုလ် ပထမအသုတ်၊ဒုတိယအသုတ် နှင့်တတိယအသုတ် စသဖြင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာကြလေပြီ။ပထမအဆင့်အနေဖြင့် ပထမဆုံး အသုတ်မှလူပျိုကြီးများကို လေလံစတင်မည်ဖြစ်လေရာ ဒုတိယအသုတ် မှဦးစ၊ဆရာဇော်ထွန်း(ဆင်ဖြူကျွန်း) စသည့်လူများ မှာ ဒုတိယအကြိမ်လေလံပွဲတင်ဝင်ရောက် နိုင်ရန် အထူးစိတ်ဝင်စားနေကြသည်။ တတိယအသုတ်မှာလည်း ထိုနည်းအတိုင်း ပင်။ ဤ အစဉ်အလာဖြစ်ခဲ့ပါက နောက်လာလူပျိုကြီးများ အတွက်အလွန်ပင် ကျေနပ်ဖွယ်ရာပေတည်း။ဇာတ်မင်းသား မျိုး နန္ဒ လေး မှာလည်း ၀င်ရောက် အရွေးခံရနိုးနိုး၊၀င်ရောက်လေလံဆွဲရနိုးနိုးဖြင့် ဝေခွဲမရဖြစ် နေသည်။ ထို့ အတူဆရာကျော်ဇေယျမှာ လည်း ထိုနည်းလည်းကောင်းပင်။ထူးခြားသည်မှာ လေလံပွဲတွင် ကျောင်းသားဟောင်းများသာမက ဆရာဟောင်းဖြစ်သူဇော်ဝင်းအောင်ပါနေခြင်းဖြစ်သည်။ ၀င်ရောက် လေလံတင် ရောင်းချခံ လူများ မှာ အောက်ပါအတိုင်းဖြစ်လေသည်။
(၁) အဂျေး
ကိုအဂျေး ၏ ရာဇ၀င် ကား အားလုံး ဖတ်မိပြီးဖြစ်ပေလိမ့်မည်။ ၃ နှစ်လုံးလုံးတစ်ယောက်တည်း ကြိုက်ခဲ့ သည်။ သို့ သော်လည်း မစွံခဲ့ ရပါ။ နောက်ပိုင်းတော့ရည်းစား ရသလို လို သတင်းများကြားရသည်။ စင်္ကာပူ သို့ ထွက်လာပြီးမိန်းမရဖို့ ကြံစည်ခဲ့သည်။ နောက်ဆုံးတော့ ခဲလေသမျှ သဲရေကျ ဖြစ်ကာလူပျိုကြီး (မန်နေဂျာ) ရာထူး ဖြင့် ရန်ကုန်တွင်တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရုပ်ရည်အားဖြင့် သနားကမား ။အာရိယာန်နွယ်ဖွား အနေဖြင့် လူမျိုး ခြားများ ကို အထူး ဆွဲဆောင်နိုင် သူဖြစ်၏။(၂)ကျော်စွာမျိုး ခေတ်ဒွေးအဖြစ် တစ်ခောတ်တစ်ယောက် မွေးလာသူဖြစ်သည်။ ချစ်သူ ပေါများသည်ဟုထင်ရစဖွယ်ရှိသည်။ အမူအကျင့် က ဂိုက်ပေးကြမ်း၍ ရုပ်က တွတ်ပီနှင့် တူသည်။မြန်မာပြည် မှာ လည်း ကာတွန်းချစ်သူ ပေါလှပေရာ ၄င်းအနေဖြင့်လေလံပွဲတွင်ဈေးကောင်းရဖွယ်ရှိပေသည်။(၃)အောင်စိုးဝင်း ငါန်းဇွန်သား ပီပီ မည်းမည်း ဖြင့် ကျစ်ကျစ်လစ်လစ်ရှိသည်။ဒူးမနာ ဖခင် ဖြစ်ဖို့ အရည်အချင်းပြည့်ဝသူဖြစ်သည်။ ထို့ ကြောင့်ဒုတိယအချစ် အလိုရှိသော မိန်းမသားများ မှာ ၄င်းကို ရွေးချယ်ဖွယ်ရှိလေသည်။
(၄) ကင်းကောင်(သို့ )ငဖြိုး လေလံပွဲ၏ အသက်ဖြစ်လာနိုင်သူဖြစ်သည်။ တစ်ခေတ်တစ်ခါ ကနာမည်ရှိသူဖြစ်သဖြင့် ယခုမတွေ့ ဘူးသူ မိန်းကလေးများ အနေဖြင့် လေလံပွဲကိုအထူး စိတ်ဝင်စား ကာ ၀ယ်ယူ ရန် သတင်းပြေးလျှက်ရှိသည်။ ယခု တွေ့ ဘူးသူများက တော့ ဂုတ် တို တို၊ဗိုက်ပူပူ သူတော်ကြောင်စားဖား ရုပ်အားဝယ်ယူရန်စိတ်မ၀င်စားကြ။ သို့ သော်လည်း အများစု ကတော့ ကင်းဟူသောဂုဏ်ပုဒ်တစ်ခု ကြောင့် ရေပန်းအစားဆုံး တစ်ပေးထားကြသည်။ခေါင်းဆောင်ကြီးနေမျိုးထွန်းကလည်း ၄င်း ၏ ငယ်ရုပ်ဖြင့်သာကြေငြာထားသည်ဖြစ်ရာ လေလံပွဲတွင်ကင်းပါသည် ဟုမိန်းကလေးအများစု ၀ယ်ယူရန်ပြင်နေကြသည်။ ( ဆက်ရန် )

ဗာလ

Thursday, October 1, 2009

မန္တလေးလေလံပွဲ(၁)

ကွန်ပျူတာတက္ကသိုလ်ကား ၁၀ နှစ်ကျော်၍ ငွေရတုပင်နီးစပ်လာချေပြီ။ အိမ်ထောင်မကျ ရသေးသူ လူပျိုများ အသက်(၃၀) ကျော် လူပျိုဟိုင်းကြီးများ ဖြစ်ကျန်ရစ်ခဲ့လေသည်။ ထို့ အတွက် အများ ကောင်းမှုဖြင့် လူပျိုကြီးများ စွံစေစိမ့်သောငှာ လူပျိုကြီးများလေလံပွဲကို ကျင်းပရန်စီစဉ်ကြသည်။ ကျင်းပသူ နေမျိုးထွန်း က ဦးဆောင်၍ အပျိုဟိုင်းကြီးများထောက်ပံ့မှုဖြင့် ကျင်းပရခြင်းဖြစ်သည်။ထို အထဲတက်ကြွသော ဆရာမ တစ်ဖြစ်လဲ စံပယ်ကို၊ခင်သီတာနွယ်၊ မေဖြိုးဖြိုးဇော်၊ယဉ်မင်းအေး နှင့် တကွ အထူးတက်ကြွနေသော မီမီ လင်းထွန်း တို့ လည်းပါဝင်ပေသည်။ လူပျိုကြီးများထဲမှ ကိုယ်ကြိုက်ရာ ရွေးနိုင်သော အစီအစဉ်ဖြစ်သဖြင့် ညှိကြော့မှာလည်း ၀င်ရောက်လေလံမဆွဲနိုင်စေကာ မူ ဒိုင် အဖြစ်နှင့် ၀င်ရောက်ပါဝင်လိုကြောင်း လေသံပစ်နေသည်။ လူပျိုများထဲမှာ ဗိုက်ကလေးငြိမ်းချမ်းမှာ တက်ကြွလွန်း၍ ညများပင်အိပ်မပျော်။ အိပ်ထောင်ကျ ရချည်သေးရဲ့  ဟု တွေးရင်း သတင်းကြားပြီးကတည်း က အိပ်မရတော့။ ဆင်ဖြူကျွန်းသက်ခိုင်မှာ အိမ်ထောင်သည်ဖြစ်သော်လည်း ပြန်လည်အရွေးခံချင်လွန်းသဖြင့် မန္တလေးမှ အောင်သူ နှင့် လက်တွဲကာ ကြားဖြတ်အစီအစဉ်ဖြင့် သူ တို့ ကိုယ်သူ တို့ ရောင်းချရန် ကြံသည်။ ခေါင်းဆောင်ကြီးနေမျိုးထွန်းက လည်း အခန့် သင့် လျှင် သူ ပါ ၀င်၍ ရောင်းမည်ဟု လျှို့ ဝှက် ကြေငြာထားသည်။ သို့ သော် သတင်းမှန်သမျှ လျှို့ ဝှက်၍ မရသောကြောင့် မအိအိဝင်းပြန်ကြားသော အခါ သူမ ဒိုင်အဖြစ်မပါရလျှင် ဤ ပွဲ မလုပ်ရဟု နေမျိုး ထွန်းကို အမိန့် ထုတ်လိုက်လေသည်။ ယောက်ျား အားစိတ်မချသောကြောင့်ဖြစ်လေသည်။လေလံပွဲအကြောင်းကြားသောအခါ ခိုင်သဇင်ဦး က အဆင်သင့်ဖြစ်စေရန် ရှိသမျှ အလုပ် အားလုံးနားထားသည်။ ကြည်ကြည်မြင့်မှာ လည်း အလုပ်အားလုပ်ရပ်၍ ၀င်ရောက်လေလံဆွဲရန် ပြင်ဆင်သည်။ စိုးယုမော်တစ်ယောက်တော့ သူငယ်ချင်းပြိုင်ဘက် များ အားလုံး ကို ပင် အသိမပေးပဲ လျှို့ ဝှက်စွာ ပင် ကြိုတင် လှုပ်ရှားနေသည်။သန္တာ လတ်၊ အိအိမိုးမြင့်၊ နန်းဥမ္မာဦး စသဖြင့် အားလုံး မှာ မန္တလေး တွင် စောင့်၍ ပေးနိုင်သောဈေးကို ကြိတ်ညှိနေကြသည်။ကိုယ်စီကိုယ်စီ အားလုံး လှုပ်ရှားနေသည်ကို ကြားသောအခါ ကိုဝင်းမင်းထွန်းလဲမနေ ရ။ မိန်းကလေးများပေးမည့် ဈေးကို ကြိုတင်တီးခေါက်၍ ၄င်းကိုသာ ၀ယ်လျှင်ထို့ ထက်ပို ၍ ဈေးသက်သာနိုင်ကြောင်းမသိမသာ စည်းရုံးနေလေ၏။ မ၀ါ က ၀င်၍ ဟန့် လိုက်မှ အသာ ငြိမ်၍ နေတော့သည်။

