Thursday, October 15, 2009

မန္တလေးလေလံပွဲ (၈)

ပွဲစဉ် တစ်လျောက် ဆင်ကြီး က ဈေးအများ ဆုံး ဟုပင် ဆို ရပေမည်။ ဆင်ကြီးပြီးပြီးနောက် စင်ပေါ်တွင်ရုတ်တရက် မီးမှောင်ကျသွားသည်။မည်းမည်းရိပ်ကြီး နှင့် စည်ပိုင်းကြီးတစ်ခု အိပဲ့အိပဲ့ တက်လာသည်ကို တွေ့နေရသည်။ ရုတ်တရက် ဘယ်သူမှန်းမသိသေး။ ထို အရိပ်ဘေး မှ ထိုကဲ့သို့ပင်သတ္တ၀ါတစ်ကောင် ကပ်လိုက်လာသည်။

ရှေ့ ကလောက်တော့မကြီး။အနည်းငယ်တော့သေးသည်။စင်ပေါ်မီးဆလိုက်များ ဖြည်းဖြည်းချင်း မြင့် တက်လာသည်။ စင်ပေါ်တွင်စွပ်ကျယ် နှင့် အသားမည်းမည်း ၀၀ ကြီးတစ်ကောင် တွေ့ လိုက်ရသည်။ဝက်ဝံတစ်ကောင် လို ထင်ရသော်လည်း နေကာမျက်မှန် နှင့် ဖြစ်သောကြောင့် လူဖြစ်နိုင်သည် ဟု တွေးနေကြသည်။မီးအားလုံးလင်းလာမှ ရှေ့ မှသတ္တ၀ါ ကြီးသည် သက်ခိုင်ဟု၎င်း၊ ၄င်းနောက်မှစွပ်ကြယ်ချိုင်းဖြတ်နှင့် လူ မှ ဆရာအောင်ကျော်ဇံဟု ၄င်း သိလိုက်ကြသည်။သက်ခိုင်က သွားမည်းကြီးများ ပေါ်အောင်ပြုံးလိုက်ရင်း ဆရာအောင်ကျော်ဇံကိုဂါရ၀ အရင်ပြုလိုက်သည်။ (ဗိုက်ပူ ကြီး ကို ကော့ပြလိုက်ခြင်းသာဖြစ်သည်။)ဆရာမှလည်း လက်တစ်ဘက် မြှောက်ပြ ကာအသိအမှတ်ပြု၏။

သက်ခိုင် က မိုက်ရှေ့တွင်ရပ်၍ ”ကျွန် တော် သက်ခိုင်(ဆင်ဖြူကျွန်း) ပါ။ ဆင်ဖြူကျွန်းဆို တာလူတော်တွေထွက်တဲ့ နေရာတစ်ခု ဆို တာ လူအားလုံးသိကြမှာပါ။ ဆင်ဖြူကျွန်းအောင်သိန်းဆိုတာ ကျွန်တော့ယောက္ဖရဲ့  ညီဝမ်းကွဲရဲ့ ဆရာသခင် ပါ။ ဆရာမကြီးဒေါက် တာမတင်ဝင်းဆို တာ ကျွန်တော်လေးစားအားကျရတဲ့ ဆရာမကြီးပါ။ ခု လိုဆင်ဖြူကျွန်းမှာ လူတစ်လုံးသူတစ်လုံး ဖြစ်လာရတာလဲ ဆရာမကြီးရဲစာအုပ်တွေဖတ်လို့ ပါ။ လူငယ်လက်သစ် နန္ဒ စိုး (ဆင်ဖြူကျွန်း)ကလည်းဆင်ဖြူကျွန်း ရတနာမြေက လူငယ်လေးပါ။ ဒီလောက်ဆို လူထူးလူချွန်တွေထွက် တဲ့ဆင်ဖြူကျွန်းက သက်ခိုင်ကို အားလုံး သိလောက်ပါပြီ။ ကျွန်တော်ကအိမ်ထောင်လေးမဆိုစလောက်ကျထားပေမယ့် ဆင်ကြီး လောက်တော့ သနားပါတယ်။အားလုံး အကြိုက် ရတနာသက်ခိုင်လေးပါ။“သက်ခိုင် ၏ ရှင်းလင်းချက်အပြီး ဆရာအောင်ကျော်ဇံက လည်း ဆက်လက်မြွက်ကြားသည်။“ အဟမ်း ဘယ်လို ပြောရမလဲ၊ ဆရာ ဟာ ဆရာဖြစ်ပေမယ့်အခုဆရာ မဟုတ်ဘူးလို့သဘောထားလို့ ရပါတယ်။ အားကိုးလောက် တဲ့ အောင်ကျော်ဇံ ရှိတယ်။တစ်ခေတ်တစ်ယောက်မို့ လူ တွေ အကုန်ရွေးချယ်”သီချင်းသံလို လို နှင့် ဆရာ အောင်ကျော်ဇံအသံအဆုံး သက်ခိုင်ပုဆိုးအောက်မှအောင်မြင်သော ညောင်နာနာအသံ တစ်ခု ထွက်ပေါ်လာသည်။

