Wednesday, September 30, 2009
ကျေးဇူးပြုပါ
ဒီဘလော့ဂ်ကို မန္တလေးကွန်ပြူတာတက္ကသိုလ် နှင့်ပတ်သက်သော အမှတ်တရ များ၊ Contact များ၊နောက်ဆုံးရသတင်းများ ရရန် ရည်ရွယ်ရေးသားနေတာပါ။ အခုအချိန်မှာတော့ သူငယ်ချင်းဟောင်းများ၏ ငယ်ကျိုးငယ်နာများ ဖော်ထုတ်ရေးသားရင်း စမ်းသပ်တင်ကြည့်နေခြင်းဖြစ်ပါတယ်။ ကျွန်တော့မှာ စာလုံး၊ ခေါင်းစဉ်၊ အရောင်ကအစ ကောင်းကောင်းမပြောင်းတတ်သေး၍ စမ်းသပ်နေရတုံးပါ။ ကျွန်တော့ဘလော့ဂ်မှာ 2nd, 3rd, 4th batch ကညီငယ်၊ ညီမငယ်များကို အမှတ်တရ ပို့စ်လေးများရေးသားပေးပို့ပေးဖို့ ပန်ကြားထားပါတယ်။ အောင်မြင်စွာပဲ တယောက်မှ ပေးပို့လာခြင်းမရှိပါသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်သိတဲ့ အတန်းက သူတို့အကြောင်းတွေကိုလုပ်ကြံရေးသားဖို့ ကြံနေပါတယ်။ ကျွန်တော်သိတဲ့ အငယ်တန်းမှကျောင်းသား/သူများ အချိန်မှီရေးသားပေးပို့ရင်ပို့ပါ။ မပို့ရင် တော့ လုပ်ကြံရေးသားရပါလိမ့်မည်။( နောက်ဆုံးပေါ်စာမူတောင်းနည်း နိဿရည်း။ ဗာလဆီကလည်းထိုကဲ့သို့ပြော၍ ပို့စ်များတောင်းပြီးတင်ထားရပါသည်။ )
၂၈။ မျောက်မူးလဲအောင်ကြီး
ယခု ပေးထားသော မျောက်မူးလဲ မှာ ၄င်း ၏ လက်ဟောင်းက ဘွဲ့ တစ်ခု မဟုတ်ပါ။ မျောက်မအုပ်စု က တွေ့ စ က ၄င်းကို မြင်သောအခါ လန့် ပြီး မူးလဲမလို ဖြစ်သွားကြသည်။ ထို့ ကြောင့် ဤ post တွင်မျောက်မူးလဲဟု သာတတ်လိုက်ရပေသည်။ ကျွန်ပျူတာတက္ကသိုလ် ပထမနှစ်မှာ ပင် ဘွဲ့ များစွာ ရရှိသွားသူ မှာ အောင်ကြီး ဖြစ်လေသည်။ ဘွဲ များ က များလွန်းသဖြင့် အစအဆုံး မဖော်ပြလို ပါ။ ရေးမည် ဆို လည်း ရေးစရာ မရှိ ပါ။ ဤအရာ အောင်ကြီးဖြစ်သည် ဟု ပြောလိုက်လျှင်ပင် အားလုံး သိ ပြီး ဖြစ်ပေလိမ့်မည်။ ( ဗာလဆိုတဲ့ကောင် ဆိတ်ဖလူးပန်းနံ့ ရှုရမှာစိုး၍အလကားလျှောက်ရေးနေတာပါ) ငဖြိုး ကင်း ရခြင်းမှာ လည်း ၄င်း ၏လက်ချက်မကင်းပါ။ ငဖြိုး ကင်းရဖို့ အောင်ကြီး မှာ မန္တလေး ကွန်ပျူတာတက္ကသိုလ်လာတက်ရသလို ဖြစ်ခဲ့သည်။ သို့ သော်လည်း ဤသူသည် အောင်ကြီး ဖြစ်သည်။ ငဖြိုး စော်မကြည်သည်ကို သိသောကြောင့်သာ လုပ်ပေးခြင်းဖြစ်၏။ အခြားမည်သူကင်းဖြစ်ဖြစ် သူ နှင့် ပြိုင်ဘက်ဖြစ်လာမှာ ကြောက်သည်။ ထင်တာလည်းမမှားခဲ့။
အောင်ကြီးက လူမိုက်အားပေးသက်သက် လုပ်သည်။ ငမိုက်သား ငမူးများ ခမျာ ၄င်း လုပ်သမျှခံကြရရှာပေသည်။ စာမေးပွဲည ဆို လျှင် အရက်ကောင်းတိုက်ခြင်း ၊ဇာတ်ပွဲပြခြင်း ပြုလုပ်သည်။ သွားဖြေမည့်မနက်တွင်ပင် အရက်တိုက်လွတ်လိုက်သေးသည်။ အရက်များ မူး ၍စာမေးပွဲလာ ဖြေကြရသဖြင့် ၄င်းက အောင်သော်လည်း ကျန်လူများ က အခြေအနေမကောင်း။ ကြိုတင်စာကျက်ထား နိုင်သူများ သာ အောင်ခဲ့လေသည်။ နောက်နှစ်များ မှာတော့ သက်ခိုင်က သူ့ ပညာနို့ စို့  အရက်သမားလက်သစ်များကို စည်းရုံး ၍ အောင်ကြီးနှင့်ပါမသွားရန်ပြောထားသောကြောင့် အားလုံး စာမေးပွဲမကျကြခြင်းပင်။ သတိတရားသမာဓိတရား အားကောင်းသော အရက်သမားကောင်းတို့ မည်သည် အရက်သမား ပေါက်စများ ကို ကောင်းစွာစောင့်ရှောက် ကြလေသည်(အရက် ဋီကာ မှ)
ဗာလ

