Thursday, September 17, 2009

၂၂။ ဘုရားကြီးလူမိုက် ဇာနည်ကို

သံသရာ ခရီးရှည်ကြီးကို ဆက်လက်ချီတက်သွားသော သူငယ်ချင်းဇာနည်ကို အား အမှတ်တ၇ ရေးအပ်ပါသည်။ သူငယ်ချင်းကောင်းရာသုဂတိလားပါစေ။


ကျောင်းတွင်ပြောစရာအများဆုံး ၊ ၀ါအရင့်ဆုံး၊ လေးစားခံရဆုံး တွင် ထိပ်ဆုံးက ရှိသည်။ ဘယ်ဘက်ကပဲယှဉ်ယှဉ် ၄င်းအားယှဉ်နိုင်သူ ရှားပေလိမ့် မည်။ ကျောင်းစာဖက်တွင် တော့ လာမယှဉ်လောက်ဟု ယူဆပါသည်။


ရုပ်ရည်လည်း ချောသည်ဟု မဆိုသာသော်လည်း ဘုရားစူးကင်း ထက်တော့ ယှဉ်လျှင် နံ့ သာဆီ နှင့် အီး ဖြစ်သွားမည်။ ကင်းရွေးစဉ်က ၄င်းကျောင်းစမတက်သေးပါ။ ကျောင်းကို စောစောစီးစီးရောက်ပါက လည်း မိန်းကလေး များ မှာ ဆရာများ နှင့် သတ်လို က သတ်ရပါစေ သူ့ အားပေးမည်ဟုယုံကြည်မိသည်။


လုပ်ရဲကိုင်ရဲရှိပြီး၊ ဘုရားကြီးတစ်ခွင် နာမည်ရှိသူဖြစ်သော်လည်းသူငယ်ချင်းများ အပေါ် ခွင့်လွတ်ခြင်းအလိုလိုက်ခြင်း သည်းခံခြင်း စသဖြင့် ပြည့်စုံ၏။ ချစ်စ၇ာကောင်းခြင်း ရှိသော်လည်း အရက်မူးလာလျှင် တကယ့် ကို ဘာမျှမသိတော့ပဲ လုပ်ချင်တာလုပ်သည်။ကိုကျော်ကြီးဆိုင်ပိတ်ပြီးနောက် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများနှင့် MIT အုပ်ချုပ်ရေးအဖွဲ့ မှာ ဆက်ဆံရေးအဆင်မပြေ။ ဇာနည်ကို ကလည်းသိသည်။ အဆောင်မှာလာအိပ်သောတစ်ရက် ၄င်းကားအမူးလွန်နေပြီ။ အားလုံးကလည်းမူးနေပေပြီ။ တစ်ယောက်က အစပျိုးလိုက်သည်နှင့် MIT အုပ်ချုပ်ရေး အဖွဲ့နှင့်တကွ ဆရာများကို ဆဲဆိုကြသည်။ အခန်းတွင်းဆဲရသည်ကိုအားမရသောအခါ လမ်းမထွက်၍ ဆဲရေးကြသည်။ MIT ပါချုပ်မှ အံ့သြတစ် ကြီးဖြစ်၍ ဆဲဆိုသံများကို ပထမ နားကြားမှားသည်မှတ်နေသည်။ နောက်မှ တည့်တည့်ဆဲနေမှန်းသိ၍ ကျောင်း ကားများ ဖြင့် နယ်မြေပညာရေးဝန်ထမ်းများ ဖြင့် လိုက်ဖမ်းလေ၏။လမ်းကြားတစ်ခု တွင်ဆဲရေးသူများ ကို ထိပ်နှစ်ဖက်ကား နှစ်စင်းရပ်၍ ပိတ်ဖမ်းသည်။ အားလုံးနီးစပ်ရာချုံပုတ်ထဲ ၀င်ပြေးကြသည်။ ဘာဖြစ်မှန်းမသိဘဲ ဆက်လက်ဆဲဆိုနေဆဲဇာနည်ကို သာ လမ်းမှာကျန်ရစ်သည်။ ကျောင်းကား များမှာလည်း မူးနေသူများကြား အရဲစွန့် ဝင်မဖမ်းရဲ ။ နောက်တော့ နီးစပ်ရာလူ မှ ဇာနည်ကို ကိုချုံတစ်ခု ထဲဆွဲသွင်းလိုက်ရသည်။


ဇာနည်အကြောင်း ရေးရာတွင် ၄င်း ဂစ်တာတီးကျွမ်းကျင်သည်ကို ချန်လှပ်၍မရပါ။ အရက်ကြိုက်သည်။ ထို့ အတူဂီတကို မြတ်နိုးသည်။ သို့ သော်လည်း မိန်းကလေးဆောင်များသို့ ဂစ်တာတီးထွက် လျှင် ဂစ်တာပင် မေ့ခဲ့သည်။


ဇာနည်ကို ကို နောင် ဆရာကြီးဖြစ်လာမည့် သက်ခိုင်ခေါ်ချက်ခိုင် က ပင် မလှန်ရဲ ပါ။ သူကားမောင်း၊ဆိုက်ကယ်မောင်းလျှ င်းဘေးက လူ သည် အဓိကဖြစ်သည်။ ဘေးက လူ မှစကားပြောကောင်းလျှင် လုံးဝအန္တရယ်မရှိပါ။ ဘေးက လူ မှ တိတ် ဆိတ်နေလျှင် ၄င်းက ဖိမောင်းတတ်သည်။ စကား စ မပြတ်လျှင် စကားကို သာ အာရုံ စိုက် ၍ မောင်းနေသည်ကိုမေ့ နေသည်။ ထို အခါ အလိုအလျောက် သတိဖြင့်မောင်းသည်။ ဇာနည်ကို မောင်းလျှင် ဘေးက လူ သည်သာအဓိကတာဝန် ရှိသည်။ စကားစမပြတ်အောင်ပြောနေပေရော့။ တနေ့မှာတော့ ပုသိမ်ကြီးသား နှင့် ညနေစောင်း အချိန်ဘုရားကြီးဘက်မှ ပြန်လာခဲ့လေသည်။ ပုသိမ်ကြီးသား လူလည်သည် စကားကို အမျှင်မပြတ်ပြောလာသည်။ သူ့အကြောင်းသိသည်ကိုး။ သို့သော်လည်း မန္တလေးဘူတာကြီးအလွန် ရှေ့မှ ဖြတ်နင်းချလိုက်သော စက်ဘီး ကိုမမြင်ပဲ ဝင်တိုက်မိလေသည်။ နဖူးကွဲ။ ခြေမကွဲ ဖူးယောင်ဒဏ်ရာ များနှင့် ပုသိမ်ကြီးသား အဆောင်ပြန်ရောက်လာလေသည်။ သူသည်လည်းစကားကို အမျှင်မပြတ်ပြောလာပါလျှက် တိုက်မိသည်ကိုစဉ်းစားမရ...။နောက်မှ သတိရမိသည်၊ တယောက်ကို ကချင် ခေါင်ရည် နှစ်လုံးဆီ သောက်လာခဲ့သည်ကိုး။


သူငယ်ချင်းများအတွင်း ပြသနာဖြစ်လျှင် သို့ မဟုတ် အပြင်တွင် ပြသနာဖြစ်လျှင် ဇာနည်ကို က ထိန်းပေးနိုင်သူ ဖြစ်သည်။ ၄င်းသြဇာက လည်းကြီးမားသည်။ ထို့ အတွက်ကြောင့် ကျောင်းမှာသာမက ဘုရားကြီးဝန်းကျင် အထိ ဘုရား ကြီး လူမိုက်အဖြစ်ကျော်ကြားလေသည်။


ဗာလ

Wednesday, September 16, 2009

၂၁။ သက်ခိုင်(သို့) ချက်ခိုင်

သူကား စလုံးမှ လာသောသူမဟုတ်ပါ။ ဆလိမ်မှ လာသောသူ ဖြစ်သည်။ မကွေးတိုင်းဆင်ဖြူကျွန်း ကို ခေါ်ခြင်းဖြစ်သည်။ ရုပ်ရည်မှာ အတန်းထဲတွင် အသက်အကြီးဆုံးဟု ထင်ရသည်။ အညာသားစစ်စစ်ဖြစ်သည်။ ရန်ကုန်တခါမှ မရောက်ဘူးဟုသိရသည်။ သူသည်ကား ကွန်ပြူတာ တကသိုလ်၏ ငါးခုံးမ တကောင်တည်း။ ကျောင်းဖွင့်စက ကျွန်တော်တို့တော်တော်များများမှာ အရက်မသောက်တတ်ပေ။ သင်း သင်မပေးသော်လည်း မပြေးသော် ကန်ရာရှိ သူသောက်ရ် လိုက်သောက်မိကြခြင်းဟု သူ့ကွယ်ရာတွင် အပြစ်ပုံချလိုသည်။ ညနေ ၇ နာရီကျော်လျှင် ချက်ခိုင်သည် ကျွပ်ကျွပ်အိပ်ပါဆယ် ဆွဲပြီး ကျော်ကြီးဆိုင် ဘုရားစင်အောက် ဠ်ချိတ်ထားတတ်သည်။ အစက ဘာမှန်းမသိသေး၊ နောက်မှ BE တွေသောက်သောက်ပြီး မဝရ် ပါဆယ်ဆွဲလာမှန်းသိရသည်။ သူ့အကျင့်ကား တစက်မှ မကောင်း ၊ သူတပါး အားသောက်ရန်ဘယ်တော့မှ မခေါ်၊ သူတယောက်တည်း ကောင်းနေပြီး ခင်မောင်တိုးသီချင်းလေးနှင့် ငြိမ့်နေတတ်သည်။ မည်သူ လိုက်မသောက်ချင်ပဲ နေပါအံ့နည်း။ ထိုမှ အစပြုရ် ငါးခုံးမ နောက်လိုက်လိုက်သောက်ရင်း တစ်လှေလုံးကြောင့် ငါးခုံးမ တကောင် ပုပ်သွားရပါသည်။ ချက်ခိုင်သည် မူးလာလျှင် ဂစ်တာတီး လရောင်အောက်ထိုင် ကဗျာရေး တတ်သည်။ အေးဆေးစွာနေတတ်သည်။ သို့သော်....................... အပြန်လမ်းတွင်တွေ့သမျှခွေးများနှင့် ရန်ဖြစ်တတ်သည်။ ခဲနှင့်ပစ်တတ်သည်။ ဖိနပ်နှင့် ကောက်ပေါက်တတ်သည်။ ပါးစပ်က မျိုးဇော်ကဲ့သို့ နန်းစတော့ပ် ဆဲနေတတ်သည်။ ကြာတော့ ခွေးများ က ၄င်းကို မြင်လျှင် မဟောင်တော့ ၊ လိုက်မဆွဲတော့ ရိုးသွားရ်ထင်သည်။ ထိုအခါ သူမကျေနပ် ခွေးများအား ခွေးလိုမနေရ် ဟုဆိုကာ လိုက်ရိုက်တတ်သည်၊ ထိုသို့သော အရက်သမား တည်း။ သူ့အဆောင် ကခြင်များမှာလည်း အရက်စွဲနေသော ဟူသည်။ ခြင်များသည် အားလုံးဝိုင်းထိုင်နေလျှင် တခြားသူများအားမကိုက်။ အရက်သောက်သော သူ့အားသာကိုက်ကြသည်။ ခေတ်တ ကိုက်ရ် သွေးဝ အရက်ဝသွားလျှင် ခြင်ဆေးပင် ထွန်းရန်မလိုတော့ပေ။ တနေ့သဠ်ချက်ခိုင်သည် ဦးကတုံး ဆိုင်တွင် ငမျိုး၊ ငဖြိုး ၊ မျိုးဆက်၊ သိန်သန်းနှင့် မျိုးဇော်တို့ နှင့် သောက်သုံးနေကြစဉ် ရွာထဲမှ မိတ်ဖွဲ့လိုသော ရွာသားများနှင့် ဆုံမိကြသည်။ ရွားသားများက မိတ်ဖြစ်ဆွေဖြစ် ဟူရ် ဆိတ်သားကြော်များ နှင့် အမြည်းလုပ်ကာ ငည့်ခံ၏။ အားလုံး တယောက်တုံးဆီလောက်တော့ မြည်းလိုက်ကြရသည်။ ဘီအီးနှင့် ဆိတ်သားကြော်သည်ကားလိုက်ဖက်လှ၏။ အသားစားကြူးသော သက်ခိုင်၊သိန်းသန်းနှင့် ငဖြိုးတို့မှာ နောက်တတုံးစီပင်တောင်းရ် မြည်းလိုက်ကြသေးသည်။ အပြန်လမ်းတလျှောက် ထုံးစံအတိုင်း ချက်ခိုင်သည် ခွေးများနှင့် ရန်ဖြစ်သည်။ ဖိနပ်နှင့် ပေါက်ရ် ခဲနှင့်ထုသည်။ ထိုနေ့မှ ခွေးများ ပိုရ်များလာ ၊ ဆိုးလာသည်ဟု စိတ်ထဲထင်မိသည်။ နောက် ဦးကတုံး ပြန်ပြောမှ သိရသည် မှာ ထိုနေ့က စားသော အသားသည် ဆိတ်သားမဟုတ်၊ ဟောင်ကောင်သား ခေါ် ခွေးသားများ ဖြစ်ကြောင်းသိရသည်။ ကွန်ပြူတာကျောင်းသားများ အပေါ် ရွာသားများ လူလည်လုပ်သွားခြင်း မှာ ခံရခက်လှပါသည်။ ယခုဒီစာ ကိုရေးနေရင်းပင် ပျို့တက်လာမိပါတော့သည်။

