Tuesday, October 6, 2009

မန္တလေးလေလံပွဲ (၄)

ကောင်းကင်က မိန်ဖျော့ဖျော့မန္တလေးကွန်ပျူတာတက္ကသိုလ် ပထမသုတ် မကျောင်းသား များလေလံပွဲ မှာတကယ်ပင်အကောင်အထည်ပေါ်လာလေပြီ။ ကပွဲရုံ တဘက်တစ်ချက်က လည်းဈေးဆိုင်တစ်ချို့ လာဖွင့် သည်။စပီကာ မှာ ပွဲမစခင် ကာရာအိုကေ အနေဖြင့် ဒိုင်လူကြီးများ ဖြစ်သောကြော့ကြော့လှိုင် ၊ မအိအိဝင်း နှင့် သရဲလေးကောင် တို့ က အလှည့်ကြအူနေကြလေပြီ။“ ဒို့ ကတော့ဒို့ ကတော့ ယောက်ျားရရင် ငှက်ပျောသီးကျွေးမယ်“ ဟု စပီကာ မှညောင်နာနာ အော်လိုက်သံမှာ အီးဘုရင်မအီးကြော့ ၏ရင်တွင်းဖြစ်များဖော်ကျူးနေလေသည်လားမသိ။သရဲလေးကောင် က လည်း ဘယ်လို မှ စပ်ဟပ်မရနိုင်သော ဟာမို နီ ဖြင့်အီးကြော့အသံအဆုံး “ ငှက်ပျောသီးကျွေးမယ် လို့ ..ဟင့်ဟင့် “ဟုလိုက်လံ ဖော်လိုလိုက်နေကြသည်။ အိအိဝင်းမှာတော့ မျက်ထောက်နီကြီးဖြင့်ယောက်ျား နေမျိုးထွန်း ဧည့်ခံနေသည်ကို လိုက်ကြည့်နေသဖြင့်သီချင်းမဆိုနိုင်အားသေးပါ။ဧည့်သည်မိန်းကလေးများသာမက လေ့လာသူ ယောက်ျားသားများလည်း ရောက်လာနေကြလေပြီ။
သက်ခိုင်ကတော့ အကြံရှိသူ ပီပီ အဖျော်ရည်များထဲတွင်ယမကာများ ရောပေးထားသည်။နေမျိုးထွန်းက လည်း ဘယ်လို မှမစွံနိုင်သည့် ဤလူများ ရောင်းထွက်ရေးအတွက်ယမကာ ရောရန်သဘောတူထားသည်။ယမကာ သည် ချစ်ခြင်းကို အားပေးသည်မဟုတ်ပါလော။တော်ရုံတန်ရုံမိန်းကလေးတစ်ယောက်ကို ယမကာသောက်ပြီးမှကြည့်လျှင် အလွန်ပင်လှပသွားကြသည်မဟုတ်လော။ မီးဆလိုက်များကို လည်း သင်္ဘောသား သူရ ၏ ထောက်ပံ့မှုဖြင့် စီစဉ်ထားသည်။ ယမကာ နှင့် မီးဆလိုက်များ ပါလျှင် အကျည်းတန်သူများပင် ကြည့်ကောင်းသွားမည်ဟု တွက်ထားကြသည်။
ပရိတ်သတ်များ မှာ များလာပြီဖြစ်သည်။ တစ်ချို့  မှာ ဖျော်ရည် များ သောက်၍စကားများဖောင်ဖွဲ့ ရင်း စင်ပေါ်သို့ လှမ်းလှမ်းကြည့်နေသည်။
ဒိုင် ချုပ် ကြော့ကြော့လှိုင် မှာဆိုလိုက်သောက်လိုက်ဖြင့်အတော်မူးနေလေပြီ။ မူးနေပြီဖြစ်သောကြောင့်သီချင်းပင်မဆိုနိုင်တော့။ လျာလေးအာလေးဖြင့်“ ကွ ရောက်လာ ကြတဲ့ ကွန်ပျူတာတက္ကသို လ် ညီအစ်မများ ခင်ဗျား. ဆော်ရီးရှင်။ အခု လေလံပွဲစတင်တော့ မှာဖြစ်လို့ ဂုဏ်ပြုရင်းနောက်တစ်ခွက်လောက်သောက်လိုက်ကြပါစို့ လားရှင်“ဟု ကြေငြာလိုက်ရာအားလုံး ခွက်ကိုယ်စီ ကိုင်မြှောက်၍“လင်ယောက်ျားပေါများပါစေ“ ဟု အားလုံးဝိုင်းဝန်းဆုတောင်းလိုက်ကြသည်။အီးကြော့်က နောက်တစ်ခေါက် ခွက် ထပ်ထည့်၍“နောက်တစ်ခွက်လောက် ထပ်ဂုဏ်ပြုလိုက်ကြပါစို့ လား“ပြောရင်း နောက်တစ်ခွက်မော့လိုက်ရာ အားလုံး လည်းလိုက်သောက်ကြလေသည်။ဤသို့ ဂုဏ်ပြုနေလိုက်ရာ မှောက်သူမှောက် ၊အန်သူ အန်ဖြစ်သူများလာသောကြောင့်မအိအိဝင်း က အီးကြော့ထံမှ မိုက်ကိုဆွဲယူ ပြီး“အားလုံး ပွဲစပါပြီ ထပ်သောက်စရာမလို တော့ပါဘူး“ ဟုဆို လိုက် မှ မူးနေသောပျိုပျိုအိုအို ပရိတ်သတ်များခေါင်းထောင်ကာ စင်မြင့်စီကိုလှမ်းကြည့်နေကြသည်။