ဗာလ

Wednesday, September 30, 2009

ကျေးဇူးပြုပါ

ဒီဘလော့ဂ်ကို မန္တလေးကွန်ပြူတာတက္ကသိုလ် နှင့်ပတ်သက်သော အမှတ်တရ များ၊ Contact များ၊နောက်ဆုံးရသတင်းများ ရရန် ရည်ရွယ်ရေးသားနေတာပါ။ အခုအချိန်မှာတော့ သူငယ်ချင်းဟောင်းများ၏ ငယ်ကျိုးငယ်နာများ ဖော်ထုတ်ရေးသားရင်း စမ်းသပ်တင်ကြည့်နေခြင်းဖြစ်ပါတယ်။ ကျွန်တော့မှာ စာလုံး၊ ခေါင်းစဉ်၊ အရောင်ကအစ ကောင်းကောင်းမပြောင်းတတ်သေး၍ စမ်းသပ်နေရတုံးပါ။ ကျွန်တော့ဘလော့ဂ်မှာ 2nd, 3rd, 4th batch ကညီငယ်၊ ညီမငယ်များကို အမှတ်တရ ပို့စ်လေးများရေးသားပေးပို့ပေးဖို့ ပန်ကြားထားပါတယ်။ အောင်မြင်စွာပဲ တယောက်မှ ပေးပို့လာခြင်းမရှိပါသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်သိတဲ့ အတန်းက သူတို့အကြောင်းတွေကိုလုပ်ကြံရေးသားဖို့ ကြံနေပါတယ်။ ကျွန်တော်သိတဲ့ အငယ်တန်းမှကျောင်းသား/သူများ အချိန်မှီရေးသားပေးပို့ရင်ပို့ပါ။ မပို့ရင် တော့ လုပ်ကြံရေးသားရပါလိမ့်မည်။( နောက်ဆုံးပေါ်စာမူတောင်းနည်း နိဿရည်း။ ဗာလဆီကလည်းထိုကဲ့သို့ပြော၍ ပို့စ်များတောင်းပြီးတင်ထားရပါသည်။ )

၂၈။ မျောက်မူးလဲအောင်ကြီး

ယခု ပေးထားသော မျောက်မူးလဲ မှာ ၄င်း ၏ လက်ဟောင်းက ဘွဲ့ တစ်ခု မဟုတ်ပါ။ မျောက်မအုပ်စု က တွေ့ စ က ၄င်းကို မြင်သောအခါ လန့် ပြီး မူးလဲမလို ဖြစ်သွားကြသည်။ ထို့ ကြောင့် ဤ post တွင်မျောက်မူးလဲဟု သာတတ်လိုက်ရပေသည်။ ကျွန်ပျူတာတက္ကသိုလ် ပထမနှစ်မှာ ပင် ဘွဲ့ များစွာ ရရှိသွားသူ မှာ အောင်ကြီး ဖြစ်လေသည်။ ဘွဲ များ က များလွန်းသဖြင့် အစအဆုံး မဖော်ပြလို ပါ။ ရေးမည် ဆို လည်း ရေးစရာ မရှိ ပါ။ ဤအရာ အောင်ကြီးဖြစ်သည် ဟု ပြောလိုက်လျှင်ပင် အားလုံး သိ ပြီး ဖြစ်ပေလိမ့်မည်။ ( ဗာလဆိုတဲ့ကောင် ဆိတ်ဖလူးပန်းနံ့ ရှုရမှာစိုး၍အလကားလျှောက်ရေးနေတာပါ) ငဖြိုး ကင်း ရခြင်းမှာ လည်း ၄င်း ၏လက်ချက်မကင်းပါ။ ငဖြိုး ကင်းရဖို့ အောင်ကြီး မှာ မန္တလေး ကွန်ပျူတာတက္ကသိုလ်လာတက်ရသလို ဖြစ်ခဲ့သည်။ သို့ သော်လည်း ဤသူသည် အောင်ကြီး ဖြစ်သည်။ ငဖြိုး စော်မကြည်သည်ကို သိသောကြောင့်သာ လုပ်ပေးခြင်းဖြစ်၏။ အခြားမည်သူကင်းဖြစ်ဖြစ် သူ နှင့် ပြိုင်ဘက်ဖြစ်လာမှာ ကြောက်သည်။ ထင်တာလည်းမမှားခဲ့။
အောင်ကြီးက လူမိုက်အားပေးသက်သက် လုပ်သည်။ ငမိုက်သား ငမူးများ ခမျာ ၄င်း လုပ်သမျှခံကြရရှာပေသည်။ စာမေးပွဲည ဆို လျှင် အရက်ကောင်းတိုက်ခြင်း ၊ဇာတ်ပွဲပြခြင်း ပြုလုပ်သည်။ သွားဖြေမည့်မနက်တွင်ပင် အရက်တိုက်လွတ်လိုက်သေးသည်။ အရက်များ မူး ၍စာမေးပွဲလာ ဖြေကြရသဖြင့် ၄င်းက အောင်သော်လည်း ကျန်လူများ က အခြေအနေမကောင်း။ ကြိုတင်စာကျက်ထား နိုင်သူများ သာ အောင်ခဲ့လေသည်။ နောက်နှစ်များ မှာတော့ သက်ခိုင်က သူ့ ပညာနို့ စို့  အရက်သမားလက်သစ်များကို စည်းရုံး ၍ အောင်ကြီးနှင့်ပါမသွားရန်ပြောထားသောကြောင့် အားလုံး စာမေးပွဲမကျကြခြင်းပင်။ သတိတရားသမာဓိတရား အားကောင်းသော အရက်သမားကောင်းတို့ မည်သည် အရက်သမား ပေါက်စများ ကို ကောင်းစွာစောင့်ရှောက် ကြလေသည်(အရက် ဋီကာ မှ)