Tuesday, September 15, 2009

၂၀။ ဂွစာ အောင်ဆန်း

အောင်ဆန်း ကား နေရာတကာ စိတ်ထင်တိုင်းလုပ်တတ်သူဖြစ်သည်။ သို့ သော်လည်း သည်းခံနိုင် မှု လည်းကြီးမားသည်။ ငြိမ်းချမ်း နှင့် ကျောင်းစရောက်ကတည်းက ပေါင်းသင်း နိုင်သည်ကို ထောက်၍ အတော်ပင်သည်းခံနိုင် သည် ဟု တွက်၍ ရပေသည်။ လေသံအေးလေးဖြင့် မိန်းကလေး များနား မလည်မ၀ယ် သွား သွား ၍ စာရှင်းသည်။ သို့ သော် ငြိမ်းချမ်း ၊ရဲဝင်း နှင့် သူရိန်မောင်မောင်တို့ ကြောင့် လူတွင်ကျယ်မလုပ်နိုင်ပေ။ ၄င်းတို့ နောက်မှ အသာလိုက်၍ လွတ်လာသူ ကို ရနိုင်သည် ဟူ ၍ တွေးထင်သလားမပြောတတ်ပေ။ သူ့ ရှေ့ မှ ၃ ယောက် က မစွံပဲ တွေ့ သမျှ အကုန်ကြောင်သွားသောကြောင့် ၄င်းမှာ လုပ်ကွက်ပျောက်ကာ ကြံရာမရ ဖြစ်နေရလေသည်။


နောက်ဆုံး ကျောင်မပိတ်ခင်လေး တယောက်လောက်တော့ အပါချိတ်နိုင်အောင်ဆိုပြီး ကျောင်းကားမောင်းသော ဦးမုတ်ဆိတ်ကို သွားကပ်သည်။ မည်သို့သော အကြံအစည်နှင့် သွားကပ်သည်ကိုတော့ မည်သူမျှမသိ။ ထမင်းစားချိန်တွင်၎င်း၊ ကျောင်းဆင်းကာနီးတွင်၎င်း ကျောင်းကားအနီး၌ ၄င်းတို့၂ဦး ကိုတွေ့ရသည်။


အကြောင်းမသိသူများ ပြုံးစိစိဖြင့် ဘာလို လို ထင်ကုန်ကြလေပြီ။ အကြောင်းသိ သူငယ်ချင်း တစ်ချို့ က အောင်ဆန်းကြံရာမရစွတ်လုပ်ပြီဆိုပြီး အမှုပါတ်လာမည်စိုး ကာ အသာလစ်ထွက်ရန်ကြံနေကြသည်။


နောက်တော့ ကျွန်တော်တို့ထင်သလို အောင်ဆန်း ဦးမုတ်ဆိတ်ကြီးကို ကြိတ်သဘောကျနေခြင်းမဟုတ်ပဲ သူကြိုက်နေသောကောင်မလေး ထိုင်ရန် ခုံဦးပေးခြင်း ဖြစ်ကြောင်းသိရမှ သက်ပြင်းများ ချကာ စိတ်သက်သာရာရသွားကြလေသည်။


အောင်ဆန်းမှာ ငြိမ်းချမ်းတို့ နှင့်ဆက်တွဲလျှင် ဤဘ၀လူပျိုဘ၀ မကျွတ်နိုင်ဟု တွက်မိလာသောအခါ မူးရူးသော်လည်းဆော်ကြည်သည်ဟု ထင်ရသည့် သူ ရ နှင့်ကျော်မင်းထွန်း တို့ နှင့် ပေါင်းမိပြန်သည်။

သို့ သော်လည်း ၄င်းအတွက်မထူးခြားလှ။

နောက်တော့ စိတ်ဒုံးဒုံးချလိုက်ဟန်တူသည်။ အိမ်ထမင်းအိမ်ဟင်းဒီဘ၀ စားရဖို့ မရှိ ဗိုက်ဆာလျှင် ထမင်းဆိုင်မှာ ဝယ်စားမည်ဟု ကြုံးဝါးပြီး သောက်စားခြင်းအစပြုခဲ့သည်။ ကျောင်းပြီးခါနီးကာလ တွင် လွိုင်ဆမ်ဆစ်၌
အရက်ဝိုင်းများပေါ်ပေါက်လာခြင်းမှာ ၄င်း ၏ဦးဆောင်မှုများဖြစ်ကြောင်း သတင်းရရှိသည်။

ဗာလ

Monday, September 14, 2009

၁၉။ မြခနောက်တောင်တက်ခြင်း(၁)

တောင်ပေါ်မှ လူနှစ်ယောက် ဒုန်းစိုင်း၍ ဆင်းပြေးနေကြသည်။ တစ်ယောက် မှာ ဦးခေါင်းမှ ဒဏ်ရာနှင့် ဖြစ်သောကြောင့် လက်ဖြင့် အုပ်ကိုင်ကာ ပြေးနေသည်။

”ဆရာ၊ မြန်မြန်သွားမှဖြစ်မယ်၊ ကျွန်တော် ဒီနေရာမှာမသေချင်ဘူးဗျ” ဒဏ်ရာနှင့်လူ မှာ ရှေ့ မှ ဆင်းပြေးရင်းလှမ်းပြောလိုက်သည်။ ဆရာဆိုသောလူမှာလည်း ”အေးပါကွ၊ ရှေ့ တစ်ကွေ့ ကျော်ရင် အောက်ကို ရောက်လောက်ပါပြီ” ဟု ပြန်ပြောလိုက်သည်။ လူနှစ်ယောက်မှာ ရန်သူများသဲသဲမဲမဲလိုက်လာသည့် အလား တောင်ပေါ်မှ ထင်းခုတ်သမားများ ၏ လမ်းကလေးတစ်လျှောက် လျှင်မြန်စွာပင် ပြေးဆင်းကြလေသည်။
နောက်ဆုံး တပ်ရင်း ၁၁၆ နောက်ကျော ဘက် ကွင်းပြင်စပ်သို့ ရောက်လာကြလေသည်။ ရုတ်တရက် နှစ်ယောက်သား ခြေလှမ်းများကို ရပ်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ နောက်တော့ မှဆရာဆိုသူက ဦးဆောင်၍ တပ်တွင်းသို့ ဝင်သွားကြလေသည်။
သောင်းဝေဦး ၏စစ်သားဘ၀အမှတ်တရ လည်းမဟုတ်ပါ။ တင်သန်းဦး ၏ ရက်တစ်ရာတိုက်ပွဲလည်းမဟုတ်ပါ။

