Thursday, September 10, 2009

၁၆။ အလွမ်းရစ်သမ် (သို့) ပြန်ညှိမရတဲ့ ကာရန်တပုဒ်

ကိုယ့်ကို ကို ဒေါသဖြစ်နေသည်။ ဘာလို့ အခု ချိန်မှ ယခု လို တစ်ဘက်သတ်စွဲလမ်းခြင်းမျိုး ဖြစ်မိလေသည်မသိ။ ယခု တော့ သူ မ၏ ပုံရိပ်တို့သာ ပန်းချီကားတစ်ချပ် နှယ်အာရုံမှာ ဝေ့ဝဲနေတော့သည်။ နှလုံးသားတခုလုံးနာကျင်နေသည်ပဲ... ရင်ထဲက ဒဏ်ရာသည် မျက်ဝန်းမှတဆင့် ၊ တနေ့လုံး စိတ်အာရုံထဲမှာ အချစ်ပန်းချီ လေးရေးချယ်နေမိတော့သည်။ ရုပ်ပိုင်းဆိုင်ရာ သက်ရှိ သက်မဲ့ အားလုံး ဝေဝေဝါးဝါး ။ ချစ်၍မ၀ပါသော ခိုင်။
သူမနှင့် ကျွန်တော် သည် မန္တလေးကွန်ပျူတာတက္ကသိုလ်ကြီးတွင် စတင် ဆုံစည်းခဲ့ ကြပေသည်။ သူငယ်ချင်း ဖြစ်မလာသော်လည်း တစ်ယောက်နှင့် တစ်ယောက် မစိမ်းပါ။ ပြင်ဦးလွင်သို့  လေ့လာရေးထွက်ချိန်က parcel ဂိမ်းတွင် အတူတူကစားခဲ့ ကြဘူးသည်။ ထိုစဉ်ကသူမ မှာ ရှက် ဟန်ရှိသော်လည်း အားလုံးနှင့် အဆင်ပြေစွာ ဆက်ဆံသွားနိုင်ခဲ့သည်။ ကျွန်တော့ရင်ခုန်သံမှာ ပျောက်ဆုံးနေသည်။ ခံစားချက် ကို နားမလည်တာလား ၊ ဒါမှမဟုတ် ချစ်ခြင်း ဆိုသည်မှာ ငယ်စဉ်ကာလ က ၀မ်းကွဲမောင်နှမများ နှင့် ဆော့ကစားခဲ့ခြင်း လို ဆော့ပြီး မေ့ပျောက် တတ်သည့် အရာ ဟု ထင်နေမိသည်လား မပြောတတ်ပေ။
သူ ငယ် ချင်း များ နှင့် သောက်စား မူးယစ်ခြင်း တည်းဟူသော အရာသည် တက္ကသိုလ်တက်စ ကျွန့် တော့် အဖို့  လွတ်လပ်ခြင်းအရသာ အပြည့်အ၀ရခြင်းဖြစ်သည်။ မိန်းကလေးသူငယ်ချင်းများ လည်း အများကြီးရှိသည်။ သူတို့ နှင့် ပြောမနာ ဆိုမနာ ကျောင်းဝင်းထဲ ပျော်စရာကြီးဖြစ်ခဲ့သည်။ သူမသည်လည်း အေးဆေးစွာပင် မည်သူနှင့် မျှ စကားသိပ်မပြော ပဲ သူငယ်ချင်းတစ်ယောက်နှစ်ယောက် နှင့် သာ နေသည်။ ချစ်စဖွယ်ရုပ်ရည်မို့  ချစ်လို သူများ ရှိသော်လည်း သူမက ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။ နေ့ စဉ်ရက်ဆက်တွေ့ နေခဲ့ပါလျှက် ကျွန်တော်သည် အရက်ပုလင်းနှင့် သူငယ်ချင်းများဖြင့်သာ ပထမနှစ်ကုန်လွန်ခဲ့သည်။
ကျွန်တော်၏ ဒုက္ခအားလုံး ဒုတိယနှစ်မှ အစပြုတော့သည်။ ကျောင်းဖွင့်စ မိုးဖွဲလေးများ ကျောင်းဖွင့်စရက်သည် ပျင်းရိဖွယ်ကောင်းနေဆဲ။ စာသင်ချိန်ကလည်း မမှန်သေး။ ကျောင်း မှ ကိုကျော်ကြီး canteen မှာ ပိတ်သွားပြီဖြစ်သောကြောင့်