ဗာလ

Tuesday, September 29, 2009

၂၇။ ရန်ကုန်သား လူရှုပ်မျိုးဇော်

ကျောင်းရောက်စ က ကင်းဖြစ်နိုင်သည်ဟု တစ်ပြေးနေသူ တစ်ယောက် ရှိသေးသည်။ ၄င်းက မျိုး ဇော်ပေတည်။ရန်ကုန်မှ ရောက်စ က အင်္ကျီလက်ရှည် အဖြူ ကို မီးပူ တောင့်နေအောင်တိုက်၍ ၀တ်သည်။ သန့် ပြန့် ပြီးဆံပင် အလယ်ကွဲ နှင့် အတည်ပေါက်နေသည်။စိတ်ကတော့ မူမမှန်လှချေ။ အင်္ကျီလက်ရှည်နှင့် သန့် ပြန်အောင်နေသော်လည်း စီးတော့ ခုံ ဖိနပ်ဖြစ်သည်။ သူ ကို့ သူ ရန်ကုန်သားလူလည် လို လို ဂိုက်ဖမ်း၍မိန်းကလေးများသဘောကျစေရန် ကြိုတင်သင်တန်းတက်၍ သင်လာသော စာများကို ဆရာများမေးလျှင် တက်ကြွစွာ ထဖြေခြင်း၊ whiteboard ပေါ်တွင်တက် ရေးခြင်းစသည်ဖြင့် ပြုလုပ်သည်။ (ပထမနှစ်တွင်သာလုပ်နိုင်၍ နောင်နှစ်များတွင် သင်လာသောစာများကုန်ပြီ ဖြစ်၍ ထပ်မလုပ်နိုင်တော့)။ယောက်ျားလေးများက ဘယ်လောက် မြင်ပြင်းကပ်ကြစေကာမူ ၄င်းကို သဘောကျသောမိန်းကလေးတစ်စုလည်းရှိပေသည်။ဤကားလူ့ သဘောပေတည်း။ လူတစ်ကိုယ် စိတ်တစ်မျိုးဖြင့်ရှိ တတ်ပေရာ ထို သို့ ဖြစ်ခြင်းမှာ အပြစ်ပြော၍ မရ။ ကောသလအိမ်မက် ၁၆ချက်သည်လည်းမှန်ကန်နေသောခေတ်၊ လူမိုက်ကောင်းစားသောခေတ်ကြီးတွင် မျိုးဇော်သည်လည်း ခေတ်ကောင်းရောက်ခဲ့သည်။ သို့သော် လူမိုက် မှန်သည် မှာ ကြာရှည်မခံပါ။ နောက်တော့လည်း အကြောင်းသိဖယ်ခွာသွားကြပေသည်။မျိုးဇော်ကင်းတော့ မဖြစ်ခဲ့ပါ။ သို့ သော် မဲ ၂ မဲခန့်  တော့ ရရှိခဲ့သည်။ ထို ၂ မဲဖြင့် ဖြင့် ခုံဖိနပ်ပြတ်နှင့် ခွေးငတ်ပမာ ဖြစ်ခဲ့သည်။ သို့ သော်လူမိုက်တို့ ကောင်းစားခြင်းကား ရေပွက်ပမာပေတည်း။ကင်းမဖြစ်ခဲ့ သော်လည်း အမှန်တကယ် မဲ ၂ ခု ရခဲ့ သော ကြောင့် ကင်းရရန်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ ရသော ငဖြိုးမှာ ၄င်းကို အမြင်မကြည်။ အတူနေပင်ဖြစ်ငြားလည်း အကွက်ကောင်းစောင့် ၍ တွေ့ တိုင်းနှိပ်ကွပ်ရန် ကြိုးပမ်းနေသည်။မျိုးဇော်မှာ ဘယ်လောက်ပင်ကောင်းစားခဲ့သော်လည်း နောက်မကြာမီ ဇာတိပြလာပြီး အရူးတစ်ယောက်လို လျှောက်သွားခြင်း၊ အရက်သေစာ များ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း များ ပြုလုပ်လာသည်။ ဦးကတုံးဆိုင်၏ ဖောက်သည်ကြီးဖြစ်လာသည်။ဤနေရာတွင် ဦးကတုံးဆိုင်အကြောင်း အနည်းငယ်ဖော်ပြလို သည်။ ဦးကတုံးဆိုင်သည် ထိုစဉ်က MIT ၀င်းဝ ရှိတစ်ခုတည်းသော အရက်ဆိုင်ဖြစ်သည်။ BE နှင့် တကွ တစ်ခြား RUM ,Gin စသဖြင့် အရက်ဖြူ ၊အရက်နီ များရသည်။ကျောင်းသားများအပေါ် စေတနာကောင်းသည်။ အရက်လာသောက်တိုင်း နှမ်းဖတ်ချဉ်ကို အမြည်းချပေးသည်။ ရှောက်ရွက်အနည်းငယ်ဖြင့် အုပ်ထားသော နှမ်းဖတ်ချဉ်မှာ ယခု အချိန်ထိ တသသဖြစ်ရတုန်းပင်။အရက်လာသောက်သူများသည် ဦးကတုန်းရေးထားသော စကားပုံလို လို စာတမ်းများကို ဆိုင်နံ ရံတွင် အပျင်းပြေဖတ်ရှုနိုင်သည်။ "လူတွေအကြောင်းပို သိလေလေ ခွေးတွေကို ပိုချစ်လာလေလေ" မှာ အရက်သောက်ရင်း အတော် ဆွေး နွေးယူ ရသောစကားတစ်ခုဖြစ်သည်။မျိုးဇော်သည် မျက်ကပ်မှန်တပ်ရပြီး ညဘက်ဆို လျှင် ကောင်းကောင်းမမြင်တော့ ချေ။ ထိုအ ထဲ ဦးကတုံးဆိုင်မှ ပြန်လာ ချိန်တွင် လမ်းက လည်းမှောင် ၊ လူ က လည်း မမြင် ၊လူက ယိုင်နဲ့ နဲ့ ဖြင့် ဓာတ်တိုင်ဝင်တိုက်သည်။ လူတွေ့ လျှင်လူနှင့်တိုက်သည်။ MIT ကျောင်းဝင်းအတွင်း လူကလည်းနည်းစဉ်ကာ လဖြစ်သောကြောင့် လူတိုင်းကမျက်မှန်းတန်းမိနေပြီး ၄င်းအားကြည့်ရှောင်ကြရလေသည်။ ငဖြိုးကားကွယ်ရာတွင် လက်ခမောင်းခတ်နေသည်။ မျိုးဇော်ဤသို့ ဖြစ်လေလေ ၄င်းက ၀မ်းသာလေလေ။ ချောင်းရိုက်စရာပင်မလိုတော့။ လူစု အားကိုးဖြင့် ပေါ်တင်ပင်မူးနေသော မျိုးဇော်ကို စိန်ခေါ်ပြီး canteen တွင် ရိုက်အံ့ ဟု လုပ်သည်။ အမှန်တကယ် လုပ်ရဲသော သတ္တိမရှိသောကြောင့် သာ မဖြစ်ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့  သိန်းသန်း နှင့် ငြိမ်းချမ်း ပွဲကဲ့သို နာမည်မကြီးသော်လည်း အခြားပွဲစဉ်များစွာ လည်း MIT ၀င်းထဲ တွင်ဖြစ်ခဲ့ဘူးသည်။ ဖြစ်ကြပြီးနောက်ရက်တွင်တော့လည်ပင်းဖက် ပေါင်းကြပြန်သည်။