Tuesday, September 29, 2009
၂၇။ ရန်ကုန်သား လူရှုပ်မျိုးဇော်
ကျောင်းရောက်စ က ကင်းဖြစ်နိုင်သည်ဟု တစ်ပြေးနေသူ တစ်ယောက် ရှိသေးသည်။ ၄င်းက မျိုး ဇော်ပေတည်။ရန်ကုန်မှ ရောက်စ က အင်္ကျီလက်ရှည် အဖြူ ကို မီးပူ တောင့်နေအောင်တိုက်၍ ၀တ်သည်။ သန့် ပြန့် ပြီးဆံပင် အလယ်ကွဲ နှင့် အတည်ပေါက်နေသည်။စိတ်ကတော့ မူမမှန်လှချေ။ အင်္ကျီလက်ရှည်နှင့် သန့် ပြန်အောင်နေသော်လည်း စီးတော့ ခုံ ဖိနပ်ဖြစ်သည်။ သူ ကို့ သူ ရန်ကုန်သားလူလည် လို လို ဂိုက်ဖမ်း၍မိန်းကလေးများသဘောကျစေရန် ကြိုတင်သင်တန်းတက်၍ သင်လာသော စာများကို ဆရာများမေးလျှင် တက်ကြွစွာ ထဖြေခြင်း၊ whiteboard ပေါ်တွင်တက် ရေးခြင်းစသည်ဖြင့် ပြုလုပ်သည်။ (ပထမနှစ်တွင်သာလုပ်နိုင်၍ နောင်နှစ်များတွင် သင်လာသောစာများကုန်ပြီ ဖြစ်၍ ထပ်မလုပ်နိုင်တော့)။ယောက်ျားလေးများက ဘယ်လောက် မြင်ပြင်းကပ်ကြစေကာမူ ၄င်းကို သဘောကျသောမိန်းကလေးတစ်စုလည်းရှိပေသည်။ဤကားလူ့ သဘောပေတည်း။ လူတစ်ကိုယ် စိတ်တစ်မျိုးဖြင့်ရှိ တတ်ပေရာ ထို သို့ ဖြစ်ခြင်းမှာ အပြစ်ပြော၍ မရ။ ကောသလအိမ်မက် ၁၆ချက်သည်လည်းမှန်ကန်နေသောခေတ်၊ လူမိုက်ကောင်းစားသောခေတ်ကြီးတွင် မျိုးဇော်သည်လည်း ခေတ်ကောင်းရောက်ခဲ့သည်။ သို့သော် လူမိုက် မှန်သည် မှာ ကြာရှည်မခံပါ။ နောက်တော့လည်း အကြောင်းသိဖယ်ခွာသွားကြပေသည်။မျိုးဇော်ကင်းတော့ မဖြစ်ခဲ့ပါ။ သို့ သော် မဲ ၂ မဲခန့်  တော့ ရရှိခဲ့သည်။ ထို ၂ မဲဖြင့် ဖြင့် ခုံဖိနပ်ပြတ်နှင့် ခွေးငတ်ပမာ ဖြစ်ခဲ့သည်။ သို့ သော်လူမိုက်တို့ ကောင်းစားခြင်းကား ရေပွက်ပမာပေတည်း။ကင်းမဖြစ်ခဲ့ သော်လည်း အမှန်တကယ် မဲ ၂ ခု ရခဲ့ သော ကြောင့် ကင်းရရန်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ ရသော ငဖြိုးမှာ ၄င်းကို အမြင်မကြည်။ အတူနေပင်ဖြစ်ငြားလည်း အကွက်ကောင်းစောင့် ၍ တွေ့ တိုင်းနှိပ်ကွပ်ရန် ကြိုးပမ်းနေသည်။မျိုးဇော်မှာ ဘယ်လောက်ပင်ကောင်းစားခဲ့သော်လည်း နောက်မကြာမီ ဇာတိပြလာပြီး အရူးတစ်ယောက်လို လျှောက်သွားခြင်း၊ အရက်သေစာ များ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း များ ပြုလုပ်လာသည်။ ဦးကတုံးဆိုင်၏ ဖောက်သည်ကြီးဖြစ်လာသည်။ဤနေရာတွင် ဦးကတုံးဆိုင်အကြောင်း အနည်းငယ်ဖော်ပြလို သည်။ ဦးကတုံးဆိုင်သည် ထိုစဉ်က MIT ၀င်းဝ ရှိတစ်ခုတည်းသော အရက်ဆိုင်ဖြစ်သည်။ BE နှင့် တကွ တစ်ခြား RUM ,Gin စသဖြင့် အရက်ဖြူ ၊အရက်နီ များရသည်။ကျောင်းသားများအပေါ် စေတနာကောင်းသည်။ အရက်လာသောက်တိုင်း နှမ်းဖတ်ချဉ်ကို အမြည်းချပေးသည်။ ရှောက်ရွက်အနည်းငယ်ဖြင့် အုပ်ထားသော နှမ်းဖတ်ချဉ်မှာ ယခု အချိန်ထိ တသသဖြစ်ရတုန်းပင်။အရက်လာသောက်သူများသည် ဦးကတုန်းရေးထားသော စကားပုံလို လို စာတမ်းများကို ဆိုင်နံ ရံတွင် အပျင်းပြေဖတ်ရှုနိုင်သည်။ "လူတွေအကြောင်းပို သိလေလေ ခွေးတွေကို ပိုချစ်လာလေလေ" မှာ အရက်သောက်ရင်း အတော် ဆွေး နွေးယူ ရသောစကားတစ်ခုဖြစ်သည်။မျိုးဇော်သည် မျက်ကပ်မှန်တပ်ရပြီး ညဘက်ဆို လျှင် ကောင်းကောင်းမမြင်တော့ ချေ။ ထိုအ ထဲ ဦးကတုံးဆိုင်မှ ပြန်လာ ချိန်တွင် လမ်းက လည်းမှောင် ၊ လူ က လည်း မမြင် ၊လူက ယိုင်နဲ့ နဲ့ ဖြင့် ဓာတ်တိုင်ဝင်တိုက်သည်။ လူတွေ့ လျှင်လူနှင့်တိုက်သည်။ MIT ကျောင်းဝင်းအတွင်း လူကလည်းနည်းစဉ်ကာ လဖြစ်သောကြောင့် လူတိုင်းကမျက်မှန်းတန်းမိနေပြီး ၄င်းအားကြည့်ရှောင်ကြရလေသည်။ ငဖြိုးကားကွယ်ရာတွင် လက်ခမောင်းခတ်နေသည်။ မျိုးဇော်ဤသို့ ဖြစ်လေလေ ၄င်းက ၀မ်းသာလေလေ။ ချောင်းရိုက်စရာပင်မလိုတော့။ လူစု အားကိုးဖြင့် ပေါ်တင်ပင်မူးနေသော မျိုးဇော်ကို စိန်ခေါ်ပြီး canteen တွင် ရိုက်အံ့ ဟု လုပ်သည်။ အမှန်တကယ် လုပ်ရဲသော သတ္တိမရှိသောကြောင့် သာ မဖြစ်ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့  သိန်းသန်း နှင့် ငြိမ်းချမ်း ပွဲကဲ့သို နာမည်မကြီးသော်လည်း အခြားပွဲစဉ်များစွာ လည်း MIT ၀င်းထဲ တွင်ဖြစ်ခဲ့ဘူးသည်။ ဖြစ်ကြပြီးနောက်ရက်တွင်တော့လည်ပင်းဖက် ပေါင်းကြပြန်သည်။
ဗာလ
ဗာလ
၂၆။ တစ်ကျော့ပြန်အောင်ထက်
အောင်ထက်သည် သူ့ကိုယ်သူ ပခုက္ကူ ရီဝေယံ ဟုသတင်းလွှင့်ပြီး ဖွန်ကြောင်လေ့ရှိသည်။
ကျောင်းဖွင့်စက တစ်နယ်တည်းမှလာသူများ ရပ်ဝေး တွင် အနေနီးကာ ချစ်သူဖြစ်ရလတ္တံဟူသော ဆောင်ပုဒ် ဖြင့် အောင်ထက်မှာ ခြံစည်းရိုးထင်းခွေ အကြံကို ကြံသည်။ သို့ သော်လည်း ခွေးမချစ်တတ်ဟူသော အဖြေမှာ အောင်ထက်အတွက် အတော်ပင် ထိမှန်ခဲ့ပုံ ရလေသည်။ canteen တွင် အခြားစုံတွဲများ စွာ ဖြစ်လာသည်ကို မြင်သောအခါ ဟိုလူ့ ချဉ်းကပ်ရနိုး ၊ဒီလူ့ ချဉ်းကပ်ရနိုး ဖြင့် ကောက်ရိုးပုံစောင့် ငနှောင်းငယ် နှင့် အဖွဲ့ ကျသည်။ အမျိုးတူ ဖြစ်သဖြင့် နည်းနာ ဖလှယ်ကြသည်။ ငနှောင်းမှတစ်ဆင့် ဆရာသူရကို ပေါင်းမိသည်။ နွားဆရာ သူ ရက နွားသာမက ဈေးခွေးများကို ပါနည်းနာပေးသည်။
အောင်ထက် လူရည် လည်လာပြီဖြစ်သည်။ လူအကြောင်း သိ ရန် သူရိန်၊ငြိမ်းချမ်း၊ အောင်ဆန်းတို့ နှင့် ပေါင်း၍ နည်းနာယူသည်။ မကောင်းကွက်ဖယ်၍ ကောင်းသည့် အကွက်များဖြင့် မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး ကြောင်နည်း လေ့ ကျင့်သည်။ ၄င်း ကား ပထမအသုတ်ထဲတွင်တော့ မလုပ်ရဲပါ။ ဒုတိယသုတ် ၊တတိယသုတ်၊ ကျူရှင်ကျောင်းသူ၊ ၁၅၀ တန်း စသဖြင့် ကြောင်နည်း လေ့ကျင့် ခန်း ဆင်းသည်။ လေ့ကျင့်ခြင်းမှသည် အောင်ပွဲဆီသို့ ဆို သော စကား က ၄င်းအတွက်ဖြစ်လာလေသည်။ ကျွမ်းကျင် လှ၍ အများကြီး ပစ် ရန်ကြိုးစားသည်။ သို့ သော် ပစ်လိုက်တိုင်း ပစ်မှတ်ဟောင်းသာ သွား မှန်သောကြောင့် ဇွဲဆု နှင့် ကျေနပ်လိုက်ရပေသည်။ (ဇွဲဆု ကား ၄င်းတစ်ဦးတည်းသာ ရ၍ မည်သူမျှ မရ သော ဆု ဖြစ်သည်။ )
အောင်ထက်မဟေသီကြီး မှ သူ မအား ဇွဲဆု ဟု နှိုင်းသောကြောင့် မကျေမနပ် ဒေါသပုံထလျှက်ရှိကြောင်း နှင့် သူမ အကြောင်း ကောင်းကောင်းမရေးပါက အောင်ထက် အား ညစာ ဖြတ်မည် ဟု သတင်းကြား ရသောကြောင့် ဆက်ရေးရပေသည်။
စင်္ကာပူ တွင် အလုပ်လုပ်သူများ အတွက် ညစာသည်အရေးကြီးပေသည်။ မနက်ပိုင်းက လည်း ဖွယ်ဖွယ်ရာရာမစား နိုင်။နေ့ ခင်းဘက် တွင်လည်း ကြုံရာဆိုင်တွင် စား ရသောကြောင့် ညစာ မှာ အဓိက ဖြစ်လာသည်။ တစ်မျိုး တွေးကြမည်စိုး ၍။