ကျွန်တော်တို့ လည်း ဒေါ်စိန်ဆိုင်သို့ ရွေ့ ထိုင်နေကြပြီဖြစ်သည်။ သူမက လည်း ဒေါ်စိန်ဆိုင်နှင့် မလှမ်းမကမ်း မှာ ထိုင်နေသည်။သူငယ်ချင်းများကတော့အတန်းတက်ဆဲ။ ကျွန်တော်က ဦးကိုကိုမောင်အတန်းတက်ရင်းသူငယ်ချင်းများကို ပြောသည်။ ဖိုးဇော်မှအပ ကျန်လူများ ကမိုးရွာနေသောကြောင့် ဦးကတုံးဆိုင်သွားရန်ပြင်နေကြပေပြီ။နေရာမှမရွေ့  ။ ထီးကို ယူ၍ ဖိုးဇော်နှင့် ကျွန်တော် canteen ဆိုင်များကို ဖြတ်၍ ကျောင်းဘက်သို့ ကူးခါနီး ခိုင် က လည်း ကျောင်းဘက်သို့ ကူး ရန်ပြင်သည်။ ထိုစဉ်ကဘာရယ်မဟုတ်ပဲ ကျွန်တော်က ဖိုးဇော်ကို မင်းသွားနှင့် ငါလိုက်ခဲ့မယ်ပြော၍လွတ်လိုက်သည်။ ဖိုးဇော်လည်းဘာမှမပြောတော့ပဲ ကျောင်းဘက်သို့ ပြေးသွားလေ၏။ ကျွန်တော်က ခိုင့် အနားသို့ ကပ်၍ ''မခိုင် ကျောင်းဘက် သွားမလို့ လား ဟု မေးရာ ခိုင်က "ဟုတ်တယ်ကိုမင်း ၊ခိုင်လည်း အိုဝမ်း ချိန်ရှိလို့ ၊ ထီးက မပါလို့ စောင့်နေတာ" ဟုပြောသည်။ ကျွန်တော်က "အတူတူသွားမယ်လေ ထီးတစ်လက်ဆို ရပြီပဲ" ဟုပြောရာ ခိုင် က တရင်းတနှီးပင် ကျွန် တော့် ထီးအောက်မှ လိုက်လာလေသည်။ ပေ ၅၀ ခန့် အကွာအဝေးအတွင်း ခိုင့် ၏ကိုယ်သင်းနံ့  ၊ခိုင့်ခြေလှမ်း လှမ်းပုံများ ကျွန်တော် ယခုထက်ထိ တိုင်အမှတ်ရ ဆဲဖြစ်လေသည်။ ရင်ခုန်ရမှန်းမသိတတ်ခဲ့သော နှလုံးသား မှာ ဘယ်အချိန်က ခုန်နေမှန်းမသိ ။ အတန်းထဲရောက်သည် အထိ ဘာမှမတွေးမိနိုင်ခဲ့။ ခိုင့် ကိုသာမြင်ယောင် ယင်း ဆရာစာသင်သမျှ ဘာ မှန်းမသိတတ် ခဲ့ရယ်ပါ။
ထို နေ့ မှစ၍ ခိုင် သာ မသိခဲ့သော်လည်း ကျွန် တော့် နှလုံးသားမှာ ခိုင်သာ အပြည့်နေရာယူနေလေပြီ။ အချစ်ဆိုသည် စမြင်တွေ့စ တရင်းတနှီးရှိစဉ်က မပေါ်ပေါက်ခဲ့ ပဲ ယခုမှတစ်ဖန် မွေးဖွားလာခဲ့ပေပြီ။ လေးစားရဖွယ်သော သူငယ်ချင်း ဝင်းနိုင်အား မသိမသာ မေးမိသည်။ အချစ်ဆိုသည် ဤသို့ ဖြစ်တတ်ပါသလားဟု။ ဝင်းနိုင် မှ ရုတ်တရက် စဉ်းစားတွေဝေပြီး ဖြစ်တတ်သည်ဟု အဖြေပေးလေသည်။ မင်း လုပ်မယ်ဆိုလည်း လုပ် နောက်ကျနေဦးမယ်ဟု အကြံပေးသည်။ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ သော လည်း အချစ်တည်းဟူသော နတ်ဖမ်းစားခြင်းကြောင့် မတွေ့ ရမနေနိုင်လောက်အောင်ဖြစ်နေလေပြီ။
ချစ်သူ ကို လွမ်းလှသောကြောင့်စာမျက်နှာမှန်သမျှ ခိုင်လို့ေ၇းမိသည်။ ခိုင့်အားလည်းလက်ဆောင်ပေးသည် ခိုင်က လက်ခံသော် လည်း သူမ၏ ထူးဆန်းသောအကြည့်တစ်စုံ ကို ကျွန်တော်မေ့မရခဲ့ပါ။