ဗာလ

၂၆။ တစ်ကျော့ပြန်အောင်ထက်

အောင်ထက်သည် သူ့ကိုယ်သူ ပခုက္ကူ ရီဝေယံ ဟုသတင်းလွှင့်ပြီး ဖွန်ကြောင်လေ့ရှိသည်။
ကျောင်းဖွင့်စက တစ်နယ်တည်းမှလာသူများ ရပ်ဝေး တွင် အနေနီးကာ ချစ်သူဖြစ်ရလတ္တံဟူသော ဆောင်ပုဒ် ဖြင့် အောင်ထက်မှာ ခြံစည်းရိုးထင်းခွေ အကြံကို ကြံသည်။ သို့ သော်လည်း ခွေးမချစ်တတ်ဟူသော အဖြေမှာ အောင်ထက်အတွက် အတော်ပင် ထိမှန်ခဲ့ပုံ ရလေသည်။ canteen တွင် အခြားစုံတွဲများ စွာ ဖြစ်လာသည်ကို မြင်သောအခါ ဟိုလူ့ ချဉ်းကပ်ရနိုး ၊ဒီလူ့ ချဉ်းကပ်ရနိုး ဖြင့် ကောက်ရိုးပုံစောင့် ငနှောင်းငယ် နှင့် အဖွဲ့ ကျသည်။ အမျိုးတူ ဖြစ်သဖြင့် နည်းနာ ဖလှယ်ကြသည်။ ငနှောင်းမှတစ်ဆင့် ဆရာသူရကို ပေါင်းမိသည်။ နွားဆရာ သူ ရက နွားသာမက ဈေးခွေးများကို ပါနည်းနာပေးသည်။
အောင်ထက် လူရည် လည်လာပြီဖြစ်သည်။ လူအကြောင်း သိ ရန် သူရိန်၊ငြိမ်းချမ်း၊ အောင်ဆန်းတို့ နှင့် ပေါင်း၍ နည်းနာယူသည်။ မကောင်းကွက်ဖယ်၍ ကောင်းသည့် အကွက်များဖြင့် မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး ကြောင်နည်း လေ့ ကျင့်သည်။ ၄င်း ကား ပထမအသုတ်ထဲတွင်တော့ မလုပ်ရဲပါ။ ဒုတိယသုတ် ၊တတိယသုတ်၊ ကျူရှင်ကျောင်းသူ၊ ၁၅၀ တန်း စသဖြင့် ကြောင်နည်း လေ့ကျင့် ခန်း ဆင်းသည်။ လေ့ကျင့်ခြင်းမှသည် အောင်ပွဲဆီသို့ ဆို သော စကား က ၄င်းအတွက်ဖြစ်လာလေသည်။ ကျွမ်းကျင် လှ၍ အများကြီး ပစ် ရန်ကြိုးစားသည်။ သို့ သော် ပစ်လိုက်တိုင်း ပစ်မှတ်ဟောင်းသာ သွား မှန်သောကြောင့် ဇွဲဆု နှင့် ကျေနပ်လိုက်ရပေသည်။ (ဇွဲဆု ကား ၄င်းတစ်ဦးတည်းသာ ရ၍ မည်သူမျှ မရ သော ဆု ဖြစ်သည်။ )
အောင်ထက်မဟေသီကြီး မှ သူ မအား ဇွဲဆု ဟု နှိုင်းသောကြောင့် မကျေမနပ် ဒေါသပုံထလျှက်ရှိကြောင်း နှင့် သူမ အကြောင်း ကောင်းကောင်းမရေးပါက အောင်ထက် အား ညစာ ဖြတ်မည် ဟု သတင်းကြား ရသောကြောင့် ဆက်ရေးရပေသည်။
စင်္ကာပူ တွင် အလုပ်လုပ်သူများ အတွက် ညစာသည်အရေးကြီးပေသည်။ မနက်ပိုင်းက လည်း ဖွယ်ဖွယ်ရာရာမစား နိုင်။နေ့ ခင်းဘက် တွင်လည်း ကြုံရာဆိုင်တွင် စား ရသောကြောင့် ညစာ မှာ အဓိက ဖြစ်လာသည်။ တစ်မျိုး တွေးကြမည်စိုး ၍။
၎င်းသည် အညာသူ ဖြစ်သော်လည်း အသားဖြူသည်။ ချစ်သူ ကြိုက်သူ များ လိမ့် မည် ဆိုသည်ကို တော့ ပြောစရာမလို ။ အရက်သမား ၀ိုင်း တွင်းတွင်၎င်း အကြောင်း က လည်း မြည်းစရာများကြား မှ တစ်ခု ဖြစ်သည်။
သို့ သော် ၄င်း က တည်ကြည်သည်။ ငြိမ်လည်း ငြိမ် သည် ဟု အတွင်းမသိလူများ က ဆိုကြပေသည်။
မြဲမြဲခိုင်သော သစ်ငုတ်တို ကြီး မှာ လှုပ်ပါများတော့ နဲ့ လာသကဲ့သို့  အောင်ထက် ၏ လှုပ် နည်းလှုပ်ဟန်သည်ကြက်ကန်းဆန်အိုးတိုးသွားပြီး မည်သူ မျှ ချိုင် ၍ မရဘဲ အောင်ထက်အတွက်သာ ဖြစ်ခဲ့လေသည်။ သူမ လှခြင်းမှာ အောင်ထက် အတွက်၊ ငြိမ်ခြင်းမှာ အောင်ထက်အတွက် ဟု ကြွေးကြော်ပြီး နောက် အနာဂတ်မျိုးဆက်လေးပင် ဖွားမြင်ပြီးဟု ခိုင်မာသောရပ်ကွက်မှ မကြားတကြား ကြားလိုက်ရပေသည်။
(မှတ်ချက်။ ၄င်း၏သားလေးမှာ ယခု ၆လသားအရွယ်ကပင် မည်သည့်ယောက်ျားလေးခေါ်ခေါ်မလိုက်ပဲ၊ မိန်းကလေးများချော့မြူခေါ်ငင်မှသာ လိုက်သည်ဟုသိရသည်။ အဆိုပါ အကျင့်သည် ဖခင်ထံမှ ရလာသည်မဟုတ် ဟုမည်သူပြောဝံ့ပါသနည်း။)

ဗာလ

Monday, September 28, 2009

၂၅။ ပေးစာ

သို့ 


မျိုး ဆက် ၊ မျိုးဇော်၊ငဖြိုး

မင်းတို့ ရဲ့ ဒယ်ဒီကြီး ငါ စာရေးလိုက်တယ်။ မင်းတို့ ဆီက စာရ လို့  ၀မ်းသာသွားရတယ်ကွာ။ မိန်းမကခိုး ဖတ်ပြီး မိုက်ရိုင်းတဲ့ကောင်တွေနဲ့ မပေါင်းနဲ့ လို့  လာပြောတယ်ကွ။ ကိစ္စတော့မရှိပါဘူး။ မင်းတို့ က အဝေးမှာပဲဟာ။

ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါ့သားလေး တစ်နှစ်ပြည့်ပြီကွ။ မင်းတို့ ဘယ်လိုမှ မထင်မှတ်ထားပဲ အိမ်ထောင်ကျ ခဲ့တဲ့ငါ အခုဆို ကလေးအဖေကြီးဖြစ်နေပြီ။ ရွာသာသာ နေရာမှာ မိန်းမရဖို့ တယ်လွယ်တယ်ကွ။ မျိုး ဆက်ကို လည်း ပြောလိုက်ဦး။ ဒီကောင်က အရပ်ကူ မှအိမ်ထောင်ကျမှာကွ။ တစ်လောက ဒီကောင်အိမ်ထောင်ကျ မယ်လို့ သတင်းတွေကြားရတာ အတော်အံ့သြသကွာ။ နောက်တော့လည်းမဟုတ်ပြန်ဘူး ဆို မှ ပုံမှန်ပြန်ဖြစ်သွားတယ်။ ရန်ကုန်က အရက်ဆိုင်က နေ လမ်းခွဲပြီးကတည်းက အဆက်အသွယ်မရတာအတော်ကြာပြီပဲ။ အဲဒီတုန်းက မင်းတို့ ကောင်တွေ ငါ့ကိုမြှောက်ပေးလို့  မြို့ တော်ခန်းမရှေ့  မှာ ဂလဲ့စားချေမယ်ဟေ့ ဆိုပြီး ရူးပေါက်လိုက်တာ စည်ပင်ရဲတွေ လာဝိုင်းလို့ မနည်း တောင်းပန်လိုက်ရတာသတိရတုန်းပဲ။ ဟိုကောင်မျိုးဆက် ဆင်ဖြူကျွန်းလာတုန်းက ငါ့ရည်းစား ဟောင်းအိမ်ရှေ့ မှာ ပေါက်သွားတာကို ငါအခုထိ သတိရတိုင်း မချိတုန်းပဲကွ။

