Saturday, October 10, 2009

မန္တလေးလေလံပွဲ (၆)

ရဲဝင်းရောင်းထွက်သွားပြီးနောက် အားလုံး ဒုတိယ ထွက်လာမည့်လူ ကိုမျှော်လင့်နေကြသည်။ ရုတ်တရက်ဘယ်သူ မှ ထွက်မလာသေး။ နေမျိုး ထွန်း မှကျော်စွာအောင် ကို ခေါ်၍ တစ်ယောက်အမြန်ဆုံး ထွက် လာရန်သွားပြောခိုင်းသည်။

ဤသည်ကို ကျော်စွာအောင်က စင်ပေါ်တက်၍”ညီမလေးတို့  ခင်ဗျား ၊ နောက်တစ်ယောက် လာပါတော့ မယ်။ စိတ်တိုင်းကြ၀ယ်ယူကြပါ။ အစ်ကိုကြီးကို ပါဝယ်လို့ ရပါတယ်။” ဟု တက်ပြော၏။ မသန္တာ ကဖိနပ်ဖြင့် ကောက်ပေါက်လိုက်မှ အသာရှောင်ပြီး”နောက်တာနော် ၊ နောက်တစ်ယောက်သွားခေါ်လိုက်ဦးမယ်”ဟု ဖိနပ်ကို ကောက်ရင်းနောက်သို့ ဝင်သွား ၏။

နောက်တွင် လည်း အကြိတ်အနယ် ဖြစ်နေသည်။ ဘယ်သူ မှ မရဲကြသေး။နောက်တော့ကျော်စွာအောင် က မဲခွဲဆုံး ဖြတ်သည်။ အမှတ်စဉ် နှင့် ကိုယ့် နံပါတ်နှင့်ကိုယ် အစဉ်အတိုင်းထွက်ကြရန်ဖြစ်သည်။ နံပါတ် ၂ ထွက် မည့် လူ ကား အောင်ဆန်းအလှည့်ကျသည်။

အောင်ဆန်း လည်း စင် ရှေ့ သို့ မထွက်ချင်ထွက်ချင်ဖြစ်နေသဖြင့် အားလုံး တွန်း လွတ်လိုက်ရသည်။ဒိုင်ချုပ်ကြီးအီးကြော့မှာ အမူး အတန် ပြေလာပြီဖြစ်သောကြောင့် မိုက်ကို ပြန်ယူ၍

“ကို အောင်ဆန်း ရဲ့ ကောင်းချက် များ ကတော့ ပြောမကုန်နိုင်အောင်ပါပဲ။မန္တလေးကွန်ပျူတာတက္ကသို လ်ရဲ့  လျို့ ဝှက်သော ကင်း လည်းဖြစ်ပါတယ်။ကျွန်မသာ ၀ယ်လို့ ရမယ်ဆို ရင် ၁၀၀၀၀ ဆိုလည်းပေးမှာ။ တစ်သိန်းဆို ရင်လည်းပေးလိုက်ဦးမှာ။ ဟုတ်တယ်နော် မကေသွယ်” ပြော ရင်းမကေသွယ်ကို လှမ်းမေးလိုက်သေးသည်။

မကေသွယ်က လည်း ခေါင်း ညိမ့် ပြီး” ကျွန်မတို့ ကြမ်းခင်းဈေး အနေနဲ့  ၅၀၀၀ ပဲ သတ်မှတ်လိုက် ကြပါစို့ လား။ဝယ်ယူမယ့်လူ များ ဈေးပြောပြီး ၀ယ်ယူနိုင်ကြပါပြီ”မကေသွယ် စကား အဆုံးတွင်တော့ မြတ်မြတ်စိုး ၏ ဈေး ပေးသံပေါ်ထွက်လာသည်။ ထို့နောက် ကိုယ်စီကိုယ်စီဈေး များ ပေး နေ ကြသည်။
အောင်ဆန်း က တော့ စင်ပေါ်တွင်ငခူပြုံးလေးပြုံး ရင်းပုဆိုးပြင်ဝတ်လိုက်သည်။ ဈေးပြောသံများ တိတ်ဆိတ်သွားပြီးနောက် ပို ၍ကျယ်လောက်စွာ အပြိုင်ပေးနေကြသည်။
”၇၀၀၀””၇၅၀၀””၇၈၀၀””တစ်သောင်းဖြစ်သွားပါပြီ။ ဘယ်သူ ပို ပေးဦးမလဲ”

