Monday, September 21, 2009

၂၄။ မြခနောက်တောင်တက်ခြင်း(၂) နှင့် မနောမယ ထမင်းဝိုင်း

ပထမတစ်ကြိမ် လူရှုပ်မျိုး ဇော်ကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ ရသဖြင့် အားလုံး မကျေနပ်ကြပဲ နောက်တစ်ခေါက် ပြန် တက်ကြသည်။


ဤတစ်ကြိမ်တွင်တော့ ဆရာမလွဲ၍ အားလုံး ပြန်လိုက်ကြသည်။ မျိုး ဇော် ငြိမ်နေမည် ဆို သည်ကို တော့ ပြောစရာမလို တော့။ စကား ကို မပြောမိအောင် သတိထားသည်။ ပြောမိမည် စိုး ၍ သံပုရာသီး နှစ်လုံး ခန့် ကို ပါးစပ်ထဲ ငုံထားရ၏။ ထို့ ကြောင့် ပါးပိန်ပိန် နှစ်ခု တွင် အလုံးကြီး နှစ်လုံး နှင့် မောလာသောအခါ မျက်လုံး နှစ်လုံး လည်း ပြူး ထွက်လာသည်။ ကြည့် ရသည်မှာ မှင်စာတစ်ကောင်နှယ်ပင်။ ငဖြိုး ကတော့ ထုံးစံအတိုင်း ပဲများလျှက်။ ဂိုက်ပေးကြမ်းလျှက်။ မောလာသော အခါ မှ ဟန် မစောင်နိုင်တော့ ပဲ
မြေကြီး ပေါ်ထိုင်ချ ကာ အမေ့သား မှား ပြီ ဆို ပြီး ညည်းတွား နေ၏။ မျိုး ဆက်မှာတော့ တောင် အောက်ဘက်နှင့် အဝေးမှ ရန်ကင်းတောင် မန္တလေးမြို့ မှိုန် ပြပြ ကို လှမ်း ကြည့် ရင်း ချစ်သူ နှင့် အပြီးအပိုင် ခွဲခွာ ခဲ့ ရသလို ဟန် မျိုး ဖြင့် လွမ်းတဝေေ၀။
အထူးသွက်လက်နေသည် မှာ သိန်းသန်းသွင်ဖြစ်သည်။ အတက်ခရီး များဖြစ်သော်လည်း ၄င်းမှာ မျောက်မများ ရှေ့ မှ ပင်ဦးဆောင်တက်နိုင်သည်။ ကနွဲ့ ကလျ ဖြစ်နေသေး သည် မှန်သော်လည်း လူတတ်ကြီး ပုံဖြင့် ရှေ့ က လျှောက်သည်။ ငဖြိုး ရန် ကြောက်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ မြို့ မဟုတ်တောမဟုတ် ပဲခူး မြစ်ဘေး နား မှလာသော်လည်း သူ့ ကိုယ်သူ တော့ ကောဇောနင်း လာ သော တယ်ရီယာခွေး အလား ထင်နေပုံရသည်။ ဇီးဖြူ သီး များ တွေ့ လျှင်လည်း မသိချင်ယောင်ဆောင်၍ ဘာသီးလဲဟု မေးသည်။ မျောက်မ များ မှာ မောရသည့် အထဲ ပဲများ လွန်းသော လဒသွင်ကို စိတ်တို နေရသည်။ အားလုံးက ဇီးဖြူသီး များ ခူးဆွတ်စား ကြသော်လည်း ၄င်းက တော့မစား။
နားလိုက်တက်လိုက် ဖြင့် ခရီး မှာ မောပမ်းလွန်း လှသည်။ ၃ နာရီတောင်တက်ခရီး ကား အလေ့ အကျင့် မရှိ သူ တို့ အဖို့  ပင်ပမ်း ဆင်းရဲ ခြင်း ပြင်းထန်လှသည်။
နောက်ဆုံး တော့ မြခနောက်တောင် ပေါ် သို့ အောင်မြင်စွာရောက်ရှိလာကြပေသည်။ မြခနောက်ထိပ်ဘုရားသည် ကျောက်တစ်လုံး တောင် ဘုရား ပုံစံငယ်ကဲ့သို့ ရှိလေသည်။ စေတီ ငယ်လေးများစွာလည်း ရှိသည်။ တောင်ပေါ်ဇရပ်ထဲတွင် ကိုယ့်ထက် အရင် ရောက်လာကြကုန်သော MIT, မန္တလေးတက္ကသိုလ် ၊ GTI မှ ကျောင်းသား ကျောင်းသူ များ ၏ လက်မှတ်နှင့် နာမည်များကို နံရံပေါ်တွင် ရေးထားသည်ကို ဖတ်ရှုရသည်။ ထို့ ကြောင့် မျောက်မများ နှင့် အားလုံး မှာလည်း နာမည်ရေးသည်။ ရောက်လာသာ ရက်စွဲနှင့်လက်မှတ်များ အသီးသီးထိုး ကြသည်။ ဘုရား ဖူး ကြ၍ အရှေ့ ဘက် ရှမ်းတောင်တန်း နှင့် တကွ အနာက်ဘက် လွင်ပြင် ရှုခင်းတစ်လျှောက် အနားယူ ကြရင်း ငေးမောနေ ကြသည်။ ထို စဉ်အချိန် က ယခု ကာလကဲ့သို့ Mobile ဖုံး နှင့်ကင်မရာများ လည်း မလွယ်ကူ သေးပေး ရာ ဓာတ်ပုံမှတ်တမ်း မရိုက်ယူ လာနိုင်ခဲ့ ပေ။