ဗာလ

မန္တလေးလေလံပွဲ (၃)

(၅) ငြိမ်းချမ်း စောတင်မောင်၏ ပြိုင်ဘက် ဗိုက်ကလေး မှာ ကား မိန်းမရရန်အတွက်ဆို လျှင်ချီးကားပဲဆွဲရဆွဲရ ကြိုးစားချင်သူ ဖြစ်သည်။ အသဲကွဲ ဒဏ်ရာများ ရှိသောလည်းတက်ကြွသော ကြက်ဖတစ်ကောင် အနေဖြင့် လူဖြစ်ကျိုး နပ်လို လှပြီဖြစ်သည်။ သို့သော် အဖြစ်က လည်း မရှိ။ ငြိမ်းချမ်းဟု ဆို လျှင် မိန်းကလေးများ သာမကအခြောက်များ ပင် ရှောင်ကြသည်ဖြစ်ရာ ဤ လေလံပွဲသည်သာ ၄င်းအတွက် မျှော်လင့်ချက်ဖြစ်လေသည်။ ရောင်းမထွက်ခဲ့ပါက အဆစ်အနေဖြင့် ထည့်ပေးလိုက်ရန်ခေါင်းဆောင်ကြီး အား သွား ရောက် ဂါရ၀ ပြု ထားပြီး ဖြစ်လေသည်။
(၆) မြတ်သူရဗိုလ် တစ်ခောတ်တစ်ခါ က လူငယ်ခြေသွက် တစ်ယောက်အနေဖြင့်ကောင်းစားခဲ့ဘူးသည်။ သို့ သော် ကောက်ရိုးပုံ စောင့်ရင်းဖြင့်အချိန်ကုန်ကာ ယောက်ျားဘ၀ကို ညည်းငွေ့ နေပြီဖြစ်ကြောင်းပြောဆို သံကြား၏။ကမ္ဘာပါတ်နေသောသဘောင်္သား တစ်ယောက်ဖြစ်သောကြောင့် သင်္ဘောသားလို ချင်သူမိန်းကလေးများ အကြိုက်ဖြစ်ဖွယ်ရှိသည်။
(၇)ဇော်နိုင်လင်း(ခ) ဆင်ကြီး သောက်လုံးကြီးလှသော ဆင်ကြီး ကို မိဘများကလည်း မကယ်တင်နိုင်။အိမ်ထောင်လျက်သား ချ ပေးချင်သော်လည်း နယ်တစ်ဝိုက် မှ မိန်းကလေးရှင်များ ကခွေးသာအမြီးဖြတ်ပေးစားလိုက်ချင်ကြသည်။ ဇော်နိုင်လင်း ဆိုလျှင်တော့ပေးစားရန်စိတ်မကူးကြ။ သို့ သော်သဘောကောင်းပြီး အလိုလိုက်လိမ့် မည်ထင်ကြသော မိန်းကလေးများ စိတ်ဝင်စား ပေလိမ့်မည်။ အညောင်းမိနေသောမိန်းကလေးများ ဆင်နင်းခံရန် ၀ယ်ယူကောင်းဝယ်ယူလိမ့်မည်ဖြစ်သည်။
(၈)အောင်ဆန်းသခင်အောင်ဆန်းလို တော့ အဟုတ်နေရာမထူးချွန်လှပါ။သို့ သော်ဗိုလ်ချုပ်ကဲ့သို့  တစ်ခေတ်တစ်ယောက်ဖြစ်လေသည်။ တဏှာတွင် ငဖြိုးကိုမမီသော်လည်း အတော်ပင် ခြေလှမ်းသွက်သည်။ စိတ္တဇ အမျိုးသမီးများ အားထားဖွယ်။