၎င်းသည် အညာသူ ဖြစ်သော်လည်း အသားဖြူသည်။ ချစ်သူ ကြိုက်သူ များ လိမ့် မည် ဆိုသည်ကို တော့ ပြောစရာမလို ။ အရက်သမား ၀ိုင်း တွင်းတွင်၎င်း အကြောင်း က လည်း မြည်းစရာများကြား မှ တစ်ခု ဖြစ်သည်။
သို့ သော် ၄င်း က တည်ကြည်သည်။ ငြိမ်လည်း ငြိမ် သည် ဟု အတွင်းမသိလူများ က ဆိုကြပေသည်။
မြဲမြဲခိုင်သော သစ်ငုတ်တို ကြီး မှာ လှုပ်ပါများတော့ နဲ့ လာသကဲ့သို့  အောင်ထက် ၏ လှုပ် နည်းလှုပ်ဟန်သည်ကြက်ကန်းဆန်အိုးတိုးသွားပြီး မည်သူ မျှ ချိုင် ၍ မရဘဲ အောင်ထက်အတွက်သာ ဖြစ်ခဲ့လေသည်။ သူမ လှခြင်းမှာ အောင်ထက် အတွက်၊ ငြိမ်ခြင်းမှာ အောင်ထက်အတွက် ဟု ကြွေးကြော်ပြီး နောက် အနာဂတ်မျိုးဆက်လေးပင် ဖွားမြင်ပြီးဟု ခိုင်မာသောရပ်ကွက်မှ မကြားတကြား ကြားလိုက်ရပေသည်။
(မှတ်ချက်။ ၄င်း၏သားလေးမှာ ယခု ၆လသားအရွယ်ကပင် မည်သည့်ယောက်ျားလေးခေါ်ခေါ်မလိုက်ပဲ၊ မိန်းကလေးများချော့မြူခေါ်ငင်မှသာ လိုက်သည်ဟုသိရသည်။ အဆိုပါ အကျင့်သည် ဖခင်ထံမှ ရလာသည်မဟုတ် ဟုမည်သူပြောဝံ့ပါသနည်း။)

Monday, September 28, 2009
၂၅။ ပေးစာ
သို့ 
မျိုး ဆက် ၊ မျိုးဇော်၊ငဖြိုး
မင်းတို့ ရဲ့ ဒယ်ဒီကြီး ငါ စာရေးလိုက်တယ်။ မင်းတို့ ဆီက စာရ လို့  ၀မ်းသာသွားရတယ်ကွာ။ မိန်းမကခိုး ဖတ်ပြီး မိုက်ရိုင်းတဲ့ကောင်တွေနဲ့ မပေါင်းနဲ့ လို့  လာပြောတယ်ကွ။ ကိစ္စတော့မရှိပါဘူး။ မင်းတို့ က အဝေးမှာပဲဟာ။
ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါ့သားလေး တစ်နှစ်ပြည့်ပြီကွ။ မင်းတို့ ဘယ်လိုမှ မထင်မှတ်ထားပဲ အိမ်ထောင်ကျ ခဲ့တဲ့ငါ အခုဆို ကလေးအဖေကြီးဖြစ်နေပြီ။ ရွာသာသာ နေရာမှာ မိန်းမရဖို့ တယ်လွယ်တယ်ကွ။ မျိုး ဆက်ကို လည်း ပြောလိုက်ဦး။ ဒီကောင်က အရပ်ကူ မှအိမ်ထောင်ကျမှာကွ။ တစ်လောက ဒီကောင်အိမ်ထောင်ကျ မယ်လို့ သတင်းတွေကြားရတာ အတော်အံ့သြသကွာ။ နောက်တော့လည်းမဟုတ်ပြန်ဘူး ဆို မှ ပုံမှန်ပြန်ဖြစ်သွားတယ်။ ရန်ကုန်က အရက်ဆိုင်က နေ လမ်းခွဲပြီးကတည်းက အဆက်အသွယ်မရတာအတော်ကြာပြီပဲ။ အဲဒီတုန်းက မင်းတို့ ကောင်တွေ ငါ့ကိုမြှောက်ပေးလို့  မြို့ တော်ခန်းမရှေ့  မှာ ဂလဲ့စားချေမယ်ဟေ့ ဆိုပြီး ရူးပေါက်လိုက်တာ စည်ပင်ရဲတွေ လာဝိုင်းလို့ မနည်း တောင်းပန်လိုက်ရတာသတိရတုန်းပဲ။ ဟိုကောင်မျိုးဆက် ဆင်ဖြူကျွန်းလာတုန်းက ငါ့ရည်းစား ဟောင်းအိမ်ရှေ့ မှာ ပေါက်သွားတာကို ငါအခုထိ သတိရတိုင်း မချိတုန်းပဲကွ။
ငါဒီဇင်ဘာ လဆန်းရက်က မန္တလေးကို ရောက်သေးတယ်။ ငနှောင်း၊ဆင်ကြီး ၊ ငမျိုး ၊ ငြိမ်းချမ်း၊ကျော်စွာအောင်၊အောင်စိုးဝင်း တို့ နဲ့ စကားတွေအကြာကြီး ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဓာတ်ပုံတွေ ဆင်ကြီးဆီကတောင်းကြည့် သေးတယ်။ သူတို့ အားလုံး အဆင်ပြေတယ်။ လူပျိုသိုးကြီးတွေ ဖြစ်နေတဲ့လူတွေကလွဲလို ပေါ့။ငနှောင်းမိန်းမ လဲ ကိုယ်ဝန်နဲ့ ဆိုပဲ။ ဒီကောင်လဲကလေးအဖေဖြစ်တော့မှာ ။ မိန်းမယူမှာဖြင့် မြန်မြန်ဆုံးဖြတ်ပြီး လုပ်ဟေ့။ ငါလို အသက်ကြီးမှ ယူရင် စိတ်ပင်ပမ်းတာကို ခံနိုင်မယ်မထင်ဘူး။ ကျော်စွာအောင့် မိန်းမကလည်း ငအောင်ကြိုးစားသမျှ အရာမထင်လို့တဲ့။ အဲဒါ ငါဘာအကူအညီပေးရမလဲ ပြောတာ ငအောင်က လက်မခံဘူး။ သူ့ မိန်းမတော့ မမေးကြည့်ရသေးဘူး။