စာရှုသူများ က အထက်ပါ နိဒါန်းကို ဖတ်၍ ပြေးလာကြသောသူများ မှာ ပေါ်တာ မှထွက်ပြေးလာသူများ သို့တည်းမဟုတ် ထောင်ဖောက် သူခိုးဓားပြ မုဒိန်းကောင် များ ရဲလိုက်၍ ပြေး နေကြခြင်းလော ဟု တွေးမိကြလိမ့်မည်။ မဟုတ်ပါ။
ရန်ကုန်သားမျိုးဇော်နှင့် ဆရာဇော်ဝင်းအောင် တို့ မြခနောက်တောင်ပေါ်မှဆင်းပြေးလာကြခြင်းသာ ဖြစ်လေသတည်း။
တစ်နေ့ သော ကျောင်းဖွင့် စ တစ်ရက်မျောက်မ အုပ်စု က မြခနောက်( တကယ့်အမည်ရင်း က နွားလဘို့တောင် ပါ ) တောင်တက်ချင်သည် ဟုထွန့်ထွန့်လူး ကြသဖြင့်ဆရာတစ်ယောက်(ဆရာဇော်ဝင်းအောင်)၊ ယောင်္က်ျား လေး(၃) ယောက်(မျိုးဆက်၊ငဖြိုး၊မျိုးဇော်)နှင့် တစ်ဝက်(သိန်းသန်းသွင်-ထိုစဉ်က ခါးလေးနွဲ့ နှောင်းနှောင်းဖြင့် အထီးအမ မကွဲပြား သေး) မှာ ကျောင်းပိတ်ရက်တစ်ရက် တွင်သွားရန်သဘောတူကြသည်။
(မျောက်မှ အုပ်စု ပုံကမြင်ဘူးလို က http://ucsmfirstbatch.wordpress.com/photos/ တွင်ကြည့်ကြပါရန်။) ခြံစည်းရိုးကပ်ထင်းခွေလို သောအကြံဖြင့်လည်းဖြစ်နိုင်သည်။ ဤသို့ ဖြင့်ကျောင်းပိတ်ရက်တစ်ရက်တွင် တောင်ပေါ်သို့ နား တစ်လှည့် ရပ်တစ်လှည့်ဖြင့် အုပ်စုလိုက်ချီ တက်ကြသည်။ မိန်းကလေးများက ရှေ့ မှ၊ ယောက်ျားလေးများက သက်လုံ နည်းလှသူများဖြစ်ရာ ခပ်လှမ်းလှမ်းမှ ကျန်ကျန်နေရစ်သည်။ မသွားမီက နယ်ခံများက စကားပြော ဆင်ခြင်ရန်နှင့် ရှုးပေါက်လျှင် တောင်ဘက်သို့ လှည့်မပေါက်ရန် မှာကြားလိုက်ကြသည်။ ရန်ကုန်သား လူရှုပ်မျိုးဇော်မှာ သူ့ ကိုယ်သူ လူစွမ်းပြရန်အချိန်တန်ပြီ ဟု ယူဆပြီး ပါးစပ်မှလည်း ထုံးစံအတိုင်းဆဲဆို ခြင်း ၊ အရပ်၁၀ မျက်နှာ သေးပန်းခြင်း စသဖြင့် အရူးတို့  လုပ်နည်းလုပ်ဟန်အတိုင်းလုပ်သည်။
မိန်းကလေးများက မဆဲဆိုရန် ပြောသောလည်း ၄င်းတို့ နှင့် ဝေးသည်နှင့် ဆဲပြန်သည်။ စကားတစ်ခွန်းပြော လျှင် အစနှင့် အဆုံးတွင် ယောင်္က်ျား နှင့်မိန်းမ အမြင်မတော်ရာများ ညှပ်လိုက် ရမှ စကားဟုထင်သည်။
တောင်ကမ်းပါးရံတစ်ခု သို့ ရောက်သောအခါ မိန်းကလေးများက ရှေ့ က တက်နှင့်ကြသည်။ သိန်းသန်းသွင်က ဘာအကြံမှန်းမသိ နောက် က မော့၍လိုက်သည်။ မျိုးဆက် က တော့ ဤနယ်သားပီပီ တိတ်တိတ်ဆိတ်ဆိတ် အလစ်မှာ ခိုးခိုးပြီးကြည့် ။မျက်လုံး ကို ခိုးကြောင်ခိုးဝှက်ကြည့်သည်မှတစ်ပါး သိန်းသန်းကဲ့သို့ ပြူးပြူးပြဲပြဲမရှိလှ။ ငဖြိုး က ကင်းရပြီးစ ပူပူနွေးနွေး မြေကြီးကိုင်ရမှာ ညစ်ပါတ်ပေရေမှာကြောက်သလိုလို နှင့် တက်နေသည်။အမှန်တော့ သူသည်တောသား ရွှံတောကလာသူဖြစ်သည်။ မျိုးဇော်က တော့ စကားဖြင့်ပေါက်ပေါက်ဖောက်ရင်း လေးဘက်ထောက် ကာ တက်၏။ ဆရာဇော်ဝင်းအောင်က လူကြီး လို လို ဖြင့် မျိုးဇော်ပြောသမျှ ဆဲသမျှ သည်းခံ နာထောင်ရလေသည်။ အတော်မတ်သောနေရာတစ်ခု ရောက်သော အခါ ငဖြိုး ၏ မင်းသားလှမ်းလှမ်းနေသော ခြေထောက်က ပဲ့ နေသော ထန်းသီး လုံးတစ်ဝက်ခန့် ကျောက်တုံး ကို ချော်ပြီးနင်းမိသွားသည်။

ကျောက်တုံး မှာ ခုန်၍ မျိုးဇော်ခေါင်းပေါ်သို့ တည့်တည့်ကျလေသည်။ မျိုးဇော်၏ စကားသံဆဲဆိုသံများရပ်ပြီး ကြောင်တောင်တောင်ဖြင့်ခေါင်းကိုကိုင်လိုက်သွေးတွေ ကို ကြည့် လိုက်ဖြင့် ကြက်သေသေနေသည်။ နောက်မှ ဆရာ က ဘာဖြစ်သွားလဲ မေးမှသတိဝင်လာဟန်ဖြင့် “သွားပြီးဆရာ ကျွန်တော်တော့သေတော့မယ်” ဟူကြောက်လန့် တစ်ကြီးပြောလိုက်သည်။ ဆဲတုန်းက တော့ ဆဲခဲ့သော်လည်းယခု တော့ ကြောက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ မိန်းကလေးများပါနေ၍ ဟန်မပျက်နေသောလည်း ငိုသြံကီးဖြင့် “ဆရာ ကျွန်တော်ဒီမှာ မသေချင်ဘူး။ ဒီနေရာမှာသေရင် တစ္ဆေဖြစ် မှာ” ပြောပြောဆိုဆို နှင့် ဆင်းပြေးလေရာ ဆရာ က ကျန်လူများဖြည်းဖြည်းလိုက်လာခဲ့ ရန်မှာကြားပြီး မျိုးဇော်နောက်လိုက်သွားလေသည်။

ကျောက်ခဲကို ငဖြိုး နင်းချလိုက်သည်မှာမတော်တဆပဲနင်းမိသည်လား၊ မဲ(၂) မဲအတွက် နှိပ်ကွပ်ရန်အကွက်ကောင်းရောက်၍ လုပ်လိုက်လေသလား မသိပါ။ ကိုယ်စောင့်နတ်၊ဘုရားသခင်၊ အလ္လာ နှင့် ကြေးစန္ဒီ နတ်မင်းကြီးတို့ သာ သိကြလေမည်။ မတော်တဆ ဆိုလျှင်ဖြင့် တော စောင့် တောင်စောင့်နတ်တို့ က ဆဲဆိုသံများမကြားဘူးသည်ကို ကြားရပြီး ဆုံးမလိုက်သည်ဟု ယူဆရန်ရှိပေသည်။မည်သို့ဆိုစေကာမူ မျိုးဇော်သည် ခေါင်းကွဲ၍ ၃ချက်ချုပ်လိုက်ရပေသည်။

ပထမအကြိမ် မြခနောက်တောင် တောင်တက်ခရီး ကား အားလုံး ဆက်မတက်ဖြစ်ပဲ လမ်းတစ်ဝက်မှ ပြန်လှည့် လာကြလေသည်။