ငါဒီဇင်ဘာ လဆန်းရက်က မန္တလေးကို ရောက်သေးတယ်။ ငနှောင်း၊ဆင်ကြီး ၊ ငမျိုး ၊ ငြိမ်းချမ်း၊ကျော်စွာအောင်၊အောင်စိုးဝင်း တို့ နဲ့ စကားတွေအကြာကြီး ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဓာတ်ပုံတွေ ဆင်ကြီးဆီကတောင်းကြည့် သေးတယ်။ သူတို့ အားလုံး အဆင်ပြေတယ်။ လူပျိုသိုးကြီးတွေ ဖြစ်နေတဲ့လူတွေကလွဲလို ပေါ့။ငနှောင်းမိန်းမ လဲ ကိုယ်ဝန်နဲ့ ဆိုပဲ။ ဒီကောင်လဲကလေးအဖေဖြစ်တော့မှာ ။ မိန်းမယူမှာဖြင့် မြန်မြန်ဆုံးဖြတ်ပြီး လုပ်ဟေ့။ ငါလို အသက်ကြီးမှ ယူရင် စိတ်ပင်ပမ်းတာကို ခံနိုင်မယ်မထင်ဘူး။ ကျော်စွာအောင့် မိန်းမကလည်း ငအောင်ကြိုးစားသမျှ အရာမထင်လို့တဲ့။ အဲဒါ ငါဘာအကူအညီပေးရမလဲ ပြောတာ ငအောင်က လက်မခံဘူး။ သူ့ မိန်းမတော့ မမေးကြည့်ရသေးဘူး။

အဆင်ပြေရင်ငဇူးလေးကို လဲ အရက်ဖိုးထောက်ပံ့လိုက်ကြဦး။ ဒီကောင်လည်းသိပ်အဆင်မပြေဘူးလို့ ကြားတယ်။ အောင်သူ့ ဆီလည်း ဖုံးဆက်လိုက်ကြဦး။ မင်းတို့ ဆီက စာလာတယ်ငါဖုံးဆက်ပြောတော့ သူ က သူ့ ဆီမပို့ လို့ ဆိုပြီး စိတ်ကောက်နေတယ်။ သူ့ မိန်းမ ကို ပါကူ ပြီးကောက်ခိုင်းထားတယ်။ သူ သားကတော့ အတော်ကြီးဘီ ပဲ။ အရက်ပုလင်းနဲ့ ဆော့တယ်လို့ ကြားရတယ်။

တို့ များ နိုင်ငံကတော့မကောင်းဘူးကွ။ ငါလည်း ဓာတ်တိုင်သေးပန်းမှု နဲ့ အဖမ်းခံရမလို့ နည်းနည်းပဲလို တယ်။ နယ်မှာမို့ လို့ ကံကောင်းသွားတာ။ ကာလ၀ိပတ္တိ ဆိုက်နေ တဲ့နိုင်ငံပဲကွ။ မင်းတို့ လဲတွေ့ ကြမှာပေါ့။ ဒီမှာ က တိုင်းသူ ပြည်သားတွေ က လူမဟုတ်ဘူး။ လူမဟုတ်တဲ့အကောင်တွေ က လူ့ အခွင့်အရေး ထထပြောတော့ ဘဘကြီးခမျာ မလဲစိတ်ရှုပ်ရှာမယ်။ ဘဘကြီး တို့  အသက်ရှည်ပုံများကလည်း မိုးမိုး(အင်းလျား)၊ နာရေး မှာ ဆရာတင်မိုး ရေးခဲ့သလို ”မုန်းသူ တို့ သက်တမ်း၊ ရှည်လှ၏” ဆိုတာဖြစ်နေတယ်။ ငါသားရှေ့ ရေးအတွက် အားလုံးအမြင်မှန်ရှိပြီး အဆင်ပြေပါစေပဲဆုတောင်း နေရတယ်။ ငါ့အတွက်တော့မထူးလောက်တော့ပါဘူး။
ဟေ့ကောင်တွေ ငါပြောချင်တာတွေက အများကြီး။ ဘာကို ရေးရမှန်းမသိဘူး။ ခေါင်းထဲမှာ ထန်းရည်အိုး ပုဇွန်ဆိတ်ခုန် နေသလို- ပလုံစီဝေနေတာပဲ။ ငါ့ ဆီဖုံး ဆက် ရင် ညဘက်မဆက်နဲ့ ကွ။ အလုပ်ပျက်တယ်။တစ်ခြားမတွေးနဲ့ ။ ဘော်ဒါဆောင် အလုပ်ပါ။ ငါ့ဘော်ဒါဆောင်နာမည် “ငြိမ်းချမ်း ပညာရေးဝန်ဆောင်မှုလုပ်ငန်း“ ဆို တာ ငြိမ်းချမ်း လုံးဝ မသိစေနဲ့ နော်။ ဒီ ဗိုက်ကလေး က ရတာမဟုတ်ဘူး။ ငါ့ တွေ့ ရင် ပြန်နှိပ်ကွပ်နေလိမ့်မယ်။

တော်ပြီကွာ။ ငါသား လာဂျီကျနေတယ်။ အဲဒါချော့လိုက်ဦးမယ်။ အလုပ်ရှုပ်တယ်ကွာ။ အခန်း-၁၆ ထဲမှာပဲကောင်းတယ်။

မင်းတို့ သူငယ်ချင်း
သက်ခိုင်( ခေါ် ) ချက်ခိုင်

(ငြိမ်းချမ်းပညာရေးဝန်ဆောင်မှုလုပ်ငန်း)
ပြန်လွင့်ရပ်။ ဆင်ဖြူကျွန်းမြို့ 

မကွေးတိုင်း။

PS: ဟေ့ကောင်တွေ

စာရေးကြဦးကွ။

ငဖြိုး - ငါ့မိန်းမဗိုက်ထဲ မလာခင် ခု ထဲက ကြိုပြီး ငါ့ ကို အဖေလို့ ခေါ်ထားပါလား။

Monday, September 21, 2009

၂၄။ မြခနောက်တောင်တက်ခြင်း(၂) နှင့် မနောမယ ထမင်းဝိုင်း

ပထမတစ်ကြိမ် လူရှုပ်မျိုး ဇော်ကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ ရသဖြင့် အားလုံး မကျေနပ်ကြပဲ နောက်တစ်ခေါက် ပြန် တက်ကြသည်။