(၉) ဆရာဇော်ဝင်းအောင် ဆရာဇော်ဝင်းအောင် တစ်ယောက် ဘယ်နှယ့်ကြောင့်များ ကျောင်းသားဟောင်းများနှင့် ရော ၍ ၀င်ရောက် အရွေးခံရလေသနည်း။ သူ ချိန်ဖူး သော ကျောင်းသူလေးများ ပင် အိမ်ထောင်ကျ၍ ကလေးတွဲလဲ ဖြစ်နေချိန်ဝယ် ကံကြမ္မာ ငြိုးမှိန်လှသောကြောင့် တစ်ယောက်တည်းလူပျို သိုး လွန် ကြီး ဖြစ်ကျန်နေခဲ့သူဖြစ်သည်။ အတန်းတူ ဆရာမများ နှင့် လည်း မရည်ငံခဲ့။ ရပ်ကွက်ထဲမှမချောကို လည်း ကြံဆောင် မအောင်မြင်ခဲ့ပဲ အရှုံးသမားကြီးလုံး လုံးဖြစ်နေခဲ့လေသည်။ ထို့ ကြောင့် နောက်ဆုံး ရဲဝင်းသူ ကို ဆရာပြန်တင်ကာဤလေလံပွဲတွင် တင်၍ ရောင်းချကြည့်ရန် မရဲတရဲ ကြိုးစားကြည့်ခြင်းဖြစ်လေသည်။
(၁၀) ရဲဝင်းသူဆရာလေးရဲဝင်းသူ မှာတော့ မိန်းမရရေး ဘာပဲလုပ်ရလုပ်ရ ဖြစ်သောကြောင့်ဤပွဲတွင် မဖြစ်မနေ ၀င်ရောက် နွဲဖို့ ရန်ပြင်ဆင်ထားသည်။ မိတ်ကပ်အောင်အောင် နှင့်လည်း ပွဲနေ့ အတွက် စာချုပ်ပြီးဖြစ်သည်။
(၁၁) မျိုးဆက် အခါတစ်ပါး က သောက်စားပျော်ပါးခဲ့ဘူးလေ၏။ အိမ်ထောင်ရေး လက္ခဏာကပါလာပုံမရ။ ကောင်းကောင်းနေခဲ့သော်လည်း မိန်းမ မရပါ။ စာတို ပေစများ ရေး၍အနိမ့်ဆုံး ရည်မှန်းချက် မြန်မာပြည် ၂၀၁၀ ရွေးကောက်ပွဲနိုင် သမ္မတကြီးနှင့် အမြင့်ဆုံးရည်မှန်းချက် မှာ မိန်းမရရန်ဖြစ်လေသည်။ ထို့ ကြောင့်စီစဉ်သူများ က စီစဉ်ပေးလာသောအခါ ရှက် တတ်သော်လည်း လေလံပွဲ တွင် စွန့်စားကြည့် ရန်ဆုံးဖြတ်ပြီး မန္တလေးသို့ ထွက်လာသူဖြစ်သည်။
အထူးဧည့်သည်တော် ဆရာအောင်ကျော်ဇံ ပွဲစဉ်အတွက် ကုန်ပစ္စည်းပုရိသ စာရင်းပိတ်ချိန်ဝယ်ဆရာအောင်ကျော်ဇံတစ်ယောက် အရက်ပုလင်းကြီးမ လာပြီး ပုဆိုးစွန်တောင်ဆွဲကာရောက်လာသည်။ စာရင်းပိတ်ပြီးချိန်ဖြစ်သော်လည်း ဆရာ ဖြစ်သောကြောင့်နေမျိုးထွန်း ခမျာ အတော်ခေါင်းစား၍ အထူးဧည့်သည်တော် အနေဖြင့်ထည့်သွင်းပေးရလေသည်။ ၄င်းနောက် သက်ခိုင် နှင့် အောင်သူ မှာလည်းကြားဖြတ်အနေဖြင့် ၀င်ရောက် ဦးမည်ဖြစ်သည်။