အမောအတောအတန် ပြေပြီးနောက် ညနေ ၃ နာရီ နီးပါးသို့ ပင် ရောက်လာကြပေပြီ။ ပါလာသမျှမုန့် များမှာ စား၍ ကုန် ချေပြီး ။ အားလုံး ဗိုက် ဆာလာကြသည်။
တောင် ဆင်းလမ်းတစ်လျောက်အနည်းငယ်ဆင်းလားပြီး နောက် လျှို မြောင်တစ်ခုထဲတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်ကို တွေ့ ၍ အားလုံး ၀င်ဖူး ကြသည်။ စားစရာ တစ်ခုခု ရလို ရငြားလည်း ဖြစ်သည်။ ကျောင်းအောက်ထပ်တွင် ကပိယ တစ်ချို့ ကို တွေ့ ၍ စားစရာများ ရှိသေးလား ဟု မျက်နှာ ပူ ပူ နှင့် မေးကြရသည်။ တောနယ် လူ များ
အလွန်ပင်သဘောကောင်းကြသည်။ ၄င်းတို့ ဆီ ယခင် ကျောင်းသားများ လာစဉ်ကလည်း လာစားနေကြ ဖြစ်ပုံရသည်။ ဘာမျှ မရှိတော့သောလည်း ထမင်းချက် ၍ စားရန်စီစဉ်ပေးသည်။ ခဏတွင်းပင် ဖယုံသီး ဟင်း ငရုတ်သီး အစိမ်းတောင့် နှင့် ဆား အနည်းငယ်၊ ထမင်း ပူ ပူ ဖြင့် ပြင်ပေးလေသည်။ ထမင်း မှာတော့ ဆန်ကြမ်း သာဖြစ်လေသည်။ မျောက်မ နှင့် အုပ်စု မှာလည်း ဟန်မဆောင်နိုင်။ ၀ိုင်းပြည့်နီးပါ နေရာယူပြီးဝင်စားကြသည်။ မျောက်ဖြစ်လို့ သာတော်တော့သည်။ ခွေးများကြောင်များ ဖြစ်လျှင် စားမာန်များ ခုတ်ဦးမည်လားမသိ။ မျိုး ဆက် ၊ငဖြိုး ၊မျိုးဇော် တို့ က လွတ်ရာတစ်နေ ရာတွင် ဖယုံသီး ဟင်း နှင့် ငရုတ်သီး အစိမ်းတောင့် ကို အားရပါးစားကြသည်။ လူရှုပ်မျိုးဇော်လည်း စကား မပြောနိုင်တော့။ ကင်းပေါက်စလည်း ဂိုက်ပေးမကြမ်းနိုင်တော့ ။ မျိုး ဆက် မှာလည်း မလွမ်းနိုင်တော့ ။ ထို အချိန်တွင် စားရသည် မှာ မည်မျှလောက် အရသာရှိပြီး စားလို့ ကောင်းမည်မှာ စာရေးဖွဲ့ ခြင်းငှာ မစွမ်းနိုင်တော့ချေ။ ထို အချိန် တွင် သိန်းသန်းသွင် တစ်ယောက်ကတော့ ပဲများလျှက်ရှိသည်။ အားလုံး ထမင်း ပန်းကန်ခပ်စုတ်စုတ် နှင့် ထမင်းခပ်ကြမ်း ကြမ်း အသား မပါ သော ဖြစ်သလို ထမင်း ၀ိုင်း မှာ ၄င်း မစား နိုင်ကြောင်းအမူအယာဖြင့်ပြနေသည်။ စားရန် လာခေါ်သောအခါ ၄င်းက အသားမပါရင် မစား တတ်ဟု ပြောပြီး ဆေးလိတ်သောက်ဗိုက်မှောက် ၍နေသည်။ ဂိုက်ပေးရန်အတွက် အလွန်ဆာလောင်နေသော်လည်း မစားပဲနေ၏။ ၄င်းအတွေး မှာ မစားပဲနေပြလျှင် အားလုံးက သူ့ အား ဆရာကြီး ဟု ထင်ပြီး တစ်သက်လုံး အစားကောင်းများ စား လာသူ နှယ်ထင်ကြပေမည်။ အားလုံးက ၀ိုင်းဝန်းတောင်းပန်လျှင် စားအံ့ဟုတော့ တွေးထားပုံရသည်။
သို့ သော် သိန်းသန်းသွင် ဘာစောက်ရူးထတာလဲ ဟူ ၍တွေးပြီး မျောက်မများ မှာ ထို အချိန် မှ စ၍ အတော်ပင် ချဉ်သွားကြသည်။သွားခေါ်ရန် စိတ်မကူးကြ။ သိန်းသန်းသွင်ကား တွက်ကိန်းလွဲ၍ မျက်နှာမရ ခြေထောက် ရဖြစ်သွားလေသည်။
မင်းသိင်္ခ ၏ မနောမယထမင်း ၀ိုင်းကဲ့ သို့ အရသာရှိလာသော မြခနောက်တောင်ပေါ်မှ ထမင်းဝိုင်း ကား ယခုထက်ထိ ပင် အမှတ်ရဆဲ ပင်။
ထို့ အတူ အလွန် အူကြောင်ကြောင် နိုင်လှသော သိန်းသန်းသွင်အားလည်း မှန်းချက် မကိုက် ခဲ့ရသော၎င်းကို အလွန်ပင်သနား လျှက် ရှိတုန်းပင်။
ဗာလ

0 comments:

Post a Comment