အဆင်ပြေရင်ငဇူးလေးကို လဲ အရက်ဖိုးထောက်ပံ့လိုက်ကြဦး။ ဒီကောင်လည်းသိပ်အဆင်မပြေဘူးလို့ ကြားတယ်။ အောင်သူ့ ဆီလည်း ဖုံးဆက်လိုက်ကြဦး။ မင်းတို့ ဆီက စာလာတယ်ငါဖုံးဆက်ပြောတော့ သူ က သူ့ ဆီမပို့ လို့ ဆိုပြီး စိတ်ကောက်နေတယ်။ သူ့ မိန်းမ ကို ပါကူ ပြီးကောက်ခိုင်းထားတယ်။ သူ သားကတော့ အတော်ကြီးဘီ ပဲ။ အရက်ပုလင်းနဲ့ ဆော့တယ်လို့ ကြားရတယ်။
တို့ များ နိုင်ငံကတော့မကောင်းဘူးကွ။ ငါလည်း ဓာတ်တိုင်သေးပန်းမှု နဲ့ အဖမ်းခံရမလို့ နည်းနည်းပဲလို တယ်။ နယ်မှာမို့ လို့ ကံကောင်းသွားတာ။ ကာလ၀ိပတ္တိ ဆိုက်နေ တဲ့နိုင်ငံပဲကွ။ မင်းတို့ လဲတွေ့ ကြမှာပေါ့။ ဒီမှာ က တိုင်းသူ ပြည်သားတွေ က လူမဟုတ်ဘူး။ လူမဟုတ်တဲ့အကောင်တွေ က လူ့ အခွင့်အရေး ထထပြောတော့ ဘဘကြီးခမျာ မလဲစိတ်ရှုပ်ရှာမယ်။ ဘဘကြီး တို့  အသက်ရှည်ပုံများကလည်း မိုးမိုး(အင်းလျား)၊ နာရေး မှာ ဆရာတင်မိုး ရေးခဲ့သလို ”မုန်းသူ တို့ သက်တမ်း၊ ရှည်လှ၏” ဆိုတာဖြစ်နေတယ်။ ငါသားရှေ့ ရေးအတွက် အားလုံးအမြင်မှန်ရှိပြီး အဆင်ပြေပါစေပဲဆုတောင်း နေရတယ်။ ငါ့အတွက်တော့မထူးလောက်တော့ပါဘူး။
ဟေ့ကောင်တွေ ငါပြောချင်တာတွေက အများကြီး။ ဘာကို ရေးရမှန်းမသိဘူး။ ခေါင်းထဲမှာ ထန်းရည်အိုး ပုဇွန်ဆိတ်ခုန် နေသလို- ပလုံစီဝေနေတာပဲ။ ငါ့ ဆီဖုံး ဆက် ရင် ညဘက်မဆက်နဲ့ ကွ။ အလုပ်ပျက်တယ်။တစ်ခြားမတွေးနဲ့ ။ ဘော်ဒါဆောင် အလုပ်ပါ။ ငါ့ဘော်ဒါဆောင်နာမည် “ငြိမ်းချမ်း ပညာရေးဝန်ဆောင်မှုလုပ်ငန်း“ ဆို တာ ငြိမ်းချမ်း လုံးဝ မသိစေနဲ့ နော်။ ဒီ ဗိုက်ကလေး က ရတာမဟုတ်ဘူး။ ငါ့ တွေ့ ရင် ပြန်နှိပ်ကွပ်နေလိမ့်မယ်။
တော်ပြီကွာ။ ငါသား လာဂျီကျနေတယ်။ အဲဒါချော့လိုက်ဦးမယ်။ အလုပ်ရှုပ်တယ်ကွာ။ အခန်း-၁၆ ထဲမှာပဲကောင်းတယ်။
မင်းတို့ သူငယ်ချင်း
သက်ခိုင်( ခေါ် ) ချက်ခိုင်
(ငြိမ်းချမ်းပညာရေးဝန်ဆောင်မှုလုပ်ငန်း)
ပြန်လွင့်ရပ်။ ဆင်ဖြူကျွန်းမြို့ 
မကွေးတိုင်း။
PS: ဟေ့ကောင်တွေ
စာရေးကြဦးကွ။
ငဖြိုး - ငါ့မိန်းမဗိုက်ထဲ မလာခင် ခု ထဲက ကြိုပြီး ငါ့ ကို အဖေလို့ ခေါ်ထားပါလား။

Monday, September 21, 2009
၂၄။ မြခနောက်တောင်တက်ခြင်း(၂) နှင့် မနောမယ ထမင်းဝိုင်း
ပထမတစ်ကြိမ် လူရှုပ်မျိုး ဇော်ကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ ရသဖြင့် အားလုံး မကျေနပ်ကြပဲ နောက်တစ်ခေါက် ပြန် တက်ကြသည်။
ဤတစ်ကြိမ်တွင်တော့ ဆရာမလွဲ၍ အားလုံး ပြန်လိုက်ကြသည်။ မျိုး ဇော် ငြိမ်နေမည် ဆို သည်ကို တော့ ပြောစရာမလို တော့။ စကား ကို မပြောမိအောင် သတိထားသည်။ ပြောမိမည် စိုး ၍ သံပုရာသီး နှစ်လုံး ခန့် ကို ပါးစပ်ထဲ ငုံထားရ၏။ ထို့ ကြောင့် ပါးပိန်ပိန် နှစ်ခု တွင် အလုံးကြီး နှစ်လုံး နှင့် မောလာသောအခါ မျက်လုံး နှစ်လုံး လည်း ပြူး ထွက်လာသည်။ ကြည့် ရသည်မှာ မှင်စာတစ်ကောင်နှယ်ပင်။ ငဖြိုး ကတော့ ထုံးစံအတိုင်း ပဲများလျှက်။ ဂိုက်ပေးကြမ်းလျှက်။ မောလာသော အခါ မှ ဟန် မစောင်နိုင်တော့ ပဲ