ဗာလ

Monday, October 5, 2009

သူ့ အမှား

ရန်ကုန်ရွေလိပ်ပြာ ဟိုတယ်
သက္ကရာဇ် ၂၀၀၂ ခုနှစ်ခန့် 
ဟိုတယ်မှာရွေဂုံတိုင် သံဃ ဆေးရုံ အနားတွင်ရှိလေသည်။ ပု ပု ကွကွ အညာသားလို လူတစ်ယောက် ဆာလာအိတ် ကြီးနှင့် စာအုပ်ထူကြီးကိုင်ကာ ရေခဲဆိုင် ကားမှတ်တိုင်မှာ ၃၆ ကားပေါ်မှဆင်းလာသည်။
ဘေးနားရှိ ပန်းချီပန်းပုကျောင်းထဲသို့ ဝင်မလို လုပ်ပြီးမှ ရွေလိပ်ပြာဟို တယ်ထဲသို့ ခပ်တည်တည်ဝင်ရောက်သွားလေ၏။
ဟို တယ်ဧည့်ကြို ငှာန ရှေ့ တွင် ၄င်း၏မြွေခွံလက်ဆွဲအိတ်ကြီးကို ချ ပြီး စာအုပ် ထူကြီး ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ စာအုပ်အဖုံး ရုတ်တရက်လန်သွားစဉ် ဧည့်ကြိုစာရေးက ကမန်းကတန်း ဖတ်လိုက်ရသည်။ ဘယ်လို လူမှန်းမသိခင် လူကဲခတ်နေရသည်မဟုတ်လား။ စာအုပ်ပေါ်တွင် object oriented programming (C++) ဟု ရေးထားသည်ကို နားမလည်စွာပင်ဖတ်လိုက်မိသည်။ ဘယ်က သူငှေးသား စာတတ်လေးဘာလိမ့်။သို့ တည်းမဟုတ် ဖိုထိုးရင်း ဖိုအောင်လာသော
အဂ္ဂရိတ်ဆရာများလော။ ကျောက်တွင်းသငှေးများလားမသိသဖြင့် ပျူပျူငှာငှာဖြင့်
"ဆရာ အခန်းယူမှာလား"
အညာသား။ ။ "ယူမှာပေါ့ကွ။ ဒီလာတာ တည်းဖို့ ပဲဥစ္စာ"
ဧည့်ကြို။ ။ "ဘယ်နှစ်ရက်လဲဆရာ"
အညာသား။ ။ "ကျုပ်က ဒီမှာ စာမေးပွဲလာဖြေတာ။ တစ်လဖြစ်ချင်ဖြစ်မယ်။နှစ်လဖြစ်ချင်ဖြစ်မယ်၊ရတယ်မဟုတ်လား"
ဧည့်ကြို။ ။ "ရပါတယ်ဆရာ၊ ဒီမှာ က ရန်ကုန်မှာ အသန့် ဆုံးဟိုတယ်ဆို တော့ တစ်ညကို ၈၀၀၀ ယူပါတယ်။ တစ်လလုံးနေမယ်ဆိုရင်တော့ မန်နေဂျာနဲ့ ပြောပြီးလျော့ပေးပါမယ့် ခင်ဗျ"
အညာသား မျက်နှာမှာ ရုတ်တရက်မည်း သွားသည်။ မည်းရာမှ နီသွားသည်။ စကားထစ်ထစ်ဖြင့်
"တစ်ညကို ၈၀၀၀ ၊ ဘာဗျ ၊ တစ်ည ၈၀ ဆိုရင် တော့ ဒီမှာတည်းမလို့ ပဲ။ ခင်ဗျားတို့ ဟာက ဈေးကြီးလွန်းတယ်ဗျာ၊ ကျုပ် အမျိုးအိမ်ပဲသွားတည်းတော့မယ်"
ဟု ခပ်တည်တည် ပြောပြီး အိတ်ကြီးနှင့် စာအုပ်ကို မကာ ပန်းချီပန်းပု ကျောင်းဝင်းဘက်သို့ ပြန်လျှောက်သွားလေသည်။
ဧည့်ကြို မှာ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်နေရာမှ ဒေါသထွက်လာကာ
"ဘယ်က တောသားဗိုက်ကလေး က ဟိုတယ်လို နေရာမှာ လာတည်းချင်ရတာလဲမသိ"
ဟု မြည်တွန်တောက်တီးကျန်နေခဲ့လေသည်။
(ဆရာငြိမ်းချမ်း၏ကိုယ်တွေ့ မှတ်တမ်း ဖြစ်ပါသည်။)

ဗာလ

အမှတ်တရ Photo







Internet မှာလျှောက်ကြည့်ရင်း ရန်ကင်းတောင် နဲ့ အောင်ပင်လယ် photo လေးတွေ ကို ဒီဆိုဒ်မှာ http://www.yanaung.net/ တွေ့လို့ တင်လိုက်ပါတယ်။

Sunday, October 4, 2009

ချစ်သူ့မြို့နှင့် အနီးတဝိုက်

နိုင်ငံရပ်ခြားကို အထင်ကြီး၍ လာရောက်ရသော သူမဟုတ်လျှင် ရန်ကုန် (သို့) ဇာတိမြေကို လွမ်းမိမည် ဧကန်ဖြစ်သည်။ ဘဝရဲ့ အနှစ်၃၀ နီးပါး ရှင်သန် ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်အားမည်သို့ မေ့ထားနိုင်မည်နည်း။ လိုအပ်ချက်များစွာ ရှိနေသော်လည်း မိမိ၏ ဇာတိမြေသည်သာလျှင် နေပျော်ရွှင်ပျော်စရာ အရပ်မဟုတ်ပါလော။