တစ်သောင်းငါးရာ... 2nd batch မှ သဇင်ထိုက်မှ ဒီတစ်ခါ
အပိုင်တွက်ပြီးဈေးလိုက်ပေးသည်။ သို့သော်.............”တစ်သောင်း တစ်ထောင်ပေးမယ်”လူအုပ်ကြားထဲမှ နောက်ဆုံး ဈေးခေါ်သူ ကိုမြင်လိုက်တော့ စင်ပေါ်မှ

အောင်ဆန်းမျက်စိမျက်နှာပျက်သွားသည်။
ထို သူမကား ယခင် ကွန်ပျူတာတက္ကသို လ် (MIT)၀င်း canteen မှဒေါ်စိန်ဖြစ်လေသည်။ သူ့ မသားလေးများပင် ပါလာကြသေးသည်။ ဤပွဲကို သူမကအစားအသောက်နှင့် အဖျော်ရည် ဧည့်ခံရန်ကန်ထရိုက်ယူထားသူဖြစ်လေသည်။
“တစ်သောင်း တစ်ထောင်ထက် ဘယ်သူ ပို ပေးဦးမလဲ“ ဟု ကြော့ကြော့လှိုင် မှရင်နာသံကြီးဖြင့် ကြေငြာနေ၏။ ပို ပေးမည့်သူ ရှိပါစေဟု အောင်ဆန်းဆုတောင်းနေသည်။ သို့ သော်လည်း လူအားလုံး မှ စောင့်ကြည့်ကြလိုသေးသဖြင့်ထပ် မပေးတော့။
ဤျတွင် မသန္တာ မှ ဒေါ်စိန် နားကပ်၍ ဘာ အတွက်များ သူ့ ကို လေလံဆွဲဝယ်ယူရလေသလဲ ဟု အင်တာဗျူး ၏။ ဒေါ်စိန် က မိုက် ကို ယူ ၍”ဘာအတွက်မှတော့ မဟုတ်ပါဘူး။ ကိုအောင်ဆန်း အရင်က ဆိုင်မှာ စားသွားတာ ၁၀၀၀၀ဖိုးလောက် ရှိပါတယ်။ အခု အတိုး နဲ့ ဆို ရင် ၆၅၀၀၀ လောက် ရှိပါပြီ။အဲဒါကြောင့် ၁၁၀၀၀ ရင်းပြီး သူ့ ကို ခဏခေါ်ထားလိုက် ရရင် ဆိုင် မှာစားပွဲထိုး လုပ်ခိုင်းမလို့ ပါ။”
အောင်ဆန်း ခမျာ မျက်ရည်များ ၀ဲနေလေပြီ။“လုပ်ရက် လိုက်တာ အန်တီစိန်ရယ် ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ဒီမှာဖြင့် စွံတော့မယ့်အရေး ဖျက် လိုက်တာလား ၊ မှားပါတယ် အန်တီစိန်ရယ်အန်တီမှာလည်းကလေးတွေနဲ့ ကျွန်တော့မှာလည်း အကြွေးတွေနဲ့ ” ဟု ငိုချင်းချကာ စင်နောက်သို့ ထွက်ပြေးရန်ကြိုးစားသဖြင့်အရွယ်ရောက်နေပြီဖြစ်သော ဒေါ်စိန်သားများ က ၄င်းကို ဖမ်းခေါ်ထားရလေသည်။
နောက်တော့ ဒေါ်စိန် က တစ်သောင်းတစ်ထောင် ကို ချက်ချင်းပင်ပေးလေသည်။ခေါင်းဆောင်ကြီးနေမျိုးထွန်းကတော့ ပွဲစီစဉ်ခ အရင်းကြေတော့မည် ဟု တွက်ပြီးပြုံးပြုံးကြီး ဖြင့် လက်ခံရယူလေ၏။အောင်ဆန်းတစ်ယောက်ခမျာ ရုန်းရင်းကန်ရင်းဖြင့် ဒေါ်စိန် သားများနောက်ပါသွားရလေတော့သည်။
ဗာလ

0 comments:

Post a Comment