Monday, August 31, 2009

၁။ နိဒါန်း

ကျွန်တော် ၁၀တန်းအောင်ပြီး တက်ရောက်ခဲ့ရတဲ့ မြန်မာပြည် အထက်ပိုင်းက မန္တလေးကွန်ပြူတာ တက္ကသိုလ်၊ အတူတူတက်ရောက်ခဲ့တဲ့ သူငယ်ချင်းများ ကို အောက်မေ့သတိရခြင်း များစွာကြောင့် ဒီဘလော့ခ်ကို တင်ဆက်လိုက်ရခြင်းပါပဲ။

၁၀ တန်းအောင်ပြီးကာစ အချိန်များဟာ ဘဝ မှာ အတက်ကြွဆုံး နဲ့ မိဘလောင်းရိပ်အောက် က ထွက်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် ခံယူချက် တွေနဲ့ ပညာရေး ၊လူမှုရေး ၊နိုင်ငံရေး ပါမကျန် စတင် လေ့လာ ဆည်းပူး ရတဲ့ အချိန်ပါပဲ၊ အမှန်တကယ် တော့ ဆည်းပူး တယ် လို့တာ ပြော ရတာ ပါ.... ဒီအတိုင်း ပေါင်းသင်းဆက်ဆံ ရင်း တွေ့ကြုံဆုံခဲ့ ဖြတ်သန်းခဲ့ ရတဲ့ ဘဝ ရဲ့ အမှတ်တရ ပုံရိပ်များပါပဲ။
ဒီလိုဖြတ်သန်းရင်း အမှားများလည်း ရှိခဲ့ သလို ... အလဟဿ အချိန်တွေကုန်ဆုံး ခဲ့ တာ လည်း ရှိခဲ့ ပါတယ်

ဘယ်လိုပဲ ဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသား ဘဝ ဟာ ပညာတစ်ခုတည်း ဆည်းပူး ဖို့ မဟုတ်တာတော့ သေချာပါတယ်... ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား ဘဝ အမှတ်တရများကို တော့ ကျောင်းတော်ကြီးကို လည်းကောင်း ၊ သူငယ်ချင်း များကို လည်းကောင်း သတိတရ အနေနဲ့ ရေးသားချင်တာကြောင့် ဘလော့ဂ်လွှင့်တင်လိုက်ရခြင်း ဖြစ်ပါကြောင်း.......။

0 comments:

Post a Comment