မြေကြီး ပေါ်ထိုင်ချ ကာ အမေ့သား မှား ပြီ ဆို ပြီး ညည်းတွား နေ၏။ မျိုး ဆက်မှာတော့ တောင် အောက်ဘက်နှင့် အဝေးမှ ရန်ကင်းတောင် မန္တလေးမြို့ မှိုန် ပြပြ ကို လှမ်း ကြည့် ရင်း ချစ်သူ နှင့် အပြီးအပိုင် ခွဲခွာ ခဲ့ ရသလို ဟန် မျိုး ဖြင့် လွမ်းတဝေေ၀။
အထူးသွက်လက်နေသည် မှာ သိန်းသန်းသွင်ဖြစ်သည်။ အတက်ခရီး များဖြစ်သော်လည်း ၄င်းမှာ မျောက်မများ ရှေ့ မှ ပင်ဦးဆောင်တက်နိုင်သည်။ ကနွဲ့ ကလျ ဖြစ်နေသေး သည် မှန်သော်လည်း လူတတ်ကြီး ပုံဖြင့် ရှေ့ က လျှောက်သည်။ ငဖြိုး ရန် ကြောက်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ မြို့ မဟုတ်တောမဟုတ် ပဲခူး မြစ်ဘေး နား မှလာသော်လည်း သူ့ ကိုယ်သူ တော့ ကောဇောနင်း လာ သော တယ်ရီယာခွေး အလား ထင်နေပုံရသည်။ ဇီးဖြူ သီး များ တွေ့ လျှင်လည်း မသိချင်ယောင်ဆောင်၍ ဘာသီးလဲဟု မေးသည်။ မျောက်မ များ မှာ မောရသည့် အထဲ ပဲများ လွန်းသော လဒသွင်ကို စိတ်တို နေရသည်။ အားလုံးက ဇီးဖြူသီး များ ခူးဆွတ်စား ကြသော်လည်း ၄င်းက တော့မစား။

နားလိုက်တက်လိုက် ဖြင့် ခရီး မှာ မောပမ်းလွန်း လှသည်။ ၃ နာရီတောင်တက်ခရီး ကား အလေ့ အကျင့် မရှိ သူ တို့ အဖို့  ပင်ပမ်း ဆင်းရဲ ခြင်း ပြင်းထန်လှသည်။
နောက်ဆုံး တော့ မြခနောက်တောင် ပေါ် သို့ အောင်မြင်စွာရောက်ရှိလာကြပေသည်။ မြခနောက်ထိပ်ဘုရားသည် ကျောက်တစ်လုံး တောင် ဘုရား ပုံစံငယ်ကဲ့သို့ ရှိလေသည်။ စေတီ ငယ်လေးများစွာလည်း ရှိသည်။ တောင်ပေါ်ဇရပ်ထဲတွင် ကိုယ့်ထက် အရင် ရောက်လာကြကုန်သော MIT, မန္တလေးတက္ကသိုလ် ၊ GTI မှ ကျောင်းသား ကျောင်းသူ များ ၏ လက်မှတ်နှင့် နာမည်များကို နံရံပေါ်တွင် ရေးထားသည်ကို ဖတ်ရှုရသည်။ ထို့ ကြောင့် မျောက်မများ နှင့် အားလုံး မှာလည်း နာမည်ရေးသည်။ ရောက်လာသာ ရက်စွဲနှင့်လက်မှတ်များ အသီးသီးထိုး ကြသည်။ ဘုရား ဖူး ကြ၍ အရှေ့ ဘက် ရှမ်းတောင်တန်း နှင့် တကွ အနာက်ဘက် လွင်ပြင် ရှုခင်းတစ်လျှောက် အနားယူ ကြရင်း ငေးမောနေ ကြသည်။ ထို စဉ်အချိန် က ယခု ကာလကဲ့သို့ Mobile ဖုံး နှင့်ကင်မရာများ လည်း မလွယ်ကူ သေးပေး ရာ ဓာတ်ပုံမှတ်တမ်း မရိုက်ယူ လာနိုင်ခဲ့ ပေ။
အမောအတောအတန် ပြေပြီးနောက် ညနေ ၃ နာရီ နီးပါးသို့ ပင် ရောက်လာကြပေပြီ။ ပါလာသမျှမုန့် များမှာ စား၍ ကုန် ချေပြီး ။ အားလုံး ဗိုက် ဆာလာကြသည်။
တောင် ဆင်းလမ်းတစ်လျောက်အနည်းငယ်ဆင်းလားပြီး နောက် လျှို မြောင်တစ်ခုထဲတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်ကို တွေ့ ၍ အားလုံး ၀င်ဖူး ကြသည်။ စားစရာ တစ်ခုခု ရလို ရငြားလည်း ဖြစ်သည်။ ကျောင်းအောက်ထပ်တွင် ကပိယ တစ်ချို့ ကို တွေ့ ၍ စားစရာများ ရှိသေးလား ဟု မျက်နှာ ပူ ပူ နှင့် မေးကြရသည်။ တောနယ် လူ များ