Sunday, September 13, 2009

၁၈။ ညီမလေးတို့ အားထားရာ (သို့ ) ရဲဝင်းသူ

ခေါင်းစဉ်က နုသလို လူကလည်း နုသည်။ ပုဆိုးကိုသာ ရင်ဘတ်ထိတင်၍အမြဲဝတ်တတ်သည်။

ဤသူသည် အလွန်ပင် တည်ကြည်၏။ ထို့ အတူ အလွန်ပင် ရှုပ်ပွေ၏။

ဤသူသည် အလွန်ပင် မိန်းမကျမ်းကြေ၏ ။ ထို့ အတူ အလွန် ပင် ထုံအပြန်သည်။

ဤသူသည် အသောက်အစားကင်း၏။ ထို့ အတူ သောက်စား ရာတွင်လည်း ဆရာကြီးဖြစ်သည်။

ထို အချက်များပေါင်းစုံနေသောသူ ကို ရဲ ၀င်းသူ ဟုခေါ်ပေသည်။ ရှင်းပါအံ့ ။

ရဲဝင်းသည် ကျောင်းစာနှင့် ပါတ်သက်လျှင် တပည့်ကောင်း ဖြစ်ခဲ့သည်။ စာကြိုးစားသင်ယူသည်။ လေးစား စွာဆရာဆရာမများကို ချဉ်းကပ်သည်။ သူငယ်ချင်းများအပေါ်လည်း စာများရှင်းပြတတ်သည်။

ကြည့်လိုက်လျှင် တည်ကြည်၍လေးစားစရာတည်း။ သို့ သော် ၄င်းကြိုးစားသမျှသည် ၄င်းကိုယ်ကျိုးတွက် မဟုတ်။ က္ကိုတ္ထိယတို့ ကောင်းစားရေးဖြစ်လေသည်။ သူငယ်ချင်းများကို စာရှင်းပြခြင်းမှာလည်း သူ ၏ သင်ကြားမှု ကိုလေ့ ကျင့် ခြင်းဖြစ် လေသည်။ သို့ မှသာ မိန်းကလေးများ ကို စာများ လိပ်ပါတ်လည်အောင်ရှင်းပြနိုင်မည်ဖြစ်သည်။

ရဲဝင်းသည် မိန်းမကျမ်း ပိုင်နိုင်သည်။ ကိုယ်တိုင် မိန်းမဖြစ်နေသလား မှတ်လောက်သည်။(ဤအချက်တော့ မမှန်ကန်ကြောင်းနောင်တွင်သိရသည်။) မိန်းမတို့ အလိုကို သိသည်။ ခိုင်းလိုက်လျှင် လိုတာထက်ပိုအောင်လုပ်ပေးနိုင်သည်။

သို့ သော် ၄င်းပိုင်နိုင်သည်ကား တစ်ခြမ်းသာဖြစ်၍ မိန်းမများကိုယ့်ကို ကြိုက်လာအောင် မလုပ်နိုင်ပါ။ ကြိုက်လိုက်သည်မှာကျောင်းမှ မိန်းကလေးအားလုံးနီးပါး။ ဆင်ကြီးနှင့်ပင် အစက အဆင်မပြေကြောင်း ရှေ့ က post တွင် စာရှုသူတို့ ဖတ်လိုက်ရပြီးဖြစ်ပေလိမ့်မည်။ နောက်မှ ဘ၀တူ သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်မိကြသည်။ ကွန်ပျူတာကျောင်းတစ်ခုလုံးကုန်သောအခါ MIT(၁၅၀ တန်း) မှ ကျောင်းသူများဘက် လှည့်ခဲ့ သေးသည်။ သို့ သော်လည်း ပါရမီကို က ချူချာ လှပေရာ တစ်မိပေါက်တစ်ယောက်ထွန်း ဘွဲ့  မရနိုင်ခဲ့ပေ။ ၄င်း၏အစ်ကိုများ နည်းတူ ရည်းစားမရှိဘူးသူ လူပျိုကြီးဘ၀ နှင့် ယခု post ကို ရေးချိန်ထိ ဖြတ်သန်းနေရတုန်းပင်။

ရဲဝင်းကား နဂို က သောက်စားတတ်သူမဟုတ် ။ အဂျေးကဲ့သို့ ပင် သောက်စားသူများ အား ထောက်ပံ့ပေးခြင်း၊ အရက်ဝယ်ပေးခြင်း လုပ်သည်။ ၄င်းသောက်စားသည်ကို ကောင်မလေးများသိမည် စိုးသောကြောင့်လည်းဖြစ်နိုင်သည်။

ရှိသမျှမိန်းကလေးများ သူ့ အားပြန်ကြိုက်ရန်မျှော်လင့်ချက် မရှိတော့ ဆို မှ စိတ်ဒုံးဒုံးချပြီး သောက်စားခြင်းစတင်လုပ်သည်။ ကျောင်းထဲက အုပ်စု နှင့်သောက်သည်။ မြို့ ထဲ့ အုပ်စုသောက်သော်လည်းသူပါသည်။ အဂျေးနှင့် ထန်းတောလည်းလိုက်သည်။ မူးလာပြီ ဆို လည်း မည်သူမျှ မပါလည်း တစ်ကိုယ်တည်းသွား ၍ မိန်းကလေးများဆောင်ရှေ့  သီချင်းဆိုခြင်း(အသံသေးလေးဖြင့် အော်ဟစ်ခြင်း)၊ ၀င်းထရံ အားရှုရှုဖလားဝါးခြင်းပြုလုပ်သည်။ ရှုရှုဖလားဝါးခြင်းမှ မူးလာသောလူတိုင်းပြုလုပ်ကြသည်ချည်းဖြစ်သည်။ သို့ သော်ရဲဝင်းမှာ ထိုင်လျှက်လည်းမသွားပဲ ၊ မတ်တပ်ရပ်လျှက် ဖြစ်ရာ အရပ်ရှည်သောကြောင့် မိန်းကလေးဆောင်ထဲမှ လှမ်းကြည့်လျှင် ထရံကို ကျော်ပြီး မြင်ရကြောင်း ပြန်လည်ကြားသိရပေသည်။ (မျက်နှာသာ မြင်၍ မှတ်မိကြသည် ဟုဆိုပါသည်။)

ဗာလ

Friday, September 11, 2009

၁၇။ ကျေးဇူး ရှင် မျောက်မများဂိုဏ်း

ကွန်ပျူတာတက္ကသိုလ်စ ဖွင့် တော့ မျောက်မ (၃) ယောက်သာရှိသေးသည်။ ဂိုဏ်းချုပ်မှာ မယ်စိမ့်ဖြစ်လေသည်။ လက်ထောက်ဂိုဏ်းချုပ်မှာ နန္ဒာနွယ်ဟန်ဖြစ်၏။ ဂိုဏ်းသား မှာ ကွင်းမဖြစ်ခဲ့ ရသူ ကြော့ကြော့လှိုင်ခေါ် အီးကြော့ ဖြစ်သည်။ အီးကြော့မှာ ဂိုဏ်းချုပ်လုပ်နိုင်သော အရည်အချင်း ရှိပါသော်လည်း ဂိုဏ်းသား မရှိဖြစ်မည်စိုး သောကြောင့် ဂိုဏ်းသား သာ လုပ်ရလေသည်။ ဂိုဏ်းချုပ်မယ်စိမ့်မှာ အမြှော်အမြင်ကြီးသည်။ အပေါင်းအသင်းဆန့် အောင်ပေါင်းသည်။