စင်္ကာပူမြေသည် ရန်ကုန်နှင့် များစွာမဝေးလှသော အရပ်ဖြစ်သော်လည်း နေပျော်စရာကောင်းသည်ဟု မည်သည့်အခါမျှ မထင်ခဲ့မိပေ။ချန်ဂီလေဆိပ်တွင် လေယာဉ်ဘီးစတင်ချ စဉ်ကတည်းက ဦးစွာ လွမ်းဆွတ်မိသည် မှာ ရန်ကုန်မြေဖြစ်သည်။ ~~' မြင်စိုင်း၊ ပင်းယ၊အင်းဝ၊ကုန်းဘောင်...ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း တစိတ်တဝမ်းညီနောင် ပြည်ထောင်စုဘွား၊ မြန်မာပြည်သားဟေ့၊ မြန်မာပြည်သား'~~ ဟူသောမြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်လေ့ရှိသည့် သီချင်းကိုမှတ်မှတ်ရရ သတိ၇မိခပ်တိုးတိုးငြီးဆိုမိသေးသည်။ချန်ဂီလေဆိပ်၏ ကြီးကျယ်ခမ်းနားမှု၊ နေ့ခင်းနှင့် မခြားလင်းရှင်းသပ်ရပ်မှုတို့က ရန်ကုန်လေဆိပ်မှထွက်ခွါလာသူ၏ စိတ်ကိုခေတ္တ ခဏတော့ သိမ်ငယ်သွားစေခဲ့သည်။ စနစ်တကျ တည်ရှိနေသော ဂိတ်များ၊ စားသောက်ဆိုင်များ၊ ရွှေ့လျားစက်လှေခါးများ နှင့် အခမဲ့ဝန်ဆောင်မှု ပေးသော တယ်လီဖုန်း အိပ်ချိန်းများ မြင်သည့်အခါ ရန်ကုန်မှမထွက်ခွါမည် တန်းစီစောင့်ဆိုင်း၍ အလုအယက်ဆက်ခဲ့ရသော တယ်လီဖုန်း အနီလေးကို လွမ်းဆွတ်မိသည်။

ICA ခေါ် လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်တန်းစီရချိန်တွင် အိုက်စပ်ပူလောင်ခြင်း၊ အချိန်အတန်ကြာစောင့်ဆိုင်းရခြင်း မရှိသည်ကိုတွေ့ရခြင်းသည် Computerize ကျယ်ပြန့်စွာသုံးစွဲနိုင်ခြင်း၏ အားသားချက်ကို သတိပြုမိစေသည်။အမှိုက်တစမျှမရှိပဲ၊ အစဉ်ပြောင်လက်သန့်ရှင်းနေသော MRT မြေပေါ်မြေအောက် ရထားစနစ်ကိုအသုံးပြုရသည့်အခါများတွင် ရန်ကုန်မြို့ပတ်ရထားပေါ်က ပျံကျဈေးသည်လေးများ၏ အသံနှင့် ကွမ်းဝါး၍ ရထားစောင့်ခဲ့ရသော လှည်းတန်းဘူတာလေးကိုလွမ်းဆွတ်လှသည်။ Bus ကားဂိတ်၊ MRT Station တို့မှ အထွက် မိုးသည်းသောနေ့များတွင် ထီးမလိုပဲ လူသွားစင်္ကြန်များမှတဆင့် အိမ်အရောက်ပြန်နိုင်သော အခါများတွင်တော့ လှည်းတန်းမှတ်တိုင်အနားရှိ မိုးခိုခဲ့ရသော စတိုးဆိုင်လေးကိုသတိရမိသည်။

စင်္ကာပူသည် ရန်ကုန်ထက် အပူချိန်များသော်လည်း အဘယ်ကြောင့် နေထိုင်ရအဆင်ပြေနေပါသနည်း။ စင်္ကာပူသည်နေရာတိုင်းကိုလေအေးပေးစက်အဘယ်ကြောင့်ပေးထားနိုင်ပါသနည်း။ စွမ်းအားအရင်းအမြစ်ရှိသော်လည်း အားလုံးတပြေးညီစီမံခန့်ခွဲနိုင်ရန် လိုအပ်ချက်သည် မည်သည့်အရာနည်း။ အတတ်ပညာ၊အသိပညာတွင်သာ ရင်းနှီးမြုပ်နှံခြင်းသည် လူ့သမိုင်းကို တိုးတက်စေသည်ဆို၏။

ငယ်စဉ်ကတည်းကပင် တက်ကျမ်းများမဖတ်လိုသော ကျွန်တော်သည် စည်းစနစ်ရှိသော၊ အလျင်လိုနေသော၊ စက်ရုပ်ဆန်သော စင်္ကာပူနှင့် များစွာအံမဝင်လှချေ။