“ဒီလို လုပ်လို့ ရရိုးလားကွ၊ အောင်သူ ဆိုတာ မိန်းနားမှာနေတယ်။ မိန်းမတကာအားကိုးချင်စရာ ဝေနိုင်အောင် မိတ္တူဆိုင်က လာတဲ့ အောင်သူ။ဟေ့ကောင်သက်ခိုင် ဗိုလ်လုပ်ချင်တဲ့အကောင်ကထမိန်အောက်မှာနေတတ်ရတယ်ကွ၊ထမိန်အောက် မှာနေလာတာကြာပြီ။ဘယ်လောက်ကျွမ်းကျင်လဲဆိုတော့ မင်းတောင်ငါပါမှန်းမသိဘူးမဟုတ်လားကွ” ဟုဝင့်ကြွားရင်း သက်ခိုင်ပုဆိုးအောက်မှ မထွက်လာလေသည်။ပရိတ်သတ်မိန်းကလေးတစ်ချို့  မျက်နှာလွဲသွားကြသည်။ဝါရင့်သောမြတ်မြတ်စိုးကတော့ မျက်တောင်မခတ်လိုက်။ သဇင်ထိုက် က တော့အသာခိုးကြည့်သည်။

ပရိတ်သတ်အားလုံး ဘာလုပ်ရမှန်းမသိခင် နေမျိုးထွန်းက စင်ပေါ်တက်၍”ပရိတ်သတ်ကြီးခမျာ ၊ ဒါကတော့ ကြားဖြတ်ဟာသ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်သူများ ဘယ်လောက်ဈေးပေးနိုင်ကြမလဲဆိုတာ သိရအောင် တစ်ယောက်ကို ၂၀၀နှုန်းနဲ့ သုံးယောက်ပေါင်း ၅၀၀ ဈေး ထား ထားပါတယ်။ပိုပေးချင်သူများရှိပါကဈေးပေးနိုင်ပါတယ်။“ဆရာအောင်ကျော်ဇံက နေမျိုးထွန်းကို မကျေမနပ်လှမ်းကြည့်ရင်း“ဟာသ မဟုတ်ဘူးကွ။ ဟို နှစ်ယောက်က ဟာသဖြစ်ချင်ဖြစ်မယ်။ ငါက အိမ်ထောင်မကျရဲသေးသူ လူပျိုကြီးစစ်စစ်။ မိန်းမဆိုလို့ ခွေးမတောင်အနားကပ်ခံတာမဟုတ်ဘူး။ ငါ က ဒီနှစ်ယောက်နဲ့ ပေါင်းပြီး ၃ ယောက် ၅၀၀ထဲမပါဘူး။ဆင်ကြီးတောင် ၈ သိန်းရသေးတာ ။ ငါ က ၂ သိန်းလောက် မှ ဖြစ်မယ်ကွ“ဟု မူးမူး နှင့်ပြောရင်း ခါးကြားထိုးထားသော အရက်ပုလင်းထုတ်၍ သောက်လိုက်သေးလေသည်။ပရိတ်သတ်ထဲမှ မည်သူမျှဈေးပေးမည့်လူမရှိသေးပါ။

ပေးမည့်ပုံလည်းမရှိပါ။အတန်ကြာတိတ်ဆိတ်နေပြီးနောက်“ဒီမှာဟေ့ ၅၀၀၊ အောင်သူနဲ့ သက်ခိုင်လာခဲ့။ ဟို ဆရာအောင်ကျော်ဇံပါလာခဲ့။သုံးယောက်လုံး“မိန်းမတစ်ယောက်သံစူးစူးရဲရဲထွက်လာလေပြီ။သက်ခိုင်က တက်တက်ကြွကြွ လှမ်းကြည့်လိုက်ပြီး စင်နောက်ပြန်ပြေးမည်လုပ်သည်။အောင်သူ က တော့လှစ်ကနဲ သက်ခိုင်ပုဆိုးအောက်ပြန်ရောက်သွားလေပြီ။ဆရာအောင်ကျော်ဇံက တော့ဝမ်းသာအားရ ဖြင့်“ညီမလေးက ဘယ်သူ လဲ ၊ ဘယ် batch ကလဲ”ဟု သရေတများများ ဖြင့်မေးလိုက်ပုံရသည်။ (သရေကျခြင်းမှာအရက်သောက်ခြင်းကြောင့် ဖြစ်သည်)“ဘယ် batch ကမှမဟုတ်ဘူး။ အောင်သူ့ မိန်းမ မီးမီး။ ဒီ ယောက်ျားခြေမငြိမ်လို့လိုက်ချောင်းတာ ကံကောင်းလို့ ပေါ့။ “နေမျိုးထွန်းကတော့ ပြသနာ မများလိုသဖြင့် ၅၀၀ တန် တစ်ရွက် ယူ၍ ၄င်းတို့ ၃ယောက် အားတောင်းပန်ပြီး ပြန်ထည့် ပေးလိုက်သည်။ဆရာ အောင်ကျော်ဇံခင်မျာ ကန့် လန့် ကန့် လန့် ဖြင့် ပါသွားလေ၏။

ဗာလ

1 comments:

phyoe said...

khwi..khwi..khwi.. :D

Two thumbs up, Mr.Dice!

Post a Comment