မျောက်မအားလုံး သည် အကူအညီလည်းပေးတတ်ကြသည်။ စာဘက်တွင်မထူးချွန် လှသော်လည်း စာကူးပေးခြင်းဖြင့် ပညာပါရမီဖြည့်ကြသည်။မယ်စိမ့် ၏လက်ရေးလှလှ စာအုပ်များ မှာ အရက်သမား တစ်အုပ်စု လုံး ၏ သင်ရိုးညွန်းတန်းများ ဖြစ်လေသည်။ ကောင်းတာများ ရေးပြီး ကျေးဇူး ဆပ်ပြီးပြီဖြစ်၍ ကျေးဇူးကန်းစကား များဆက်ရေးပါဦးမည်။


မယ်စိမ့်မှာ ရုပ်ရည်အားဖြင့် မဆိုး ရှာပါ။ အရပ်လေးနဲနဲ ပုသည်( ဗိုက်ကလေးငြိမ်းချမ်း ထက်မြင့်သေးသည်။)က လွဲ၍ ဘာမျှ ပြောစရာမရှိ။ ၀က်ဝံ တစ်ကောင်ကဲ့သို့ လည်းလမ်းလျှောက်တတ်သည်။ စကတ်အရှည်ကြီး ၀တ်ခြင်း၊ ၆ လက်မဒေါက် ဖိနပ်စီးခြင်းဖြင့် အနည်းငယ်ပု သည်ကို ဖာထေး၍ နေတတ်သည်။ မိန်းကလေးပီသအောင် လည်းတတ်နိုင်သမျှ လုပ်ပါသည်။ သို့ သော် အမူအယာအားလုံး မှာ ကြောင်နဲ့ ကြွက်ထဲ မှ Jerry နှင့် တစ်ထေရာတည်း တူလေသည်။


လူက လုံးလုံး ပု ပု နှင့် လုပ်ပြနေခြင်းမှာ သူငယ်ချင်းအရက်သမား အုပ်စုပင်မက သူရိန်၊ဆင်ကြီး ၊ ငြိမ်းချမ်း (ရဲဝင်းသူ မပါ) တို့ က ပါ လက်ရှောင် ကြလေသည်။ ရဲဝင်းသူ ကတော့ သဘာဝက္ကုတ္ထိယ ကောင်းစားရေးဝါဒ ရှိသူ ဖြစ်သောကြောင့် သည်းခံနိုင်သည်ဟု ထင်ရပေသည်။ သို့ ဖြစ်လေ ရာ ကွင်းတစ်ခုခုဖြစ်ရပြီးရောဆို ပြီး အရူးကွက်နင်းပြနေသော အီးကြော့ ကို ကျော်တက်ကာ ပြင်ဦးလွင် ခရီးစဉ် တွင်မယ်စိမ့် "ပေါကွင်း" ရာထူး ရရှိခဲ့လေသည်။


နန္ဒာ နွယ်ဟန် မှာ ကြောင်မဒန်းတစ်ကောင်ကဲ့သို့ အသွင်ရှိလေသည်။ ကလေးစိတ်ပျောက် ကာစဖြစ်သော်လည်း လူကြီးစိတ်လည်း မရောက် ဟိုမရောက်ဒီမရောက်။ မယ်စိမ့် ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် သာ လူကြီးပုံစံလိုဖြစ်လာသည်။ ရန်ကုန်သူသာ ဆိုသောလည်း ၀တ်ပုံစားပုံ နေရာမကျ။ အမူအယာလည်း မလုပ်တတ်။ (နောင် ၁၀ နှစ်ခန့် ကြာ မှ ပညာအားလုံးတတ်သွားလေသည်။) ။ သို့ သော် ပညာရေးတွင်တော့ မလစ်ဟင်း။


အရက်သမား အုပ်စု မှာ သူ့ တို့ကို စာရှင်းပြဖို့ အားကိုး ရသည်။ အတန်းတက်၍ စာလိုက်နိုင်သော ယောင်္က်ျားအားလုံး မိန်းကလေးများကို သာ စာရှင်းပြကြသောကြောင့် ဗိုလ်ရွဲအုပ်စု မှာ အတန်းမှန်သော သူမကို အားကိုး ရသည်။


ထင်ရာမြင်ရာ ရှင်းပြသောကြောင့် အလွန်ဥာဏ်ရည်မြင့်သော ငဖြိုး ခမျာ ချက်ဆို နားခွက်က မီးမတောက်နိုင်ပဲ၊ နှာခေါင်းကသာ မီးတောက်နိုင်ကြသည်။ သက်ခိုင်မှ ပြန်ရှင်းပြပြီး ဖြည်းဖြည်းခြင်း နားလည်အောင်လုပ်ရပေသည်။ ငဖြိုး နှင့် သက်ခိုင် မှာ သူမ စာရှင်းလျှင် ဘယ်လို မျှ မလိုက်နိုင်သောကြောင့် နောင်သောအခါ အခြားသူ အောင်သော်လည်း ၄င်းတို့ ဆပ်ပလီ ထိကျန် ခဲ့လေသည်။ လူလည်မျိုးဆက်မှာကား စာပင်မလိုက်နိုင်သော်လည်း လှိုင်မျိုး၏ လက်ထပ်သင်ကြားပေးမှုကိုကောင်းစွာ ခံယူလိုက်ရသော တပည့်ရင်း ဖြစ်သောကြောင့် ဘာဂျာခေါက်ကျေးဇူးဖြင့် လွတ်လွတ်ကျွတ်ကျွှတ်ခိုးချသွားနိုင်ခဲ့လေသည်။


အီးကြော့ မှာတော့ ရှေ့ ဂိုဏ်းချုပ်နှစ်ယောက်ကဲ့ သို့  လည်းမဟုတ်။ မထင်ရင်မထင်သလို စိတ်ကူးပေါက်ရင်ပေါက်သလို ထထလုပ်တတ်သည်။ တစ်ခါတစ်ရံ မိန်းမဖြစ်နေသည်ကို မေ့နေတတ်သည်။ ပြောချင်ရာတွေပြော၏။ သူများ စား နေသည်တွေ့ လျှင် လက်မရှောင် ၊ လက်ဘက်ရည်တွေ့ လက်ဘက်ရည်ကောက်မော့သည်။ မုန့် တွေ့ လျှင် မုန့် တစ်ခု တော့ ပါးစပ်ထဲကောက်ထဲ့သွားသည်။ အစားအသောက်များ နင်းကန်းစားသောက်ပြီး ၀မှာကြောက်သောကြောင့် စက်ဘီး စီးသည်။ မစီးတတ်ပဲ စီးသောကြောင့် စက်ဘီးခဏခဏမှောက်သည်။ နောက်တော့ စက်ဘီး တာယာကို ခါးမှာ ထား၍ ခါးသေးရန် လှည့်သည်ဟု ကြားရသည်။ ထို့ ကြောင့် နောင် မျောက်မများထဲသို့ ဂိုဏ်းသူ အသစ်များဝင်လာသောလည်း သူမ က တော့ အငယ်ဆုံး ဂိုဏ်းသားပင်ဖြစ်နေခဲ့လေ၏။