ခမ်းနားသော သပ်ရပ်သော စာအုပ်ဆိုင်ကြီးများ အစား၊ ပန်းဆိုးတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင်တမေ့တမော စာအုပ်ရွေးရခြင်း၊ လှည်းတန်းမှ စာအုပ်အဟောင်းဆိုင်လေးများတွင် တို့ဝှေ့ဈေးဆစ်ရခြင်းနှင့် အမဲအူပြုတ်ဆိုင်မှရှောက်ရွက်နံ့လေးများကို လွမ်းဆွတ်မိပါသည်။Food court များတွင် မလေးရှားအုန်းနို့ခေါက်ဆွဲLaksa မှာစားရသော အခါ လှည်းတန်းဈေးအနားရှိ ဆကာကြီးမုန့်ဟင်းခါးဆိုင်ကိုမြင်ယောင်မိသည်။ Food court များရှိ အသက်အရွယ်များစွာကြီးရင့်သော ဆိုင်ဝန်ထမ်းများကိုမြင်လျှင်တော့ များစွာစိတ်မကောင်းဖြစ်ပြီး လှည်းတန်းလမ်းမပေါ်က အဘိုးအရွယ် အဘွားအရွယ်များကို စာနာမိသည်။ကျွန်တော်တို့ဆီတွင်လူအိုရုံများ များစွာလိုအပ်နေပြီလားဟုအခါခါတွေးမိသည်။ကလေးကစားကွင်းငယ်များ၊ ဘော့လုံးကစားကွင်းကျဉ်းကျဉ်းလေးများရှေ့ဖြတ်လျှောက်တိုင်း ၊ မြက်ရိုင်းများမိုးထိုးနေသော လှိုင်အားကစားကွင်းအတွင်း ဘော့လုံးကန်ခဲ့ရသည်များကို လွမ်းဆွတ်မိရသည်။ လူနေဧရိယာထူထပ်သော ရန်ကုန်တွင်ပင် ကစားကွင်း အများအပြား ရှိသေးသည်မဟုတ်လော။ ပြုပြင်ထိန်းသိမ်းနိုင်လျှင်လွန်စွာကောင်းသော အဆင့်မှီကွင်းများဖြစ်မည်ကား ယုံမှားသံသယမရှိပေ။လေအေးစက်တပ်ဆင်ထားသော ခေတ်မှီဘတ်စ် ကားချောင်ချောင် များစီးနင်းရသောအခါ ၁၀၅ ဒိုင်နာနောက် ခြေနင်းတွင်တွဲလောင်းလိုက်ခဲ့ရသောအရသာကို မည်သို့မေ့နိုင်ပါအံ့နည်း။ ရုံးသို့ အချိန်မှီပြေးလွှားသွားရသော နေ့တိုင်း၊ သက်တောင့်သက်သာရန်ကုန်ရုံးကိုလွမ်းဆွတ်မိတတ်ခြင်းသည် တက်ကျမ်းများမဖတ်ခြင်းဧ။်အပြစ်များဖြစ်သည်ထင်သည်။

NTUC များတွင် ရေခဲရိုက် အသား၊ငါး များဝယ်ရတိုင်း ကြည့်မြင်တိုင်ညဈေးတွင် ဗွက်ထူထူထဲဈေးဝယ်ရခြင်းလောက် အရသာမတွေ့။ တခါတရံ ထိန်ထိန်လင်းနေသော စင်္ကာပူရ် လပြည့်ညများတွင်တော့ စိုင်းထီဆိုင်ဧ။် ရန်ကုန်မှာသာ တဲ့ လ ကိုလွမ်းရသည်။Penisula Plaza တွင် လဘက်၇ည်သောက်ရသောအခါများတွင် မိန်းထဲမှ ဦးချစ်လက်ဘက်၇ည်ကို တမ်းတရသည်။ချောင်းသာ၊ ငွေဆောင်နှင့် ငပလီတို့ကို အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသောကြောင့် Sentosa သို့သွားရောက်ရန်တခါမျှစိတ်မကူးခဲ့မိချေ။East Coast က လေညှင်းထက် ဆူးလေဘုရားလမ်းက လေနုအေးကိုပို၍ တပ်မက်လှသည်။Orchard လမ်းပေါ်က အပြာရောင် ငှက်များသည် ပန်းဆိုးတန်းတဝိုက်က အပြာရောင်ညများလောက်ကြေကွဲစရာ မကောင်းဟုထင်မိသည်။

ရေကြည်ရာ မြက်နုရာ သွားလာနေရသည်ဆိုသော် ယခုခေတ်သည် သမိုင်းဦးလူသားခေတ် မဟုတ်။ ကိုယ့်တိုင်း ကိုယ့်ရွာ၌ မနေဖြစ်အောင် မည်သည့် အရာက ဖန်တီးနေပါသနည်း။ စင်္ကာပူရ်တွင် မိုးရွာပါသည်၊ နေသာပါသည်၊ ထို့နည်းလည်းကောင်း လ သာပါသည် လေပြေညှင်းတို့တိုက်ခတ်တတ်ပါသည်။ ရန်ကုန်နှင့် မကွဲပြားသောရာသီဥတု ရှိပါသည်။ သို့သော်....ကျွန်တော်သည်....ချစ်သူ့မြို့နှင့်အနီးတဝိုက်ကိုသာ.................။

ဒိုက်စ်

Friday, October 2, 2009

မန္တလေးလေလံပွဲ(၂)