အလွန်ပင်သဘောကောင်းကြသည်။ ၄င်းတို့ ဆီ ယခင် ကျောင်းသားများ လာစဉ်ကလည်း လာစားနေကြ ဖြစ်ပုံရသည်။ ဘာမျှ မရှိတော့သောလည်း ထမင်းချက် ၍ စားရန်စီစဉ်ပေးသည်။ ခဏတွင်းပင် ဖယုံသီး ဟင်း ငရုတ်သီး အစိမ်းတောင့် နှင့် ဆား အနည်းငယ်၊ ထမင်း ပူ ပူ ဖြင့် ပြင်ပေးလေသည်။ ထမင်း မှာတော့ ဆန်ကြမ်း သာဖြစ်လေသည်။ မျောက်မ နှင့် အုပ်စု မှာလည်း ဟန်မဆောင်နိုင်။ ၀ိုင်းပြည့်နီးပါ နေရာယူပြီးဝင်စားကြသည်။ မျောက်ဖြစ်လို့ သာတော်တော့သည်။ ခွေးများကြောင်များ ဖြစ်လျှင် စားမာန်များ ခုတ်ဦးမည်လားမသိ။ မျိုး ဆက် ၊ငဖြိုး ၊မျိုးဇော် တို့ က လွတ်ရာတစ်နေ ရာတွင် ဖယုံသီး ဟင်း နှင့် ငရုတ်သီး အစိမ်းတောင့် ကို အားရပါးစားကြသည်။ လူရှုပ်မျိုးဇော်လည်း စကား မပြောနိုင်တော့။ ကင်းပေါက်စလည်း ဂိုက်ပေးမကြမ်းနိုင်တော့ ။ မျိုး ဆက် မှာလည်း မလွမ်းနိုင်တော့ ။ ထို အချိန်တွင် စားရသည် မှာ မည်မျှလောက် အရသာရှိပြီး စားလို့ ကောင်းမည်မှာ စာရေးဖွဲ့ ခြင်းငှာ မစွမ်းနိုင်တော့ချေ။ ထို အချိန် တွင် သိန်းသန်းသွင် တစ်ယောက်ကတော့ ပဲများလျှက်ရှိသည်။ အားလုံး ထမင်း ပန်းကန်ခပ်စုတ်စုတ် နှင့် ထမင်းခပ်ကြမ်း ကြမ်း အသား မပါ သော ဖြစ်သလို ထမင်း ၀ိုင်း မှာ ၄င်း မစား နိုင်ကြောင်းအမူအယာဖြင့်ပြနေသည်။ စားရန် လာခေါ်သောအခါ ၄င်းက အသားမပါရင် မစား တတ်ဟု ပြောပြီး ဆေးလိတ်သောက်ဗိုက်မှောက် ၍နေသည်။ ဂိုက်ပေးရန်အတွက် အလွန်ဆာလောင်နေသော်လည်း မစားပဲနေ၏။ ၄င်းအတွေး မှာ မစားပဲနေပြလျှင် အားလုံးက သူ့ အား ဆရာကြီး ဟု ထင်ပြီး တစ်သက်လုံး အစားကောင်းများ စား လာသူ နှယ်ထင်ကြပေမည်။ အားလုံးက ၀ိုင်းဝန်းတောင်းပန်လျှင် စားအံ့ဟုတော့ တွေးထားပုံရသည်။
သို့ သော် သိန်းသန်းသွင် ဘာစောက်ရူးထတာလဲ ဟူ ၍တွေးပြီး မျောက်မများ မှာ ထို အချိန် မှ စ၍ အတော်ပင် ချဉ်သွားကြသည်။သွားခေါ်ရန် စိတ်မကူးကြ။ သိန်းသန်းသွင်ကား တွက်ကိန်းလွဲ၍ မျက်နှာမရ ခြေထောက် ရဖြစ်သွားလေသည်။
မင်းသိင်္ခ ၏ မနောမယထမင်း ၀ိုင်းကဲ့ သို့ အရသာရှိလာသော မြခနောက်တောင်ပေါ်မှ ထမင်းဝိုင်း ကား ယခုထက်ထိ ပင် အမှတ်ရဆဲ ပင်။
ထို့ အတူ အလွန် အူကြောင်ကြောင် နိုင်လှသော သိန်းသန်းသွင်အားလည်း မှန်းချက် မကိုက် ခဲ့ရသော၎င်းကို အလွန်ပင်သနား လျှက် ရှိတုန်းပင်။

Friday, September 18, 2009
၂၃။ ဖဲဝိဇ္ဖာ လှိုင်မျိုး
ကွန်ပျူတာ တက္ကသိုလ် ၏ဒုတိယအောင်မြင်မှုတစ်ခုမှာ ဖဲသမား များ မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ ၄င်းဖဲသမားများ စတင်ဖြစ်ပေါ်လာစေသူမှာ လှိုင်မျိုး ခေါ်ဂျပု ဆိုသူဖြစ်လေသည်။ ၄င်းက လိုင်းစုံသူဖြစ်သည်။ အရက်ကောင်းများလည်း သောက်နိုင်သူ ဖြစ်ပါလျှက်
သူငယ်ချင်းများ နှင့် BE သောက်ရန်လည်းဝန်မလေးလှ။ ထို စဉ်က ငဖြိုး မှာ ကျောင်းဖွင့် စ ဂိုက်ပေးယင်း စီးကရက် ကို လက်ကြားညှပ် ကာ canteen တွင်ထိုင်၍ ဖွာပြသည်။ ဆားပုလင်းနှင်းမောင် ဂိုက်ချိုး ခြင်းဖြစ်သည်။
ရေခဲတောင်စီးကရက်မဟုတ်စေကာ မူ London အောက် တော့မဆင်း ဟူ၍ မသောက်တတ်သော်လည်း ဖွာပြလေသည်။၎င်းကို လှိုင်မျိုးက
" ဆေးလိတ်သမား စစ် စစ် ဆို တာ ဖက်ကြမ်း လည်း သောက်တတ်ရတယ်ကွ၊ မင်း လို ပဲများတဲ့ကောင် ဆေးလိပ်နဲ့ မတန်ဘူး။ ပေးစမ်း ငါ့ကို" ဟု ၍ ယူ သောက်လိုက်သည်။ ဂိုက်ပေးနေသော ငဖြိုး မှာ ရှက်ရှက် နှင့်