ဤတစ်ကြိမ်တွင်တော့ ဆရာမလွဲ၍ အားလုံး ပြန်လိုက်ကြသည်။ မျိုး ဇော် ငြိမ်နေမည် ဆို သည်ကို တော့ ပြောစရာမလို တော့။ စကား ကို မပြောမိအောင် သတိထားသည်။ ပြောမိမည် စိုး ၍ သံပုရာသီး နှစ်လုံး ခန့် ကို ပါးစပ်ထဲ ငုံထားရ၏။ ထို့ ကြောင့် ပါးပိန်ပိန် နှစ်ခု တွင် အလုံးကြီး နှစ်လုံး နှင့် မောလာသောအခါ မျက်လုံး နှစ်လုံး လည်း ပြူး ထွက်လာသည်။ ကြည့် ရသည်မှာ မှင်စာတစ်ကောင်နှယ်ပင်။ ငဖြိုး ကတော့ ထုံးစံအတိုင်း ပဲများလျှက်။ ဂိုက်ပေးကြမ်းလျှက်။ မောလာသော အခါ မှ ဟန် မစောင်နိုင်တော့ ပဲ
မြေကြီး ပေါ်ထိုင်ချ ကာ အမေ့သား မှား ပြီ ဆို ပြီး ညည်းတွား နေ၏။ မျိုး ဆက်မှာတော့ တောင် အောက်ဘက်နှင့် အဝေးမှ ရန်ကင်းတောင် မန္တလေးမြို့ မှိုန် ပြပြ ကို လှမ်း ကြည့် ရင်း ချစ်သူ နှင့် အပြီးအပိုင် ခွဲခွာ ခဲ့ ရသလို ဟန် မျိုး ဖြင့် လွမ်းတဝေေ၀။
အထူးသွက်လက်နေသည် မှာ သိန်းသန်းသွင်ဖြစ်သည်။ အတက်ခရီး များဖြစ်သော်လည်း ၄င်းမှာ မျောက်မများ ရှေ့ မှ ပင်ဦးဆောင်တက်နိုင်သည်။ ကနွဲ့ ကလျ ဖြစ်နေသေး သည် မှန်သော်လည်း လူတတ်ကြီး ပုံဖြင့် ရှေ့ က လျှောက်သည်။ ငဖြိုး ရန် ကြောက်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ မြို့ မဟုတ်တောမဟုတ် ပဲခူး မြစ်ဘေး နား မှလာသော်လည်း သူ့ ကိုယ်သူ တော့ ကောဇောနင်း လာ သော တယ်ရီယာခွေး အလား ထင်နေပုံရသည်။ ဇီးဖြူ သီး များ တွေ့ လျှင်လည်း မသိချင်ယောင်ဆောင်၍ ဘာသီးလဲဟု မေးသည်။ မျောက်မ များ မှာ မောရသည့် အထဲ ပဲများ လွန်းသော လဒသွင်ကို စိတ်တို နေရသည်။ အားလုံးက ဇီးဖြူသီး များ ခူးဆွတ်စား ကြသော်လည်း ၄င်းက တော့မစား။
နားလိုက်တက်လိုက် ဖြင့် ခရီး မှာ မောပမ်းလွန်း လှသည်။ ၃ နာရီတောင်တက်ခရီး ကား အလေ့ အကျင့် မရှိ သူ တို့ အဖို့  ပင်ပမ်း ဆင်းရဲ ခြင်း ပြင်းထန်လှသည်။
နောက်ဆုံး တော့ မြခနောက်တောင် ပေါ် သို့ အောင်မြင်စွာရောက်ရှိလာကြပေသည်။ မြခနောက်ထိပ်ဘုရားသည် ကျောက်တစ်လုံး တောင် ဘုရား ပုံစံငယ်ကဲ့သို့ ရှိလေသည်။ စေတီ ငယ်လေးများစွာလည်း ရှိသည်။ တောင်ပေါ်ဇရပ်ထဲတွင် ကိုယ့်ထက် အရင် ရောက်လာကြကုန်သော MIT, မန္တလေးတက္ကသိုလ် ၊ GTI မှ ကျောင်းသား ကျောင်းသူ များ ၏ လက်မှတ်နှင့် နာမည်များကို နံရံပေါ်တွင် ရေးထားသည်ကို ဖတ်ရှုရသည်။ ထို့ ကြောင့် မျောက်မများ နှင့် အားလုံး မှာလည်း နာမည်ရေးသည်။ ရောက်လာသာ ရက်စွဲနှင့်လက်မှတ်များ အသီးသီးထိုး ကြသည်။ ဘုရား ဖူး ကြ၍ အရှေ့ ဘက် ရှမ်းတောင်တန်း နှင့် တကွ အနာက်ဘက် လွင်ပြင် ရှုခင်းတစ်လျှောက် အနားယူ ကြရင်း ငေးမောနေ ကြသည်။ ထို စဉ်အချိန် က ယခု ကာလကဲ့သို့ Mobile ဖုံး နှင့်ကင်မရာများ လည်း မလွယ်ကူ သေးပေး ရာ ဓာတ်ပုံမှတ်တမ်း မရိုက်ယူ လာနိုင်ခဲ့ ပေ။

အမောအတောအတန် ပြေပြီးနောက် ညနေ ၃ နာရီ နီးပါးသို့ ပင် ရောက်လာကြပေပြီ။ ပါလာသမျှမုန့် များမှာ စား၍ ကုန် ချေပြီး ။ အားလုံး ဗိုက် ဆာလာကြသည်။
တောင် ဆင်းလမ်းတစ်လျောက်အနည်းငယ်ဆင်းလားပြီး နောက် လျှို မြောင်တစ်ခုထဲတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်ကို တွေ့ ၍ အားလုံး ၀င်ဖူး ကြသည်။ စားစရာ တစ်ခုခု ရလို ရငြားလည်း ဖြစ်သည်။ ကျောင်းအောက်ထပ်တွင် ကပိယ တစ်ချို့ ကို တွေ့ ၍ စားစရာများ ရှိသေးလား ဟု မျက်နှာ ပူ ပူ နှင့် မေးကြရသည်။ တောနယ် လူ များ
အလွန်ပင်သဘောကောင်းကြသည်။ ၄င်းတို့ ဆီ ယခင် ကျောင်းသားများ လာစဉ်ကလည်း လာစားနေကြ ဖြစ်ပုံရသည်။ ဘာမျှ မရှိတော့သောလည်း ထမင်းချက် ၍ စားရန်စီစဉ်ပေးသည်။ ခဏတွင်းပင် ဖယုံသီး ဟင်း ငရုတ်သီး အစိမ်းတောင့် နှင့် ဆား အနည်းငယ်၊ ထမင်း ပူ ပူ ဖြင့် ပြင်ပေးလေသည်။ ထမင်း မှာတော့ ဆန်ကြမ်း သာဖြစ်လေသည်။ မျောက်မ နှင့် အုပ်စု မှာလည်း ဟန်မဆောင်နိုင်။ ၀ိုင်းပြည့်နီးပါ နေရာယူပြီးဝင်စားကြသည်။ မျောက်ဖြစ်လို့ သာတော်တော့သည်။ ခွေးများကြောင်များ ဖြစ်လျှင် စားမာန်များ ခုတ်ဦးမည်လားမသိ။ မျိုး ဆက် ၊ငဖြိုး ၊မျိုးဇော် တို့ က လွတ်ရာတစ်နေ ရာတွင် ဖယုံသီး ဟင်း နှင့် ငရုတ်သီး အစိမ်းတောင့် ကို အားရပါးစားကြသည်။ လူရှုပ်မျိုးဇော်လည်း စကား မပြောနိုင်တော့။ ကင်းပေါက်စလည်း ဂိုက်ပေးမကြမ်းနိုင်တော့ ။ မျိုး ဆက် မှာလည်း မလွမ်းနိုင်တော့ ။ ထို အချိန်တွင် စားရသည် မှာ မည်မျှလောက် အရသာရှိပြီး စားလို့ ကောင်းမည်မှာ စာရေးဖွဲ့ ခြင်းငှာ မစွမ်းနိုင်တော့ချေ။ ထို အချိန် တွင် သိန်းသန်းသွင် တစ်ယောက်ကတော့ ပဲများလျှက်ရှိသည်။ အားလုံး ထမင်း ပန်းကန်ခပ်စုတ်စုတ် နှင့် ထမင်းခပ်ကြမ်း ကြမ်း အသား မပါ သော ဖြစ်သလို ထမင်း ၀ိုင်း မှာ ၄င်း မစား နိုင်ကြောင်းအမူအယာဖြင့်ပြနေသည်။ စားရန် လာခေါ်သောအခါ ၄င်းက အသားမပါရင် မစား တတ်ဟု ပြောပြီး ဆေးလိတ်သောက်ဗိုက်မှောက် ၍နေသည်။ ဂိုက်ပေးရန်အတွက် အလွန်ဆာလောင်နေသော်လည်း မစားပဲနေ၏။ ၄င်းအတွေး မှာ မစားပဲနေပြလျှင် အားလုံးက သူ့ အား ဆရာကြီး ဟု ထင်ပြီး တစ်သက်လုံး အစားကောင်းများ စား လာသူ နှယ်ထင်ကြပေမည်။ အားလုံးက ၀ိုင်းဝန်းတောင်းပန်လျှင် စားအံ့ဟုတော့ တွေးထားပုံရသည်။
သို့ သော် သိန်းသန်းသွင် ဘာစောက်ရူးထတာလဲ ဟူ ၍တွေးပြီး မျောက်မများ မှာ ထို အချိန် မှ စ၍ အတော်ပင် ချဉ်သွားကြသည်။သွားခေါ်ရန် စိတ်မကူးကြ။ သိန်းသန်းသွင်ကား တွက်ကိန်းလွဲ၍ မျက်နှာမရ ခြေထောက် ရဖြစ်သွားလေသည်။
မင်းသိင်္ခ ၏ မနောမယထမင်း ၀ိုင်းကဲ့ သို့ အရသာရှိလာသော မြခနောက်တောင်ပေါ်မှ ထမင်းဝိုင်း ကား ယခုထက်ထိ ပင် အမှတ်ရဆဲ ပင်။
ထို့ အတူ အလွန် အူကြောင်ကြောင် နိုင်လှသော သိန်းသန်းသွင်အားလည်း မှန်းချက် မကိုက် ခဲ့ရသော၎င်းကို အလွန်ပင်သနား လျှက် ရှိတုန်းပင်။
ဗာလ