ဗာလ

Thursday, September 10, 2009

၁၆။ အလွမ်းရစ်သမ် (သို့) ပြန်ညှိမရတဲ့ ကာရန်တပုဒ်

ကိုယ့်ကို ကို ဒေါသဖြစ်နေသည်။ ဘာလို့ အခု ချိန်မှ ယခု လို တစ်ဘက်သတ်စွဲလမ်းခြင်းမျိုး ဖြစ်မိလေသည်မသိ။ ယခု တော့ သူ မ၏ ပုံရိပ်တို့သာ ပန်းချီကားတစ်ချပ် နှယ်အာရုံမှာ ဝေ့ဝဲနေတော့သည်။ နှလုံးသားတခုလုံးနာကျင်နေသည်ပဲ... ရင်ထဲက ဒဏ်ရာသည် မျက်ဝန်းမှတဆင့် ၊ တနေ့လုံး စိတ်အာရုံထဲမှာ အချစ်ပန်းချီ လေးရေးချယ်နေမိတော့သည်။ ရုပ်ပိုင်းဆိုင်ရာ သက်ရှိ သက်မဲ့ အားလုံး ဝေဝေဝါးဝါး ။ ချစ်၍မ၀ပါသော ခိုင်။
သူမနှင့် ကျွန်တော် သည် မန္တလေးကွန်ပျူတာတက္ကသိုလ်ကြီးတွင် စတင် ဆုံစည်းခဲ့ ကြပေသည်။ သူငယ်ချင်း ဖြစ်မလာသော်လည်း တစ်ယောက်နှင့် တစ်ယောက် မစိမ်းပါ။ ပြင်ဦးလွင်သို့  လေ့လာရေးထွက်ချိန်က parcel ဂိမ်းတွင် အတူတူကစားခဲ့ ကြဘူးသည်။ ထိုစဉ်ကသူမ မှာ ရှက် ဟန်ရှိသော်လည်း အားလုံးနှင့် အဆင်ပြေစွာ ဆက်ဆံသွားနိုင်ခဲ့သည်။ ကျွန်တော့ရင်ခုန်သံမှာ ပျောက်ဆုံးနေသည်။ ခံစားချက် ကို နားမလည်တာလား ၊ ဒါမှမဟုတ် ချစ်ခြင်း ဆိုသည်မှာ ငယ်စဉ်ကာလ က ၀မ်းကွဲမောင်နှမများ နှင့် ဆော့ကစားခဲ့ခြင်း လို ဆော့ပြီး မေ့ပျောက် တတ်သည့် အရာ ဟု ထင်နေမိသည်လား မပြောတတ်ပေ။
သူ ငယ် ချင်း များ နှင့် သောက်စား မူးယစ်ခြင်း တည်းဟူသော အရာသည် တက္ကသိုလ်တက်စ ကျွန့် တော့် အဖို့  လွတ်လပ်ခြင်းအရသာ အပြည့်အ၀ရခြင်းဖြစ်သည်။ မိန်းကလေးသူငယ်ချင်းများ လည်း အများကြီးရှိသည်။ သူတို့ နှင့် ပြောမနာ ဆိုမနာ ကျောင်းဝင်းထဲ ပျော်စရာကြီးဖြစ်ခဲ့သည်။ သူမသည်လည်း အေးဆေးစွာပင် မည်သူနှင့် မျှ စကားသိပ်မပြော ပဲ သူငယ်ချင်းတစ်ယောက်နှစ်ယောက် နှင့် သာ နေသည်။ ချစ်စဖွယ်ရုပ်ရည်မို့  ချစ်လို သူများ ရှိသော်လည်း သူမက ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။ နေ့ စဉ်ရက်ဆက်တွေ့ နေခဲ့ပါလျှက် ကျွန်တော်သည် အရက်ပုလင်းနှင့် သူငယ်ချင်းများဖြင့်သာ ပထမနှစ်ကုန်လွန်ခဲ့သည်။
ကျွန်တော်၏ ဒုက္ခအားလုံး ဒုတိယနှစ်မှ အစပြုတော့သည်။ ကျောင်းဖွင့်စ မိုးဖွဲလေးများ ကျောင်းဖွင့်စရက်သည် ပျင်းရိဖွယ်ကောင်းနေဆဲ။ စာသင်ချိန်ကလည်း မမှန်သေး။ ကျောင်း မှ ကိုကျော်ကြီး canteen မှာ ပိတ်သွားပြီဖြစ်သောကြောင့်
ကျွန်တော်တို့ လည်း ဒေါ်စိန်ဆိုင်သို့ ရွေ့ ထိုင်နေကြပြီဖြစ်သည်။ သူမက လည်း ဒေါ်စိန်ဆိုင်နှင့် မလှမ်းမကမ်း မှာ ထိုင်နေသည်။သူငယ်ချင်းများကတော့အတန်းတက်ဆဲ။ ကျွန်တော်က ဦးကိုကိုမောင်အတန်းတက်ရင်းသူငယ်ချင်းများကို ပြောသည်။ ဖိုးဇော်မှအပ ကျန်လူများ ကမိုးရွာနေသောကြောင့် ဦးကတုံးဆိုင်သွားရန်ပြင်နေကြပေပြီ။နေရာမှမရွေ့  ။ ထီးကို ယူ၍ ဖိုးဇော်နှင့် ကျွန်တော် canteen ဆိုင်များကို ဖြတ်၍ ကျောင်းဘက်သို့ ကူးခါနီး ခိုင် က လည်း ကျောင်းဘက်သို့ ကူး ရန်ပြင်သည်။ ထိုစဉ်ကဘာရယ်မဟုတ်ပဲ ကျွန်တော်က ဖိုးဇော်ကို မင်းသွားနှင့် ငါလိုက်ခဲ့မယ်ပြော၍လွတ်လိုက်သည်။ ဖိုးဇော်လည်းဘာမှမပြောတော့ပဲ ကျောင်းဘက်သို့ ပြေးသွားလေ၏။ ကျွန်တော်က ခိုင့် အနားသို့ ကပ်၍ ''မခိုင် ကျောင်းဘက် သွားမလို့ လား ဟု မေးရာ ခိုင်က "ဟုတ်တယ်ကိုမင်း ၊ခိုင်လည်း အိုဝမ်း ချိန်ရှိလို့ ၊ ထီးက မပါလို့ စောင့်နေတာ" ဟုပြောသည်။ ကျွန်တော်က "အတူတူသွားမယ်လေ ထီးတစ်လက်ဆို ရပြီပဲ" ဟုပြောရာ ခိုင် က တရင်းတနှီးပင် ကျွန် တော့် ထီးအောက်မှ လိုက်လာလေသည်။ ပေ ၅၀ ခန့် အကွာအဝေးအတွင်း ခိုင့် ၏ကိုယ်သင်းနံ့  ၊ခိုင့်ခြေလှမ်း လှမ်းပုံများ ကျွန်တော် ယခုထက်ထိ တိုင်အမှတ်ရ ဆဲဖြစ်လေသည်။ ရင်ခုန်ရမှန်းမသိတတ်ခဲ့သော နှလုံးသား မှာ ဘယ်အချိန်က ခုန်နေမှန်းမသိ ။ အတန်းထဲရောက်သည် အထိ ဘာမှမတွေးမိနိုင်ခဲ့။ ခိုင့် ကိုသာမြင်ယောင် ယင်း ဆရာစာသင်သမျှ ဘာ မှန်းမသိတတ် ခဲ့ရယ်ပါ။