"ငါဆေးလိပ်သောက်လာတာကြာပါပြီ ကွ" ဟု ပြောပြီး နောက် လှိုင်မျိုး ရှေ့ မသောက်ရဲတော့ပေ။ မြန်မာပြည်မှ ဆေးလိပ်ကြိုက်သူ မှန် လျှင် မည်သူမျှ ဖက်ကြမ်းကို ပစ်၍မရပေ။ မည်မျှပင် ပိုက်ဆံပေါနေပါစေ ။ ဖက်ကြမ်း တွေ့ လျှင် လည်း ကောက်ဖွာလိုက်ချင်သည်သာ။( ဇာနည်ကို တစ်ယောက် ညဘက်ဆေးလိပ်မရှိတော့သဖြင့် အပေါ်ထပ်မှပစ်ချထားသော ဖက်ကြမ်းဆေးလိပ်တို များ ကို ၀ရန်တာ ခေါင်မိုးပေါ်သို့ တက်ကောက်ဖူးသည်။ ကံကောင်း၍ ပြုတ်မကျခြင်းတည်း။) သက်ခိုင်၊ မျိုးဆက်နှင့် ခါးသိန်းသန်း တို့ကား ဆေးလိပ်ငတ်လာလျှင် အိမ်သာထဲမှ သူများလွှင့်ပစ်ထားသော ဖက်ကြမ်းများပါမကျန်လိုက်ရှာသောက်တတ်လေသည်။
လှိုင်မျိုး ၏ဗီဇမှာ လောင်းကစားခြင်းဖြစ်သည်။ လောင်းကစားမည်မျှဝါသနာ ထုံသနည်း ဆိုလျှင် ရှေ့ကဖြတ်သွားသောကားပါမကျန် လောင်းကစား၏။ ကားနံပါတ်ကို သူကရှေ့နှစ်လုံးယူ၊ နောက်တယောက်ကို နောက်နှစ်လုံး ယူခိုင်းကာ လောင်းကစားခြင်းပြု၏။ ပေါင်းသော သူငယ်ချင်းများ မှာ ငမွဲများဖြစ်လေရာ မည်သူမျှ လောင်းကစားလုပ်နိုင်ခြင်းမရှိ။ သို့ သော်လှိုင်မျိုးက တော့မလျော့ ။ နှဖူးတောက်ကြေးဆို ပြီး ဖဲရိုက်သည်။ ဖဲမရိုက်တတ်သေး သောသူကို လည်း လွယ်ကူသော ရှမ်းကိုးမီးသင်ပေး၍ ရိုက်သည်။ နှဖူးတောက်ကြေးမျှဖြစ်ရာ လူတိုင်းဆော့ ကြသည်။ အစကတော့ အသာအယာတောက်ကြသည်။ နောက်တော့ ရန်ငြိုးများ ဖြစ်လာပြီး အသားကုန်တွယ်ကြရာ ပွဲပြီးလျှင် နှဖူး မှာဘု ကိုယ်စီနှင့်။ နောက်တော့ လူတိုင်း လက်တောက် သည်ကို လေ့ကျင့်ကြရသည်။ ကိုယ့်ဘက်ကအသာရစေဖို့  သူ များကို ဂလဲ့စားခြေဖို့ canteen ထိုက်လျှင်လည်း ခုံ ကို လက်ဖြင့်တောက်နေရသည်။ အုတ်နံရံလည်း တောက်သည်။ပြောစမှတ်စကား တစ်ခုမှာ ထိထိမိမိ တချက် ဟူ၏။
ပဲခုးသားသိန်းသန်းသွင် မှာ အခံရဆုံးဖြစ်သဖြင့် ရေတိုင်ကီသံပေပါကို ပင် အမြဲ တောက်၍ လေ့ကျင့်သည်။သက်ခိုင်က အရက်ပုလင်းကို ခြင်ထောင်ပေါ်ဆွဲထားပြီး နှဖူးနှင့်တိုက်ကာခံနိုင်ရည်တိုးအောင်ပါလုပ်ထားသည်။ အားလုံး လက်လည်းတက်လာပြီး နောက် ဖဲတစ်ပွဲတိုင်း နဖူးများ ရောင်ကိုင်းသည်အထိ ဖြစ်ကြရလေသည်။ မျိုးဆက်ကား သူများကိုတောက်ရလျှင် ပြုံးဖြီးဖြီးကြီး နေသလောက် သူခံရမည့် အလှည့်တွင် အလွန်ညစ်တတ်လေသည်။ နဖူးမတောက်ရသေးခင် ရှေ့သို့တိုးလိုက် နောက်သို့ရွှေ့လိုက်လုပ်ပြီး တောက်မည့်သူ ချိန်သားမကိုက်အောင်လုပ်တတ်သည်။ အဆိုးဆုံးမှာ ဖဲခိုးခြင်း ဖြစ်သည်။ ထိုအချိန်မှစကာ သူ့အား ငတို မျိုးဆက်ဟုလည်းခေါ်ကြသည်။ ဖဲဝိဇ္ဖာ လှိုင်မျိုးမှာလည်း မလွတ်ပါ။ မူးပြီး ဖဲရိုက်သဖြင့် မကြည့်နိုင်တော့ပဲ လူလည် မျိုးဆက် ၏ဖဲခိုးခြင်းဒဏ်ကြောင့် အမြဲအတွယ်ခံရသည်။ လှိုင်မျိုး မှာ လောင်းကစား ၀ါသနာကြီး ရာ သူ့ အိမ်မှာ လည်း ကွန်ပျူတာတ္ကသိုလ် (အမျိုးသားကျောင်း) ဟု ပင်ခေါ်နိုင်လောက်ပေသည်။ မနက် ဆရာကြီးကျောင်းသွားချိန်တွင် ကျန်သောကျောင်းသားများ ဆရာကြီးအိမ်တွင်ရောက်ရှိနေတတ်ကြပေသည်။
ဗာလ/ဒိုက်စ်

Subscribe to:
Posts (Atom)