Friday, September 18, 2009

၂၃။ ဖဲဝိဇ္ဖာ လှိုင်မျိုး

ကွန်ပျူတာ တက္ကသိုလ် ၏ဒုတိယအောင်မြင်မှုတစ်ခုမှာ ဖဲသမား များ မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ ၄င်းဖဲသမားများ စတင်ဖြစ်ပေါ်လာစေသူမှာ လှိုင်မျိုး ခေါ်ဂျပု ဆိုသူဖြစ်လေသည်။ ၄င်းက လိုင်းစုံသူဖြစ်သည်။ အရက်ကောင်းများလည်း သောက်နိုင်သူ ဖြစ်ပါလျှက်

သူငယ်ချင်းများ နှင့် BE သောက်ရန်လည်းဝန်မလေးလှ။ ထို စဉ်က ငဖြိုး မှာ ကျောင်းဖွင့် စ ဂိုက်ပေးယင်း စီးကရက် ကို လက်ကြားညှပ် ကာ canteen တွင်ထိုင်၍ ဖွာပြသည်။ ဆားပုလင်းနှင်းမောင် ဂိုက်ချိုး ခြင်းဖြစ်သည်။

ရေခဲတောင်စီးကရက်မဟုတ်စေကာ မူ London အောက် တော့မဆင်း ဟူ၍ မသောက်တတ်သော်လည်း ဖွာပြလေသည်။၎င်းကို လှိုင်မျိုးက

" ဆေးလိတ်သမား စစ် စစ် ဆို တာ ဖက်ကြမ်း လည်း သောက်တတ်ရတယ်ကွ၊ မင်း လို ပဲများတဲ့ကောင် ဆေးလိပ်နဲ့ မတန်ဘူး။ ပေးစမ်း ငါ့ကို" ဟု ၍ ယူ သောက်လိုက်သည်။ ဂိုက်ပေးနေသော ငဖြိုး မှာ ရှက်ရှက် နှင့်

"ငါဆေးလိပ်သောက်လာတာကြာပါပြီ ကွ" ဟု ပြောပြီး နောက် လှိုင်မျိုး ရှေ့ မသောက်ရဲတော့ပေ။ မြန်မာပြည်မှ ဆေးလိပ်ကြိုက်သူ မှန် လျှင် မည်သူမျှ ဖက်ကြမ်းကို ပစ်၍မရပေ။ မည်မျှပင် ပိုက်ဆံပေါနေပါစေ ။ ဖက်ကြမ်း တွေ့ လျှင် လည်း ကောက်ဖွာလိုက်ချင်သည်သာ။( ဇာနည်ကို တစ်ယောက် ညဘက်ဆေးလိပ်မရှိတော့သဖြင့် အပေါ်ထပ်မှပစ်ချထားသော ဖက်ကြမ်းဆေးလိပ်တို များ ကို ၀ရန်တာ ခေါင်မိုးပေါ်သို့ တက်ကောက်ဖူးသည်။ ကံကောင်း၍ ပြုတ်မကျခြင်းတည်း။) သက်ခိုင်၊ မျိုးဆက်နှင့် ခါးသိန်းသန်း တို့ကား ဆေးလိပ်ငတ်လာလျှင် အိမ်သာထဲမှ သူများလွှင့်ပစ်ထားသော ဖက်ကြမ်းများပါမကျန်လိုက်ရှာသောက်တတ်လေသည်။


လှိုင်မျိုး ၏ဗီဇမှာ လောင်းကစားခြင်းဖြစ်သည်။ လောင်းကစားမည်မျှဝါသနာ ထုံသနည်း ဆိုလျှင် ရှေ့ကဖြတ်သွားသောကားပါမကျန် လောင်းကစား၏။ ကားနံပါတ်ကို သူကရှေ့နှစ်လုံးယူ၊ နောက်တယောက်ကို နောက်နှစ်လုံး ယူခိုင်းကာ လောင်းကစားခြင်းပြု၏။ ပေါင်းသော သူငယ်ချင်းများ မှာ ငမွဲများဖြစ်လေရာ မည်သူမျှ လောင်းကစားလုပ်နိုင်ခြင်းမရှိ။ သို့ သော်လှိုင်မျိုးက တော့မလျော့ ။ နှဖူးတောက်ကြေးဆို ပြီး ဖဲရိုက်သည်။ ဖဲမရိုက်တတ်သေး သောသူကို လည်း လွယ်ကူသော ရှမ်းကိုးမီးသင်ပေး၍ ရိုက်သည်။ နှဖူးတောက်ကြေးမျှဖြစ်ရာ လူတိုင်းဆော့ ကြသည်။ အစကတော့ အသာအယာတောက်ကြသည်။ နောက်တော့ ရန်ငြိုးများ ဖြစ်လာပြီး အသားကုန်တွယ်ကြရာ ပွဲပြီးလျှင် နှဖူး မှာဘု ကိုယ်စီနှင့်။ နောက်တော့ လူတိုင်း လက်တောက် သည်ကို လေ့ကျင့်ကြရသည်။ ကိုယ့်ဘက်ကအသာရစေဖို့  သူ များကို ဂလဲ့စားခြေဖို့ canteen ထိုက်လျှင်လည်း ခုံ ကို လက်ဖြင့်တောက်နေရသည်။ အုတ်နံရံလည်း တောက်သည်။ပြောစမှတ်စကား တစ်ခုမှာ ထိထိမိမိ တချက် ဟူ၏။

ပဲခုးသားသိန်းသန်းသွင် မှာ အခံရဆုံးဖြစ်သဖြင့် ရေတိုင်ကီသံပေပါကို ပင် အမြဲ တောက်၍ လေ့ကျင့်သည်။သက်ခိုင်က အရက်ပုလင်းကို ခြင်ထောင်ပေါ်ဆွဲထားပြီး နှဖူးနှင့်တိုက်ကာခံနိုင်ရည်တိုးအောင်ပါလုပ်ထားသည်။ အားလုံး လက်လည်းတက်လာပြီး နောက် ဖဲတစ်ပွဲတိုင်း နဖူးများ ရောင်ကိုင်းသည်အထိ ဖြစ်ကြရလေသည်။ မျိုးဆက်ကား သူများကိုတောက်ရလျှင် ပြုံးဖြီးဖြီးကြီး နေသလောက် သူခံရမည့် အလှည့်တွင် အလွန်ညစ်တတ်လေသည်။ နဖူးမတောက်ရသေးခင် ရှေ့သို့တိုးလိုက် နောက်သို့ရွှေ့လိုက်လုပ်ပြီး တောက်မည့်သူ ချိန်သားမကိုက်အောင်လုပ်တတ်သည်။ အဆိုးဆုံးမှာ ဖဲခိုးခြင်း ဖြစ်သည်။ ထိုအချိန်မှစကာ သူ့အား ငတို မျိုးဆက်ဟုလည်းခေါ်ကြသည်။ ဖဲဝိဇ္ဖာ လှိုင်မျိုးမှာလည်း မလွတ်ပါ။ မူးပြီး ဖဲရိုက်သဖြင့် မကြည့်နိုင်တော့ပဲ လူလည် မျိုးဆက် ၏ဖဲခိုးခြင်းဒဏ်ကြောင့် အမြဲအတွယ်ခံရသည်။ လှိုင်မျိုး မှာ လောင်းကစား ၀ါသနာကြီး ရာ သူ့ အိမ်မှာ လည်း ကွန်ပျူတာတ္ကသိုလ် (အမျိုးသားကျောင်း) ဟု ပင်ခေါ်နိုင်လောက်ပေသည်။ မနက် ဆရာကြီးကျောင်းသွားချိန်တွင် ကျန်သောကျောင်းသားများ ဆရာကြီးအိမ်တွင်ရောက်ရှိနေတတ်ကြပေသည်။