ထို နေ့ မှစ၍ ခိုင် သာ မသိခဲ့သော်လည်း ကျွန် တော့် နှလုံးသားမှာ ခိုင်သာ အပြည့်နေရာယူနေလေပြီ။ အချစ်ဆိုသည် စမြင်တွေ့စ တရင်းတနှီးရှိစဉ်က မပေါ်ပေါက်ခဲ့ ပဲ ယခုမှတစ်ဖန် မွေးဖွားလာခဲ့ပေပြီ။ လေးစားရဖွယ်သော သူငယ်ချင်း ဝင်းနိုင်အား မသိမသာ မေးမိသည်။ အချစ်ဆိုသည် ဤသို့ ဖြစ်တတ်ပါသလားဟု။ ဝင်းနိုင် မှ ရုတ်တရက် စဉ်းစားတွေဝေပြီး ဖြစ်တတ်သည်ဟု အဖြေပေးလေသည်။ မင်း လုပ်မယ်ဆိုလည်း လုပ် နောက်ကျနေဦးမယ်ဟု အကြံပေးသည်။ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ သော လည်း အချစ်တည်းဟူသော နတ်ဖမ်းစားခြင်းကြောင့် မတွေ့ ရမနေနိုင်လောက်အောင်ဖြစ်နေလေပြီ။
ချစ်သူ ကို လွမ်းလှသောကြောင့်စာမျက်နှာမှန်သမျှ ခိုင်လို့ေ၇းမိသည်။ ခိုင့်အားလည်းလက်ဆောင်ပေးသည် ခိုင်က လက်ခံသော် လည်း သူမ၏ ထူးဆန်းသောအကြည့်တစ်စုံ ကို ကျွန်တော်မေ့မရခဲ့ပါ။
ခိုင့်ကို ချစ်လှပါသည်ဆိုသည်ကို သာ ခိုင်သိစေချင်ခြင်းဖြစ်သည်။ ခိုင်ကတော့ တအံတသြနှင့် ။ ထိုအချိန်မှစ၍ ခိုင် က စာသင်ခန်းထဲတွင်သာနေ၍ canteen သို့  မရောက်လာတော့ပါ။
တစ်နေ့ သော ကျောင်းခန်းထဲကျွန်တော်လည်း ခိုင် ရှိရာအခန်းထဲ ၀င်၍ ခိုင့်အားမေးသည်။ ခိုင် ကိုယ့်ကို ချစ်နိုင်မှာလား။ ခိုင် မချစ် ရင်တော့ ဒီဘ၀ အဓိပ္ပါယ်မရှိတော့ ဟု ၀မ်နည်းစွာ ပြောလိုက်မိသည်။
ခိုင် ကကျွန်တော်လက် ကို ကိုင်၍ ကိုမင်းရယ် ဘာလို့ နောက်ကျခဲ့တာလဲ။ ခိုင် လေ ဒီ နှစ်ကုန်ရင် အိမ်က အိမ်ထောင်ချပေးတော့မှာ။ ခု ခိုင် လည်းသဘောတူထားပြီးပြီး။ ဘယ်လို မှ နောက်ဆုတ်လို့ မရတောဘူးကိုမင်းးရယ်
ခိုင့်စကားအဆုံး ကျွန်တော်ခိုင့်အထံအပါးမှ အဝေးဆုံးသို့ သွားရန်စိတ်ဆုံးဖြတ်လိုက်သည်။ ကျောင်းဝင်း အဆောင်တူနေ သူငယ်ချင်းများ ဖြောင့်ဖြ ကြသော်လည်း တနေကုန် သောက်နေခဲ့မိသည်။ တနေကုန်စိတ်ကူးလေးရွက်လွှင့်ခဲ့မိသည်။ တချိန်လုံးစိတ်ကူးပန်းချီလေး ရေးချယ်နေမိသည်။ ခိုင်ရယ် ခိုင့်ရဲ့ ချစ်တယ်ဆို တဲ့စကားလေတစ်ခွန်းလောက် ကြားခဲ့ရင် ဒီလူသေပျော်ပါပြီကွယ်။
နောက်ဆုံးလက်ထပ်ပွဲ။ ကျွန်တော်က အရက် နှင့်ပုလင်းကိုသာ အဖေါ်ပြုရင်း တစ်ခွက်ပြီးတခွက်သောက်သည်။ အသိစိတ်သည် ဝေဝါးမသွား နှလုံးသားနှင့်ရင်းပြီး ချစ်ခဲ့ရလို့လားမသိ အဆောင်နံရံတွေပေါ်မှာ စာကြည့်စားပွဲပေါ်မှာ သူမရုပ်သွင်သည် ချစ်စဖွယ်အပြုံးနှင့် ပြုံးနေဆဲ။
ဝင်းနိုင်က သာ ကျွန်တော့ကို ထိန်းရလေသည်။မဟုတ်လျှင် မင်္ဂလာဆောင်သို့ သွားရောက် ၍ မခိုင်ကို ချစ်သည်ဟု ပြောမိလေမလားမပြောတတ်ပေ။ ဝင်းနိုင်က အရက်ဆိုင်မှခေါ်လာ ပြီးနောက်အခန်းထဲတွင် သူမနှင့်သက်ဆိုင်သော ။ တေးသီချင်းစာသား၊ ကဗျာ နဲ့ အမှတ်တရ စာသားများကို ဘယ်နှလုံးသားနှင့် ခံစားရပါအံ့နည်း ။ ကျွန်တော့နှလုံးသားသည် သူမနောက်ပါသွားပြီဖြစ်လေရာ အားလုံးကို ကျွန်တော်ကိုယ်တိုင် မီးရှို့ ပစ်ခဲ့သည်။
အခါလွန်မှ ရွာသောမိုး သည် ရပ်စဲရန် ကြာသကဲ့သို့ အချိန်လွန်မှ ပေါ်လာသော အချစ်လည်း ပြီးဆုံးဖို့ ရန် ခက်လှသည်။
အချစ်ဘ၀ တစ်ခန်းရပ်ဇာတ်ဟု မှတ်လိုက်ရပါလျှင် ကွန်ပျူတာတက္ကသို လ်တွင် ကျွန်တော့ နှလုံးသား သေဆုံးသွားခဲ့လေပြီ။
အစားထိုးမ ရသော အချစ်များ ကျောင်းပြီးချိန်မကြာလိုက်သော်လည်း ဒဏ်ရာကျက် ဖို့ ကတော့ နှစ်အသင်္ချေ မျှကြာပေဦးမည်။
ဗာလ(ခံစားရေးဖွဲ့သည်)