ခိုင့်ကို ချစ်လှပါသည်ဆိုသည်ကို သာ ခိုင်သိစေချင်ခြင်းဖြစ်သည်။ ခိုင်ကတော့ တအံတသြနှင့် ။ ထိုအချိန်မှစ၍ ခိုင် က စာသင်ခန်းထဲတွင်သာနေ၍ canteen သို့  မရောက်လာတော့ပါ။
တစ်နေ့ သော ကျောင်းခန်းထဲကျွန်တော်လည်း ခိုင် ရှိရာအခန်းထဲ ၀င်၍ ခိုင့်အားမေးသည်။ ခိုင် ကိုယ့်ကို ချစ်နိုင်မှာလား။ ခိုင် မချစ် ရင်တော့ ဒီဘ၀ အဓိပ္ပါယ်မရှိတော့ ဟု ၀မ်နည်းစွာ ပြောလိုက်မိသည်။
ခိုင် ကကျွန်တော်လက် ကို ကိုင်၍ ကိုမင်းရယ် ဘာလို့ နောက်ကျခဲ့တာလဲ။ ခိုင် လေ ဒီ နှစ်ကုန်ရင် အိမ်က အိမ်ထောင်ချပေးတော့မှာ။ ခု ခိုင် လည်းသဘောတူထားပြီးပြီး။ ဘယ်လို မှ နောက်ဆုတ်လို့ မရတောဘူးကိုမင်းးရယ်
ခိုင့်စကားအဆုံး ကျွန်တော်ခိုင့်အထံအပါးမှ အဝေးဆုံးသို့ သွားရန်စိတ်ဆုံးဖြတ်လိုက်သည်။ ကျောင်းဝင်း အဆောင်တူနေ သူငယ်ချင်းများ ဖြောင့်ဖြ ကြသော်လည်း တနေကုန် သောက်နေခဲ့မိသည်။ တနေကုန်စိတ်ကူးလေးရွက်လွှင့်ခဲ့မိသည်။ တချိန်လုံးစိတ်ကူးပန်းချီလေး ရေးချယ်နေမိသည်။ ခိုင်ရယ် ခိုင့်ရဲ့ ချစ်တယ်ဆို တဲ့စကားလေတစ်ခွန်းလောက် ကြားခဲ့ရင် ဒီလူသေပျော်ပါပြီကွယ်။
နောက်ဆုံးလက်ထပ်ပွဲ။ ကျွန်တော်က အရက် နှင့်ပုလင်းကိုသာ အဖေါ်ပြုရင်း တစ်ခွက်ပြီးတခွက်သောက်သည်။ အသိစိတ်သည် ဝေဝါးမသွား နှလုံးသားနှင့်ရင်းပြီး ချစ်ခဲ့ရလို့လားမသိ အဆောင်နံရံတွေပေါ်မှာ စာကြည့်စားပွဲပေါ်မှာ သူမရုပ်သွင်သည် ချစ်စဖွယ်အပြုံးနှင့် ပြုံးနေဆဲ။
ဝင်းနိုင်က သာ ကျွန်တော့ကို ထိန်းရလေသည်။မဟုတ်လျှင် မင်္ဂလာဆောင်သို့ သွားရောက် ၍ မခိုင်ကို ချစ်သည်ဟု ပြောမိလေမလားမပြောတတ်ပေ။ ဝင်းနိုင်က အရက်ဆိုင်မှခေါ်လာ ပြီးနောက်အခန်းထဲတွင် သူမနှင့်သက်ဆိုင်သော ။ တေးသီချင်းစာသား၊ ကဗျာ နဲ့ အမှတ်တရ စာသားများကို ဘယ်နှလုံးသားနှင့် ခံစားရပါအံ့နည်း ။ ကျွန်တော့နှလုံးသားသည် သူမနောက်ပါသွားပြီဖြစ်လေရာ အားလုံးကို ကျွန်တော်ကိုယ်တိုင် မီးရှို့ ပစ်ခဲ့သည်။
အခါလွန်မှ ရွာသောမိုး သည် ရပ်စဲရန် ကြာသကဲ့သို့ အချိန်လွန်မှ ပေါ်လာသော အချစ်လည်း ပြီးဆုံးဖို့ ရန် ခက်လှသည်။
အချစ်ဘ၀ တစ်ခန်းရပ်ဇာတ်ဟု မှတ်လိုက်ရပါလျှင် ကွန်ပျူတာတက္ကသို လ်တွင် ကျွန်တော့ နှလုံးသား သေဆုံးသွားခဲ့လေပြီ။
အစားထိုးမ ရသော အချစ်များ ကျောင်းပြီးချိန်မကြာလိုက်သော်လည်း ဒဏ်ရာကျက် ဖို့ ကတော့ နှစ်အသင်္ချေ မျှကြာပေဦးမည်။
ဗာလ(ခံစားရေးဖွဲ့သည်)

0 comments:

Post a Comment