ဗာလ/ဒိုက်စ်

Thursday, September 17, 2009

၂၂။ ဘုရားကြီးလူမိုက် ဇာနည်ကို

သံသရာ ခရီးရှည်ကြီးကို ဆက်လက်ချီတက်သွားသော သူငယ်ချင်းဇာနည်ကို အား အမှတ်တ၇ ရေးအပ်ပါသည်။ သူငယ်ချင်းကောင်းရာသုဂတိလားပါစေ။


ကျောင်းတွင်ပြောစရာအများဆုံး ၊ ၀ါအရင့်ဆုံး၊ လေးစားခံရဆုံး တွင် ထိပ်ဆုံးက ရှိသည်။ ဘယ်ဘက်ကပဲယှဉ်ယှဉ် ၄င်းအားယှဉ်နိုင်သူ ရှားပေလိမ့် မည်။ ကျောင်းစာဖက်တွင် တော့ လာမယှဉ်လောက်ဟု ယူဆပါသည်။


ရုပ်ရည်လည်း ချောသည်ဟု မဆိုသာသော်လည်း ဘုရားစူးကင်း ထက်တော့ ယှဉ်လျှင် နံ့ သာဆီ နှင့် အီး ဖြစ်သွားမည်။ ကင်းရွေးစဉ်က ၄င်းကျောင်းစမတက်သေးပါ။ ကျောင်းကို စောစောစီးစီးရောက်ပါက လည်း မိန်းကလေး များ မှာ ဆရာများ နှင့် သတ်လို က သတ်ရပါစေ သူ့ အားပေးမည်ဟုယုံကြည်မိသည်။


လုပ်ရဲကိုင်ရဲရှိပြီး၊ ဘုရားကြီးတစ်ခွင် နာမည်ရှိသူဖြစ်သော်လည်းသူငယ်ချင်းများ အပေါ် ခွင့်လွတ်ခြင်းအလိုလိုက်ခြင်း သည်းခံခြင်း စသဖြင့် ပြည့်စုံ၏။ ချစ်စ၇ာကောင်းခြင်း ရှိသော်လည်း အရက်မူးလာလျှင် တကယ့် ကို ဘာမျှမသိတော့ပဲ လုပ်ချင်တာလုပ်သည်။ကိုကျော်ကြီးဆိုင်ပိတ်ပြီးနောက် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများနှင့် MIT အုပ်ချုပ်ရေးအဖွဲ့ မှာ ဆက်ဆံရေးအဆင်မပြေ။ ဇာနည်ကို ကလည်းသိသည်။ အဆောင်မှာလာအိပ်သောတစ်ရက် ၄င်းကားအမူးလွန်နေပြီ။ အားလုံးကလည်းမူးနေပေပြီ။ တစ်ယောက်က အစပျိုးလိုက်သည်နှင့် MIT အုပ်ချုပ်ရေး အဖွဲ့နှင့်တကွ ဆရာများကို ဆဲဆိုကြသည်။ အခန်းတွင်းဆဲရသည်ကိုအားမရသောအခါ လမ်းမထွက်၍ ဆဲရေးကြသည်။ MIT ပါချုပ်မှ အံ့သြတစ် ကြီးဖြစ်၍ ဆဲဆိုသံများကို ပထမ နားကြားမှားသည်မှတ်နေသည်။ နောက်မှ တည့်တည့်ဆဲနေမှန်းသိ၍ ကျောင်း ကားများ ဖြင့် နယ်မြေပညာရေးဝန်ထမ်းများ ဖြင့် လိုက်ဖမ်းလေ၏။လမ်းကြားတစ်ခု တွင်ဆဲရေးသူများ ကို ထိပ်နှစ်ဖက်ကား နှစ်စင်းရပ်၍ ပိတ်ဖမ်းသည်။ အားလုံးနီးစပ်ရာချုံပုတ်ထဲ ၀င်ပြေးကြသည်။ ဘာဖြစ်မှန်းမသိဘဲ ဆက်လက်ဆဲဆိုနေဆဲဇာနည်ကို သာ လမ်းမှာကျန်ရစ်သည်။ ကျောင်းကား များမှာလည်း မူးနေသူများကြား အရဲစွန့် ဝင်မဖမ်းရဲ ။ နောက်တော့ နီးစပ်ရာလူ မှ ဇာနည်ကို ကိုချုံတစ်ခု ထဲဆွဲသွင်းလိုက်ရသည်။


ဇာနည်အကြောင်း ရေးရာတွင် ၄င်း ဂစ်တာတီးကျွမ်းကျင်သည်ကို ချန်လှပ်၍မရပါ။ အရက်ကြိုက်သည်။ ထို့ အတူဂီတကို မြတ်နိုးသည်။ သို့ သော်လည်း မိန်းကလေးဆောင်များသို့ ဂစ်တာတီးထွက် လျှင် ဂစ်တာပင် မေ့ခဲ့သည်။


ဇာနည်ကို ကို နောင် ဆရာကြီးဖြစ်လာမည့် သက်ခိုင်ခေါ်ချက်ခိုင် က ပင် မလှန်ရဲ ပါ။ သူကားမောင်း၊ဆိုက်ကယ်မောင်းလျှ င်းဘေးက လူ သည် အဓိကဖြစ်သည်။ ဘေးက လူ မှစကားပြောကောင်းလျှင် လုံးဝအန္တရယ်မရှိပါ။ ဘေးက လူ မှ တိတ် ဆိတ်နေလျှင် ၄င်းက ဖိမောင်းတတ်သည်။ စကား စ မပြတ်လျှင် စကားကို သာ အာရုံ စိုက် ၍ မောင်းနေသည်ကိုမေ့ နေသည်။ ထို အခါ အလိုအလျောက် သတိဖြင့်မောင်းသည်။ ဇာနည်ကို မောင်းလျှင် ဘေးက လူ သည်သာအဓိကတာဝန် ရှိသည်။ စကားစမပြတ်အောင်ပြောနေပေရော့။ တနေ့မှာတော့ ပုသိမ်ကြီးသား နှင့် ညနေစောင်း အချိန်ဘုရားကြီးဘက်မှ ပြန်လာခဲ့လေသည်။ ပုသိမ်ကြီးသား လူလည်သည် စကားကို အမျှင်မပြတ်ပြောလာသည်။ သူ့အကြောင်းသိသည်ကိုး။ သို့သော်လည်း မန္တလေးဘူတာကြီးအလွန် ရှေ့မှ ဖြတ်နင်းချလိုက်သော စက်ဘီး ကိုမမြင်ပဲ ဝင်တိုက်မိလေသည်။ နဖူးကွဲ။ ခြေမကွဲ ဖူးယောင်ဒဏ်ရာ များနှင့် ပုသိမ်ကြီးသား အဆောင်ပြန်ရောက်လာလေသည်။ သူသည်လည်းစကားကို အမျှင်မပြတ်ပြောလာပါလျှက် တိုက်မိသည်ကိုစဉ်းစားမရ...။နောက်မှ သတိရမိသည်၊ တယောက်ကို ကချင် ခေါင်ရည် နှစ်လုံးဆီ သောက်လာခဲ့သည်ကိုး။


သူငယ်ချင်းများအတွင်း ပြသနာဖြစ်လျှင် သို့ မဟုတ် အပြင်တွင် ပြသနာဖြစ်လျှင် ဇာနည်ကို က ထိန်းပေးနိုင်သူ ဖြစ်သည်။ ၄င်းသြဇာက လည်းကြီးမားသည်။ ထို့ အတွက်ကြောင့် ကျောင်းမှာသာမက ဘုရားကြီးဝန်းကျင် အထိ ဘုရား ကြီး လူမိုက်အဖြစ်ကျော်ကြားလေသည်။


ဗာလ