လေလံပွဲနီးလာသော အခါ ကွန်ပြူတာတက္ကသိုလ် ပထမအသုတ်၊ဒုတိယအသုတ် နှင့်တတိယအသုတ် စသဖြင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာကြလေပြီ။ပထမအဆင့်အနေဖြင့် ပထမဆုံး အသုတ်မှလူပျိုကြီးများကို လေလံစတင်မည်ဖြစ်လေရာ ဒုတိယအသုတ် မှဦးစ၊ဆရာဇော်ထွန်း(ဆင်ဖြူကျွန်း) စသည့်လူများ မှာ ဒုတိယအကြိမ်လေလံပွဲတင်ဝင်ရောက် နိုင်ရန် အထူးစိတ်ဝင်စားနေကြသည်။ တတိယအသုတ်မှာလည်း ထိုနည်းအတိုင်း ပင်။ ဤ အစဉ်အလာဖြစ်ခဲ့ပါက နောက်လာလူပျိုကြီးများ အတွက်အလွန်ပင် ကျေနပ်ဖွယ်ရာပေတည်း။ဇာတ်မင်းသား မျိုး နန္ဒ လေး မှာလည်း ၀င်ရောက် အရွေးခံရနိုးနိုး၊၀င်ရောက်လေလံဆွဲရနိုးနိုးဖြင့် ဝေခွဲမရဖြစ် နေသည်။ ထို့ အတူဆရာကျော်ဇေယျမှာ လည်း ထိုနည်းလည်းကောင်းပင်။ထူးခြားသည်မှာ လေလံပွဲတွင် ကျောင်းသားဟောင်းများသာမက ဆရာဟောင်းဖြစ်သူဇော်ဝင်းအောင်ပါနေခြင်းဖြစ်သည်။ ၀င်ရောက် လေလံတင် ရောင်းချခံ လူများ မှာ အောက်ပါအတိုင်းဖြစ်လေသည်။
(၁) အဂျေး
ကိုအဂျေး ၏ ရာဇ၀င် ကား အားလုံး ဖတ်မိပြီးဖြစ်ပေလိမ့်မည်။ ၃ နှစ်လုံးလုံးတစ်ယောက်တည်း ကြိုက်ခဲ့ သည်။ သို့ သော်လည်း မစွံခဲ့ ရပါ။ နောက်ပိုင်းတော့ရည်းစား ရသလို လို သတင်းများကြားရသည်။ စင်္ကာပူ သို့ ထွက်လာပြီးမိန်းမရဖို့ ကြံစည်ခဲ့သည်။ နောက်ဆုံးတော့ ခဲလေသမျှ သဲရေကျ ဖြစ်ကာလူပျိုကြီး (မန်နေဂျာ) ရာထူး ဖြင့် ရန်ကုန်တွင်တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရုပ်ရည်အားဖြင့် သနားကမား ။အာရိယာန်နွယ်ဖွား အနေဖြင့် လူမျိုး ခြားများ ကို အထူး ဆွဲဆောင်နိုင် သူဖြစ်၏။(၂)ကျော်စွာမျိုး ခေတ်ဒွေးအဖြစ် တစ်ခောတ်တစ်ယောက် မွေးလာသူဖြစ်သည်။ ချစ်သူ ပေါများသည်ဟုထင်ရစဖွယ်ရှိသည်။ အမူအကျင့် က ဂိုက်ပေးကြမ်း၍ ရုပ်က တွတ်ပီနှင့် တူသည်။မြန်မာပြည် မှာ လည်း ကာတွန်းချစ်သူ ပေါလှပေရာ ၄င်းအနေဖြင့်လေလံပွဲတွင်ဈေးကောင်းရဖွယ်ရှိပေသည်။(၃)အောင်စိုးဝင်း ငါန်းဇွန်သား ပီပီ မည်းမည်း ဖြင့် ကျစ်ကျစ်လစ်လစ်ရှိသည်။ဒူးမနာ ဖခင် ဖြစ်ဖို့ အရည်အချင်းပြည့်ဝသူဖြစ်သည်။ ထို့ ကြောင့်ဒုတိယအချစ် အလိုရှိသော မိန်းမသားများ မှာ ၄င်းကို ရွေးချယ်ဖွယ်ရှိလေသည်။
(၄) ကင်းကောင်(သို့ )ငဖြိုး လေလံပွဲ၏ အသက်ဖြစ်လာနိုင်သူဖြစ်သည်။ တစ်ခေတ်တစ်ခါ ကနာမည်ရှိသူဖြစ်သဖြင့် ယခုမတွေ့ ဘူးသူ မိန်းကလေးများ အနေဖြင့် လေလံပွဲကိုအထူး စိတ်ဝင်စား ကာ ၀ယ်ယူ ရန် သတင်းပြေးလျှက်ရှိသည်။ ယခု တွေ့ ဘူးသူများက တော့ ဂုတ် တို တို၊ဗိုက်ပူပူ သူတော်ကြောင်စားဖား ရုပ်အားဝယ်ယူရန်စိတ်မ၀င်စားကြ။ သို့ သော်လည်း အများစု ကတော့ ကင်းဟူသောဂုဏ်ပုဒ်တစ်ခု ကြောင့် ရေပန်းအစားဆုံး တစ်ပေးထားကြသည်။ခေါင်းဆောင်ကြီးနေမျိုးထွန်းကလည်း ၄င်း ၏ ငယ်ရုပ်ဖြင့်သာကြေငြာထားသည်ဖြစ်ရာ လေလံပွဲတွင်ကင်းပါသည် ဟုမိန်းကလေးအများစု ၀ယ်ယူရန်ပြင်နေကြသည်။ ( ဆက်ရန် )

ဗာလ

Thursday, October 1, 2009

မန္တလေးလေလံပွဲ(၁)

ကွန်ပျူတာတက္ကသိုလ်ကား ၁၀ နှစ်ကျော်၍ ငွေရတုပင်နီးစပ်လာချေပြီ။ အိမ်ထောင်မကျ ရသေးသူ လူပျိုများ အသက်(၃၀) ကျော် လူပျိုဟိုင်းကြီးများ ဖြစ်ကျန်ရစ်ခဲ့လေသည်။ ထို့ အတွက် အများ ကောင်းမှုဖြင့် လူပျိုကြီးများ စွံစေစိမ့်သောငှာ လူပျိုကြီးများလေလံပွဲကို ကျင်းပရန်စီစဉ်ကြသည်။ ကျင်းပသူ နေမျိုးထွန်း က ဦးဆောင်၍ အပျိုဟိုင်းကြီးများထောက်ပံ့မှုဖြင့် ကျင်းပရခြင်းဖြစ်သည်။ထို အထဲတက်ကြွသော ဆရာမ တစ်ဖြစ်လဲ စံပယ်ကို၊ခင်သီတာနွယ်၊ မေဖြိုးဖြိုးဇော်၊ယဉ်မင်းအေး နှင့် တကွ အထူးတက်ကြွနေသော မီမီ လင်းထွန်း တို့ လည်းပါဝင်ပေသည်။ လူပျိုကြီးများထဲမှ ကိုယ်ကြိုက်ရာ ရွေးနိုင်သော အစီအစဉ်ဖြစ်သဖြင့် ညှိကြော့မှာလည်း ၀င်ရောက်လေလံမဆွဲနိုင်စေကာ မူ ဒိုင် အဖြစ်နှင့် ၀င်ရောက်ပါဝင်လိုကြောင်း လေသံပစ်နေသည်။ လူပျိုများထဲမှာ ဗိုက်ကလေးငြိမ်းချမ်းမှာ တက်ကြွလွန်း၍ ညများပင်အိပ်မပျော်။ အိပ်ထောင်ကျ ရချည်သေးရဲ့  ဟု တွေးရင်း သတင်းကြားပြီးကတည်း က အိပ်မရတော့။ ဆင်ဖြူကျွန်းသက်ခိုင်မှာ အိမ်ထောင်သည်ဖြစ်သော်လည်း ပြန်လည်အရွေးခံချင်လွန်းသဖြင့် မန္တလေးမှ အောင်သူ နှင့် လက်တွဲကာ ကြားဖြတ်အစီအစဉ်ဖြင့် သူ တို့ ကိုယ်သူ တို့ ရောင်းချရန် ကြံသည်။ ခေါင်းဆောင်ကြီးနေမျိုးထွန်းက လည်း အခန့် သင့် လျှင် သူ ပါ ၀င်၍ ရောင်းမည်ဟု လျှို့ ဝှက် ကြေငြာထားသည်။ သို့ သော် သတင်းမှန်သမျှ လျှို့ ဝှက်၍ မရသောကြောင့် မအိအိဝင်းပြန်ကြားသော အခါ သူမ ဒိုင်အဖြစ်မပါရလျှင် ဤ ပွဲ မလုပ်ရဟု နေမျိုး ထွန်းကို အမိန့် ထုတ်လိုက်လေသည်။ ယောက်ျား အားစိတ်မချသောကြောင့်ဖြစ်လေသည်။လေလံပွဲအကြောင်းကြားသောအခါ ခိုင်သဇင်ဦး က အဆင်သင့်ဖြစ်စေရန် ရှိသမျှ အလုပ် အားလုံးနားထားသည်။ ကြည်ကြည်မြင့်မှာ လည်း အလုပ်အားလုပ်ရပ်၍ ၀င်ရောက်လေလံဆွဲရန် ပြင်ဆင်သည်။ စိုးယုမော်တစ်ယောက်တော့ သူငယ်ချင်းပြိုင်ဘက် များ အားလုံး ကို ပင် အသိမပေးပဲ လျှို့ ဝှက်စွာ ပင် ကြိုတင် လှုပ်ရှားနေသည်။သန္တာ လတ်၊ အိအိမိုးမြင့်၊ နန်းဥမ္မာဦး စသဖြင့် အားလုံး မှာ မန္တလေး တွင် စောင့်၍ ပေးနိုင်သောဈေးကို ကြိတ်ညှိနေကြသည်။ကိုယ်စီကိုယ်စီ အားလုံး လှုပ်ရှားနေသည်ကို ကြားသောအခါ ကိုဝင်းမင်းထွန်းလဲမနေ ရ။ မိန်းကလေးများပေးမည့် ဈေးကို ကြိုတင်တီးခေါက်၍ ၄င်းကိုသာ ၀ယ်လျှင်ထို့ ထက်ပို ၍ ဈေးသက်သာနိုင်ကြောင်းမသိမသာ စည်းရုံးနေလေ၏။ မ၀ါ က ၀င်၍ ဟန့် လိုက်မှ အသာ ငြိမ်၍ နေတော့သည်။

ဗာလ